ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

တားဆေးသောက်တဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျနိုင်ခြေ ပိုများ

တားဆေး ဆိုတာမှာ ဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးတွေ ရှိသလို ဟော်မုန်း ၂ မျိုး ပေါင်းစပ် ပါဝင်နေ သန္ဓေတား သောက်ဆေးတွေလည်း ရှိပါတယ်။ အခုတစ်ခေါက် ပြောပြချင်တာကတော့ ဟော်မုန်း ၂ မျိုး ပါဝင်နေတဲ့ တားဆေးသောက်တဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျနိုင်ခြေ ပိုများ တယ်ဆိုတဲ့ အကြောင်းအရာပါ။ တားဆေးသောက်တဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျနိုင်ခြေ ပိုများ အမျိုးသမီးတွေထဲမှာမှ ဆယ်ကျော်သက်အရွယ်ကစပြီး သန္ဓေတားဆေး သောက်ခဲ့တဲ့ အမျိုးသမီးတွေက တားဆေး လုံးဝ မသောက်ဖူးတဲ့ အမျိုးသမီးတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သိသိသာသာကို မြင့်တက်နေပါတယ်။ ၄ နှစ်ကြာ လေ့လာမှုအရ သိရတာက အသက် ၂၀ မပြည့်ခင်ကစလို့ သန္ဓေတားသောက်ဆေး သောက်ကြတဲ့ အမျိုးသမီးလေးတွေမှာ အရွယ်ရလာချိန်မှာ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေက ၁၃၀ ရာခိုင်နှုန်း ပိုများနေတယ် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုသလား

လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်အပြင် စအိုတို့၊ ပါးစပ်တို့နဲ့ပါ ဆက်ဆံတတ်ကြပါတယ်။ မိန်းမကိုယ်တို့၊ စအိုတို့ဆိုရင် ဆက်ဆံပြီးတဲ့အခါ ရေနဲ့ သေချာဆေးကြသလို ပါးစပ်နဲ့ ဆက်ဆံ ပြီးရင် ချက်ချင်းသွားတိုက်တတ်ကြပါတယ်။ တကယ်တော့ အဲ့တာက မလုပ်ရပါဘူးတဲ့။ ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ မလောစေချင်တာ ခုပြောမဲ့ အချက်တွေကြောင့်ပါ။ ပါးစပ်နဲ့ ဆက်ဆံတာကြောင့် ဘယ်လိုရောဂါပိုးတွေ ကူးစက်နိုင်သလဲ ပါးစပ်နဲ့ ဆက်ဆံ တာက စအိုတို့၊ မိန်းမကိုယ်တို့နဲ့ယှဉ်ရင် ရောဂါပိုးကူးစက်နိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ လုံးဝမကူးနိုင်တာတော့ မဟုတ်ပါဘူး။ ပါးစပ်နဲ့ ဆက်ဆံရာကနေ ကူးနိုင်တဲ့ ရောဂါပိုးတွေကတော့ HIV ကာလသားရောဂါ ဆီးပူညောင်းကျရောဂါ ကလက်မိုင်းဒီးယား ရေယုန် ကြွက်နို့ အသည်းရောင်အသားဝါ အေ၊ ဘီ၊ အီး အစာခြေစနစ်ကပိုး ဆီးလမ်းကြောင်းပိုးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လိင်အင်္ဂါမှာ ဒါမှမဟုတ် ပါးစပ်မှာ […]


သားဆက်ခြားခြင်း

တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား!

တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား ဆိုတဲ့ မေးခွန်းကို သင်ကိုယ်တိုင် တွေးမိတဲ့ အဖြေက ဘာများဖြစ်မလဲ။ ဆောင်းပါးလေးကို မဖတ်ကြည့်ခင် အရင်ဆုံး ဖြေကြည့်ပေးပါဦးနော်။ တားဆေးသောက်ဆေးဆိုတာက လေဒီတော်တော်များများ အသုံးပြုဖြစ်တဲ့ သားဆက်ခြားနည်း တစ်မျိုးပါ။ ထိထိရောက်ရောက်လည်း သားဆက်ခြားပေးနိုင်တယ်လေ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောပြချင်တာက သန္ဓေတား သောက်ဆေးက ကိုယ်ဝန်ကို တားပေးနိုင်ခြေက ၁၀၀ မပြည်ဘဲ ၉၉% ဝန်းကျင်ပဲ ရှိတယ်ဆိုတာပါ။ ဒါပေမယ့် တားဆေး သောက်ဆေးက သေချာ သောက်မယ်ဆိုရင် ကိုယ်ဝန်ကို ထိထိရောက်ရောက် တားပေးနိုင်ပါတယ်။ တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား! သန္ဓေတား သောက်ဆေးမှာ ဟော်မုန်းတွေ ပါဝင်နေပြီး သားဥကြွေတာကို တားဆီးပေးပါတယ်။ တားဆေးသောက်ဆေးက သားအိမ်အချွဲမြှေးကို ထူစေပြီး သားအိမ်နံရံကို ပါးစေခြင်းဖြင့် သန္ဓေမအောင်စေဖို့ တားဆီးပေးပါတယ်။ တားဆေးရဲ့ ထိရောက်မှုက ၉၉% ဝန်းကျင်ပဲ […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား

ဆေးပညာ‌တွေ တိုးတက်လာတာနဲ့အမျှ HIVပိုးက အရင်ကလို ကုရာနတ္ထိဆေးမရှိတို့၊ ဖြစ်တာနဲ့ အသက်ဆုံးရှုံးမှာတို့ ဒီလိုမဟုတ်တော့ပါဘူး။ ဆေးကို အချိန်မီသောက်မယ်၊ မှန်မှန်လေးသောက်မယ်ဆိုရင် ပိုးကောင်ရေကို ကောင်းကောင်းထိန်းချုပ်နိုင်လို့ လူကောင်းတစ်ယောက်လို နေနိုင်ပါပြီ။ ဆိုလိုတာက အိမ်ထောင်ပြုလို့ရတယ်။ ကလေးယူလို့ရပါတယ်။ ဒါပေမဲ့ နောက်တစ်ခု စိုးရိမ်ကြတာက ကလေးမွေးပြီးရင်ရော HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား ဆိုတာပါ။ HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ရမရ ဆိုတာက အမေ့ရဲ့ ဗိုင်းရပ်စ်ကောင်ရေ (viral load) ပေါ် မူတည်ပါတယ်။ ပိုးကောင်ရေ နည်းရင်တော့ တိုက်နိုင်ပါတယ်။ ပိုးကောင်ရေများရင်တော့ တခြားနည်းလမ်းကို စဉ်းစားသင့်ပါတယ်။ လေ့လာချက်တွေအရ မိခင်က ကိုယ်ဝန်ဆောင်တလျှောက်လုံးနဲ့ ကလေးမီးဖွားချိန်မှာ ARTဆေးကို သေသေချာချာ […]


သားဆက်ခြားခြင်း

အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ ခဲ့ရင်

အတူနေပြီး ကိုယ်ဝန်မလိုချင်တဲ့အခါ အရေးပေါ်တားဆေး သောက်ကြပါတယ်။ အရေးပေါ်တားဆေးသောက်ပြီးတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တာကြောင့် ရာသီစက်ဝန်းမှာပါ လိုက်ပြီး အပြောင်းအလဲ ဖြစ်ပါတယ်။ အထူးသဖြင့် အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ တဲ့အခါ ကိုယ်ဝန်ရှိတာလား။ ဆေးကြောင့် မလာတာလားဆိုပြီး ဒွိဟဖြစ်တတ်ကြပါတယ်။ အရေးပေါ်တားဆေးတွေက ရာသီစက်ဝန်းကို ဘယ်လိုအပြောင်းအလဲ ဖြစ်စေသလဲ။ အရေးပေါ်တားဆေးတွေက ဟော်မုန်းပါတဲ့ ဆေးတွေဖြစ်တဲ့အတွက် ရာသီစက်ဝန်းကို အပြောင်းအလဲဖြစ်စေပါတယ်။ ဆိုလိုတာက ဆေးသောက်ပြီးတဲ့အခါ ရာသီစောလာတာ၊ နောက်ကျမှလာတာ၊ လုံးဝမလာတာ ဒါတွေ ဖြစ်တတ်ပါတယ်။ လာခဲ့ရင်တောင်  သွေးဆင်းတာ နည်းတာ၊ များတာ စတာတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ (ဥပမာ ရာသီက ၂ရက်လောက်လာပြီး ရပ်သွားတာ ဒါမှမဟုတ် တစ်ပတ်လောက်ကြာအောင် ဆင်းနေတာ) ဖြစ်တတ်ပါတယ်။ ဒါက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောလို့ရပါတယ်။ ဒီလိုဖြစ်ရတာက အရေးပေါ်တားဆေးတွေမှာ ပါတဲ့ ဟော်မုန်းပမာဏက […]


လိင်အင်္ဂါကြွက်နို့များ

လိင်အင်္ဂါကြွက်နို့ ကုသနည်း နဲ့ ကင်ဆာပြောင်းနိုင် မပြောင်းနိုင်

လိင်အင်္ဂါကြွက်နို့က HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လိင်ကတဆင့်ကူးစက်တဲ့ ရောဂါဖြစ်ပါတယ်။ အမျိုးသားမှာရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်ပြီး လိင်တံ၊ မိန်းမကိုယ်နဲ့ စအိုတစ်ဝိုက်မှာ အဖုလေးတွေအနေနဲ့ ရှိတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ရှိတဲ့အခါ အများစုက ရှက်တာကြောင့် လာမကုကြတာ၊ တွေ့ရာဆေးတွေ လိမ်းကြတာတွေ ရှိပါတယ်။ ဒါကြောင့် လိင်အင်္ဂါကြွက်နို့ ကုသနည်း ကို ပြောပြပေးပါ့မယ်။ လိင်အင်္ဂါကြွက်နို့ ကုသနည်း တွေကို အိမ်မှာသုံးလို့ ရမရ အရင်ဆုံး သိထားရမှာက လိင်အင်္ဂါကြွက်နို့ကို ကိုယ့်ဟာကိုယ်ကုလို့ မရဘူးဆိုတာပါ။ ဘာမှန်းမသိတဲ့ လိမ်းဆေးတွေ၊ ကြွက်နို့ကပ်ခွာ၊ အသားမာကပ်ခွာ စတာတွေ မသုံးရပါဘူး။ ဒါတွေက လိင်အင်္ဂါနေရာအတွက် ထုတ်ထားတာမဟုတ်တဲ့အတွက် အရေပြားလောင်တာ၊ စားတာတွေ ဖြစ်ပြီး ပိုဆိုးတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ကို ကုမယ်ဆိုရင် အထွေထွေရောဂါကုဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြသရပါမယ်။ https://wp.hellosayarwon.com/sexual-wellness/genital-warts/ လိင်အင်္ဂါကြွက်နို့ကို ဘာကြောင့်ကုရတာလဲ လိင်အင်္ဂါကြွက်နို့က သူ့အလိုလိုလည်း ပျောက်ပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား

လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား။ အပြင်မှာ ပြီးရင် ကိုယ်ဝန်ရနိုင်လား။ စအိုထဲမှာ ပြီးလိုက်တယ် ကိုယ်ဝန်ရနိုင်လား စတဲ့ ကိုယ်ဝန်ရနိုင်လားဆိုတဲ့ မေးခွန်းတွေက ဒွိဟဖြစ်စရာ အဖြေရှိပါတယ်။ လက်နဲ့ အာသာဖြေတာကလည်း ဒီလို မေးခွန်းမျိုး ဖြစ်ပါတယ်။ ရနိုင်တယ်လို့ ပြောလို့ရသလို၊ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဘယ်အခြေအနေတွေမှာ ရနိုင်လဲ၊ ဘယ်အခြေအနေတွေမှာ မရနိုင်ဘူးလဲဆိုတာကို ဆက်ကြည့်ရအောင်။ ကိုယ်ဝန်ဘယ်လိုရသလဲ။ မိန်းမကိုယ်ထဲကို သုက်ကောင်ဝင်လာပြီး မမျိုးဥနဲ့ ပေါင်းတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒီတော့ မိန်းမကိုယ်ထဲကို သုက်ကောင်ဝင်နိုင်တဲ့ အခြေအနေတွေအားလုံးက ကိုယ်ဝန်ရနိုင်ပါတယ်။ ဆိုလိုတာက မိန်းမကိုယ်ထဲကို လိင်တံကနေဖြစ်ဖြစ်၊ လက်ချောင်းကနေဖြစ်ဖြစ်၊ အပြင်မှာ ပြီးလိုက်ပြီး မိန်းမကိုယ်ထဲကို သုက်ရည်တွေ စီးကျလာရင်ဖြစ်ဖြစ် သုက်ကောင်ရောက်လာမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ပြောလို့ရပါတယ်။ https://wp.hellosayarwon.com/pregnancy/prediction-of-due-date/ လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား လက်ချောင်းကနေ သုက်ထွက်တာမျိုး မဟုတ်ပေမယ့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မေးရမှာ ရှက်နေတဲ့ အိပ်ရာပေါ်က ကိစ္စတွေကို လုံလုံခြုံခြုံမေးနိုင်ပါပြီ။

အိပ်ရာပေါ်က ကိစ္စတွေကို စုံတွဲတိုင်းကြုံရနိုင်ပေမယ့် ပွင့်ပွင့်လင်းလင်းမေးတဲ့သူက ရှားပါတယ်။ ဖြစ်နိုင်တာကတော့ ဘယ်မှာမေးရမလဲ။ ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။ ငါ့များ လှောင်နေမလားဆိုပြီး စိုးရိမ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာ မျိုသိပ်ထားရုံနဲ့ အလိုလိုဖြေရှင်းသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ အမျိုးသားတွေ လိင်တံနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အလိုမကျဖြစ်တာ အမျိုးသမီးတွေရဲ့ ပြီးမြောက်ခြင်း ပြဿနာတွေ လိင်ကတဆင့် ကူးစက်ရောဂါနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ရသွားမှာတွေ ဒါတွေက စုံတွဲတိုင်း သိချင်နေကြတဲ့ အကြောင်းတွေပါ။ ပွင့်ပွင့်လင်းလင်း မပြောဖြစ်ကြလို့သာ လူသိပ်မသိတာပါ။ စုံတွဲတွေမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ မေးချင်တာတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အပေါ်က မေးခွန်းတွေကို ပြန်ဖြေရရင် ဘယ်မှာမေးရမလဲ။ အောက်က ‘မှတ်ချက်’ဆိုတဲ့နေရာမှာ အခမဲ့ မေးနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာကြည့်ပါ။ ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။ ကိုယ်ရဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်သူဘဝမှာ အတူနေမယ်ဆို ဒီအချက်တွေကို ကြိုပြင်ဆင်ပါ။

ချစ်သူဘဝမှာ ရင်းနှီးလာတဲ့အခါ သမီးရည်စားလည်းမက အိမ်ထောင်သည်လည်း မကျတဲ့ အခြေအနေတစ်ခုကို ရောက်လာနိုင်ပါတယ်။ ဒါကတော့ premarital sexလို့ ခေါ်တဲ့ အိမ်ထောင်မကျခင် အတူနေ (လိင်ဆက်ဆံ)တာပါ။ အန္တရာယ်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုမျိုး ဖြစ်စေဖို့အတွက် ချစ်သူဘဝမှာ အတူနေမယ်ဆို ကြိုပြီး ပြင်ဆင်ထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ချစ်သူဘဝမှာ အတူနေမယ်ဆို အန္တရာယ်ကင်းစေပြီး ပျော်ရွှင်စရာကောင်းစေဖို့ နှစ်ဦးသဘောတူ ဖြစ်ပါစေ။ ချစ်သူဘဝမှာ အတူနေတာက စိန်ခေါ်မှု များပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ ထုံးတမ်းစဉ်လာတွေကိုပါ ထည့်စဉ်းစားကြတဲ့အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာက နှစ်ဦးသဘောတူဖြစ်မှ သာယာဖွယ်ဖြစ်မှာပါ။ ဒါကြောင့် နှစ်ဦးသဘောတူဖြစ်ဖို့လိုသလို တစ်ဖက်ဖက်က သဘောမတူဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ဖို့ လိုပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကြိုတင်စစ်ဆေးပါ။ HIV၊ ဘီပိုး၊ […]


HIV နှင့် AIDS ရောဂါ

HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။

လူနာတွေကို HIV ရှိနေပြီလို့ ပြောလိုက်တဲ့အခါမှာ သူက ‘မဖြစ်နိုင်ဘူး။ ကျွန်တော်/ ကျွန်မက မဟုတ်တာ ဘာမှမလုပ်ဘူး’လို့ ပြန်ပြောတာ ကြုံဖူးပါတယ်။ ဒါမှမဟုတ်ရင်တောင်  ‘သေချာလို့လား။ အဖြေမှားနေတာလည်း ဖြစ်နိုင်တာပဲ’ဆိုပြီးလည်း ပြောကြပါတယ်။ အဖြေလည်း မှားနိုင်တာကြောင့် သေချာအောင်  ၂ခါစစ်ပြီးမှ ပြောတာပါ။ HIVရှိတယ်လို့ လူနာကို ပြောရတာ အင်မတန်ခက်ခဲပါတယ်။ နောက်ဆုံး သူတို့လက်ခံလိုက်ပြီဆိုရင်တောင် သူတို့ပြောတတ်တာက  HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ပါပဲ။ ဒါဖြစ်နိုင်ပါ့မလား။ HIV ဘယ်လိုကူးခံရမှန်း ဘာကြောင့်မသိတာလဲ။ ပထမတစ်ချက်ကတော့ HIVရဲ့ သဘောသဘာဝကြောင့်ပါပဲ။ HIVမှာ သူပါလို့ သေချာသိရလောက်တဲ့ လက္ခဏာတွေ မရှိပါဘူး။ ပိုးကူးခံရသူ အများစုက စစကူးပြီး ၂ပတ်က ၆ပတ်အတွင်းဆို တုပ်ကွေးလို လက္ခဏာတွေလို ၂ပတ်လောက် ခံစားရတတ်ပါတယ်။ တုပ်ကွေးလို လက္ခဏာဖြစ်တဲ့အတွက် လူတိုင်းကလည်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)