backup og meta

လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား!

လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား!

လင်နဲ့မယား အတူတူ အိပ်ရာတစ်ခုထဲကို ဝေမျှအိပ်စက်တာက အတော်လေးတော့ ကြည်နူးစရာ ကောင်းတာပါ။ ဒါပေမယ့် လင်နဲ့မယား ဆိုတိုင်း အမြဲ အတူတူ အိပ်စက်ရမယ်လို့လည်း တထစ်ချ ယူဆထားလို့ မရပါဘူး။ တစ်ခါတလေမှာ လင်နဲ့မယား အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာက နည်းလမ်းကောင်းပါ။ ဒါကြောင့် လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လို့ ပြောရတာပါ။ 

Sleep divorce ဆိုတာ ဘာများလဲ!

Sleep Divorce ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် လင်နဲ့ မယား တစ်ခန်းတည်း တစ်အိပ်ရာထဲ မဟုတ်ဘဲ အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာမျိုးပါ။ စိတ်ဆိုးတာ၊ ဒေါသဖြစ်တာကြောင့် မဟုတ်ဘဲ လင်နဲ့မယား အိပ်ရာခွဲအိပ်တာမျိုးပါ။ 

လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား!

လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လို့ ပြောရတာက အခုလို အကျိုးကျေးဇူးတွေ ရှိနေတာကြောင့်ပါ။

  • ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်

အိပ်ရာ တစ်ခုတည်းကို  ဇနီးမောင်နှံ နှစ်ဦး မျှအိပ်ရတာက ကောင်းကောင်းအိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။ ဒါက လူတိုင်းမှာ ဖြစ်မယ်လို့ မဟုတ်ပေမယ့် အချို့သော စုံတွဲတွေမှာတော့ ဖြစ်နိုင်ပါတယ်။ တစ်ယောက်က လှုပ်ရှားတာကြောင့် နောက်တစ်ယောက်က ကောင်းကောင်းအိပ်ပျော်ဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အိပ်ရာလေး ခွဲအိပ်ပါ။ တစ်ဦးတည်း အေးဆေးစွာ အိပ်စက်ရတာက ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ 

  • ကိုယ်ပိုင်အချိန်လေး ရရှိစေနိုင်တယ်

လင်မယား စုံတွဲတွေမှာလည်း ကိုယ်ပိုင်အချိန်လေးတွေ ရှိဖို့ လိုပါမယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေဖို့အတွက် တစ်ဦးချင်းစီမှာ ကိုယ်ပိုင်အချိန်လေး ရရှိဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ပိုင်အချိန်လေး ရရှိစေဖို့  တစ်ခါတလေမှာ လင်မယားခွဲအိပ်ပေးပါ။ 

  • နှစ်ဦးကြား ဆက်ဆံရေး ကောင်းစေနိုင်တယ်

လင်နဲ့မယား ဆိုပေမယ့် မတူညီတဲ့ အိပ်စက်မှုပုံစံတွေနဲ့ အိပ်စက်မှု အလေ့အထတွေကို ပိုင်ဆိုင်ထားနိုင်ပါတယ်။ အချို့သော လေ့လာချက်တွေအရကတော့ လင်နဲ့မယား အိပ်ရာခွဲအိပ်တာက တစ်ဦးနဲ့ တစ်ဦးကို အိပ်ရေးဝဝ အိပ်ပျော်စေနိုင်ဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ 

ဒီလို အိပ်ရေးဝတာက နှစ်ဦးကြားမှာ အိပ်ရေးပျက်တာကြောင့် ဖြစ်လာစေနိုင်တဲ့ ဆက်ဆံရေး မပြေလည်မှုတွေကို ရှောင်ရှားရာ ရောက်ပါတယ်။ 

  • ပိုပြီး လွတ်လပ်မှု ရစေတယ်

လင်မယားတွေ အိပ်ရာ ခွဲအိပ်တာက တစ်ဦးနဲ့ တစ်ဦးကြားမှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေမှု ကင်းစေသလို ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ နေ့စဉ် တာဝန်တွေကို လွတ်လပ်စွာနဲ့ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်စေပါတယ်။ ဒါကြောင့် တစ်ခါတလေ လင်မယားခွဲအိပ်ပါလို့ ပြောရတာပါ။ 

  • ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးကို ပိုင်ဆိုင်စေနိုင်တယ်

လင်နဲ့မယား အိပ်ရာ ခွဲအိပ်တာက နှစ်ကိုယ်ကြား ဆက်ဆံရေး မရှိနိုင်ဘူးလေ။ ဒီတော့ နှစ်ဦးကြား ဆက်ဆံရေးကို ပိုမို ကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒီလို ခွဲအိပ်လိုက်ပြီးမှ အတူပြန်အိပ်တာက နှစ်ဦးကြားမှာ ပိုမို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အထိအတွေ့တွေကိုရော ခံစားမှုတွေကိုပါ ပိုင်ဆိုင်စေနိုင်တာပါ။ နှစ်ဦးကြား စိမ်းကားမှုထက် ပိုပြီး ရင်းနှီးမှုကို ရစေနိုင်ပါတယ်။ 

# အမှာစကား

လင်နဲ့မယား အိပ်ရာခွဲအိပ်တာက ကောင်းတယ်ဆိုပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်မလာစေဖို့ ခွဲမအိပ်ခင်မှာ တစ်ဦးနဲ့ တစ်ဦး သေချာလေး တိုင်ပင်ပေးပါ။ ကျန်းမာတဲ့ ဆက်ဆံရေးကို မထိခိုက်စေဘဲ လင်နဲ့မယား ခွဲအိပ်တာမျိုးပဲ ဖြစ်စေဖို့ သတိပြုပေးပါ။ 

လင်နဲ့မယား တစ်ခါတလေ sleep divorce လုပ်ကြည့်တဲ့အခါ
  • ကောင်းကောင်း အိပ်ပျော်စေတယ်
  • ကိုယ်ပိုင်အချိန်လေး ရစေနိုင်တယ်
  • နှစ်ဦးကြား ဆက်ဆံရေး ကောင်းစေနိုင်တယ်
  • ပိုပြီး လွတ်လပ်မှု ရစေမယ်
  • စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ပိုင်ဆိုင်စေနိုင်မယ်

https://www.youtube.com/watch?v=M-r7mML8v_o&feature=youtu.be

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Sleep Divorce: Meaning, Benefits, & Why You May Want One https://www.choosingtherapy.com/sleep-divorce/ Accessed Date 10 July 2023

What Is A Sleep Divorce? Why You May Want One, From Experts https://www.mindbodygreen.com/articles/sleep-divorce Accessed Date 10 July 2023

Is a Sleep Divorce Healthy for You and Your Partner? https://www.prevention.com/health/sleep-energy/a44128946/sleep-divorce/ Accessed Date 10 July 2023

Sleep Divorce: Addressing Unique Sleep Needs  https://casper.com/blog/sleep-divorce/ Accessed Date 10 July 2023

What’s a ‘sleep divorce,’ and can it help you get more rest? https://www.newsnationnow.com/health/whats-a-sleep-divorce-and-can-it-help-you-get-more-rest/ Accessed Date 10 July 2023

ယခုပုံစံ

14/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement