ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ဆက်ဆံခြင်းနည်းလမ်းများ နဲ့ ကျန်းမာရေးကောင်းကျိုးဆိုးကျိုးများ

လိင်ဆက်ဆံခြင်းဆိုတာ သဘာဝကိစ္စဆိုပေမယ့် အလွန်အကျွံ မဖြစ်အောင်၊ မိမိနဲ့ မိမိအဖော်မထိခိုက်အောင် ဆက်ဆံသင့်ပါတယ်။ ပြီးပြည့်စုံတဲ့ လိင်မှုဆက်ဆံရေးဆိုတာ နှစ်ဦးနှစ်ဖက်ကျေနပ်ပြီး သာယာဖွယ်ကိစ္စ ဖြစ်နေဖို့ လိုပါတယ်။ နာကျင်မှုတွေ၊ အလိုမပြည့်ဝမှုတွေနဲ့ဆိုရင် နောက်တစ်ခါ အတူနေဖို့ကို ကြောက်လန့်နေရမှာပါ။ လိင်ဆက်ဆံခြင်းနည်းလမ်းများ က အမျိုးမျိုးရှိပါတယ်။ ဘယ်ဟာက ကိုယ်နဲ့ ကိုယ့်အဖော်အတွက် အဆင်ပြေမလဲ။ ဘယ်လိုကျန်းမာရေးအခြေအနေတွေရှိရင် ဘယ်လိုပုံစံနဲ့ ဆက်ဆံသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ လိင်ဆက်ဆံခြင်းနည်းလမ်းများ နဲ့ ကျန်းမာရေးကောင်းကျိုးဆိုးကျိုးများ စုံတွဲတွေကြားမှာ သမားရိုးကျနည်းတွေ ရိုးလာတဲ့အခါ ဒါမှမဟုတ် ကိုယ့်စိတ်ထဲမှာ ဒီလိုပုံစံနဲ့ လိင်ဆက်ဆံတာက ပိုကောင်းတယ်လို့ ယူဆတဲ့အခါ နည်းလမ်းအသစ်တွေကို အသုံးပြုလာကြပါတယ်။ နည်းလမ်းတိုင်းက စုံတွဲတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာပါ။ တစ်ခါတလေ ကိုယ့်အတွက် အဆင်ပြေပေမယ့် သူ့အတွက် အဆင်မပြေတာလည်း ရှိနိုင်ပါတယ်။ မိမိတို့စုံတွဲက အောက်မှာ ဆက်ပြောမယ့် ဘယ်ပုံစံနဲ့ အတူနေကြသလဲ။ […]

အမေးအဖြေကဏ္ဍ

ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝဆိုတာ ဘာလဲ။

Icon Chevron

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အဆိုအရ လိင်မှုဘဝနဲ့ ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနဲ့ ဆက်ဆံရေးတွေကောင်းမွန်တာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီထဲမှာ လိင်ပိုင်းဆိုင်ရာ သာယာမှု ရှိတဲ့အပြင် ကိုယ့်ရဲ့ လိင်မှုဘဝသတ်မှတ်ချက်တွေကို ပွင့်လင်းစွာဖော်ပြခွင့်ရပြီး လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ဖို့ အသိရှိကာ မိမိကိုယ်ကိုနဲ့ မိမိအဖော်ကို အပြန်အလှန်လေးစားတဲ့ ဆက်ဆံရေးလည်း ပါဝင်ပါတယ်။

လိင်ဆက်ဆံမှုရှိတယ်ဆိုတာ ဘာလိုဆိုလိုတာလဲ။

Icon Chevron

တကယ်လို့ ဆရာဝန်က ရောဂါတစ်ခုခုကို စမ်းသပ်ဖို့ 'လိင်ဆက်ဆံမှု ရှိသလား' လို့ မေးတာက လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ၊ ကိုယ်ဝန်တွေ ရှိနိုင်သလားဆိုတာကို သိချင်လို့ မေးတာပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်ထဲကို ထည့်သွင်းဆက်ဆံတာကိုပဲ လိင်ဆက်ဆံတယ်လို့ သတ်မှတ်တာမဟုတ်ဘဲ လက်နဲ့ဆက်ဆံတာ၊ ပါးစပ်နဲ့ ဆက်ဆံတာ၊ စအိုနဲ့ ဆက်ဆံတာတွေလည်း ပါဝင်ပါတယ်။

လိင်ကျန်းမာရေးက ဘာကြောင့် အရေးကြီးတာလဲ။

Icon Chevron

လိင်ကျန်းမာရေးက ဘာကြောင့် ကျန်းမာရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် အရေးကြီးပါတယ်။ တခြားကိုယ်နဲ့ စိတ်ကျန်းမာရေးအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝက စိတ်ဖိစီးမှုကို သက်သာစေပြီး အန်ဒိုဖင်းလို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို ထွက်စေတာကြောင့် စိတ်ကြည်စေပါတယ်။ နှလုံးခုန်နှုန်းကို မြန်စေတာ၊ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်းကို မျှစေတာ၊ အိပ်ပျော်စေတာ၊ နှလုံးသွေးကြောပိတ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးကို လိင်ဆက်ဆံ တာအပြင် တခြားဘယ်လိုသုံးလို့ရသေးလဲ။

အမျိုးသားသုံး ကွန်ဒုံးတွေက လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေရော၊ ကိုယ်ဝန်ကိုပါ ထိထိရောက်ရောက် တားဆီးပေးနိုင်ပါတယ်။ သုံးရလည်း လွယ်တာကြောင့် ခုနောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်လည်း သုံးလာကြပါပြီ။ ဒါပေမယ့် ကွန်ဒုံးကို လိင်ဆက်ဆံ တာမှာပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ နေ့စဉ်လူမှုဘဝမှာလည်း အသုံးချလို့ရတဲ့ နေရာတွေ ရှိပါတယ်။ ကွန်ဒုံးက ဘယ်လိုထူးခြားချက်ရှိသလဲ။ ကွန်ဒုံးက ဒီတိုင်းကြည့်မယ်ဆို ရာဘာနဲ့ လုပ်ထားတဲ့ ပြွန်ပုံစံအစတစ်စပါပဲ။ Non-latexတွေလည်း ရှိပေမယ့် ခဏထားလိုက်ဦးမယ်နော်။ ကွန်ဒုံးရဲ့ ထူးခြားချက်က ကျုံ့ဆန့်နိုင်စွမ်းကောင်းတာရယ်၊ ရေလုံတာရယ်ပါ။ ကွန်ဒုံးက ကျုံ့ဆန့်နိုင်စွမ်းကောင်းတာကြောင့် တော်တော်များများသော ပစ္စည်းတွေ ထည့်လို့ရပါတယ်။ ကွန်ဒုံးအများစုက ရေဆိုရင် ၂လီတာလောက် ဆန့်ပါတယ်။  (အမျိုးသားတွေက သုက် ၂လီတာ မထွက်ပေမယ့်ပေါ့။) ဒီထက်ဆန့်တာတွေလည်း ရှိပါတယ်။ စမ်းသပ်ချက်တွေအရ ရေ၂လီတာလောက် ထည့်တာတောင် ကွန်ဒုံးက ရေမစိမ့်ပါဘူး။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဒါမှ […]

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

သင့်ခံစားနေရတာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေလား။

အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် မျိုးပွာအင်္ဂါတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခု (ဥပမာ အနာ၊ အရည်ကြည်ဖု) စတာတွေ ဖြစ်လာပြီဆိုရင် လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုခုလားဆိုပြီး သံသယဖြစ်တတ်ကြပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေအများစုက ကုသလို့ပျောက်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေကို မသိထားမိလို့ မကုသမိရင် မိမိအဖော်ကို ကူးစက်တာ၊ ကိုယ်ကိုယ်တိုင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်တာကြောင့် လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေကို သိထားသင့်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါများ အရင်ဆုံး အဖြစ်များတဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေကို သိထားဖို့ လိုပါတယ်။ ဒါတွေကတော့ လိင်အင်္ဂါရေယုန် HIV/ AIDS လိင်အင်္ဂါကြွက်နို့ အသည်းရောင်အသားဝါဘီ ကလိုင်မဲဒီယား (Chlamydia) ဆစ်ဖလစ် (ကာလသားရောဂါ) ဂနို (ဆီးပူညောင်းကျရောဂါ) Trichomoniasis လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေက များသောအားဖြင့် လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေက လက္ခဏာတွေက လက္ခဏာမပြတတ်ပါဘူး။ တချို့တွေမှာလည်း […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု

သာယာပျော်ရွှင်သော လိင်မှုဘဝ ဆိုတာ ကျန်းမာရေးနှင့် သက်ဆိုင်တဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ လူတိုင်းဟာ လိင်ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိကြပါတယ်။ သာမန် ကျန်းမာတဲ့ အမျိုးသမီးတွေအတွက်ကတော့ ထူးထူးခြားခြား ရှောင်ကြဉ်စရာ သတိထားစရာမလိုပေမယ့် အောက်မှာ ပြောပြမယ့် ကျန်းမာရေးအခြေအနေ ၆ခု မှာတော့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်နော်။ ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု ကတော့ (၁) Pap smear မယူခင် Pap smear ဆိုတာ သားအိမ်ခေါင်းနားက အချွဲလေးတွေယူပြီး ဓာတ်ခွဲခန်းပို့စစ်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်းလို့ မြန်မာလိုခေါ်ပါတယ်။ Pap smear မစစ်ခင်ညမှာ အမျိုးသားနဲ့ အတူတူနေခဲ့မယ်ဆိုရင်တော့ သားအိမ်ခေါင်းအချွဲယူတဲ့အခါ အမျိုးသားရဲ့ သုက်ရည်ပါ […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။

ပြောင်းဆွဲနည်း ဆိုတာ အမျိုးသားတွေ လိင်တံကြီးအောင်၊ ထောင်မတ်အောင် သုံးကြတဲ့ နည်းလမ်းတစ်ခုပါ။ လိင်တံနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို စိတ်တိုင်းမကျတဲ့ အမျိုးသားတွေက ပြောင်းဆွဲတဲ့ နည်းကိုလည်း သုံးလေ့ရှိပါတယ်။ ဒါက တကယ်ပဲ လိင်တံကို ကြီးစေမှာလား။ ပြောင်းဆွဲနည်း ဆိုတာ ဘာလဲ။ ပြောင်းဆွဲနည်းဆိုတာ ပြွန်ပုံစံ အချောင်းကို လိင်တံမှာ စွပ်ပြီး လေစုပ်တာ ဖြစ်ပါတယ်။ လေစုပ်အားနဲ့ သွေးတွေကို လိင်တံထဲ စီးဆင်းစေတာပါ။ အရင်တုန်းကတော့ လက်ညှစ်ပြွန်လေးတွေ ရှိပြီး နောက်ပိုင်း တိုးတက်လာတော့ ဘက်ထရီနဲ့ စက်တွေ ပေါ်လာပါပြီ။ Penis pump လို့ ခေါ်ကြပါတယ်။ ပြောင်းဆွဲနည်း က လိင်တံကို ကြီးစေသလား။ ပြောင်းဆွဲတာကို လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမှာ သုံးလေ့ရှိပါတယ်။ ဆေးပညာအရကို သုံးတာပါ။ သူ့ရဲ့ အလုပ်လုပ်ပုံက လေစုပ်အားနဲ့ သွေးတွေ […]

သားဆက်ခြားခြင်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ....... ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ဆိုတာ ဘာလဲ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု

လိင်ဆက်ဆံတယ်ဆိုတာက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ သံယောဇဉ်တွေ တိုးလာဖို့ပါ၊၊ ခန္ဓာကိုယ်ချင်း ထိတွေ့မှု၊ စိတ်ချင်း ရင်းနှီးမှုတွေကြောင့် အတူနေတာက စိတ်ကျေနပ်မှုကို ရစေပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်၊၊ ဒါပေမယ့် တစ်ခါတလေမှာ အချစ်လွန်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတတ်ပါတယ်၊၊ ဒါကြောင့် လိင်ဆက်ဆံရင်း နဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်၊၊ လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု မွေးလမ်းကြောင်းပြဲတာ ထိုးသွင်းဆက်ဆံတဲ့အခါ ကြမ်းသွားတာ ဒါမှမဟုတ် sex toys တွေနဲ့ ထိုးမိတဲ့အခါ ဖြစ်တတ်ပါတယ်၊၊ နည်းလမ်း မွေးလမ်းကြောင်း ဘယ်လောက်ပြဲသွားလဲဆိုတာပေါ် မူတည်ပါတယ်၊၊  သေးသေးလေး၊ အပေါ်ယံလေးပဲဆိုရင် အိမ်မှာတင် သက်သာအောင်ကုလို့ရပါတယ်၊၊ ကြီးလွန်းတယ်၊ သွေးထွက်များတယ်ဆိုရင်တော့ ချုပ်ဖို့လိုနိုင်လို့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်၊၊ အိမ်မှာသက်သာစေတဲ့ နည်းတွေကတော့ နာတာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပါ၊၊ ရေနွေးဇလုံထဲမှာ တစ်ခါစိမ်ရင် ၁၀-၁၅မိနစ်နဲ့ […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ

အိပ်မက်ဆိုတာမျိုးက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်တဲ့အတွက် သူမက်ချင်တာ မက်မှာပါ။ အိပ်မက်တွေက သိပ္ပံနယ်ပယ်မှာ ခုထက်ထိ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတွေ ဖြစ်နေတုန်းပါပဲ။ အိပ်မက်ထဲမှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကြောက်စရာတွေ အကုန်ကြုံရနိုင်ပါတယ်။ ဒီလိုပဲ လိင်ဆက်ဆံတဲ့ အိပ်မက်တွေလည်း မက်တတ်ပါသေးတယ်။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ။ လူတစ်ယောက်က တစ်ညကို ၂နာရီလောက် အိပ်မက်တတ်ကြပါတယ်။ ဒါပေမယ့် အများစုက မမှတ်မိကြပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေကလည်း ဒီအိပ်မက်တွေထဲက တစ်ခုပါပဲ။ လူတိုင်း မမက်တတ်ကြပေမယ့် မက်ကြတဲ့သူကလည်း မနည်းလှပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ ရှိနေပေမယ့် ဒါတွေက ဘာလို့မက်တာလဲ။ ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ သေချာမသိကြသေးပါဘူး။ တချို့သီအိုရီတွေမှာ လူသားတွေ ဖြစ်ချင်တာကို မက်တယ်လို့ ပြောကြပါတယ်။ တချို့ကလည်း ဒါက ဦးနှောက်က သူသိမ်းထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ချင်သလို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

သုက်လွှတ်မြန်တယ်ဆိုတာက အမျိုးသားတွေ အိပ်ရာပေါ်မှာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပြစ်မျိုးမှဲ့မထင်ဖြစ်ချင်တဲ့ အမျိုးသားတွေအတွက် သုက်လွှတ်မြန်တာ က အားနည်းချက်တစ်ခုလို  ခံစားရမှာပါ။ ပိုဆိုးတာက အမျိုးသားတွေရဲ့ ထုံးစံအတိုင်း ဆေးခန်းပြရမှာ၊ ဒါကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ကြပါတယ်။ ဒီတော့ သုက်လွှတ်မြန်တာက မသက်သာဘဲ လိင်မှုကိစ္စမှာ ထိခိုက်လာတာ၊ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကုသမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်  သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုမျိုးလဲ ဆေးပညာမှာတော့ သုက်လွှတ်မြန်တယ်ဆိုတာကို ထိုးသွင်းပြီး တစ်မိနစ်အတွင်းမှာ သုက်လွှတ်တာ ၆လအတွင်း လိင်ဆက်ဆံတဲ့ အကြိမ်တော်တော်များများမှာ သုက်ထိန်းလို့မရတာ သုက်လွှတ်မြန်တာကြောင့် စိတ်ဖိစီးတာ၊ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ပြီး လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်။ သုက်လွှတ်မြန်တာ က […]

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ

လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ဘက်တီးရီးယားလည်း မဟုတ်၊ ဗိုင်းရပ်စ်လည်း မဟုတ်ဘဲ အင်းဆက်ဖြစ်နေရဲ့နဲ့ ပါနေတဲ့ ရောဂါတစ်ခု ရှိပါတယ်။ ဒါကတော့ ဆီးခုံသန်း ပါ။ သန်းတွေ အများစုက အနီးကပ်ထိတွေ့မိရုံနဲ့ ကူးစက်တတ်တာဖြစ်ပြီး ဆီးခုံသန်းကတော့ လိင်ကတဆင့် ကူးစက်ပါတယ်။ ဆီးခုံသန်း က လိင်ကနေတဆင့် ဘယ်လိုကူးစက်တာလဲ။ မိမိရဲ့ အဖော်မှာ ဆီးခုံသန်း ရှိတယ်ဆိုရင် အတူနေရင်းကနေ မိမိဆီကို ရောက်လာတတ်ပါတယ်။ ဒါကတော့ တွေ့ရအများဆုံးပါ။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ ကူးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါကတော့ သန်းတွယ်နေတဲ့ အတွင်းခံတွေ၊ အိပ်ရာခင်းတွေကို မျှဝေသုံးစွဲတာ ဆီးခုံက သန်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာ (ဥပမာ ခေါင်း၊ ချိုင်းမွေး)ကို ရောက်သွားပြီး ဒီကနေတဆင့် ကူးစက်တာပဲ ဖြစ်ပါတယ်။ ဆီးခုံသန်းရဲ့ အဓိက ပြဿနာက ဘာလဲ။ ဆီးခုံသန်းရဲ့ […]

သားဆက်ခြားခြင်း

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ

စုံတွဲတွေအနေနဲ့ အတူနေတဲ့အခါ ကိုယ်ဝန်လည်း မရချင်ဘူး။ သားဆက်ခြားနည်းတွေ အကာအကွယ်တွေလည်း မသုံးချင်ဘူးဆိုပြီး ရုပ်ရှင်တွေထဲမှာ ကြားဖူးတဲ့ နည်းလမ်းတွေ၊ ပုရိသတွေကြားမှာ အချင်းချင်းပြောထားတဲ့ နည်းတွေနဲ့ ကိုယ်ဝန်မရအောင် လုပ်လို့ရတယ်ဆိုပြီး ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ လွဲမှားစွာ သိထားမိနိုင်တဲ့ အချက်လေးတွေ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပုရိသတွေ သိထားတဲ့ ကိုယ်ဝန်ရရှိခြင်း၊ မရရှိခြင်း အယူအဆတွေမှာ ဘာတွေက လွဲမှားနေလဲဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း မှားနေတာရှိရင် အမှန်လေး ပြင်ပြီး မှတ်လိုက်ဦးစို့နော်။ ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားတာတွေက မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်လိုက်ကြပါဦး။ Myth 1 - ရေထဲမှာ လိင်ဆက်ဆံရင် ကိုယ်ဝန် မရနိုင်ဘူး။ မှားပါတယ်။ တကယ်ကတော့ ရေထဲမှာပဲ လိင်ဆက်ဆံဆက်ဆံ၊ ကုန်းပေါ်မှာပဲ အတူနေနေ ကိုယ်ဝန်ကတော့ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy