HIV နှင့် AIDS ရောဂါ

လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ် (HIV) က လူသားရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်လာမှာပါ။ ဒီအခြေအနေ နှစ်ရပ်စလုံးအတွက် လုံလောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ဒီအခြေအနေကို ကာကွယ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဒီကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

HIV နှင့် AIDS ရောဂါ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

HIV နှင့် AIDS ရောဂါ ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကောင်းတာက ဆရာကောင်း သမားကောင်း၊ ဆေးဝါးကောင်းတွေကြောင့် ခုချိန်ထိ ဟန်မပျက်နေနိုင်ခဲ့တာပါ။ ကလေးယူကြရအောင်လေလို့ သူစပြောတုန်းက စိတ်ထဲမှာ အတွေးတွေ ဆက်တိုက်ဝင်လာခဲ့တယ်။ ကျွန်မ ဘယ်လိုလူမျိုးဆိုတာ သူမသိတာလည်း မဟုတ်။ ဘာကြောင့်များ ဒီလိုပြောထွက်လေသလဲလို့တော့ စိတ်ခုမိပါသေးတယ်။ ကျွန်မက ကျွန်မအတွက် စိတ်ပူတာမဟုတ်ဘူး။ ဘာပူစရာရှိမှာလဲ။ ဒီဆေးတွေသောက်လာရတာ နှစ်တွေ နည်းတာမှမဟုတ်တာ။ ဒီလိုသောက်ခဲ့လို့လည်း ကျွန်မကိုယ်ထဲမှာ ပိုးတွေကို ထိန်းချုပ်နိုင်နေပြီး စက်က စစ်ဆေးလို့ မတွေ့နိုင်တဲ့ပမာဏကိုတောင် ရောက်နေပြီပဲ။ ကိုယ့်ဆီကနေလည်း တခြားသူဆီကိုလည်း မကူးနိုင်တော့ဘူး။ ဒါကြောင့်လည်း အမျိုးသားက ကလေးယူရအောင်လို့ ပြောတာနေမှာ။ ဒါပေမဲ့ ရလာမယ့်ကလေးအတွက် ကျွန်မ စိတ်မချဖြစ်မိပါတယ်။ ။ ဒီပိုးက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာရော၊ […]


HIV နှင့် AIDS ရောဂါ

HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

ဟိုနားက စားပွဲနှစ်လုံးမှာ ဆီးချိုရှိတဲ့သူက တစ်ယောက်၊ ဟိုဘက်မှာ HIV ရှိတဲ့သူက တစ်ယောက်။ သင်ဘယ်သူနဲ့ ထိုင်မလဲ၊ မှန်မှန်ဖြေပါ။ ဆီးချိုရှိတဲ့သူဆီကို နည်းနည်းလေး အလေးသာချင်တယ်မလား။ ဒါထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘယ်လိုပဲ ခေတ်ကြီးက တိုးတက်လာလို့ အရင်လို ခွဲခြားဆက်ဆံတာတွေ မလုပ်တော့ပါဘူးပြောပြော အသံကြားရင် နည်းနည်းတော့ တွန့်ခနဲ ဖြစ်သွားတယ်မလား။ တကယ်တော့ ဆီးချိုနဲ့ HIVနဲ့ ဘာကွာလို့လဲ။ ဆီးချိုကရော ဒီတစ်သက်ပျောက်ဦးမှာလား။ မပျောက်လို့ပဲ နေ့တိုင်း အစားနဲ့၊ ဆေးနဲ့ ချိန်ချိန်ပြီး စားနေရတယ်ဟုတ်။ HIV ကရော။ HIV လည်း မပျောက်ပါဘူး။ မပျောက်ဘူးဆိုပေမယ့် ခုခေတ်ဆေးတွေက စွမ်းလွန်းလို့ ပိုးကောင်ရေကို စစ်ကြည့်ရင်တောင် တိုင်းမရတော့တဲ့အထိ ထိန်းချုပ်လျှော့ချထားနိုင်တယ်တဲ့။ ဆီးချိုလည်း သေချာမထိန်းရင် နောက်ဆက်တွဲ ဝင်တာပါပဲ။ HIV လည်း သေချာမကုဘူးဆိုရင် အသက်အန္တရာယ် […]


HIV နှင့် AIDS ရောဂါ

ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ဒီရောဂါရှိမှန်း စသိရတုန်းကဆို ဘယ်သူမှနဲ့တောင် မတွေ့ချင်တော့ပါဘူး။ ပါးစပ်ကနေ ထုတ်ပြောဖို့တောင် မရဲခဲ့တဲ့ ရောဂါပေါ့။ တရှောင်ရှောင်ဖြစ်နေလို့ ဆရာက မသင်္ကာတာနဲ့ ဆေးစစ်ကြည့်လိုက်တော့ သူတဲ့လား။ ကျွန်မသိတယ်။ ဒီနတ်ဆိုးက မကြာခင် ကျွန်မဆီကို ကံမကောင်းခြင်းတွေပဲ သယ်လာတော့မယ်ဆိုတာ။ ဒီရောဂါက ဘယ်လောက်များ ဖုံးဖိထားနိုင်မှာမို့လို့လဲ။ မကြာခင်ဘဲ ကျွန်မ ဒီထက်ပိုဆိုးလာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာတော့မယ်လေ။ လုံးပါးပါးပြီး သေရုံအပြင် ဘာရှိမှာလဲ။ ဒီပတ်ဝန်းကျင်မှာလည်း မနေချင်တော့ဘူး။ ကျွန်မသိတယ်။ သူတို့ ကျွန်မကို ခွဲခြားဆက်ဆံတော့မယ်ဆိုတာကို။ ကျွန်မကို မကောင်းတဲ့ မိန်းမတစ်ယောက်လို မြင်ကြတော့မယ်ဆိုတာကို။ မိသားစုနဲ့ အမျိုးသားကိုလည်း မပြောချင်ဘူး။ ကျွန်မကြောင့် သူတို့အရှက်ရမှာကို မလိုချင်ဘူးလေ။ ဒါပေမယ့် သူတို့ကို မပြောထားဘူးဆိုရင် တစ်ချိန်ချိန်မှာ ကျွန်မဆီက ပိုးတွေ သူတို့ဆီရောက်သွားနိုင်တယ်။ အထူးသဖြင့် ကျွန်မ အမျိုးသားပေါ့။ ဒါကြောင့် ခက်ခဲတဲ့ […]


HIV နှင့် AIDS ရောဂါ

HIVပိုး ကူးစက်မှုကို လျှော့ချနိုင်ဖို့

HIV ပိုး ကူးစက်ခံထားရပြီ ဆိုတာနဲ့ ဘဝကြီးတစ်ခုလုံး ဆုံရှုံးသွားသလို မခံစားလိုက်ပါနဲ့။ HIV ပိုး ကူးစက်ခံလိုက်ရပေမယ့်လည်း ဆေးကို သေချာ သောက်မယ်။ ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်မယ်ဆိုရင် ကိုယ့်ဆီကနေ အခြားသူကို ကူးစက်နိုင်ခြေ လျှော့ချနိုင်မှာဖြစ်သလို ကိုယ်တိုင်လည်း ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်မှာပါ။ HIV ဆိုတာ ဘာလဲ။ ဒီစကားလုံးကို ကြားတော့ ကြားဖူးနေပေမယ့် သေချာမသိတာမျိုး ဖြစ်နိုင်ပါတယ်။ HIV ဆိုတာက ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ကို ဖြစ်စေတဲ့ ရောဂါပိုးပါ။ များသောအားဖြင့်ကတော့ သုက်၊ သွေး၊ နို့ရည်ကနေတတဆင့် ကူးစက်နိုင်ပါတယ်။ HIV ပိုးအဓိက ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ  ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲတာ  ပိုးရှိမိခင်ကနေ ကလေးဆီကို ကူးစက်တာ စတာတွေပဲ ဖြစ်ပါတယ်။ HIV ပိုး ကူးစက်မှုကို အကောင်းဆုံး […]


HIV နှင့် AIDS ရောဂါ

လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့

အိပ်၊ စား၊ ကာမ ဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့ အရာတွေပါ။ ကာမ ကိစ္စနဲ့ ပတ်သက်လာရင်လည်း လူတိုင်းက ကာမသုခကို အပြည့်အဝ ခံစားချင်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့နောက်က ကပ်ပါလာနိုင်တဲ့ HIV လို ရောဂါပိုးတွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေတော့ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုဆောင်းပါးမှာတော့ HIV ပိုးကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် နည်းလမ်း ၃ ခု အကြောင်း ရှင်းပြပေးချင်ပါတယ်။ ၁။ ကွန်ဒုံး အသုံးပြုခြင်း ဒါကတော့ အမြဲတမ်းလိုလို ကြားနေတတ်တဲ့ အရာပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ၉၅ […]


HIV နှင့် AIDS ရောဂါ

လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ PrEP ဆေး

ကာမကိစ္စတွေနဲ့ ကင်းဝေးနိုင်တဲ့ လူသားတွေဆိုတာ တော်တော်လေးကို ရှားပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာ မှားယွင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အန္တရာယ်ကင်းစွာ လိင်ဆက်ဆံနိုင်ဖို့တော့ လိုအပ်တာပေါ့။ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဆိုရင် ပိုပြီးတောင် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် • စအိုကို အသုံးပြုပြီး လိင်ဆက်ဆံခြင်း • လိင်ဆက်ဆံဖော် တစ်ဦးထက် များနေတတ်ခြင်း • အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း • မူးယစ်ဆေးများ အသုံးပြုမိတဲ့အခါ ကွန်ဒုံးသုံးဖို့ကို မေ့လျော့တတ်ခြင်း စတဲ့ အချက်တွေကြောင့် HIV အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါရဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ ဒါကြောင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း PrEP ဆေးအကြောင်းကို နားလည်ထားဖို့ လိုပါတယ်။ PrEP ဆေးဆိုတာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ […]


HIV နှင့် AIDS ရောဂါ

အိပ်ချ်အိုင်ဗီ ကူးစက်မှု ယုံတမ်းစကားများ

အိပ်ချ်အိုင်ဗီပိုး ကူးစက်တာနဲ့ပတ်သက်ပြီး အမှတ်မှားနေကြတဲ့ ယုံတမ်းစကားတချို့ကို ရှင်းပြပေးချင်ပါတယ်။ ဆေးပညာတိုးတက်မှုကြောင့် အခုချိန်မှာ အိပ်ချ်အိုင်ဗီပိုး ရှိမရှိအချိန်တိုတိုနဲ့ စမ်းသပ်နိုင်နေပြီဖြစ်သလို ရောဂါပိုး ထိန်းချုပ်မှုမှာလည်း အများကြီးတိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝပျောက်ကင်းအောင်မကုသနိုင်သေးတဲ့ အတွက် ရောဂါကူးစက်မခံရအောင်ကာကွယ်ဖို့အတွက် မှန်ကန်တဲ့အသိရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ အိပ်ချ်အိုင်ဗီပိုးကူးစက်မှုနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ဖြေရှင်းပေးချင်ပါတယ်။ ၁ - အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ ထိတွေ့မိလိုက်ရုံနဲ့ရောဂါပိုးကူးစက်သွားတယ် အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ လိုထိတွေ့မှုတွေလုပ်ရုံနဲ့ ရောဂါမကူးပါဘူး။ ရောဂါပိုး ရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေမှာတော့  (သွေး၊ နို့ရည်၊ မစင်ရည်၊ လိင်ဆက်ဆံတဲ့အခါထွက်တဲ့ အရည်များ၊ သုက်ရည်) မှာတော့ အိပ်ချ်အိုင်ဗီပိုးပါဝင်တယ်။ ဒီလိုအရည်တွေက နောက်လူတစ်ယောက်ရဲ့ စအို၊ လိင်အင်္ဂါ၊ ပါးစပ် လိုနေရာတွေနဲ့ ထိတွေ့မိရင်တော့ အိပ်ချ်အိုင်ဗီ ပိုးကူးစက်ခံရနိုင်ပါတယ်။ တံတွေးကနေ အိပ်ချ်အိုင်ဗီပိုးမကူးစက်ပါဘူး။ ၂ - အိပ်ချ်အိုင်ဗီပိုးက ခြင်ကနေတဆင့် […]


HIV နှင့် AIDS ရောဂါ

HIVမှာ တွေ့ရတဲ့ opportunistic infectionများ

HIVရှိတဲ့ လူနာတစ်ယောက်မှာ တချို့သော ရောဂါပိုးတွေ၊ ကင်ဆာတွေ ဖြစ်လာခဲ့ရင် ဒါကို  Opportunistic လို့ ခေါ်ပါတယ်။ ဒီပိုးတွေ၊ ကင်ဆာတွေ ရှိနေရင် HIVကနေ AIDS (ခုခံအားကျဆင်းမှု ရောဂါအစုအဝေး)လို့ ပြောင်းခေါ်လို့ရပါပြီ။ CD4လို့ ခေါ်တဲ့ ခုခံအားဆဲလ်တွေ ပမာဏတစ်ခုအောက် ကျဆင်းသွားရင်လည်း AIDS လို့ ပြောလို့ရပါတယ်။ Opportunistic infection ဆိုတာဘာလဲ။ Opportunistic infection ဆိုတာ ခုခံအားကျဆင်းတဲ့ သူတွေမှာ အတွေ့ရများတဲ့ ရောဂါတွေပါ။ ခဏခဏလည်း ဖြစ်တတ်သလို ပြင်းလည်း ပြင်းထန်ပါတယ်။ HIV အစပိုင်းမှာတော့ ဆေးသောက်တာရော၊ ခုခံအားကောင်းနေသေးတဲ့ အတွက်ကြောင့်ရော ဒီရောဂါတွေ ဝင်မလာသေးပါဘူး။ ဒါပေမယ့် တချို့တွေကျတော့ HIV ရှိမှန်းလည်း မသိဘူး၊ ဆေးလည်း မကုကြဘူး၊ ခုခံအားကလည်း မကောင်းဘူးဆိုရင် ရောဂါပိုးတွေ […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိသူများ ဘဝကိုအကောင်းဆုံးဖြစ်အောင် နေထိုင်နည်း

ဒီဘက်ခေတ် ၂၁ ရာစုမှာတော့ HIV ပိုးရှိခြင်းဟာ သိပ်ပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက ရာနှုန်းပြည့်ကျန်းမာတာမျိုးပဲ လိုချင်ကြတာလေ၊ ဘယ်သူကတော့ ဒီလိုရောဂါပိုးမျိုး လိုချင်ကြပါ့မလဲ။ အထူးသဖြင့် HIV လိုမျိုး လူ့ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကဲ့ရဲ့ဝေဖန်ကြမယ့် ရောဂါပိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့်လည်း ကံအကြောင်းမလှလို့ ကိုယ့်မှာရောဂါပိုးရှိလာတဲ့အခါ ဘဝကို အကောင်းဆုံး ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ သေချာဖတ်ကြည့်ပြီး စိတ်ခွန်အားတစ်စုံတစ်ရာ ရနိုင်မယ်ဆိုရင် စာရေးသူ တော်တော်ဝမ်းသာပီတိဖြစ်မိမှာပါ။ HIV ဟာ ဘဝအဆုံးသတ်မဟုတ်ဘူးဆိုတာကို သိထားပါ။ HIV ပိုးကူးစက်ခံရတာနဲ့ အသက်သေဆုံးရတော့မယ်၊ ဘယ်လိုမှ ကုလို့လည်း မရတော့ဘူးဆိုတာ အရင်ခေတ်တွေမှာ ကျန်ခဲ့ပါပြီ။ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးမပေါ်သေးတဲ့တိုင်အောင် ရောဂါပိုးကို ဆက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်မယ့် ART ဆေး (Anti […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိနေတဲ့ မိသားစုဝင်ကို ဘယ်လိုအားပေးကူညီမလဲ

HIV ဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိသူ မိဘထံမှ သန္ဓေသားဆီသို့၊ ရောဂါပိုးရှိတဲ့သွေး သွင်းမိခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ကူးစက်နိုင်ပါတယ်။ HIV ကို လက်ရှိအချိန်ထိ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးတဲ့တိုင်အောင် ရောဂါပိုးဆက်မပြန့်ပွားအောင် ထိန်းချုပ်နိုင်တဲ့ ဆေးတွေထွက်ပေါ်လာပြီဆိုတော့ အရင်ကလောက်တော့ ကြောက်ဖို့ ကောင်းလောက်မှာမဟုတ်ပါဘူူး။ ဒါပေမယ့်လည်း ဘယ်သူကတော့ ဒီလိုရောဂါပိုး ကူးစက်ခံရတာမျိုး ဖြစ်ချင်ပါ့မလဲ။ ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတာ သိရင်လည်း စိတ်အခြေအနေ အကောင်းအတိုင်း ဖြစ်နေတဲ့သူဆိုတာလည်း တော်တော်ရှားမှာပါ။ HIV ဝေဒနာရှင်ရဲ့ စိတ်ခံစားချက် တခြားရောဂါတွေလိုမဟုတ်ဘဲ HIV ပိုး ရှိတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့အထိ သက်ရောက်မှု ပြင်းထန်ပါတယ်။ ကာယကံရှင်အနေနဲ့ ဒီသတင်းကို ကြားကြားချင်းမှာ မယုံနိုင်အောင် ထိတ်လန့်မယ်၊ သူ့ရဲ့ ချစ်သူ၊ မိဘ၊ မိသားစုဝင်တွေ၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်