လိင်အင်္ဂါကြွက်နို့များ

လိင်အင်္ဂါကြွက်နို့က လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ကြွက်နို့ကနေ သားအိမ်ခေါင်းကင်ဆာထိ ဖြစ်သွားနိုင်ပါတယ်။ ဒီရောဂါအကြောင်းကို ဒီမှာ ဆက်ပြီး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်အင်္ဂါကြွက်နို့များ

လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့ ကင်ဆာရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ ဝေဒနာတစ်မျိုးဖြစ်သလို ပျောက်ကင်းအောင် ကုသဖို့ ခက်ခဲတဲ့ ရောဂါမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ခုနောက်ပိုင်းကာလ လူတွေရဲ့ နေထိုင်ပြုမူ စားသောက်ပုံတွေကြောင့် ကင်ဆာဝေဒနာစွဲကပ်ခံရသူတွေ များပြားလာနေသလို ကင်ဆာအမျိုးအစားတွေကလည်း ပိုမိုစုံလင်များပြားလာနေပါတယ်။ ဒီကနေ့အချိန်အထိတော့ ကင်ဆာဝေဒနာကို ဖြစ်လာချိန်မှ ကုစားတာထက် မဖြစ်ခင်ကတည်းက နည်းမှန်လမ်းမှန်နဲ့ နေထိုင်စားသောက်ပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းလို့ သတ်မှတ်ထားကြပါ။ ကင်ဆာရောဂါတွေဟာ ကူးစက်ရောဂါတွေမဟုတ်ပါဘူး။ ကင်ဆာရောဂါရှိနေသူကို တသီးတခြားထားဖို့ မလိုအပ်သလို ကိုင်တွယ်ရုံ၊ ထိတွေ့မိရုံ၊ အတူထိုင် စကားပြောရုံနဲ့လည်း ကူးစက်တာမျိုးမဖြစ်နိုင်ပါဘူး။ လိင်ဆက်ဆံဖော်များရင် ကင်ဆာပိုဖြစ်မယ်တဲ့ ဘာကြောင့်လဲ။ ကင်ဆာရောဂါက ကူးစက်နိုင်ရောဂါမဟုတ်တာမှန်ပေမယ့် တခြားသောကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်တော့ ကင်ဆာရောဂါဖြစ်လာနိုင်ပါတယ်။ ဥပမာပြောပြရရင် - လိင်ဆက်ဆံမှုကနေကူးစက်ပြီး သားအိမ်ခေါင်းကင်ဆာအပါအဝင် ကင်ဆာရောဂါတစ်ချို့ကို ဖြစ်လာစေနိုင်တဲ့ Human Papillomavirus (HPV) ပိုး၊ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က […]

လိင်အင်္ဂါကြွက်နို့များ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

လိင်အင်္ဂါကြွက်နို့များ

HPV ( Human Papilloma Virus )ဆိုတာ ဘာလဲနဲ့ အရွယ်ရောက်ပြီးသား ယောက်ျားလေးနဲ့ မိန်းကလေးတိုင်းဘာကြောင့်သတိထားသင့်သလဲ။  HPV (သို့မဟုတ် ) Human Papilloma Virusသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည် လိင်အင်္ဂါတစ်ဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနဲ့ သေစေနိုင်လောက်သည်အထိ ပြင်းထန်သော ကင်ဆာများဖြစ်သည့် လိင်တံကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊ စအိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့် အာသီးကင်ဆာများ ဖြစ်နိုင်သည်။ လူတော်တော်များများက HPVသည် ယောက်ျားမိန်းမမရွေးဘဲ ကောင်းကောင်းဒုက္ခပေးနိုင်သည်ဆိုတာ သတိမမူမိကြပေ။ HPVသည် အမျိုးသမီးတွေကိုပဲ ရွေးဝင်တာမဟုတ်ဘဲ အမျိုးသားများဆီတွင်လည်း ရှိနေတတ်ပါသည်။ HPVသည် ကင်ဆာရောဂါကို မဖြစ်စေနိုင်တောင်မှ လိင်အင်္ဂါတစ်ဝိုက်တွင် ကြွက်နို့များပေါက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုကြွက်နို့များ ပေါက်နေလျှင် စိတ်အနှောင့်အယှက် ဖြစ်စေပါသည်။ ကြွက်နို့များ ပေါက်ခြင်းသည် လိင်ဆက်ဆံရာတွင် […]

လိင်အင်္ဂါကြွက်နို့များ

HPVဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း-ငယ်သောအမျိုးသားနှင့်အမျိုးသမီးများတွင်အဖြစ်အများဆုံးသောကျန်းမာရေးပြဿနာတစ်ခု HPV (သို့မဟုတ် ) Human Papilloma Virusသည်အဖြစ်အများဆုံးလိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်သောဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသောသူများသည်လိင်အဂါၤတဝိုက်တွင် ကြွက်နို့များပေါက်ခြင်းနှင့် သေစေနိုင်လောက်သည်အထိပြင်းထန်သောကင်ဆာများဖြစ်သည့်လိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊စအိုကင်ဆာ၊လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့်အာသီးကင်ဆာများဖြစ်နိုင်သည်။ကင်ဆာများမဖြစ်နိုင်လျှင်တောင်ပေါက်နေသောကြွက်နို့များသည်သင့်၏လိင်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်စွမ်းယုံကြည်ချက်ရှိမှုကိုထိခိုက်စေပါသည်။ ကြွက်နို့များသည်လိင်အဂါၤပတ်လည်တဝိုက် နှင့်စအိုတစ်ဝိုက်တွင်မနာသောအဖုလေးများအဖြစ်ပေါက်တတ်သည် ။အရွယ်အစားနှင့်ပုံစံများကွဲပြားနိုင်ပါသည်။တစ်ချို့သောကြွက်နို့များသည်ပန်းဂေါ်ဖီကဲ့သို့အဖြူဖတ်များအထပ်လိုက်ပုံစံမျိုးနှင့်ရှိနေတတ်ပါသည်။ ကြွက်နို့များသည်သင့်ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ဒုက္ခမပေးနိုင်သော်လည်းုသင်၏စိတ်ပိုင်းဆိုင်ရာကိုတော့ထိခိုက်နိုင်ပါသည်။ HPVသည်သင်၏လိင်ပိုင်းဆိုင်ရာယုံကြည်မှုကို်ဘယ်လိုထိခိုက်နိုင်စေသနည်း။ ၁ ။ ြကွက်နို့များ လူ့အသိုင်းအဝိုင်းရဲ့လက်ခံမှုအရလိင်အဂါၤတစ်ဝိုက်တွ င် ကြွက်နို့များပေါက်နေလျှင်သင့်ကိုယ်သင်မသန့်ရှင်းဘူးဟုခံစားရပါလိမ့်မယ်။တချို့လူများကသင်သည်ကာမကိစ္စလိုက်စားသဖြင့် ကြွက်နို့ပေါက်ရခြင်းဖြစ်သည်ဟုယူဆထားကြသည် ။ မည်သို့ပင်ဖြစ်စေကာမူပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုသွားပြောနေ၍မရပေ။ချီးမွမ်း၇ရက်ကဲ့ရဲ့ ၇ရက်မဟုတ်လား။ဤသို့အပြောခံရမည်မှာထုံးစံပင် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားသင့်သည်။ အကယ်၍သင့်တွင်လက်တွဲဖော်ရှိပြီးသားဖြစ်လျှ င်သင့်၏ကိုယ်ကျင့်တရားသည်သူတို့အတွက်မေးခွန်းထုတ်စရာဖြစ်နေလိမ့်မည်။သူတို့အားသင်ကလှည့်စားသည်ဟုပင်သံသယဝင်နေနိုင်သည်။သင့်တွင်သာမကသင့်လက်တွဲဖော်တွင်ပါ HIV(ခုခံအားကျဆင်းမှုကူးစက်ရောဂါ)ရှိနေလျှင်သင်သာအပြစ်တင်ခံရမည်မှာမုချဖြစ်သည်။သင်တို့၏အိမ်ထောင်ရေးလည်းပြိုကွဲသွားလိမ့်မည်။ တစ်ကိုယ်တည်းသမားဖြစ်နေလျှင်တော့လိင်အဂါၤ မှ ကြွ က်နို့များသည်သင့်အားတစ်ကိုယ်တည်းဘဝမှ ကျွတ်ရန်ပိတ်ပင်နေလိမ့်မည်။သင်ကိုယ်တိုင်လည် း ကိုယ့်ခန္ဓါအားရွံရှာနေလိမ့်မည်။လူတော်တော်များများကကြွက်နို့ပေါက်သည်ဟုသတိထားမိပြီးတာနဲ့သူတို့ကိုယ်သူတို့တောင်မကြည့်ချင်တော့ဟုပြောကြသည်။သင်အပြင်ထွက်တာနှင့်သင့်စိတ်ထဲတွင်စတင်စဉ်းစားသည်က“ငါ့မှာကြွက်နို့ရှိတာသူတို့တွေသိနေလား” “သိသွားရင်သူတို့ရွံကြမှာလား” “လက်ကောလက်ခံနိုင်ပါ့မလား”ဆိုသည့်အတွေးဖြစ်သည်။မည်သို့ပင် ဖြစ်စေကာမူကုမရသောလိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါရှိသူကိုချစ်သူတော်ရမည်မှာခက်ခဲသောအရာပင်ဖြစ်သည်။ ကြွက်နို့များအားအချိန်အတော်ကြာကုယူရမည်။ကုသတိုင်းပျောက်ချင်မှလည်းပျောက်နိုင်သည်။ထိုအခါမိမိကိုယ်ကိုအထင်အမြင်သေးမှုနှင့်ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်နိုင်သည့်ယုံကြည်မှုများတဖြည်းဖြည်းမှေးမှိန်လာပြီးစိတ်ကျရောဂါများစတင်ဝင်ရောက်လာပါတော့သည်။ ၂ ။ကင်ဆာေရာဂြါဖစ်နေလျှင် လိင်စိတ်တက်ကြွမှု နှင့်ကင်ဆာကြားတွင်ဆက်သွယ်မှုတော့သိပ်မရှိပေ။မျိုးပွားအင်္ဂါများတွင်ကင်ဆာဖြစ်နေလျှင်တော့သင့်ကိုယ်သင်သိမ်ငယ်နေမှုသည်သင့်အတွက်ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။ကင်ဆာမှရသောနာကျင်မှုအပြင်သိမ်ငယ်မှုများလည်းရနိုင်ပါသည်။သင့် ၏လွတ်လပ်မှုများဆုံးရှုံးသွားပြီးသင်လုပ်နေကျအလုပ်များတွင်လည်းမပျော်မွေ့တော့ပေ။သင်စတင်ပင်ပန်းလာပြီးအရင်ကလုပ်နေကျအလုပ်များပင်သင့်အတွက်စတင်ခက်ခဲလာသည်။သင်၏အနာဂါတ်အစီအစဉ်များကိုလည်းရပ်ထားလိုက်ရပြီးသင့်ဘဝကိုသင်စိတ်တိုင်းကျဆေးခြယ်၍မရတော့ဘူးဆိုသည့်အတွေးများစတင်ဝင်ရောက်လာသည်။ဤသို့ဖြင့်သင်ဟာဘယ်သူဖြစ်တယ်သင်ဘာဖြစ်ချင်တယ်သင်လုပ်နိုင်တယ်ဆိုသည့် ယုံကြည်ချက်များလျော့ကျလာသည်။ထို့ကြောင့်သိမ်ငယ်စိတ်မဝင်ဖို့နှင့်စိတ်ဓါတ်ခိုင်မာဖို့ယုံကြည်မှုများသည်သင့်၏ဆန့်ကျင်ဘက်လိင်ဆွဲဆောင်မှုနှင့်လိင်ကိစ္စများတွင်အဓိကျသောအပိုင်းများဖြစ်လာသည်။ သင့်ရဲ့လိင်ပိုင်းဆိုင်ရာစွဲဆောင်မှုကိုHPVကာကွယ်ဆေးနှင့်ကာကွယ်ထားလိုက်ပါ။ လူအများစုသည်ဆေးထိုးခံရမည်ကိုမကြောက်ကြပေ။ဤသို့ဖြင့်သူတို့တွင် HPVကာကွယ်ဆေးထိုးပြီးကြပြီးကြွက်နို့များနှင့်ကင်ဆာများအားကာကွယ်ပြီးသားဖြစ်နေတတ်သည် ။သင်ရောဘယ်လိုလဲ။သင်နှင့်သင်ချစ်ရသောသူကိုပါရောဂါဖြစ်မှုမှကာကွယ်မည်ဆိုလျှင်သင်ကာကွယ်ဆေးထိုးမည်လား။ကာကွယ်ဆေးမထိုးဘဲကြွက်နို့များမရချင်ဘူးဆိုလျှ င်အကောင်းဆုံးမှာလိင်မဆက်ဆံဘဲနေဖို့ဖြစ်သည်.။သင် ၁၀၀%လိင်မဆက်ဆံဘူးတာသေချာနေလျှင်ကာကွယ်ဆေးထိုးခြင်းကိုဆန့်ကျင်နိုင်ပါသည်။ HPVကာကွယ်ဆေးထိုးခြင်းဖြင့် ကြွက်နို့များလိင်အင်္ဂါတွင်ပေါက်ခြင်းနှင့်ကင်ဆာများကိုဖြစ်စေတတ်သည့် HPVဗိုင်းရပ်စ်ပိုးများအားကာကွယ်ပြီးဖြစ်သည် ။ဗိုင်းရပ်စ်ပိုးနှင့်တစ်ခါမှမထိတွေ့ဖူးလျှင် (သို့မဟုတ်)လိင်တစ်ခါမှမဆက်ဆံဖူးသေးသည့်အချိန်တွင်ကာကွယ်ဆေးထိုးလျှင်ဆေးအာနိသင်အကောင်းဆုံးကိုရနိုင်သည်။သင်လူပျိုဖော်၊အပျိုဖော်ဝင်သည့်အရွယ်ရောက်သည့်အခါတွင်လည်းဆေးအာနိသင်ရှိနေတုန်းဖြစ်သည်။ကာကွယ်ဆေး၏သက်ရောက်မှုကိုအပြည့်အဝရရှိမည်ဖြစ်သည်။သင်အသက်၄၅နှစ်အောက် ဖြစ်နေသရွေ့ကာကွယ်ဆေးထိုးရန်နောက်မကျသေးပေ။ကာကွယ်ဆေးသည်သင့်အားရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်သည့် အပြင် ပြင်းထန်သောဆိုးကျိုးများလည်းမပေးနိုင်သည့်အတွက်ယခုပဲကာကွယ်ဆေးထိုးလိုက်ပါ။ Hello Health […]

လိင်အင်္ဂါကြွက်နို့များ

မိဘရယ်လို့ဖြစ်လာပြီဆိုရင်မဖြစ်မနေလုပ်ဆောင်ရမှာကကလေးကိုကျန်းမားပျော်ရွှင်နေအောင်ပျိုးထောင်ပေးဖို့ပါ။မိဘတိုင်းကသားသမီးတွေကိုကျောသားရင်သားမခွဲခြားဘဲချစ်နိုင်ကြတဲ့သူတွေပေါ့။ ဒါပေမယ့်သားလေးတွေကိုအုပ်ထိန်းစောင့်ရှောက်ပေးတဲ့ပုံစံနဲ့သမီးလေးတွေကိုအုပ်ထိန်းစောင့်ရှောက်တဲ့ပုံစံချင်းကတော့မတူနိုင်ဘူးပေါ့။အားလုံးလိုလိုလက်ခံထားတဲ့ဒီသဘောတရားကမှန်ကန်တယ်လို့မဆိုနိုင်ပါဘူး။ HPVခံစားရတဲ့အခြေအနေမှာဆိုရင်သားမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာ၊သမီးမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာတွေကမဖြစ်သင့်ဘူးလို့ပြောပါရစေ။သားယောက်ျားလေးဖြစ်ဖြစ်၊သမီးမိန်းကလေးဖြစ်ဖြစ် HPVကာကွယ်မှုကိုတော့တန်းတူညီမျှရရှိနိုင်ဖို့လိုပါမယ်။ HPVဆိုတာဘာလဲ၊ HPVက ရင်သွေးလေးတွေကိုဘယ်လိုထိခိုက်မှုတေွြဖစ်စေနိုင်လဲ Human papillomavirusလို့သိထားကြတဲ့ HPVဗိုင်းရပ်စ်ကလိင်ဆက်ဆံမှုကနေတဆင့်အများဆုံးကူးစက်တတ်တဲ့ရောဂါတွေထဲကတစ်ခုပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေမှာလိင်အင်္ဂါကြွက်နို့တွေဖြစ်နိုင်သလိုလိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ပါးစပ်၊လည်ချောင်းနဲ့လည်ပင်းအနောက်ဘက်ပိုင်းတွေမှာကင်ဆာဖြစ်တာတွေလိုမျိုးသေစေနိုင်တဲ့အနေအထားမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ လူတော်တော်များများကHPVဗိုင်းရပ်စ်ကအမျိုးသမီးတွေရောအမျိုးသားတွေမှာပါကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတာကိုမသိကြပါဘူး။လူအများကလက်ခံယုံကြည်ထားတဲ့အယူအဆကအပြည့်အဝမမှန်ပါဘူး။ HPVဗိုင်းရပ်စ်ကအမျိုးသမီးတွေပဲကူးစက်ဖြစ်ပွားတာမဟုတ်ပါဘူး။အမျိုးသားတွေနဲ့ဆယ်ကျော်သက်ကောင်လေးတွေမှာလည်းHPVဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။အချို့သောHPVဗိုင်းရပ်စ်တွေကအမျိုးသားတွေမှာပိုအဖြစ်များပါတယ်။ သိထားသင့်တဲ့HPV အန္တရာယ် HPV ကရင်သွေးလေးတွေကိုကင်ဆာဖြစ်စေနိုင်လား HPVဗိုင်းရပ်စ်ကြောင့်သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာ၊မွေးလမ်းကြောင်းကင်ဆာ၊လိင်တံကင်ဆာနဲ့စအိုကင်ဆာလိုမျိုးရောဂါတွေအပါအဝင် လျှာရင်းပိုင်းနဲ့အာသီးကင်ဆာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာတင်ဖြစ်စေနိုင်တာမဟုတ်ပါဘူး။လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေနိုင်ပါသေးတယ်။လိင်အင်္ဂါကြွက်နို့ကယောက်ျားလေးမှာရောမိန်းကလေးတွေမှာပါဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရမှုကအလွယ်တကူဖြစ်နိုင်တာကြောင့်သေသေချာချာသတိထားဖို့တော့လိုပါမယ်။ဂရုမပြုမိတဲ့အခိုက်အတန့်တစ်ခုမှာရောဂါကူးစက်ခံလိုက်ရတာမျိုးမဖြစ်စေဖို့အတွက်ပါ။ HPVကူးစက်ခံရတာကြောင့် ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုအချိန်ယူပြီးသေသေချာချာကုသလို့ရတယ်ဆိုပေမယ့် HPVဗိုင်းရပ်စ်ကမကုသဘဲပျောက်ကင်းတယ်လို့တော့မရှိပါဘူး။ HPVဗိုင်းရပ်စ်ကတစ်ခါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေပြီးတစ်ခါခါမှာပြန်ပေါ်လာတတ်ပါတယ်။ဆိုလိုတာကတော့တစ်ခါကူးစက်ခံရပြီးဆိုရင်အမြဲတမ်းရှိသွားတာဖြစ်နိုင်ပါတယ်။သင့်ကလေးငယ်အနေနဲ့လိင်ဆက်ဆံမှုကနေတင့်အခြားသူတစ်ဦးထံကနေHPVရောဂါပိုးကိုကူးစက်ခံရနိုင်ပါတယ်။များသောအားဖြင့်ကတော့ HPVဗိုင်းရပ်စ်ကိုလိင်ဆက်ဆံမှုကနေတဆင့်ကူးစက်ခံရတာပါ။လိင်ဆက်ဆံမှုဆိုတာမှာပါးစပ်နဲ့လိင်ဆက်ဆံမှုကနေလည်းကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံဖော်မှာHPVဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လက္ခဏာမရှိရင်တောင်မှရောဂါပိုးရှိနေမယ်ဆိုရင်လိင်ဆက်ဆံမှုကနေတဆင့် HPVဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးရှိနေသူနဲ့လိင်ဆက်ဆံမိခဲ့ပြီးနှစ်တော်တော်ကြာမှရောဂါလက္ခဏာပေါ်လာတာမျိုးဖြစ်နိုင်ပါတယ်။လူတော်တော်များများကသူတို့ကိုယ်တိုင် HPVဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုမသိကြပါဘူး။သူတို့ကိုယ်တိုင်ရောဂါရှိနေတာကိုမသိတာကြောင့်သူတို့ရဲ့လက်တွဲဖော်တွေဟာသူတို့ကြောင့်ရောဂါပိုးကူးစက်ခံကြရတယ်ဆိုတာကိုမသိကြပါဘူး။ ဘာကြောင့်ရင်သွေးလေးတွေကိုHPVကာကွယ်ဆေးထိုးနှံပေးသင့်တာလဲ HPVဗိုင်းရပ်စ်ကူးစက်ခံထားရလားဆိုတာကိုမြင်ရုံနဲ့မသိနိုင်ပါဘူး။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာနဲ့အခြားသောကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေ (အထူးသဖြင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါခံစားနေရသူတွေ)ဟာHPVဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းနည်းကြပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေမှာရောဂါခံစားရနိုင်ခြေကပုံမှန်ထက်ပိုများနေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ကင်ဆာရောဂါတွေကရောဂါအခြေအနေဆိုးရွားတဲ့အဆင့်မရောက်ခင်အထိသတိပြုမိဖို့ခက်ခဲကြပါတယ်။ရောဂါကတော်တော်လေးပြင်းထန်ချိန်မှသိရတဲ့အတွက်ကုသဖို့ကတော်တော့်ကိုခက်ခဲနိုင်ပါတယ်။ ဒါကြောင့် HPVဗိုင်းရပ်စ်ကိုမကူးစက်ခံရခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါကြောင့်ရင်သွေးလေးကသားသားလေးဖြစ်ဖြစ်မီးမီးလေးဖြစ်ဖြစ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်စေဖို့အတွက် HPVကိုကာကွယ်ပေးထားတာအကောင်းဆုံးဖြစ်မှာပါ။ ကလေးကအသက်၉နှစ်လောက်ကနေစပြီးHPVကာကွယ်ဆေးကိုထိုးနှံပေးပါ။HPVကာကွယ်ဆေးကိုယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အသက် ၉ နှစ်ကနေစပြီးကာကွယ်ဆေးထိုးပေးလို့ရပါပြီ။ကလေးကလူပျိုဖော်ဝင်ချိန်အပျိုဖော်ဝင်ချိန်ထိစောင့်နေစရာမလိုပါဘူး။ကလေးကအရွယ်မရောက်ခင်မှာကာကွယ်ဆေးကိုစတင်ထိုးပေးတာကထိရောက်မှုပိုကောင်းပါတယ်။ HPVကာကွယ်ဆေးကကင်ဆာနဲ့လိင်အင်္ဂါကြွက်နို့တွေမဖြစ်အောင်ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။ HPVကာကွယ်ဆေးတွေကစိတ်ချရသလိုထိရောက်မှုရှိပြီး၁၀ နှစ်လောက်အထိကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လိင်ဆက်ဆံမှုလုံးဝမလုပ်ဆောင်ရသေးတဲ့အရွယ်မှာကာကွယ်ဆေးထိုးတာကအထိရောက်ဆုံးဖြစ်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးတတ်နိုင်သမျှမြန်မြန်ကလေးကိုHPVကာကွယ်ဆေးထိုးပေးလိုက်ပါ။ Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။ ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။

လိင်အင်္ဂါကြွက်နို့များ

Human papillomavirus (HPV)ဆိုတာဘာလဲ HPVဆိုတာhuman papillomavirusရဲ့အတိုကောက်ဖြစ်ပါတယ်။ HPVဟာ ဗိုင်းရပ်စ်ပေါင်း၁၅၀ကျော်ပါဝင်တဲ့ ဗိုင်းရပ်အုပ်စုတစ်ခုဖြစ်ပါတယ်။ အဲဒီအုပ်စုထဲက HPVဗိုင်းရပ်စ်တစ်မျိုးချင်းစီဟာ သူ့အမျိုးအစားအလိုက် နံပါတ်တစ်ခုစီရှိပါတယ်။ HPVအမျိုးအစားတချို့ကြောင့်ဖြစ်လာစေတဲ့ ကြွက်နို့ (papillomas)တွေကြောင့် အမည်ပေးထားတာဖြစ်ပြီး တခြားအမျိုးအစားတွေကတော့ကင်ဆာဖြစ်စေနိုင်ပါတယ်။ HPVကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ခံတွင်းသို့မဟုတ် လည်ချောင်းကင်ဆာနဲ့ စအိုသို့မဟုတ် စအိုလမ်းကြောင်းကင်ဆာတွေ ဖြစ်စေနိုင်တယ်။ အမျိုးသားတွေမှာ လိင်တံကင်ဆာ၊ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း၊ မိန်းမကိုယ်လမ်းကြောင်း၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် HPVကူးစက်မှုကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။   ကမ္ဘာမှာ HPVကူးစက်ခံရသူ သန်း၆၃၀ခန့်ရှိနေပြီဖြစ်ပါတယ်။ သားအိမ်ခေါင်းကို ကူးစက်မှုအများစုက လက္ခဏာမပြကြသလို ရောဂါတွေ့ရှိသူ၉၀%ကျော်ဟာ၂နှစ်အတွင်း ပျောက်ကင်းသက်သာသွားကြတာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရပြီး အလိုအလျောက်ကာကွယ်နိုင်စွမ်းနဲ့ ခုခံနိုင်စွမ်းက ဘယ်အတိုင်းအတာထိရှိနိုင်လဲဆိုတာအတိအကျမသိရသေးပါဘူး။ HPVကူးစက်မှုအတွက် ကုသနိုင်တဲ့ဆေးမရှိပေမယ့် ကာကွယ်ဆေးနဲ့တော့ ကာကွယ်တားဆီးနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာဖြန့်ချီထားတဲ့ HPVကာကွယ်ဆေးနှစ်မျိုးရှိပြီး ထိရောက်မှုလည်းရှိပါတယ်။ ဒီကာကွယ်ဆေးကြောင့် ရောဂါပိုးကူးစက်မှု ၈၆%ကျဆင်းသွားတယ်လို့ […]

လိင်အင်္ဂါကြွက်နို့များ

မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ဆယ်ကျော်သက်အရွယ် သားသမီးကိုနားလည်နိုင်ဖို့အတွက် ပိုအဆင်ပြေတဲ့အချက်တစ်ချက်က ကိုယ်လည်းဒီအရွယ်ကိုကျော်ဖြတ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ အသက် ၉ နှစ်လောက်ရောက်ပြီဆိုရင် ကလေးမှာ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတချို့ဖြစ်လာပြီးလောက်ပါပြီ။ နောက်သုံးနှစ်လောက်ကြာတဲ့အခါ သား သို့မဟုတ် သမီးလေးက မြီးကောင်ပေါက်လို့ခေါ်ကြတဲ့ အရွယ်ကို လုံးလုံး ရောက်ရှိသွားတော့မှာပါ။ အဲဒီအချိန်ကျရင်တော့ ခန္ဓါကိုယ်မှာပဲ အပြောင်းအလဲတွေဖြစ်မှာမဟုတ်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ အပြုအမူပိုင်းမှာပါ ပြောင်းလဲလာပါလိမ့်မယ်။ အပြုအမူအပြောင်းအလဲ အများအားဖြင့် ဒီအဆင့်ကိုဖြတ်ကျော်ရတော့မယ့် ဆယ်ကျော်သက်တိုင်းဟာ အပြုအမူပိုင်းမှာ တစ်နည်းမဟုတ် တစ်နည်း ပြောင်းလဲလာတတ်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေကို ထိန်းသိမ်းဖို့အတွက် အခက်အခဲဖြစ်ရတဲ့အချက်က ဒီအဆင့်မှာကလေးတွေက အကြောက်တရားနည်းပြီး လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့အတွေးမှားတွေရှိတတ်တာပါ။ ဒီလိုဖြစ်ရတာက မိန်းကလေးရော၊ ယောကျာ်းလေးမှာပါ ခန္ဓါကိုယ်တွင်းဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒါပေမယ့် ဒီအနေအထားမှာ မိဘတစ်ယောက်အနေနဲ့ ဘယ်လောက်ကောင်းကောင်းအားပေးစောင့်ရှောက်သလဲဆိုတာပေါ် အများကြီးမူတည်နေပါတယ်။ သားဖြစ်သူ၊ သမီးဖြစ်သူရဲ့ဖွံ့ဖြိုးမှုအတွက်က မိဘဆိုတာ အဓိကကျောထောက်နောက်ခံတစ်ခုပါပဲ။ ကိုယ်ကတည်ဆောက်ပေးလိုက်တဲ့မိသားစုပတ်ဝန်းကျင်ဟာ ကလေးရဲ့နောက်ပိုင်းတစ်သက်တာ ဘယ်အပိုင်းကဏ္ဍမှာပဲဖြစ်ဖြစ် ဖွံ့ဖြိုးမှုရဲ့အခြေခံအုတ်မြစ်တွေဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်ပဲ သူတို့လေးတွေရဲ့ဘဝအတွက် အဓိကကျတဲ့ […]

လိင်အင်္ဂါကြွက်နို့များ

HPV ဗိုင်းရပ်စ် ကူးစက်ခြင်း - အဖြစ်အများဆုံးသော လိင်ကတဆင့်ကူးစက်တဲ့ရောဂါတစ်မျိုး Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုးခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမျာ အဖြစ်များပါတယ်။ HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေအတွက် အဓိကထားလုပ်ဆောင်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေမှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်ကတော်တော်လေးကြီးလာပါတယ်။ အမျိုးသားတွေမှာ HPV ကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ အချို့အမျိုးသားတွေမှာတော့ရောဂါကူးစက်ခံထားရပေမယ့်လက္ခဏာမပြတာမျိုးရှိတတ်ပါတယ်။ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့ လိင်အင်္ဂါမှာ အဖြူရောင် အကွက်တွေဖြစ်တာ (သို့မဟုတ်) ပန်းဂေါ်ဖီလိုမျိုး ကြွက်နို့တွေ အစုလိုက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင်တော့ - စအိုကနေသွေးထွက်တာ၊နာကျင်တာ၊ပြည်တည်တာ နဲ့ အထိမခံနိုင်အောင်နာတာ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

အဓိပ္ပါယ်ဖွင့်ဆိုချက်Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကဘာလဲ။ လိင်အင်္ဂါကြွက်နို့သည် လိင်အင်္ဂါတစ်ဝိုက်တွင် ပေါက်တတ်သော ကြွက်နို့ရောဂါဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော အသားရောင် အဖုလေးများ သို့မဟုတ် ပန်းမုန်လာလို ပုံစံများ ရှိတတ်၏။ ဖြစ်ရပ်အများအပြားတွင် ကြွက်နို့များသည် သေးငယ်လွန်းသောကြောင့် မမြင်ရတတ်ပါ။ လိင်အင်္ဂါကြွက်နို့များသည် လိင်မှတစ်ဆင့်အကူးစက်ဆုံး ရောဂါတစ်ခုဖြစ်ပြီး ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ် (HPV) ကြောင့် ဖြစ်ရခြင်းပင်။ ထိုဗိုင်းရပ်စ်သည် အမျိုးသမီးများ၌ ကြွက်နို့သာမက ကင်ဆာကိုပါ ဖြစ်စေတတ်ပါသည်။   Genital Warts (လိင်အင်္ဂါကြွက်နို့ ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ကြွက်နို့ပေါက်နိုင်ချေပိုများ၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGenital Warts (လိင်အင်္ဂါကြွက်နို့ ) ရဲ့လက္ခဏာတွေကဘာတွေလဲ လိင်အင်္ဂါကြွက်နို့ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ သေးငယ်သော အသားရောင် […]

လိင်အင်္ဂါကြွက်နို့များ

အသုံးပြုပုံများCervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ Cervarix ဆိုတာဘာလဲ Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေဖြစ်တဲ့HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၅ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။ HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာမဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့တခြားအကြောင်းရင်းတွေရှိနိုင်ပါသေးတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်က လိင်အင်္ဂါကြွက်နို့၊သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊အပြင်ယောနိမှာဖြစ်တဲ့ ကင်ဆာရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ Cervarix ကို ဘာအတွက်အသုံးပြုကြသလဲ HPV စစ်ဆေးမှု သို့မဟုတ် Pap Test (သားအိမ်ခေါင်းချွဲမြှေးယူစစ်ဆေးမှု) တို့လုပ်ဆောင်ပြီးရောဂါပိုးကူးစက်ခံခြင်းမရှိရင်Cervarix ကို ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးက HPVကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုမကုသနိုင် သလို HPV […]

လိင်အင်္ဂါကြွက်နို့များ

Human papillomavirus လို့ ခေါ်တဲ့ HPV ပိုး (လိင်အင်္ဂါကြွက်နို့ပိုး) ဟာ အရွယ်ရောက်ပြီးတဲ့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများပါတယ်။ HPV ဟာ အန္တရာယ်များပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေရုံသာမက နောက်ဆုံးမှာ ကင်ဆာတောင် ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကြွက်နို့ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ •HPV ပိုးအကြောင်း ဘာသိပါသလဲ။ Human papilloma virus လို့ ခေါ်တဲ့ HPV (လိင်အင်္ဂါကြွက်နို့ပိုး )ရောဂါပိုးဟာ လိင်အင်္ဂါ အတွင်းပိုင်းနဲ့ အနီးတစ်ဝိုက်မှာ ရောဂါဖြစ်စေပါတယ်။ ဒီရောဂါပိုးဟာ အရွယ်ရောက်ပြီးသူ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရများတတ်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံမှု များတဲ့သူတွေရဲ့ ထက်ဝက်လောက်ဟာ HPV ရောဂါပိုးကို သူတို့ဘဝမှာ တစ်ခါတော့ ရရှိမှာပဲဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာကတော့ […]

လိင်အင်္ဂါကြွက်နို့များ

လိင်အင်္ဂါကြွက်နို့ ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့ Human Papillomavirus (HPV) ရောဂါပိုးကြောင့် ဖြစ်ရတာပါ။HPV ဗိုင်းရပ်စ်ပိုးမှာ မျိုးစိတ်များစွာ ရှိပါတယ်။ ၎င်းမျိုးစိတ်တချို့က လက်နဲ့ ခြေထောက်တွေမှာ ကြွက်နို့တွေဖြစ်လာစေပြီး တခြား မျိုးစိတ်တွေကတော့ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်စေပါတယ်။ လိင်အင်္ဂါကြွက်နို့ ဘယ်လိုဖြစ်လာလဲ အမည်အတိုင်းပဲ လိင်အင်္ဂါကြွက်နို့တွေဟာ လိင်အင်္ဂါတဝိုက်မှာဖြစ်လာလေ့ရှိပါတယ်။ဥပမာ - အမျိုးသမီးတွေမှာဆိုရင် ယောနိဝ၊ သားအိမ် လမ်းကြောင်းနံရံ၊ သားအိမ်ခေါင်း၊ စအိုနဲ့ အမျိုးသားတွေမှာ လိင်တံ၊ကပ်ပယ်အိတ် တို့မှာ ဖြစ်တတ်ကြပါတယ်။ တစ်ခါတရံ ၎င်းတို့က ကူးစက်ခံရသူရဲ့ ပါးစပ် သို့မဟုတ် လည်ချောင်းအတွင်း ပေါက်လာတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ရဲ့ လက္ခဏာတွေက ဘာတွေလဲ လက္ခဏာတွေကတော့ ဖုလာ၊ ပြားလာပြီး ပန်းရောင် သို့မဟုတ် အသားရောင်ပြောင်းလာတဲ့ကြွက်နို့တွေဖြစ်ပါတယ်။ ၎င်းတို့က ဂေါ်ဖီပန်းလိုဖုထစ်တွေဖြစ်လာစေပြီး အနည်းငယ်ယားယံကာ နေမထိထိုင်မသာဖြစ်စေပါ တယ်။ အများအားဖြင့်တော့ ၎င်းကြွက်နို့တွေဟာ သာမန်မျက်စိနဲ့မမြင်နိုင်လောက်အောင် […]

လိင်အင်္ဂါကြွက်နို့များ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon