ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ

ကလေးငယ်တွေအတွက် မိခင်နို့က အာဟာရအရှိဆုံးပါ။ အာဟာရရှိရုံတင်မကပါဘူး။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒါကြောင့် ကလေးကို အနည်းဆုံး အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ တိုက်တွန်းတာပါ။ ဒါပေမဲ့ ကလေးတွေက ၆လပြည့်လည်း နို့မပြတ်သေးရင် ဆက်တိုက်လို့ရပါတယ်။ ဒါဆို ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ ၊ ကောင်းကျိုးဆိုးကျိုးဘာတွေ ရှိလဲဆိုတာ ပြောပြပေးပါမယ်။ ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ ဒီဘက်ခေတ်မှာ မိခင်တွေက လုပ်ငန်းခွင်လာတာကြောင့်ရော၊ ဖော်မြူလာနို့မှုန့်တွေ များများထွက်လာတာကြောင့်ရော အမေတွေက နို့စောစောဖြတ်ဖို့ ဒါမှမဟုတ် လုံးဝမတိုက်ဖို့ ဆုံးဖြတ်လာကြပါတယ်။ ဒါပေမဲ့ မိခင်နို့က ကလေးငယ်များအတွက် အကောင်းဆုံးဖြစ်တာကြောင့် တိုက်ဖြစ်အောင် တိုက်ဖို့ နှိုးဆော်နေကြတာပါ။ အနည်းဆုံး ကလေးအသက် ၆လအထိတော့ မိခင်နို့တိုက်ကြပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပေးထားပါတယ်။ ဒါက အနည်းဆုံး […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ

မိခင်နို့အတွက် နို့တိုက်ဖို့ အကောင်းဆုံးအချိန်က မွေးပြီးပြီးချင်းပါ။ မွေးပြီး ၁နာရီအတွင်းမှာ နို့တိုက်တာက မိခင်ရဲ့ သားအိမ်ကျုံ့အားကို ကောင်းစေသလို ကလေးကိုလည်း လိုအပ်တဲ့ အာဟာရတွေ စပြီး ရရှိစေပါတယ်။ ဒါပေမဲ့ မိခင်တိုင်းက ကလေးမွေးပြီးတာနဲ့ နို့တန်းထွက်ကြတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံပေးချင်ပါတယ်။ ဘာကြောင့် ကလေးမွေးပြီးပြီးချင်းမှာ နို့မထွက်ရတာလဲ။ ကလေးမွေးပြီးတာနဲ့ နို့တိုက်တာက ဒီလောက်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ကလေးက နို့မစို့တတ်တာ၊ မိခင်က နို့မတိုက်တတ်တာအပြင် အကြောင်းအရာပေါင်းများစွာကြောင့် နို့မထွက်တဲ့ ပြဿနာကို ကြုံရနိုင်ပါတယ်။ တချို့ကျတော့လည်း အောက်ပါအကြောင်းရင်းတွေကြောင့် နို့ထွက်နည်းတတ်ပါတယ်။ ကလေးကို လမစေ့ဘဲ မွေးတော့ မွေးပြီးပြီးချင်းမှာ အထူးကြပ်မတ်ဆောင်ကို ပို့လိုက်ရတာကြောင့် နို့မတိုက်လိုက်ရတာ၊ ဒါကြောင့် နို့မထွက်တာ အမေမှာ ဆီးချို ဒါမှမဟုတ် သားဥအိမ်အရည်အိတ်တည်တဲ့ ရောဂါစု […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊ အမှားများ

ဘေဘီလေးတွေ ကျန်းမာစေဖို့ လိုအပ်တဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ နို့ဦးရည်ပါ။ ဘေဘီလေးက မိခင်ဝမ်းကနေ ထွက်ထွက်လာပြီးပြီးချင်းမှာ နို့ဦးရည်ကို လုံလောက်စွာ ရရှိပါမှ နို့ဦးရည်မှာ ပါတဲ့ အာဟာရဓာတ်တွေက ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကိုလည်း တည်ဆောက်ပေးနိုင်မှာပါ။ ဒီလို ကလေးအတွက် အရေးပါတဲ့ နို့ဦးရည်နဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေ ရှိသလို မှားတာတွေလည်း ရှိနိုင်ပါတယ်။ ဒီအချက်တွေထဲမှာ ဘာတွေက မှန်လို့ ဘာတွေက မှားနေလဲဆိုတာကို ကိုယ်တိုင် ဆန်းစစ်နိုင်စေဖို့ ဒီတစ်ခေါက်တော့ နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊  အမှားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။  https://hellosayarwon.com/parenting/baby/breast-feeding/scientifically-proven-foods-to-enhance-colostrum-quality/ နို့ဦးရည် ဆိုတာ ဘာများလဲ! နို့ဦးရည် ဆိုတာက ကလေးမွေးဖွားပြီးလို့ မိခင်နို့ စစတိုက်ကျွေးချိန်မှာ ထွက်လာတဲ့ နို့ရည်ပါ။ ပထမဦးဆုံး ထွက်တဲ့ နို့ရည်ပါ။ ဒီနို့ရည်က […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ ကြက်ပေါင်းရည် (Chicken essence) သောက်ပေးရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ!

အသစ်စက်စက် မေမေတိုင်း စိုးရိမ်တတ်တဲ့ အကြောင်းအရင်းလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို မိခင်နို့ လုံလောက်အောင် တိုက်ဖို့အတွက် လုံလောက်တဲ့ မိခင်နို့ ရမလားဆိုတာပေါ့။ ဒီစိုးရိမ်မှုတွေကို ပြေလျော့စေဖို့ နည်းလမ်းကောင်းလေးကို ဒီတစ်ခေါက် ပြောပြပေးသွားဖို့ ရှိပါတယ်။ ဘာအကြောင်းလေးလဲဆိုတော့ နို့တိုက်မေမေ ကြက်ပေါင်းရည် (Chicken essence) သောက်ပေးရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ ဆိုတာပါ။ ဒီအကြောင်းကိုမပြောခင် အရင်ဆုံး  မိခင်နို့တိုက်ကျွေးပေးခြင်းက ဘေဘီလေးမှာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မိခင်နို့က ဘေဘီလေးအတွက် သက်စောင့်အာဟာရပါ မိခင်နို့ ဆိုတာက ကလေးတွေအတွက် အပြည့်စုံဆုံးသော အာဟာရဓာတ် တစ်ခုပါ။ အကြောင်းကတော့ မိခင်နို့မှာ အာဟာရဓာတ်တွေက အချိုးအစားမှန်ကန်စွာ ပါဝင်နေတာကြောင့်ပါ။ မိခင်နို့က ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးဆဲ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အခြား […]


မိခင်နို့တိုက်ကျွေးခြင်း

သိပ္ပံနည်းကျလေ့လာထားသော နို့ဦးရည် အာဟာရပြည့်ဝစေဖို့ အစားအစာများ

နို့ဦးရည် ဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာတည်းက မိခင်ရဲ့ ရင်သားမှာ စပြီး ထုတ်လုပ်နေပါပြီ။ ဒါကြောင့် တချို့မေမေတွေဆို ကလေးမမွေးခင်တည်းက ရင်သားကနေ နို့ထွက်တာပါ။ နို့ဦးရည်က မေမေ့ကလေးလေးအတွက် ပထမဆုံးနို့ဖြစ်တာကြောင့် အာဟာရပြည့်ဝနေစေဖို့ လိုပါတယ်။ ဒါကြောင့် နို့ဦးရည် အာဟာရပြည့်ဝစေဖို့ ဘာတွေ စားသောက်ရမလဲဆိုတာ သိထားဖို့ လိုပါတယ်။ နို့ဦးရည်က ကလေးလေးအတွက် ဘာကြောင့် အရေးကြီးတာလဲ။ နို့ဦးရည်က ကလေးအတွက် ဗိုက်ပြည့်စေရုံတင်မဟုတ်ပါဘူး။ ကလေးကို ကျန်းမာပြီး ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ကိုပါ ကူညီပေးပါတယ်။ ဒါကြောင့် နို့ဦးရည်ကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ကိုယ်ခံအားကိုကောင်းစေပြီး ရောဂါပိုးတွေကို တိုက်ထုတ်စေနိုင်ဖို့ (၁) Immunoglobulin A (ပဋိပစ္စည်း) (၂) Lactoferrin (ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့ ပရိုတင်း) (၃) သွေးဖြူဥ (၄) Epidermal growth factor (ဆဲလ်တွေကြီးထွားစေတဲ့ ပရိုတင်း) ကလေးရဲ့ အမြင်အာရုံ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့ ချစ်လို့မဝတဲ့ တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။  တစ်ဦးတည်းသော ကလေးဆိုတာ တစ်ဦးတည်းသော ကလေးဆိုတာက ဖေဖေမေမေတို့မှာရှိတဲ့ အခြားသော မွေးချင်း တစ်ယောက်တစ်လေတောင် မရှိတဲ့ ကလေးပါ။ အကြီးဆုံးလည်း သူတို့ပဲ၊ အငယ်ဆုံးကလည်း သူတို့ပဲ ဖြစ်သလို အလတ်ကလေးတွေကလည်း သူတို့ပါပဲ။ မွေးချင်းမရှိတဲ့ တစ်ယောက်တည်းသော ဘေဘီလေးတွေပါ။  တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့ လိုက်လျောညီထွေ နေတတ်တယ် လေ့လာမှုတွေအရတော့ တစ်ဦးတည်းသော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတွေထဲမှာမှ နောက်ဆုံးသော ကလေးလေးတွေ ဖြစ်ကြတဲ့ အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။  အငယ်ဆုံးလေးတွေ ဆိုတာ အငယ်ဆုံးလေးတွေဆိုတာက ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတွေထဲမှာ နောက်ဆုံးသော ကလေးလေးတွေပါ။ အငယ်ဆုံး အထွေးဆုံးသော ကလေးလေးတွေပါ။ တစ်မိသားစုလုံးက တုန်နေအောင် ချစ်ကြတဲ့ သူတွေပေါ့။ မိဘတွေရော မွေးချင်းမောင်နှမတွေ အားလုံးရဲ့ ချစ်ခြင်း အလိုလိုက်ခြင်းကို ခံကြရတဲ့ အထွေးဆုံးသော ကလေးလေးတွေပါ။ [embed-health-tool-vaccination-tool] အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့ တီထွင်ဖန်တီးဉာဏ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့သက်ဦး သားသားမီးမီးတို့ရဲ့ နောက်မှာ မွေးဖွားတဲ့ ကလေးလေးတွေ ဖြစ်ကြတဲ့ အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။  အလတ်လေးတွေဆိုတာ အလတ်လေးတွေဆိုတာက ဖေဖေမေမေတို့ရဲ့ ဒုတိယမြောက် ကလေးလေးတွေပေါ့။ သူတို့အထက်မှာ အကြီးတစ်ယောက် ရှိသလို သူတို့အောက်မှာလည်း သူတို့လေးတွေရဲ့ မောင်လေး၊ ညီမလေး၊ ဒါမှမဟုတ် ညီလေး၊ ညီမလေး ရှိနေတတ်ကြတဲ့ ကလေးလေးတွေပေါ့။ အထက် တစ်ယောက် အောက်တစ်ယောက်ကြားမှာ မွေးဖွားလာပြီး အကြီးနဲ့ရော အငယ်နဲ့ပါ အဆင်ပြေအောင် နေတတ်ကြပြီး နောက်မှမွေးလာတဲ့ နို့ညှာကလေးလေးတွေပေါ့။  အလတ်လေးတွေမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့ သားဦး ကလေးလေးတွေ ဖြစ်ကြတဲ့ အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။  အကြီးဆုံး ကလေးလေးဆိုတာ  အကြီးဆုံး ကလေးလေးဆိုတာက အပေါ်မှာ ပြောခဲ့သလို ဖေဖေမေမေတို့ရဲ့ ပထမဦးဆုံး သားဦး ကလေးလေးကို ဆိုလိုချင်တာပါ။ သက်ဦးလေးတွေလို့လည်း ခေါ်ကြပါတယ်။ ဒီလို စီနီယာအရ အစောဆုံးဖြစ်တဲ့ ကလေးလေးတွေ ကို အကြီးဆုံး ကလေးလေးတွေလို့ ခေါ်ကြတာပါ။  အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

နှစ်သစ်ကူး အငွေ့အသက်တွေနဲ့ ပြည့်စုံနေတဲ့ နှစ်တစ်နှစ်တာရဲ့ နောက်ဆုံးသော လပါ။ နှစ်သစ်ကူးတော့မှာကြောင့် လူတော်တော်များများ အပျော်တွေနဲ့ ပြည့်နေတဲ့ လလေးတစ်လပေါ့။ ဆောင်းအေးအေးလေးနဲ့ ပျော်ရွှင်မှုတွေကိုရော လှပမှုတွေကိုပါ ယူဆောင်လာတဲ့ ဒီဇင်ဘာလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ အသက်ရှည်ကြတယ် ဒီဇင်ဘာလဖွားလေးတွေက အခြားလဖွားလေးတွေထက် အသက်ရှည်ကြပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေတော့ များကြပါတယ်။ ဆောင်းအေးအေးမှာ မွေးဖွားကြတာကြောင့် ကျန်းမာအသက်ရှည်နိုင်ခြေက အခြားလတွေထက် ပိုများပါတယ်။ ဒီဇင်ဘာလဖွားလေးတွေက အသက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း