backup og meta

အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး

    စုံတွဲတွေမှာ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ကလည်း အတော်လေး အရေးကြီးပါတယ်။ အခုတစ်ခေါက်မှာတော့ စုံတွဲတွေကြားက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။ ဘာများလဲ ဆိုတော့  အတွဲတွေမှာ ချစ်တင်းနှောကြတဲ့အခါ အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက ကိုယ့်ကြောင့်များလားလို့ ခံစားတတ်ကြတဲ့ လက်တွဲဖော်တွေအတွက် သတင်းစကားလေး တစ်ခုပေါ့။ ဒါကတော့ အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းအရင်းလေးပါ။ 

    အမျိုးသားတွေ ဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး

    အမျိုးသားတွေဆန္ဒမပြီးမြောက်တာက လက်တွဲဖော်ကြောင့်ပဲတော့ မဟုတ်ပါဘူး ဘာကြောင့် အခုလို ပြောရတာလဲ ဆိုတော့ ဒီအချက်လေးတွေကြောင့်ပေါ့။

    အမျိုးသားတွေ အနေနဲ့ ချစ်တင်းနှီးနှောချိန်မှာ ဆန္ဒမပြီးမြောက်တာက – 

    • အသောက်များလို့ပါ

    သင့်ရဲ့ လက်တွဲဖော်က ဝီစကီ၊ ဘီယာ နဲ့ အယ်လ်ကိုဟောပါတဲ့ အမျိုးမျိုးသော သောက်စရာတွေကို သောက်ကြတဲ့အခါ သက်လုံ မကောင်းကြသလို စွမ်းဆောင်ရည်လည်း မကောင်းကြတာကြောင့် ဆန္ဒပြီးမြောက်ဖို့က ခက်ပါတယ်။ 

    • စိတ်ဖိစီးစရာ များနေလို့ပါ

    စိတ်ဖိစီးမှုက အမျိုးသားတွေရဲ့ လိင်တံ ထောင်မတ်နိုင်စွမ်းကိုရော စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်သလို ဆန္ဒပြီးမြောက်ဖို့လည်း ခက်ခဲပါတယ်။ စိတ်ဖိစီးတာက စိတ်ဓာတ်ကျမှုကို ဖြစ်စေသလို နှစ်ကိုယ်ကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ နည်းလမ်း အရင်ရှာရမှာပါ။ 

    • ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေလို့ပါ

    အမျိုးသား ဖြစ်သူမှာ ရောဂါအခံ တစ်ခုခု ရှိနေတာကလည်း အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကိုရော ဆန္ဒပြီးမြောက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ဆီးကျိတ်ပြဿနာတွေက အမျိုးသားရဲ့ ဆန္ဒပြီးမြောက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ 

    • ဆေးဝါးတွေ သောက်သုံးနေရလို့ပါ

    အချို့သော ဆေးဝါးတွေက လိင်မှုဘဝအပေါ်မှာ ဆိုးကျိုး သက်ရောက်နေတာတွေ ရှိပါတယ်။ စိတ်ဓာတ်ကျတာကို သက်သာစေဖို့ သောက်သုံးရတဲ့ ဆေးဝါးတွေ၊ စိုးရိမ်စိတ်များတာကို သက်သာစေဖို့ သောက်သုံးရတဲ့ ဆေးဝါးတွေ၊ သွေးတွင်းအဆီများလို့ သောက်သုံးရတဲ့ ဆေးဝါးတွေက အမျိုးသားတွေရဲ့ ဆန္ဒပြီးမြောက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

    • စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စိုးရိမ်စိတ် ရှိနေလို့ပါ

    လက်တွဲဖော် ထံကနေ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ ချစ်တင်းနှောမှု ပုံစံ အနေအထားနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်၊ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ဖြစ်ဖြစ် ဝေဖန်တာမျိုး ခံရဖူးတာကလည်း အတူနေချိန်မှာ စိုးရိမ်စိတ် များစေပြီး အမျိုးသားတွေကို ပြီးမြောက်ဖို့ ခက်စေနိုင်ပါတယ်။

    • တမင် ထိန်းထားတာပါ

    သုက်မလွှတ်ဘဲ ကြာကြာထိန်းထားတာက အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတဲ့ အမျိုးသားတွေရဲ့ ဝိသေသလို့ ယူဆထားလို့ တမင်မပြီးဘဲ နေတာမျိုးပါ။ ပြီးချင်လာရင်တောင် အာရုံလွှဲပြီး တင်းခံလိုက်တာမျိုးပေါ့။ သုက်လွှတ်မြန်တဲ့ အမျိုးသားတွေတင်မကဘဲ သာမန်အမျိုးသားတွေလည်း ဒါမျိုးလုပ်လေ့ရှိပါတယ်။ ဒါကတော့ နှစ်ဦးကြားမှာ ပွင့်ပွင့်လင်းလင်း ပြောမှသိနိုင်တာမျိုးပါ။

    တချို့ အမျိုးသားတွေမှာလည်း ဆန္ဒပြီးမြောက်ဖို့ ခက်ခဲတဲ့ ပြဿနာ ရှိနိုင်ပါတယ်။ တော်တော်များများ သိထားသလို အမျိုးသမီးတွေကမှ ခက်ခဲတာ မဟုတ်ပါဘူး။ ဒါကြောင့် လက်တွဲ‌ဖော်တွေအနေနဲ့ အမျိုးသားတွေဆန္ဒမပြီးမြောက်တာက ကိုယ့်မှာ အပြစ်၊ ချို့ယွင်းချက် ရှိနေလို့လို့ တထစ်ချ ယူဆလိုက်တာမျိုး မလုပ်ဘဲ နှစ်ဦးကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းချင်ပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement