backup og meta

အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား

အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား

အမျိုးသမီးတွေ ပြီးမြောက်တဲ့အခါ အမျိုးသားတွေလိုပဲ သုက်ရည်ထွက်တတ်သလား။ အမျိုးသမီး သုက်ရည် ဆိုတာ ဘယ်လိုမျိုးလဲ။ ပန်းထွက်တဲ့အရည်တွေကရော ဘာတွေလဲ။ ဆီးတွေလား။

အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား

အမျိုးသမီးတွေ ပြီးမြောက်သွားတဲ့အခါ သာမန်အတိုင်းပဲ မိန်းမကိုယ်က အရည်တွေ ထွက်ကြတာ ရှိသလို ဆီးသွားသလို ပန်းထွက်တဲ့ အရည်တွေလည်း ရှိပါတယ်။ ဒီနှစ်ခုက ပြီးမြောက်ရင် ထွက်လာကြတယ်ဆိုပေမယ့် ထွက်တဲ့နေရာနဲ့ ပါဝင်ပစ္စည်းတွေ မတူပါဘူး။

သာမန်အတိုင်း ပြီးမြောက်သွားတာကို Female ejaculation (FE)လို့ ခေါ် ပြီး ဆီးသွားသလို ပြီးမြောက်သွားတာကိုတော့ Squirting (SQ)လို့ ‌ခေါ်ပါတယ်။

Female ejaculation (FE)ဆိုတာ

FEက အမျိုးသား သုက်ရည်နဲ့ ဆင်တူပါတယ်။ ခပ်ပျစ်ပျစ် အဖြူရောင်အရည်နဲ့ တွေ့ရတာ များပါတယ်။ ဒီအရည်က ဆီးပြွန်နားက Skene’s glandsလို့ခေါ်တဲ့ အမျိုးသမီးဆီးကျိတ်ကနေ ထွက်လာတာ ဖြစ်ပါတယ်။

လေ့လာချက်တွေအရတော့ ဒီအရည်ထဲမှာ PSAလို့ခေါ်တဲ့ Prostatic acid phosphatase အင်ဇိုင်းပါပြီး သူက သုက်ကောင်လေးတွေရဲ့ လှုပ်ရှားမှုကို ကူညီပေးပါတယ်တဲ့။ ဒါ့ပြင် ဖရက်တို့စ်လို့ခေါ်တဲ့ သကြားဓာတ်လည်း ပါဝင်ပြီး ဒါကို သုက်ကောင်လေးတွေက အာဟာရအဖြစ်သုံးပါတယ်။

Squirting (SQ)ဆိုတာ

Squirtingဆိုတာကလည်း ပြီးမြောက်ခြင်းတစ်မျိုးပါပဲ။ FEနဲ့ မတူတာက သူက ဆီးသွားသလိုသွားတာပါ။ ဆီးသွားသလိုဆိုပေမယ့် ထွက်လာတာ ဆီးတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆီးနဲ့ ပါဝင်တဲ့ပစ္စည်းတွေတော့ တူပါတယ်။

ဘာလို့ အဲ့လိုဖြစ်ရတာလဲဆိုတော့ SQဖြစ်တဲ့အခါ ဆီးအိမ်ထဲက အရည်တွေ ထွက်လာလို့ပါ။ ဆီးပြွန်နဲ့ နံရံကို လှုံ့ဆော်လို့ အရည်တွေ ထွက်လာတာပါ။ ဆီးနဲ့ ပါဝင်ပစ္စည်းခြင်း တူပြီး တစ်ခါတရံ PSAပါ ပါတတ်ပါတယ်။ ဒါပေမယ့် ဆီးလို အဝါရောင် အရည်တွေတော့ မဟုတ်ပါဘူး။

အမျိုးသမီး သုက်ရည် ထွက်တာ ရှားသလား။

အမျိုးသားတွေထပ်စာရင်တော့ အမျိုးသမီး ပြီးမြောက်တာက နည်းကောင်းနည်းနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကြားမှာ ပြီးမြောက်တာ၊ ပန်းထွက်ပြီး ပြီးမြောက်တာတွေက မရှားပါဘူး။

၂၀၁၇ခုနှစ်က လုပ်တဲ့ လေ့လာချက်တစ်ခုမှာ ပါဝင်သူတွေရဲ့ ၆၉ရာခိုင်နှုန်းက SQကို ကြုံဖူးတယ်လို့ ဆိုပါတယ်။

အမျိုးသမီး သုက်ရည်ထွက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

အမျိုးသမီးတွေ သုက်ရည်ထွက်တာမှာ သီးခြားကောင်းကျိုးတော့ မရှိပါဘူး။ ၂၀၀၉ခုနှစ်က လုပ်ခဲ့တဲ့ သုတေသနမှာတော့ Skene’s glandsက ထွက်တဲ့ ဓာတုပစ္စည်းတွေက ပိုးသေစေတဲ့ သတ္တိရှိလို့ ဆီးပိုးဝင်တာကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

သူ့မှာသီးသန့် ကောင်းကျိုးမရှိပေမယ့် ပြီးမြောက်ရာကနေ ဖြစ်လာတဲ့ ကောင်းကျိုးတွေတော့ ရှိပါတယ်။ ပြီးမြောက်တဲ့အခါ စိတ်ခံစားမှုကောင်းစေတဲ့ ‌အောက်စီတိုစင်လိုမျိုး ဟော်မုန်းတွေ ထွက်လာတာကြောင့်

  • အိပ်ပျော်စေတာ
  • စိတ်ဖိစီးမှု သက်သာစေတာ
  • ‌သွေးပေါင်ချိန် ကျစေတာ
  • ခုခံအားကောင်းစေတာ
  • ဆက်ဆံဖော်နဲ့ သံယောဇဉ်တိုးစေတာ စတဲ့ အကျိုးကျေးဇူးတွေ ရစေပါတယ်။

အမျိုးသမီး သုက်ရည်ထွက်အောင် လုပ်လို့ရလား။

တနည်းအားဖြင့် ဒါက အမျိုးသမီးတွေ ပြီးမြောက်အောင် လှုံ့ဆော်တာနဲ့ အတူတူပါပဲ။ တစ်ခုရှိတာက ပြီးမြောက်တာခြင်း တူရင်တောင် FEဖြစ်မှာလား၊ SQဖြစ်မှာလားဆိုတာကတော့ ပြောရခက်ပါတယ်။

အမျိုးသမီးတွေ ပြီးမြောက်အောင် လှုံ့ဆော်နိုင်တဲ့ နည်းလမ်းတချို့ကတော့

  • G-spotကို လှုံ့ဆော်တာပါ။ G-spotဆိုတာ မွေးလမ်းကြောင်းအရှေ့နံရံနားမှာ ရှိပါတယ်။ တချို့တွေမှာ G-spotကို လှုံ့ဆော်တာက နာကျင်တဲ့အတွက် သင့်အဖော် အဆင်ပြေရဲ့လားဆိုတာ အရင်မေးပါ။
  • မိန်းမကိုယ်အစိ Clitorisကိုလည်း လှုံ့ဆော်ပေးပါ။
  • G-spotနဲ့ Clitorisကို ပြိုင်တူ လှုံ့ဆော်ပေးတာက ပြီးမြောက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။
  • လှုံ့ဆော်တဲ့အခါ လက် ဒါမှမဟုတ် sex toysကို သုံးနိုင်ပါတယ်။

နောက်ပြီး ချောဆီသုံးတာ၊ အတူမနေခင် ဆီးသွားထားတာကလည်း ပြီးမြောက်ဖို့ ကူညီပေးနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ လိင်ဆက်ဆံစဉ်တလျှောက် မိမိနဲ့ မိမိအဖော် အပြန်အလှန်ဆက်သွယ်ပြီး လိုအပ်တာတွေကို ဖွင့်ပြောနေဖို့ပါ။

အကျဉ်းချုပ်

အမျိုးသမီးတွေမှာလည်း ပြီးမြောက်တဲ့အခါ အရည်ကြည်တွေ ထွက်လာပါတယ်။ ဒါက အမျိုးသားတွေ သုက်လွှတ်သလိုပါပဲ။ အမျိုးသမီး သုက်ရည်လို့ အလွယ်ပြောနိုင်ပါတယ်။
အမျိုးသမီးတွေ ပြီးမြောက်တဲ့အခါ FEနဲ့ SQဆိုပြီး နှစ်မျိုးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ် တုံ့ပြန်မှု မတူတာကြောင့် ဘယ်လိုနည်းနဲ့ ပြီးမြောက်မလဲဆိုတာာ မသိနိုင်ပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Female ejaculation and squirting as similar but completely different phenomena: A narrative review of current research https://pubmed.ncbi.nlm.nih.gov/35388532/#:~:text=At%20present%2C%20SQ%20is%20considered,few%20milliliters%20of%20thick%20fluid.  Accessed date Sep 12, 2023

Enhanced visualization of female squirting https://onlinelibrary.wiley.com/doi/10.1111/iju.15004 Accessed date Sep 12, 2023

Prevalence and characterization of female ejaculation. Cross-sectional study.
https://www.jsm.jsexmed.org/article/S1743-6095(17)31510-2/fulltext Accessed date Sep 12, 2023

Does female ejaculation serve an antimicrobial purpose?

https://pubmed.ncbi.nlm.nih.gov/19766406 Accessed date Sep 12, 2023

International online survey: female ejaculation has a positive impact on women’s and their partners’ sexual lives https://bjui-journals.onlinelibrary.wiley.com/doi/full/10.1111/j.1464-410X.2012.11562.x

Accessed date Sep 12, 2023

ယခုပုံစံ

13/09/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး

ယောက်ျားတွေရဲ့ ဂျီစပေါ့ ဘယ်နေရာမှာရှိလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement