ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး

စုံတွဲတွေမှာ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ကလည်း အတော်လေး အရေးကြီးပါတယ်။ အခုတစ်ခေါက်မှာတော့ စုံတွဲတွေကြားက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။ ဘာများလဲ ဆိုတော့  အတွဲတွေမှာ ချစ်တင်းနှောကြတဲ့အခါ အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက ကိုယ့်ကြောင့်များလားလို့ ခံစားတတ်ကြတဲ့ လက်တွဲဖော်တွေအတွက် သတင်းစကားလေး တစ်ခုပေါ့။ ဒါကတော့ အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းအရင်းလေးပါ။  https://hellosayarwon.com/sexual-wellness/sex-tips/tips-for-happy-sex/ အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး အမျိုးသားတွေဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး ဘာကြောင့် အခုလို ပြောရတာလဲ ဆိုတော့ ဒီအချက်လေးတွေကြောင့်ပေါ့။ အမျိုးသားတွေ အနေနဲ့ ချစ်တင်းနှီးနှောချိန်မှာ ဆန္ဒမပြီးမြောက်တာက -  အသောက်များလို့ပါ သင့်ရဲ့ လက်တွဲဖော်က ဝီစကီ၊ ဘီယာ နဲ့ အယ်လ်ကိုဟောပါတဲ့ အမျိုးမျိုးသော သောက်စရာတွေကို သောက်ကြတဲ့အခါ သက်လုံ မကောင်းကြသလို […]


သားဆက်ခြားခြင်း

ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။ ကွန်ဒုံးပေါက်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေလဲ ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့ ရက်လွန်နေတဲ့ ကွန်ဒုံးကို သုံးတာ ကွန်ဒုံးကို ပိုက်ဆံအိတ်လိုမျိုး ပြဲလွယ်တဲ့ နေရာတွေမှာ သိမ်းဆည်းတာ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းတာ ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ကိုက်ဖောက်တာတွေကြောင့် မသုံးရသေးခင်မှာ ပေါက်နေတတ်ပါတယ်။ သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ ကွန်ဒုံးကို ပြောင်းပြန်စွပ်တာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ

လိင်ဆက်ဆံတဲ့အခါ မိနစ်ပိုင်းလောက်နဲ့ ပြီးသွားတာရှိသလို နာရီပိုင်းလောက် ကြာတဲ့သူလည်း ရှိမှာပါ။ ဒီမှာ မေးလာကြတာက လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ ဆိုတာပါ။ လိင်ဆက်ဆံချိန် ကြာလွန်း ဒါမှမဟုတ် မြန်လွန်းတာက ကျန်းမာရေးအရ ဘယ်လိုသက်‌ရောက်မှုတွေ ဖြစ်လာနိုင်သလဲ။ လိင်ဆက်ဆံချိန် ဘယ်လောက်ကြာ သင့်လဲ လိင်ဆက်ဆံချိန် ဆိုတာက မိန်းမကိုယ် ဒါမှမဟုတ် စအိုထဲကို စပြီးထိုးသွင်းဆက်ဆံချိန်ကနေ ပြီးမြောက်ချိန်အထိပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ကိုယ်လက်နှီးနှောတာတွေ မပါပါဘူး။ စုံတွဲ ၅၀၀ပါဝင်တဲ့ လေ့လာချက်တစ်ခုမှာ စတင်ထိုးသွင်းချိန်ကနေစပြီး ပြီးမြောက်ချိန်အထိကို တစ်လတိတိ မှတ်တမ်းပြုခိုင်းထားပါတယ်။ ရလဒ်ကတော့ သူတို့တွေရဲ့ လိင်ဆက်ဆံချိန်က ၃၃စက္ကန့်ကနေ ၄၄မိနစ်အထိ ကြာတာကို တွေ့ရပါတယ်။ မိန်းမကိုယ်နဲ့ ဆက်ဆံတာကတော့ အကြမ်းအားဖြင့် ၃မိနစ်ကနေ ၇မိနစ်အထိ ကြာတာကို တွေ့ရပါတယ်။ ၂၀၀၈ခုနှစ်မှာ USနဲ့ ကနေဒါက လိင်ပိုင်းဆိုင်ရာပညာရှင်တွေကို‌ မေးမြန်းချက်အရ လိင်ဆက်ဆံတဲ့အခါ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း

အမျိုးသားတွေမှာ အိပ်ရာက နိုးလာရင် လိင်တံထောင်မတ်နေတာ၊ သုက်လွှတ်ထားတာကို ကြုံဖူးမှာပါ။ ဒီလိုကိစ္စက အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း ကို အမျိုးသားတွေလိုပဲ Wet dreams လို့ ခေါ်ပါတယ်။ သူတို့မှာတော့ အမျိုးသားတွေလို မသိသာပေမယ့် မိန်းမကိုယ်က စိုနေတာကို သတိထားမိတတ်ပါတယ်။ ဘယ်လိုအမျိုးသမီးတွေမှာ ဖြစ်တတ်လဲ ပျိုဖော်ဝင်စနဲ့ လူလတ်ပိုင်း အမျိုးသမီးတွေမှာ ပိုဖြစ်တာကို ပိုတွေ့ရပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းအပြောင်းအလဲတွေ များတာကြောင့်လည်း ပါပါတယ်။ အသက် ၄၀ကျော်လာရင်တော့ ဟော်မုန်းပမာဏ ငြိမ်လာတာကြောင့် သိပ်မဖြစ်တတ်တော့ပါဘူး။ ဒါက ဘယ်အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါတယ်။ လိင်စိတ်လွန်ကဲတဲ့ အမျိုးသမီးမို့လို့ ဖြစ်တယ်လို့ ပြောလို့မရပါဘူး။ သာမန်ကျန်းမာတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် အမျိုးသမီးများ အိပ်နေစဉ် ပြီးမြောက်ခြင်း ဖြစ်ရတာလဲ Wet dreamsတွေက REM sleepလို့ခေါ်တဲ့ အိပ်ချိန်စက်ဝန်းမှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ!

သင့်ရဲ့ လက်တွဲဖော်က ချစ်တင်းနှောရာမှာ သက်လုံကောင်းစေဖို့ ကြိုးပမ်းနေရပြီလား! ဒါဆိုရင်တော့ လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။  လိင်မှုဘဝ သာယာဖို့ လိုအပ်ချက် တစ်ခု  လက်တွဲဖော် ၂ ဦးကြားမှာ သာယာတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ သက်လုံကောင်းစေဖို့ လိုပါမယ်။ လက်တွဲဖော် ၂ ဦးမှာ တစ်ဦးဦးက သက်လုံ မကောင်းဘူးဆိုရင်ဖြစ်ဖြစ် ၂ ဦးစလုံး သက်လုံမကောင်းရင်ဖြစ်ဖြစ် ကောင်းမွန်ပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ခက်မှာပါ။ ဒါကြောင့် လိင်မှုဘဝမှာ သာယာစေဖို့ဆိုရင် သက်လုံကောင်းစေဖို့ လိုပါမယ်။ https://hellosayarwon.com/mens-health/penis-health/single-testis-and-sex-life-fertility/ ဘာတွေက သက်လုံမကောင်းတာကို ဖြစ်စေနိုင်တာလဲ! လိင်မှုဘဝမှာ သက်လုံမကောင်းတာကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။  အဝလွန်နေတာ ရောဂါအခံ တစ်ခုခု ရှိနေတာ ကိုယ်ဝန်ဆောင်နေရတာ သွေးဆုံးခါနီးအချိန် ဖြစ်နေတာ […]


သားဆက်ခြားခြင်း

သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ

သားဆက်ခြား သောက်ဆေးဆိုတာက အမျိုးသမီး ကျန်းမာရေးအတွက် အကြီးမားဆုံး တီထွင်မှု တစ်ရပ်ပါ။ သားဆက်ခြားဖို့ သောက်ဆေး သောက်တာက လုံခြုံစိတ်ချရပြီး မလိုချင်တဲ့ ကိုယ်ဝန်တွေ၊ မမျှော်လင့်ဘဲ ရလာမယ့် ကိုယ်ဝန်တွေကို ဘေးကင်းစိတ်ချရစွာနဲ့ ထိထိရောက်ရောက် တားဆီးပေးနိုင်တဲ့ သားဆက်ခြားနည်းလမ်း တစ်ခုပါ။ သန္ဓေတား သောက်ဆေးက သားဆက်ခြားဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပေမယ့် သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီတော့ သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ က ဘာတွေဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/can-get-pregnant-while-taking-the-pill/ သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ ကတော့ သန္ဓေတားဆေးက ချက်ချင်း အာနိသင် မရပါဘူး တော်တော်များများ အမှတ်မှားနေတဲ့ အချက်လေး တစ်ခုက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား

အမျိုးသမီးတွေ ပြီးမြောက်တဲ့အခါ အမျိုးသားတွေလိုပဲ သုက်ရည်ထွက်တတ်သလား။ အမျိုးသမီး သုက်ရည် ဆိုတာ ဘယ်လိုမျိုးလဲ။ ပန်းထွက်တဲ့အရည်တွေကရော ဘာတွေလဲ။ ဆီးတွေလား။ အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား အမျိုးသမီးတွေ ပြီးမြောက်သွားတဲ့အခါ သာမန်အတိုင်းပဲ မိန်းမကိုယ်က အရည်တွေ ထွက်ကြတာ ရှိသလို ဆီးသွားသလို ပန်းထွက်တဲ့ အရည်တွေလည်း ရှိပါတယ်။ ဒီနှစ်ခုက ပြီးမြောက်ရင် ထွက်လာကြတယ်ဆိုပေမယ့် ထွက်တဲ့နေရာနဲ့ ပါဝင်ပစ္စည်းတွေ မတူပါဘူး။ သာမန်အတိုင်း ပြီးမြောက်သွားတာကို Female ejaculation (FE)လို့ ခေါ် ပြီး ဆီးသွားသလို ပြီးမြောက်သွားတာကိုတော့ Squirting (SQ)လို့ ‌ခေါ်ပါတယ်။ Female ejaculation (FE)ဆိုတာ FEက အမျိုးသား သုက်ရည်နဲ့ ဆင်တူပါတယ်။ ခပ်ပျစ်ပျစ် အဖြူရောင်အရည်နဲ့ တွေ့ရတာ များပါတယ်။ ဒီအရည်က ဆီးပြွန်နားက Skene’s glandsလို့ခေါ်တဲ့ အမျိုးသမီးဆီးကျိတ်ကနေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား!

လင်နဲ့မယား အတူတူ အိပ်ရာတစ်ခုထဲကို ဝေမျှအိပ်စက်တာက အတော်လေးတော့ ကြည်နူးစရာ ကောင်းတာပါ။ ဒါပေမယ့် လင်နဲ့မယား ဆိုတိုင်း အမြဲ အတူတူ အိပ်စက်ရမယ်လို့လည်း တထစ်ချ ယူဆထားလို့ မရပါဘူး။ တစ်ခါတလေမှာ လင်နဲ့မယား အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာက နည်းလမ်းကောင်းပါ။ ဒါကြောင့် လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လို့ ပြောရတာပါ။  Sleep divorce ဆိုတာ ဘာများလဲ! Sleep Divorce ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် လင်နဲ့ မယား တစ်ခန်းတည်း တစ်အိပ်ရာထဲ မဟုတ်ဘဲ အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာမျိုးပါ။ စိတ်ဆိုးတာ၊ ဒေါသဖြစ်တာကြောင့် မဟုတ်ဘဲ လင်နဲ့မယား အိပ်ရာခွဲအိပ်တာမျိုးပါ။  လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လို့ ပြောရတာက […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင်

ရုပ်ရှင်တွေထဲမှာ လိင်တံညပ်လို့ ကိစ္စတန်းလန်းကြီးနဲ့ ဆေးရုံရောက်လာတာ မြင်ဖူးမှာပေါ့။ တကယ်တော့ ဒါက ရှားပါး ကိစ္စပါ။ ရှားပေမဲ့ မဖြစ်ဘူးလို့ ပြောတာ မဟုတ်တာကြောင့် မတော်တဆများ ကိုယ့်အလှည့်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိန်းမကိုယ်ထဲမှာ လိင်တံညပ် နေခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုတင် လေ့လာထားကြဦးနော်။ ဘယ်လိုကြောင့် မိန်းမကိုယ်ထဲမှာ လိင်တံညပ် ရတာလဲ။ လိင်စိတ်ကြွချိန်၊ လိင်ဆက်ဆံချိန်မှာ ထိုးသွင်းနိုင်ဖို့ လိင်တံထဲကို သွေးတွေ ဝင်လာပြီး ထောင်မတ်လာပါတယ်။ အမျိုးသမီးတွေကတော့ ထောင်မတ်တဲ့ လိင်တံကို လက်ခံနိုင်ဖို့ မိန်းမကိုယ်ကြွက်သားတွေ ပြေလျော့ပြီး ချောဆီတွေ ထွက်လာရပါတယ်။ လိင်ဆက်ဆံချိန်မှာတော့ မိန်းမကိုယ် ကြွက်သားတွေ တင်းလာပြီး လိင်တံကို သွားသွားညှစ်တတ်ပါတယ်။ ဒါက သဘာဝပါ။ နောက်ဆုံး မိန်းမကိုယ် ကြွက်သားတွေ အတင်းဆုံးဖြစ်ပြီး ပြီးမြောက်သွားပါတယ်။ ပြီးသွားရင်တော့ ကြွက်သားတွေလည်း ပြန်ပြေလျော့သွားသလို လိင်တံကလည်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်း

အပျိုစစ်မစစ်ကို လိင်ဆက်ဆံတာနဲ့ တိုင်းတာတယ်ဆိုရင် လိင်မဆက်ဆံဘဲနဲ့ အပျိုမြှေးပေါက်နိုင်တယ်ဆိုတာကို သိထားပြီးပြီလား။ တစ်နည်းအားဖြင့် အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်းတွေပေါ့။ ဒါတွေကို သိမထားဘူးဆိုရင် ကိုယ်နဲ့ ကိုယ့်အဖာ်ရဲ့ ဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေ ဖြစ်တတ်တာကြောင့် ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။ အပျိုမြှေးဆိုတာ အပျိုမြှေးဆိုတာ မွေးလမ်းကြောင်းဝက တစ်ရှူးစလေး တစ်ခုပါ။ ပုံသဏ္ဍာန်အမျိုးမျိုး ရှိသလို အပျိုမြှေး လုံးဝပိတ်နေသူတွေ၊ မွေးကတည်းက ပါမလာသူတွေလည်း အများသားပါ။ ဘာကြောင့် အပျိုမြှေးလို့‌ခေါ်လဲဆိုတာ မသိပေမဲ့ သူ့နာမည်လိုတော့ အပျိုဟုတ်မဟုတ်ကို မခွဲခြားနိုင်ပါဘူး။ ဒီတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ အပျိုမြှေးနဲ့ အပျိုစစ်ခြင်း မစစ်ခြင်း သူ့နာမည်ကို အပျိုမြှေးလို့ ပေးလိုက်တဲ့အခါကျတော့ သူ့ကို ကြည့်ပြီး အပျိုစစ်မစစ် ခွဲလို့ရတယ်လို့ ထင်ကုန်ကြရော။ တကယ်က အပျိုမြှေးဆိုတာ နာမည်အရသာ အပျို ပါပေမဲ့ တကယ် အပျိုဟုတ်မဟုတ်ကို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)