Trichomoniasis ရောဂါပိုးဝင်ခြင်း

Trichomoniasis ဆိုတာ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါပါ။ အမျိုးသားတွေမှာ လက္ခဏာပြလေ့မရှိပါဘူး။ အမျိုးသမီးတွေမှာ ဆိုရင်တော့ မိန်းမကိုယ်ယားတာ၊ ဆီးကျဉ်တာ၊ အနံ့ဆိုးတဲ့ အဖြူဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါအကြောင်းကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

Trichomoniasis ရောဂါပိုးဝင်ခြင်း

Trichomoniasis ရောဂါအကြောင်း သိကောင်းစရာ

Trichomoniasis ဆိုတာ လိင်ကတဆင့်ကူးစက်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်ရတဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး ဘယ်လောက်အကြာမှာ ရောဂါကူးစက်ခံရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးပေမယ့် ၅ရက်ကနေ ၂၈ရက်ကြား ဖြစ်လိမ့်မယ်လိုတော့ အကြမ်းဖျင်းခန့်မှန်းထားပါတယ်။ ရောဂါကူးစက်ခံထားရသူ အမျိုးသမီးတွေမှာ မိန်းမကိုယ်မှ အနံ့နံတဲ့အရည် ဆင်းခြင်း၊ မိန်းမကိုယ်ယားယံခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း စတဲ့ လက္ခဏာတွေ ပြလေ့ရှိပြီး အမျိုးသားတွေမှာတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒီရောဂါကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေ များပါတယ်။ Trichomoniasis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ဒီရောဂါကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အမျိုးသမီးတွေအနေနဲ့ အောက်ဖော်ပြပါ လက္ခဏာများရှိမရှိ မိမိကိုယ်ကိုယ် သတိပြုစစ်ဆေးသင့်ပါတယ်။ မိန်းမကိုယ်မှ အဖြူရောင်၊ မီးခိုးရောင်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင် အနံ့ဆိုးဆိုးအရည် အများအပြားဆင်းခြင်း မိန်းမကိုယ်တဝိုက် နီရဲခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်