banner

ကင်ဆာရောဂါဖြစ်နိုင်ခြေကို အခမဲ့စစ်ဆေးကြမယ်

Subot Icon

သင် အသည်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးလို့ ရပါတယ်

Subot Icon

အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

Subot Icon

သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြည့်ပါ

Subot Icon

သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြမယ်

Subot Icon

သင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်ကြမယ်

Subot Icon

သင့်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကို အွန်လိုင်းကနေ ခုပဲ စစ်ဆေးလိုက်ပါ

ကင်ဆာဗဟုသုတ

ကင်ဆာရောဂါဆိုတာ ဘာလဲ။

Icon Chevron

ကင်ဆာရောဂါဆိုတာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေထဲကို တိုးဝင်လာတာပါ။ ဒီဆဲလ်တွေက ပုံမှန်မဟုတ်ဘဲ ပွားများလာပြီး ခန္ဓာကိုယ်အနှံ့က တစ်ရှူးတွေကို ပြန့်သွားနိုင်ပါတယ်။ ဒါကို ကင်ဆာပြန့်တယ်လို့ ခေါ်ပါတယ်။

ပိုမိုသိရှိလိုပါသည်:

ကင်ဆာ

ဘယ်သူတွေက ကင်ဆာရောဂါဖြစ်နိုင်သလဲ။

Icon Chevron

"အတိုဆုံးပြောရရင်တော့ ဘယ်သူမဆို ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ တခြားအချက်တွေလည်း ရှိပါတယ်။ ဥပမာ အသက်ကြီးလာတာ၊ မျိုးဗီဇ၊ တချို့သော ဖြစ်နိုင်ခြေများစေတဲ့ အချက်တွေ ပါဝင်ပါတယ်။ ကင်ဆာရောဂါရှိသူ ၁၀ယောက်မှာ ၉ယောက်က အသက် ၅၀နဲ့ အထက်မှာ ဖြစ်ကြပါတယ်။ ကင်ဆာတွေရဲ့ ၅-၁၀ ရာခိုင်နှုန်းကတော့ မိဘတွေဆီက မျိုးဗီဇကြောင့် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ထိတွေ့မှုတွေ၊ နေထိုင်စားသောက်ပုံတွေကလည်း ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ နေရောင်အောက်မှာ အကာအကွယ်မပါဘဲ အကြာကြီး နေတာက အရေပြားကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။ ဆေးလိပ်သောက်တာကလည်း အဆုတ်၊ ခံတွင်း၊ လည်ချောင်းနဲ့ တခြားကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။"

ကင်ဆာရောဂါကို ကုသလို့ရလား။

Icon Chevron

"ခုထက်ထိတော့ ကင်ဆာာရောဂါကို အမြစ်ပြတ်အောင် ကုသလို့ မရသေးပါဘူး။ ဒါပေမယ့် ကင်ဆာကုသမှုကို ခံယူတဲ့ လူနာအများစုကတော့ ပြန်ဖြစ်တာ နည်းသွားတာကို တွေ့ရပါတယ်။ တချို့တွေက ကံကောင်းစွာနဲ့ ကင်ဆာရောဂါလက္ခဏာတွေ ပြန်မပြပေမယ့် တချို့တွေမှာတော့ ကင်ဆာဆဲလ်က နောက်တစ်နေရာမှာ နောက်ထပ် ကင်ဆာတစ်မျိုးကို အစပျိုးစေပါတယ်။ ဒီတော့ ဒီကင်ဆာအတွက် ဆက်လက်ကုသရပြန်ပါတယ်။"

ကင်ဆာရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။

Icon Chevron

"ကင်ဆာရောဂါ လုံးဝမဖြစ်အောင် ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့ရတဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ အနီရောင် အသားတွေ၊ အချိုတွေ လျှော့စားပြီး အာဟာရပြည့်ဝအောင် စားသောက်တာ၊ အရက်နဲ့ ဆေးလိပ် ရှောင်ကြဉ်တာ၊ နေရောင်နဲ့ ထိတွေ့မှု နည်းတာတွေက ကင်ဆာာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ကာကွယ်ဆေးတွေ၊ ဆေးစစ်တာတွေကလည်း ကင်ဆာာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ HPV ကာကွယ်ဆေးဆိုရင် HPV ဗိုင်းရပ်စ် မကူးစက်ခံရအောင် ကာကွယ်ပေးနိုင်တာကြောင့် သူကြောင့်ဖြစ်တဲ့ ကင်ဆာ ၆မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါကို ပုံမှန်စစ်ဆေးတာကလည်း လက္ခဏာမပြခင်မှာ စောစောစီးစီး သိစေတဲ့အတွက် အချိန်မီကုသခံယူနိုင်ပြီး ကုသရလွယ်ကူစေပါတယ်။"

ကင်ဆာရောဂါကို ဘယ်လိုကုသနိုင်သလဲ။

Icon Chevron

"ကင်ဆာရောဂါအတွက် အဓိက ကုသနည်း ၃ခုကတော့ ခွဲစိတ်တာ၊ ဆေးသွင်းတာနဲ့ ရောင်ခြည်ပြတာပဲ ဖြစ်ပါတယ်။ ကင်ဆာရောဂါရှင် တစ်ယောက်က ဒီနည်းလမ်းတွေထဲက တစ်ခုခု ဒါမှမဟုတ် သုံးခုလုံးနဲ့ ကုသရနိုင်ပါတယ်။ ဘယ်နည်းလမ်းနဲ့ ကုသမလဲဆိုတာကတော့ ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ လူနာရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘေးထွက်ဆိုးကျိုးတွေအပေါ် မူတည်ပြီး ချိန်ဆရပါတယ်။ လက်ရှိမှာတော့ ကင်ဆာရောဂါကို ထိထိရောက်ရောက် ကုသနိုင်ဖို့ လေ့လာချက်တွေ ပြုလုပ်နေကြပါတယ်။ Stem cell အစားထိုး ကုသတာ၊ immunotherapy၊ ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တဲ့ targeted therapy စတဲ့ နည်းလမ်းတွေ ရှိလာပါပြီ။ ဒီကုထုံးတွေကို အပေါ်က ကင်ဆာာကုထုံးတွေနဲ့ တွဲဖက်ကုသလာကြပါပြီ။"

ကင်ဆာရောဂါက ကူးစက်နိုင်သလား။

Icon Chevron

"ကင်ဆာရောဂါက မကူးစက်နိုင်ပါဘူး။ ကင်ဆာရောဂါရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်တာ၊ အစားအသောက်မျှဝေစားသောက်တာ၊ နမ်းတာတွေကနေတဆင့် မကူးစက်နိုင်ပါဘူး။ ဒါကြောင့် သင်ရင်းနှီးချစ်ခင်ရတဲ့သူက ကင်ဆာာရောဂါ ခံစားနေရရင် သူ့ဆီကို မကြာခဏ သွားလည်ပြီး ရင်းရင်းနှီးနှီး စကားပြောပေးပါ။ ကင်ဆာကုထုံး ခံယူနေချိန်မှာ လူနာတွေက အားပေးမှု ပိုလိုအပ်ပါတယ်။"

အကျိတ်ဆိုတာ ဘာလဲ။

Icon Chevron

"အကျိတ်ဆိုတာ ဆဲလ်တွေ တရားလွန် ပွားများမှုကြောင့် ဖြစ်ပေါ်လာတဲ့ အလုံး၊ အကျိတ်ပဲ ဖြစ်ပါတယ်။ အကျိတ်က သာမန်အကျိတ်လည်း ဖြစ်နိုင်သလို ကင်ဆာလည်း ဖြစ်နိုင်ပါတယ်။"

ကင်ဆာအဆင့်တွေက ဘာတွေလဲ။

Icon Chevron

"ဆေးပညာကျွမ်းကျင်သူတွေက ကင်ဆာရောဂါကို တွေ့ရှိပြီဆိုရင် ကင်ဆာက အရွယ်အစားဘယ်လောက်ရှိလဲ၊ တခြားနေရာတွေကို ပြန့်နေပြီလားဆိုတာကို သိဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်။ ဒီအချက်တွေက ကင်ဆာရောဂါကို ကုသဖို့နဲ့ ပြန်ကောင်းနိုင်ဖို့ အရေးကြီးပါတယ်။ ကင်ဆာရောဂါအများစုမှာ အဆင့် ၄ဆင့် ရှိပါတယ်။ အဆင့် (၁)မှာ ဘေးနေရာတွေကို မပြန့်သေးပါဘူး။ အဆင့် (၂)နဲ့ (၃)မှာတော့ ဘေးနားက တစ်ရှူးတွေကို ပြန့်နေပါပြီ။ အဆင့် (၄) နောက်ဆုံးအဆင့်မှာတော့ ကင်ဆာက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကိုပါ ပြန့်နေပါပြီ။"

မြန်မာနိုင်ငံက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ က ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။ အဆုတ်ကင်ဆာ ဆိုတာ အဆုတ်ကင်ဆာဆိုတာက အခြား ကင်ဆာတွေလိုပါပဲ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေကနေ စတာပါ။ ပုံမှန်ကတော့ ခန္ဓာကိုယ်က မလိုအပ်ဘဲ ဆဲလ်ကွဲပွားတာမျိုး မဖြစ်စေဖို့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားမှုတွေ မဖြစ်စေဖို့ ထိန်းချုပ်ပေးထားပါတယ်။ ဒီစနစ် ပျက်ယွင်းသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန် မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ပြီး အကျိတ်တွေ ဖြစ်ပေါ်ရာကနေတဆင့် ကင်ဆာဖြစ်လာပါတော့တယ်။ အဆုတ်ကင်ဆာဆိုတာကလည်း အဆုတ်ထဲမှာ ပုံမှန်မဟုတ်​တဲ့ ဆဲလ် ကွဲပွားတာတွေ အကျိတ်တွေ ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဘယ်လို လက္ခဏာတွေ ရှိနိုင်လဲ။ အဆုတ်ကင်ဆာက လက္ခဏာမပြတာ ရှိသလို အခုလို လက္ခဏာလေးတွေလည်း တွေ့ရနိုင်ပါတယ်။ အဆုတ်ကင်ဆာက […]

မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာများ

သားအိမ်ခေါင်းကင်ဆာ

Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက် သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ။ တခြားကင်ဆာတွေနည်းတူ သားအိမ်ခေါင်းကင်ဆာဟာလည်း (သားအိမ်ခေါင်းဆိုတာသားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ကို ဆိုလိုပါတယ်) ဆဲလ်တွေထိန်းမနိုင်သိမ်းမရ ပွားတာကနေ အစပြုပါတယ်။ ဆဲလ်တွေ ဒီလို အလွန်အကျွံပွားတာကြောင့် အလုံးအကျိတ်ဖြစ်လာပြီး သားအိမ်ခေါင်းကင်ဆာရယ်လို့ ဖြစ်လာရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Pap test လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲမြှေးစစ်တာကို သတ်မှတ်ထားတဲ့အချိန်တွေမှာ မှန်မှန်ပြုလုပ်စစ်ဆေးပေးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ ဖော်ထုတ်သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို စောစီးစွာ သိရှိဖော်ထုတ်နိုင်မယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်ခြေ ပိုများလာမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဘယ်လောက်အဖြစ်များသလဲ။ သားအိမ်ခေါင်းကင်ဆာဟာ အရမ်းအဖြစ်များပြီး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ကာ အသက်အရွယ်မရွေး […]

ရင်သားကင်ဆာ

ရင်သားကင်ဆာ

ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။ ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။  ရင်သားကင်ဆာက […]

အစာအိမ်ကင်ဆာ

ဒီလက္ခဏာတွေ ရှိနေရင် အစာအိမ်ကင်ဆာ ကို သတိထားပါ။

အစာအိမ်ကင်ဆာ ဆိုတာ အသိနောက်ကျတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဒါကြောင့် သိပြီဆိုရင် အဆင့် ၃၊ ၄လောက်နဲ့ တခြားနေရာတွေကို ပြန့်နှင့်ပြီး ဖြစ်ပါတယ်။ အဖြစ်အများဆုံးကင်ဆာထဲမှာလည်း ပါပါတယ်။ အစာအိမ်ဆိုတာ အက်စစ်တွေနဲ့ ပြည့်နေပေမယ့် အထဲကို ဝင်လာသမျှ အစားအစာတွေကို အကောင်းအဆိုး မရွေး ချေဖျက်ပေးရတာလည်း သူပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ အစားအသောက်တွေတော်တော်များများမှာ ဆိုးဆေးတွေ၊ တာရှည်ခံအောင် လုပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အစာအိမ်က ပိုပြီး ဒဏ်ခံရပါတယ်။ အစာအိမ်က အကြီးကြီးဖြစ်သလို သူ့ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဥပမာ အစာရေမျိုပြွန်နဲ့ ဆက်တဲ့နေရာမှာ ဖြစ်မလား။ ကိုယ်ထည်မှာ ဖြစ်မလား၊ ထိပ်ပိုင်းမှာ ဖြစ်မလား၊ အူနဲ့ ဆက်တဲ့ နေရာနားမှာ ဖြစ်မလား ဖြစ်နိုင်ပါတယ်။ ကင်ဆာ အမျိုးအစားကလည်း အလုံးအကျိတ်လား၊ […]

အူမကြီးကင်ဆာ

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာက အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များပါတယ်။ ဘာတွေကြောင့် ဖြစ်တာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်ရှိရင် စောစောစီးစီး ဆင်ခြင်နိုင်အောင်ပါ။ အူမကြီးက ဝမ်းဗိုက်ရဲ့ နေရာတော်တော်များများကို ယူထားပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းကနေ အပေါ်ကိုတက်တာတယ်။ ပြီးတော့ ချက်အပေါ်နားကနေ ဘယ်ဘက်ကို ကန့်လန့်ဖြတ်သွားတယ်။ ပြီးတော့ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောက်ပိုင်းကို ဆင်းသွားတယ်။ နောက်ဆုံးမှာ အနောက်ထဲကို ဝင်ပြီး မစင်အိမ်နဲ့ သွားဆက်ပါတယ်။ ဒါကြောင့် အူမကြီးက တော်တော်ရှည်ပါတယ်။ မစင်အိမ်ပါအပါ ဒီအူမကြီးတစ်လျှောက် ဘယ်နေရာမှာမဆို ကင်ဆာဖြစ်နိုင်ခြေရှိတဲ့အတွက် သတိထားဖို့ လိုပါတယ်။ ဘယ်လိုအချက်တွေကြောင့် ကင်ဆာဖြစ်ရတာလဲ။ ကင်ဆာတွေရဲ့ သဘာဝအတိုင်း ဆဲလ်ပွားတာ ပုံမှန်မဟုတ်ရာက စပြီး ကင်ဆာဖြစ်လာတာပါ။ ဘာကြောင့် ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ပွားနေရသလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဘယ်သူတွေ […]

အဆုတ်ကင်ဆာ

လူတိုင်းသိသင့်တဲ့ အဆုတ်ကင်ဆာ အန္တရာယ်

အဆုတ်ကင်ဆာ ဆိုတာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ အဖြစ်အများဆုံးကင်ဆာ‌တွေရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဖြစ်နှုန်းက ဆီးကျိတ်ကင်ဆာ (အမျိုးသမီးတွေမှာတွေမှာဆိုရင် ရင်သားကင်ဆာ)၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ(အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်ကင်ဆာ)စတာတွေ ပေါင်းထားတာထက်တောင်များပါသေးတယ်။ ဒီနေ့ခေတ်မှာ ဆေးလိပ်တွေ အသောက်များလာတာကတစ်ကြောင်း၊ လေထုညစ်ညမ်းလာတာကတစ်ကြောင်း အဆုတ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများလာပါပြီ။ ဒါကြောင့် အဆုတ်ကင်ဆာ အန္တရာယ် နဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေကို ‌ပြောပြပေးသွားပါမယ်။ အဆုတ်ကင်ဆာ ဘာကြောင့်ဖြစ်တာလဲ။ ဆေးလိပ်သောက်တိုင်း အဆုတ်ကင်ဆာ မဖြစ်သလို အဆုတ်ကင်ဆာဖြစ်တိုင်းလည်း ဆေးလိပ်သောက်တာကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် အဆုတ်ကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းက ဆေးလိပ်သောက်လို့ပါ။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ တစ်ခါတစ်လေ အကြောင်းရင်း ရှာမရတာတွေလည်း ရှိနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်မှာကင်ဆာဖြစ်စေတဲ့ဓာတ်ပေါင်းစုံပါဝင်ပါတယ်။ ဒါတွေက အဆုတ်မှာရှိတဲ့ ဆဲလ်တွေကိုပျက်စီးစေပါတယ်။ ခန္ဓာကိုယ်က စစချင်းတော့ ပြန်ပြင်နိုင်ပါသေးတယ်။ ဒါပေမယ့်ကြာလာတဲ့အခါ ပြန်မပြင်နိုင်တော့ဘဲ […]