ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ

အိပ်မက်ဆိုတာမျိုးက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်တဲ့အတွက် သူမက်ချင်တာ မက်မှာပါ။ အိပ်မက်တွေက သိပ္ပံနယ်ပယ်မှာ ခုထက်ထိ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတွေ ဖြစ်နေတုန်းပါပဲ။ အိပ်မက်ထဲမှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကြောက်စရာတွေ အကုန်ကြုံရနိုင်ပါတယ်။ ဒီလိုပဲ လိင်ဆက်ဆံတဲ့ အိပ်မက်တွေလည်း မက်တတ်ပါသေးတယ်။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ။ လူတစ်ယောက်က တစ်ညကို ၂နာရီလောက် အိပ်မက်တတ်ကြပါတယ်။ ဒါပေမယ့် အများစုက မမှတ်မိကြပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေကလည်း ဒီအိပ်မက်တွေထဲက တစ်ခုပါပဲ။ လူတိုင်း မမက်တတ်ကြပေမယ့် မက်ကြတဲ့သူကလည်း မနည်းလှပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ ရှိနေပေမယ့် ဒါတွေက ဘာလို့မက်တာလဲ။ ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ သေချာမသိကြသေးပါဘူး။ တချို့သီအိုရီတွေမှာ လူသားတွေ ဖြစ်ချင်တာကို မက်တယ်လို့ ပြောကြပါတယ်။ တချို့ကလည်း ဒါက ဦးနှောက်က သူသိမ်းထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ချင်သလို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

သုက်လွှတ်မြန်တယ်ဆိုတာက အမျိုးသားတွေ အိပ်ရာပေါ်မှာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပြစ်မျိုးမှဲ့မထင်ဖြစ်ချင်တဲ့ အမျိုးသားတွေအတွက် သုက်လွှတ်မြန်တာ က အားနည်းချက်တစ်ခုလို  ခံစားရမှာပါ။ ပိုဆိုးတာက အမျိုးသားတွေရဲ့ ထုံးစံအတိုင်း ဆေးခန်းပြရမှာ၊ ဒါကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ကြပါတယ်။ ဒီတော့ သုက်လွှတ်မြန်တာက မသက်သာဘဲ လိင်မှုကိစ္စမှာ ထိခိုက်လာတာ၊ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကုသမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်  သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုမျိုးလဲ ဆေးပညာမှာတော့ သုက်လွှတ်မြန်တယ်ဆိုတာကို ထိုးသွင်းပြီး တစ်မိနစ်အတွင်းမှာ သုက်လွှတ်တာ ၆လအတွင်း လိင်ဆက်ဆံတဲ့ အကြိမ်တော်တော်များများမှာ သုက်ထိန်းလို့မရတာ သုက်လွှတ်မြန်တာကြောင့် စိတ်ဖိစီးတာ၊ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ပြီး လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်။ သုက်လွှတ်မြန်တာ က […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ

လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ဘက်တီးရီးယားလည်း မဟုတ်၊ ဗိုင်းရပ်စ်လည်း မဟုတ်ဘဲ အင်းဆက်ဖြစ်နေရဲ့နဲ့ ပါနေတဲ့ ရောဂါတစ်ခု ရှိပါတယ်။ ဒါကတော့ ဆီးခုံသန်း ပါ။ သန်းတွေ အများစုက အနီးကပ်ထိတွေ့မိရုံနဲ့ ကူးစက်တတ်တာဖြစ်ပြီး ဆီးခုံသန်းကတော့ လိင်ကတဆင့် ကူးစက်ပါတယ်။ ဆီးခုံသန်း က လိင်ကနေတဆင့် ဘယ်လိုကူးစက်တာလဲ။ မိမိရဲ့ အဖော်မှာ ဆီးခုံသန်း ရှိတယ်ဆိုရင် အတူနေရင်းကနေ မိမိဆီကို ရောက်လာတတ်ပါတယ်။ ဒါကတော့ တွေ့ရအများဆုံးပါ။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ ကူးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါကတော့ သန်းတွယ်နေတဲ့ အတွင်းခံတွေ၊ အိပ်ရာခင်းတွေကို မျှဝေသုံးစွဲတာ ဆီးခုံက သန်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာ (ဥပမာ ခေါင်း၊ ချိုင်းမွေး)ကို ရောက်သွားပြီး ဒီကနေတဆင့် ကူးစက်တာပဲ ဖြစ်ပါတယ်။ ဆီးခုံသန်းရဲ့ အဓိက ပြဿနာက ဘာလဲ။ ဆီးခုံသန်းရဲ့ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ

စုံတွဲတွေအနေနဲ့ အတူနေတဲ့အခါ ကိုယ်ဝန်လည်း မရချင်ဘူး။ သားဆက်ခြားနည်းတွေ အကာအကွယ်တွေလည်း မသုံးချင်ဘူးဆိုပြီး ရုပ်ရှင်တွေထဲမှာ ကြားဖူးတဲ့ နည်းလမ်းတွေ၊ ပုရိသတွေကြားမှာ အချင်းချင်းပြောထားတဲ့ နည်းတွေနဲ့ ကိုယ်ဝန်မရအောင် လုပ်လို့ရတယ်ဆိုပြီး ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ လွဲမှားစွာ သိထားမိနိုင်တဲ့ အချက်လေးတွေ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပုရိသတွေ သိထားတဲ့ ကိုယ်ဝန်ရရှိခြင်း၊ မရရှိခြင်း အယူအဆတွေမှာ ဘာတွေက လွဲမှားနေလဲဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း မှားနေတာရှိရင် အမှန်လေး ပြင်ပြီး မှတ်လိုက်ဦးစို့နော်။ ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားတာတွေက မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်လိုက်ကြပါဦး။ Myth 1 - ရေထဲမှာ လိင်ဆက်ဆံရင် ကိုယ်ဝန် မရနိုင်ဘူး။ မှားပါတယ်။ တကယ်ကတော့ ရေထဲမှာပဲ လိင်ဆက်ဆံဆက်ဆံ၊ ကုန်းပေါ်မှာပဲ အတူနေနေ ကိုယ်ဝန်ကတော့ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ

ရောဂါတွေ အများကြီး ရှိတဲ့အထဲကမှ အခုတစ်ခေါက်တော့ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ က ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေကြားက ဆက်ဆံရေးတွေကို ပျက်စီးစေနိုင်သလို အနာဂတ် မိသားစု စီမံကိန်းအပေါ်မှာပါ ထိခိုက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ အဖြစ်များတဲ့ ရောဂါတွေအကြောင်းနဲ့ ကာကွယ်နည်းတွေကို အတူတူလေ့လာရအောင်လား Helloဆရာဝန် ပရိသတ်ကြီးရေ ..... ဘာလဲ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ (STDs) ဆိုတာ........ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ (STDs) ဒါမှမဟုတ် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါများ (STIs)ဆိုတာက လူတစ်ဦးဆီကနေ အခြား တစ်ဦးဆီကို လိင်ဆက်ဆံရာကနေ တဆင့်ကူးစက်တတ်တဲ့ ရောဂါတွေပါ။ ဒီလို ကူးစက်ခံရမှုက များသောအားဖြင့် မိန်းမကိုယ်နဲ့ ဆက်ဆံမှုကနေ ကူးစက်နိုင်သလို။ ပါးစပ်နဲ့ […]


သားဆက်ခြားခြင်း

ကော့ပါး IUD နဲ့ ဟော်မုန်းIUD ဘာကွာသလဲ

IUD ဆိုတာ သားအိမ်ထဲထည့်တဲ့ ပစ္စည်းရယ်လို့ အသိများကြပါတယ်။ သူ့မှာ ဟော်မုန်းပါတာရယ်၊ မပါတာရယ်ဆိုပြီး ၂မျိုးရှိပါတယ်။ ဟော်မုန်းမပါဘူးဆိုတာက ကော့ပါးနဲ့ လုပ်ထားတာပါ။ ဟော်မုန်းပါတာက ပရိုဂျက်စတင် (ပရိုဂျက်စတုန်း) ပါတာပါ။ သားအိမ်ထဲထည့်တဲ့ နည်းနဲ့ သန္ဓေတားမယ်ဆိုရင် ဒီနှစ်ခုထဲက ဘယ်ဟာကို ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးပါမယ်။  IUDတွေရဲ့ အလုပ်လုပ်ပုံ ကော့ပါး IUD ကော့ပါး  IUDက ကော့ပါးလို့ခေါ်တဲ့ ကြေးနီနဲ့ ပလတ်စတစ်နဲ့ လုပ်ထားတာပါ။ ကြေးနီက သုက်ပိုးကို သေစေတဲ့ သတ္တိရှိပါတယ်။ သုက်ကောင်က မမျိုးဥနဲ့ မတွေ့ခင် ကော့ပါးနဲ့ အရင်ထိတွေ့မိတဲ့အတွက် သေသွားပြီး မျိုးမအောင်နိုင်တော့ပါဘူး။ မတော်တဆ မျိုးအောင်သွားခဲ့ရင်တောင် သားအိမ်မှာ သွားတွယ်လို့မရအောင် တားဆီးပေးပါတယ်။ ဟော်မုန်းIUD ပရိုဂျက်စတင်ဟော်မုန်းအမျိုးအစား ( levonorgestrel) ပါဝင်ပါတယ်။ သူက အာနိသင်ပြဖို့ တစ်ပတ်လောက်စောင့်ရပါတယ်။ ဒါကြောင့် ရာသီစလာတဲ့ရက်ကနေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား

မိန်းမကိုယ် ကျဉ်းဆေးတွေကို အွန်လိုင်းမှာ အများအပြားတွေ့လာရတာက အမျိုးသမီးတွေက ကိုယ့်ရဲ့ မိန်းမကိုယ်နဲ့ ပတ်သတ်ပြီး အကျဉ်းအကျယ်တွေကို အာရုံစိုက်လာတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အမျိုးသားတွေက မိမိအိမ်ထောင်ဖက်အပေါ်မှာ စိတ်ပျက်သွားမှာကို စိုးရိမ်တာလည်း ပါနိုင်ပါတယ်။ အထူးသဖြင့်တော့ လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား ဆိုပြီး စိုးရိမ်ကြပါတယ်။ မိန်းမကိုယ်က ထင်ထားသလောက် ကျဉ်းလွယ်ကျယ်လွယ်တဲ့ အင်္ဂါရပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ မိန်းမကိုယ် ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်း မိန်းမကိုယ် (တစ်နည်းအားဖြင့် မွေးလမ်းကြောင်း)ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းက အံ့သြစရာပါ။ မြင်သာအောင် ပြောရရင်  မျက်နှာသုတ်ပဝါတစ်ခုကို လုံးထွေးပြီး ခြေအိတ်ထဲကို ထည့်လိုက်ပါ။ ပြီးရင် ခြေအိတ်အဝကို လက်နှစ်ဖက်နဲ့ ညှစ်ပြီး ပိတ်ထားပါ။ ခြေအိတ်က မိန်းမကိုယ်ပါ။ မျက်နှာသုတ်ပဝါက မိန်းမကိုယ် ကြွက်သားတွေပါ။ ညှစ်ပိတ်ထားတဲ့ လက်နှစ်ဖက်က […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပြီး ရင် ဒီလိုခံစားရတာ ပုံမှန်ပါ။

လိင်ဆက်ဆံပြီး ရင် တစ်ခါတလေမှာ ထူးခြားတဲ့ လက္ခဏာလေးတွေ ခံစားရတတ်ပါတယ်။ လိင်ကိစ္စ မို့လို့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဒါတွေက ကိုယ်တစ်ယောက်တည်းမှာများ ဖြစ်နေတာလားဆိုပြီး စဉ်းစားနေမိရင် ဒီအချက်တွေကို စစ်ဆေးကြည့်လိုက်ပါ။ လိင်ဆက်ဆံပြီး ရင် ဒါတွေ ခံစားရတတ်ပါတယ်။  အဖော်ကို ပိုပြီး ခင်တွယ်လာတယ်။ ပြီးမြောက်သွားတဲ့အခါ မိမိအဖော်ကို ပိုပြီးခင်တွယ်လာတာ သဘာဝပါ။ ဒီလို ဖြစ်ရတာ Love hormoneလို့ ခေါ်တဲ့ အောက်စီတိုစင် ထွက်လာလို့ပါ။ ဒီဟော်မုန်းက အဖော်တွေကြားမှာ ခင်တွယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးအေးနေပြီဆိုရင် အတူမနေဖြစ်တာ ကြာလို့များလားဆိုတာ စဉ်းစားကြည့်ပါ။ မိန်းမကိုယ်ကနေ သုက်ရည်ဆင်းနိုင်ပါတယ်။ ကွန်ဒုံးမသုံးထားဘူးဆိုရင်တော့ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်ကနေ သုက်ရည်အနည်းငယ် ဆင်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ သုက်ရည်ကို မစုပ်ယူတဲ့အတွက် အပြင်ကို ဆင်းလာရုံအပြင် တခြားနည်းလမ်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ

ကွန်ဒုံးသုံးတယ်ဆိုတာ ရည်ရွယ်ချက် နှစ်ခုနဲ့ပါ။ ကိုယ်ဝန်တားချင်တာရယ်၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရယ်က ကာကွယ်ဖို့ပါ။ ဒါပေမယ့် ဘယ်အရာကမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ကွန်ဒုံးက လိင်ကတဆင့်ကူးစက်ရောဂါ တွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ သူကာကွယ်မပေးနိုင်တဲ့ တချို့ရောဂါလေးတွေ ရှိနေပါသေးတယ်။ https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/myths-and-facts-about-condoms/ ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ ရေယုန် ရေယုန်က အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်တွေဆိုရင် ပေါင်ခြံတို့၊ ဆီးခုံတို့မှာ ပေါက်လေ့ရှိပါတယ်။ ဒီလိုနေရာတွေကျ ကွန်ဒုံးစွပ်လို့ မရတဲ့အတွက် အတူနေလို့ အရေပြားချင်း ထိတွေ့တဲ့အခါ ကူးနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ လိင်အင်္ဂါရေယုန် ပေါက်နေရင် အတူနေတာကို ရှောင်သင့်ပါတယ်။ HPV ဗိုင်းရပ်စ် HPV ဗိုင်းရပ်စ်တွေက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တယ်ဆိုပြီး လူသိများကြပါတယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးဝယ် နည်း လမ်းညွှန်

ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေက ကိုယ်ဝန်လည်း တားပေးနိုင်တယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် ကွန်ဒုံးကို သုံးတဲ့သူက များများစားစား မရှိကြပါဘူး။ အကြောင်းအရင်းတွေ အများကြီး ရှိပေမယ့် အများစုပြောကြတာက ဘာ ကွန်ဒုံးဝယ် ရမလဲ မသိလို့ပါတဲ့။ ဒါလည်း ဟုတ်ပါတယ်။ ကွန်ဒုံးအမျိုးအစားတွေက အများကြီး ဖြစ်နေပြန်တော့ ဘာကို ရွေးရမလဲဆိုတာ ခက်နေမှာပါ။ မှားဝယ်လာပြန်ရင်လည်း သုံးမရဘဲ ငွေကုန်တာပဲ ရှိတာကြောင့် နောက်တစ်ခေါက်ဝယ်ဖို့ လက်တွန့်နေမှာ အမှန်ပါပဲ။ ဒါထက်ပိုဆိုးတာက ဝယ်ပြီးမှ မတော်ရင် အတူနေတဲ့အခါ အဆင်မပြေဖြစ်ပြီး ကွန်ဒုံးကြီးက မမိုက်ပါဘူးကွာဆိုပြီး နောက်ကို သုံးတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ကွန်ဒုံးဝယ်နည်း လမ်းညွှန်ကို ပြောပြပေးပါ့မယ်။ ကွန်ဒုံးဝယ် တဲ့အခါ ဘယ်အချက်တွေကို သတိထားသင့်သလဲ။ အရွယ်အစား ဒါက အရေးကြီးဆုံးပါပဲ။ ကြီးလွန်းရင်လည်း ချောင်ပြီး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)