ရေယုန်

ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရေယုန်ရောဂါမှာ ပါးစပ်နဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ အနာတွေ၊ အရည်ကြည်ဖုတွေ တွေ့ရတတ်ပါတယ်။ ဘယ်လို ကာကွယ်မလဲ၊ ဘယ်လိုကုသနိုင်သလဲဆိုတာကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရေယုန်

များသောအားဖြင့် ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး HSV-1 နဲ့ HSV-2 ရေယုန်ဗိုင်းရပ်စ်ပိုး ၂မျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ လိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။ HIV နဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။ တခြားရော ဘယ်ကနေတစ်ဆင့် ကူးစက်နိုင်လဲ။ ရေယုန်ဗိုင်းရပ်စ်ပိုးကို ရောဂါပိုးရှိသူနဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်း၊ တံတွေးချင်း ဖလှယ်မိခြင်း၊ နမ်းခြင်း၊ မုန့်တစ်ခုတည်းကို မျှစားခြင်း၊ ပိုက်၊ ဇွန်းစတာတွေကို အတူသုံးစွဲခြင်း စတဲ့နည်းလမ်းတွေနဲ့ ကူးစက်ပါတယ်။ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ဆင်းသောအရည်၊ အနာ၊ အနာပေါက်သွားတဲ့အခါ ထွက်လာတဲ့ […]

ရေယုန် နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ရေယုန်

လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အများကြီးရှိတာ တော်တော်များများ သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဒီရောဂါတွေထဲကမှ အဖြစ်များလှတဲ့ လိင်အင်္ဂါ ရေယုန် ရောဂါအကြောင်း ပြောပြချင်ပါတယ်။ လိင်အင်္ဂါ ရေယုန် ဆိုတာ ဘာလဲ လိင်အင်္ဂါရေယုန် ဆိုတာက လိင်ဆက်ဆံရာကတစ်ဆင့် အဓိကကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ အနာ၊ အရည်ကြည်ဖုတွေ ဖြစ်စေသလို အရည်တွေစိမ့်လာတာမျိုးလည်း ရှိပါတယ်။ အသက် ၁၄နှစ်နဲ့ ၄၉နှစ်ကြား လူတွေရဲ့ ၁၆ ရာခိုင်နှုန်းမှာ ဒီလိုကူးစက်မှု ရှိနေကြပါတယ်။ ဘာကြောင့် ဖြစ်တာလဲ herpes simplex virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ အဲဒီပိုးက မိမိမှာတင် ရပ်တန့်နေမှာ မဟုတ်ဘဲ မိမိရဲ့ အိမ်ထောင်ဖက်၊ ချစ်ရသူ၊ လက်တွဲဖော်တွေကိုပါ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့်မို့  ကုသမှုမြန်မြန် ခံယူပြီး သူများကို ထပ်မံမကူးစက်အောင် ကာကွယ်ဖို့လိုပါတယ်။ ဘယ်လို ကူးစက်လဲ သင့်ရဲ့အရေပြားအောက်မှ အမြှေးပါးလေးတွေကတစ်ဆင့် […]

ရေယုန်

လိင်အင်္ဂါ ရေယုန်တွေဟာ အဖြစ်များပြီး လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေဖြစ်ပါတယ်။ သူတို့ဟာ နာကျင်တဲ့ အရည်ကြည်ဖုတွေဖြစ်ပြီး ပေါက်သွားနိုင်ကာ အရည်ထွက်လာနိုင်ပါတယ်။ အသက်၃၄ ကနေ ၄၉နှစ်အတွင်း ရှိတဲ့ ၁၆ ရာခိုင်နှုန်း သောသူတွေမှာ ဒီရောဂါ ရှိပါတယ်။   လိင်အင်္ဂါ ရေယုန်ဖြစ်ပွားရခြင်း အကြောင်းရင်း ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၁ နဲ့ ၂ (HSV type 1 and 2) ကြောင့် လိင်အင်္ဂါရေယုန် ဖြစ်ပွားနိုင်ပါတယ်။ ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ဟာ ပါးစောင်နာတွေက အဓိက ဖြစ်စေပါတယ်။ လိင်အင်္ဂါရေယုန် ကုသမှုမှာတော့ အနာတွေကို မြန်မြန် ပျောက်ကင်းအောင် ကုသမှုနဲ့ ပြန့်ပွားမှု ကာကွယ်ခြင်းတွေ ပါဝင်ပါတယ်။   သင့်ကိုယ်ခန္ဓါအတွင်းကို ဘယ်လိုဝင်ရောက်နိုင်ပါသလဲ။ ဒီဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓါအတွင်းကို အမြှေးပါး […]