Chalamydia ပိုးဝင်ခြင်း

Chlamydiaဆိုတာ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာ သိသိသာသာ မပြတတ်ပါဘူး။ ဒါပေမယ့် ရောဂါက ပြင်းထန်တာကြောင့် သင့်မျိုးပွားစနစ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒီအကြောင်းကို ဒီမှာ ဆက်လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

Chalamydia ပိုးဝင်ခြင်း

ကလာမိုင်းဒီးယား (chlamydia) ဆိုတာ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ပျောက်ကင်းအောင်ကုသဖို့ လွယ်ကူပေမယ့် မကုသဘဲထားမယ်ဆိုရင် ရောဂါပိုးရှိသူ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင် အနှောင့်အယှက်ပေးနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ကလာမိုင်းဒီးယားရောဂါဆိုတာ ဘာလဲ ကလာမိုင်းဒီးယားရောဂါဆိုတာ ကျားမမရွေး ဖြစ်ပွားနိုင်ပြီး လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပြီး နောက်ဆုံးရလဒ်အနေနဲ့ ရောဂါပိုးရှိသူ အမျိုးသမီးကို ကိုယ်ဝန်မဆောင်နိုင်တော့တဲ့အထိ ဖြစ်သွားစေပါတယ်။ ဒါ့အပြင် ကလာမိုင်းဒီးယားရောဂါဟာ လူ့အသက်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အထူးသတိထားသင့်တဲ့ ရောဂါတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ကလာမိုင်းဒီးယားရောဂါဟာ ဘယ်လိုကူးစက်ပျံ့နှံ့တတ်သလဲ ရောဂါပိုးရှိသူနဲ့ မိန်းမကိုယ်၊ စအို၊ ပါးစပ်တို့မှာ လိင်ဆက်ဆံရာကတဆင့် ကလာမိုင်းဒီးယားရောဂါ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူ အမျိုးသားအဖော်က သုတ်လွှတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ သင့်ဆီကို ရောဂါကူးစက်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ကလာမိုင်းဒီးယားရောဂါ ဖြစ်ခဲ့ဖူးပြီး ကုသပျောက်ကင်းသွားပြီဆိုပေမယ့် […]