ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း
အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ
အစာမကြေတာက လူတိုင်း ကြုံဖူးမယ့် ကျန်းမာရေး ပြဿနာပါ။ အစာမကြေဖြစ်တဲ့အခါ ဝမ်းဗိုက် အထက်ပိုင်းတာက အောင့်သလိုလို ခံစားပြီး နေရထိုင်ရအတော်လေး မသက်မသာဖြစ်စေတာပါ။ ဒီလိုဖြစ်တဲ့အခါ ဆေးသောက်မှ သက်သာမှာလား။ အိမ်တွင်းကုထုံးတွေနဲ့ရော သက်သာအောင် လုပ်လို့ မရဘူးလားဆိုပြီး စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ ကို ပြောပြပေးထားတာမို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အစာမကြေ ဖြစ်တယ် ဆိုတာ အစာမကြေ ဖြစ်တယ်ဆိုတာက အစာအိမ်ထဲက အက်ဆစ် ဟန်ချက်မညီတာကြောင့် ဖြစ်ရတာပါ။ အက်ဆစ်တွေ များတာ၊ အက်ဆစ် နည်းတာတွေက အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကဖင်းပါတဲ့ သောက်စရာတွေ ပါနေတာ၊ အစပ်ကဲတာ နဲ့ အက်ဆစ်များတာတွေကြောင့် အစာမကြေတာကို ဖြစ်စေတာပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကလည်း အစာမကြေတာကို […]