ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်အင်္ဂါကြွက်နို့များ

လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင်

လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင် ဘယ်လိုတွေ ကုသလို့ ရမလဲ။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာတွေကို ပြောပြပေးသွားမှာ ဖြစ်လို့ အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်အင်္ဂါကြွက်နို့ ဆိုတာ လိင်အင်္ဂါကြွက်နို့ ဆိုတာက Human Papillomavirus (HPV) ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ Human Papillomavirus (HPV) က လိင်ကတဆင့် ကူးစက်မှုအများဆုံး ဖြစ်ပါတယ်။ HPV ဗိုင်းရပ်စ်က အမျိုးအစားတွေ အများကြီး ရှိပါတယ်။ အချို့ ဗိုင်းရပ်စ်တွေက လက်တွေနဲ့ ခြေထောက်တွေမှာ ကြွက်နို့တွေ ဖြစ်စေနိုင်ပြီး အချို့ ဗိုင်းရပ်စ်တွေက လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့တွေ ဖြစ်စေပါတယ်။ နာမည်အတိုင်းပါပဲ လိင်အင်္ဂါကြွက်နို့တွေက လိင်အင်္ဂါ တဝိုက်မှာပဲ ပေါက်လေ့ရှိတာပါ။ အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ် အင်္ဂါစပ်၊ မိန်းမကိုယ် နံရံ၊ သားအိမ်ခေါင်း၊ စအိုတွေမှာ ပေါက်လေ့ရှိပြီး အမျိုးသားတွေမှာတော့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု

သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် တွေ ရှိပါသည်။ သင့် အိမ်ထောင်ရေး သည် မကြာသေးမီကပဲ အခြေအနေ မကောင်းဖြစ်လာပါသလား။ လူတစ်ဦးနှင့်တစ်ဦး ပေါင်းဖက်ချိန်တွင် မတူညီသော ဖြစ်နေကျ အဆင့်များ ရှိပြီး ထိုသူနှစ်ဦးကြားတွင် ဘယ်လိုမှ ညှိမရတော့သည့် ပြဿနာအကြီးဆုံးလည်း ဖြစ်လာနိုင်ပါသည်။ သင့်အိမ်ထောင်ရေးကို ဖြည်းဖြည်းချင်းဖျက်ဆီးလာနိုင်သည့် အချက်များမှာ အောက်ပါအတိုင်းပင်ဖြစ်ပါသည်။ သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု က လိင်မဆက်ဆံကြတော့ခြင်း အိမ်ထောင်ရေး ဘဝတွင် ရင်းနှီးမှုသည် ဖြစ်ပွားနေသော ပြဿနာ တော်တော်များများကို ဖယ်ရှားပေးနိုင်ပါသည်။ သင်သည် သင့်အိမ်ထောင်ဖက်နှင့် လိင်မဆက်ဆံတော့ပါက သင်တို့၏ အိမ်ထောင်ရေးဘဝကို အဆုံးသတ် အခြေအနေသို့ ပို့ပေးနေသည်နှင့် တူပါသည်။ သင်သည် မေ့မေ့ပျောက်ပျောက်နှင့် ထိုသို့ အချိန်ကာလကြာပါက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ။ လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ ရှိလားဆိုတာကို သိနိုင်ဖို့ စမ်းသပ်စစ်ဆေး ကြည့်ခြင်းကသာ အတိကျဆုံးပါ။ ၃. လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throat ဆိုတာ သာမန်အတိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံတာထက် ပိုပါတယ်။ အမျိုးသားလိင်အင်္ဂါကို မျိုချပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ ပါးစပ်ဆက်ဆံတာက တချို့သော လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပဲ Deep throatကလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိနေတာပါ။ Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လိုဆက်စပ်နေသလဲ။ Deep throat လုပ်တဲ့အခါ လည်ချောင်းထဲထိ မျိုချရတာကြောင့် အာခေါင်နောက်က လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။ Deep throatကြောင့် လည်ချောင်းဖြစ်စေတဲ့ တရားခံက HPV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားပြီးသား ဖြစ်မှာပါ။ ရောဂါပိုး ရှိနေတဲ့ လိင်တံနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးကို လိင်ဆက်ဆံ တာအပြင် တခြားဘယ်လိုသုံးလို့ရသေးလဲ။

အမျိုးသားသုံး ကွန်ဒုံးတွေက လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေရော၊ ကိုယ်ဝန်ကိုပါ ထိထိရောက်ရောက် တားဆီးပေးနိုင်ပါတယ်။ သုံးရလည်း လွယ်တာကြောင့် ခုနောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်လည်း သုံးလာကြပါပြီ။ ဒါပေမယ့် ကွန်ဒုံးကို လိင်ဆက်ဆံ တာမှာပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ နေ့စဉ်လူမှုဘဝမှာလည်း အသုံးချလို့ရတဲ့ နေရာတွေ ရှိပါတယ်။ ကွန်ဒုံးက ဘယ်လိုထူးခြားချက်ရှိသလဲ။ ကွန်ဒုံးက ဒီတိုင်းကြည့်မယ်ဆို ရာဘာနဲ့ လုပ်ထားတဲ့ ပြွန်ပုံစံအစတစ်စပါပဲ။ Non-latexတွေလည်း ရှိပေမယ့် ခဏထားလိုက်ဦးမယ်နော်။ ကွန်ဒုံးရဲ့ ထူးခြားချက်က ကျုံ့ဆန့်နိုင်စွမ်းကောင်းတာရယ်၊ ရေလုံတာရယ်ပါ။ ကွန်ဒုံးက ကျုံ့ဆန့်နိုင်စွမ်းကောင်းတာကြောင့် တော်တော်များများသော ပစ္စည်းတွေ ထည့်လို့ရပါတယ်။ ကွန်ဒုံးအများစုက ရေဆိုရင် ၂လီတာလောက် ဆန့်ပါတယ်။  (အမျိုးသားတွေက သုက် ၂လီတာ မထွက်ပေမယ့်ပေါ့။) ဒီထက်ဆန့်တာတွေလည်း ရှိပါတယ်။ စမ်းသပ်ချက်တွေအရ ရေ၂လီတာလောက် ထည့်တာတောင် ကွန်ဒုံးက ရေမစိမ့်ပါဘူး။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဒါမှ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

သင့်ခံစားနေရတာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေလား။

အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် မျိုးပွာအင်္ဂါတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခု (ဥပမာ အနာ၊ အရည်ကြည်ဖု) စတာတွေ ဖြစ်လာပြီဆိုရင် လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုခုလားဆိုပြီး သံသယဖြစ်တတ်ကြပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေအများစုက ကုသလို့ပျောက်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေကို မသိထားမိလို့ မကုသမိရင် မိမိအဖော်ကို ကူးစက်တာ၊ ကိုယ်ကိုယ်တိုင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်တာကြောင့် လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေကို သိထားသင့်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါများ အရင်ဆုံး အဖြစ်များတဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေကို သိထားဖို့ လိုပါတယ်။ ဒါတွေကတော့ လိင်အင်္ဂါရေယုန် HIV/ AIDS လိင်အင်္ဂါကြွက်နို့ အသည်းရောင်အသားဝါဘီ ကလိုင်မဲဒီယား (Chlamydia) ဆစ်ဖလစ် (ကာလသားရောဂါ) ဂနို (ဆီးပူညောင်းကျရောဂါ) Trichomoniasis လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေက များသောအားဖြင့် လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေက လက္ခဏာတွေက လက္ခဏာမပြတတ်ပါဘူး။ တချို့တွေမှာလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု

သာယာပျော်ရွှင်သော လိင်မှုဘဝ ဆိုတာ ကျန်းမာရေးနှင့် သက်ဆိုင်တဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ လူတိုင်းဟာ လိင်ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိကြပါတယ်။ သာမန် ကျန်းမာတဲ့ အမျိုးသမီးတွေအတွက်ကတော့ ထူးထူးခြားခြား ရှောင်ကြဉ်စရာ သတိထားစရာမလိုပေမယ့် အောက်မှာ ပြောပြမယ့် ကျန်းမာရေးအခြေအနေ ၆ခု မှာတော့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်နော်။ ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု ကတော့ (၁) Pap smear မယူခင် Pap smear ဆိုတာ သားအိမ်ခေါင်းနားက အချွဲလေးတွေယူပြီး ဓာတ်ခွဲခန်းပို့စစ်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်းလို့ မြန်မာလိုခေါ်ပါတယ်။ Pap smear မစစ်ခင်ညမှာ အမျိုးသားနဲ့ အတူတူနေခဲ့မယ်ဆိုရင်တော့ သားအိမ်ခေါင်းအချွဲယူတဲ့အခါ အမျိုးသားရဲ့ သုက်ရည်ပါ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။

ပြောင်းဆွဲနည်း ဆိုတာ အမျိုးသားတွေ လိင်တံကြီးအောင်၊ ထောင်မတ်အောင် သုံးကြတဲ့ နည်းလမ်းတစ်ခုပါ။ လိင်တံနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို စိတ်တိုင်းမကျတဲ့ အမျိုးသားတွေက ပြောင်းဆွဲတဲ့ နည်းကိုလည်း သုံးလေ့ရှိပါတယ်။ ဒါက တကယ်ပဲ လိင်တံကို ကြီးစေမှာလား။ ပြောင်းဆွဲနည်း ဆိုတာ ဘာလဲ။ ပြောင်းဆွဲနည်းဆိုတာ ပြွန်ပုံစံ အချောင်းကို လိင်တံမှာ စွပ်ပြီး လေစုပ်တာ ဖြစ်ပါတယ်။ လေစုပ်အားနဲ့ သွေးတွေကို လိင်တံထဲ စီးဆင်းစေတာပါ။ အရင်တုန်းကတော့ လက်ညှစ်ပြွန်လေးတွေ ရှိပြီး နောက်ပိုင်း တိုးတက်လာတော့ ဘက်ထရီနဲ့ စက်တွေ ပေါ်လာပါပြီ။ Penis pump လို့ ခေါ်ကြပါတယ်။ ပြောင်းဆွဲနည်း က လိင်တံကို ကြီးစေသလား။ ပြောင်းဆွဲတာကို လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမှာ သုံးလေ့ရှိပါတယ်။ ဆေးပညာအရကို သုံးတာပါ။ သူ့ရဲ့ အလုပ်လုပ်ပုံက လေစုပ်အားနဲ့ သွေးတွေ […]


သားဆက်ခြားခြင်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ....... ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant) ဆိုတာ ဘာလဲ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု

လိင်ဆက်ဆံတယ်ဆိုတာက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ သံယောဇဉ်တွေ တိုးလာဖို့ပါ၊၊ ခန္ဓာကိုယ်ချင်း ထိတွေ့မှု၊ စိတ်ချင်း ရင်းနှီးမှုတွေကြောင့် အတူနေတာက စိတ်ကျေနပ်မှုကို ရစေပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်၊၊ ဒါပေမယ့် တစ်ခါတလေမှာ အချစ်လွန်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတတ်ပါတယ်၊၊ ဒါကြောင့် လိင်ဆက်ဆံရင်း နဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်၊၊ လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု မွေးလမ်းကြောင်းပြဲတာ ထိုးသွင်းဆက်ဆံတဲ့အခါ ကြမ်းသွားတာ ဒါမှမဟုတ် sex toys တွေနဲ့ ထိုးမိတဲ့အခါ ဖြစ်တတ်ပါတယ်၊၊ နည်းလမ်း မွေးလမ်းကြောင်း ဘယ်လောက်ပြဲသွားလဲဆိုတာပေါ် မူတည်ပါတယ်၊၊  သေးသေးလေး၊ အပေါ်ယံလေးပဲဆိုရင် အိမ်မှာတင် သက်သာအောင်ကုလို့ရပါတယ်၊၊ ကြီးလွန်းတယ်၊ သွေးထွက်များတယ်ဆိုရင်တော့ ချုပ်ဖို့လိုနိုင်လို့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်၊၊ အိမ်မှာသက်သာစေတဲ့ နည်းတွေကတော့ နာတာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပါ၊၊ ရေနွေးဇလုံထဲမှာ တစ်ခါစိမ်ရင် ၁၀-၁၅မိနစ်နဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)