backup og meta

Premium

တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့ ချစ်လို့မဝတဲ့ တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ 

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    တစ်ဦးတည်းသော ကလေးဆိုတာ

    တစ်ဦးတည်းသော ကလေးဆိုတာက ဖေဖေမေမေတို့မှာရှိတဲ့ အခြားသော မွေးချင်း တစ်ယောက်တစ်လေတောင် မရှိတဲ့ ကလေးပါ။ အကြီးဆုံးလည်း သူတို့ပဲ၊ အငယ်ဆုံးကလည်း သူတို့ပဲ ဖြစ်သလို အလတ်ကလေးတွေကလည်း သူတို့ပါပဲ။ မွေးချင်းမရှိတဲ့ တစ်ယောက်တည်းသော ဘေဘီလေးတွေပါ။ 

    တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    တစ်ဦးတည်းသော ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့

  • လိုက်လျောညီထွေ နေတတ်တယ်
  • လေ့လာမှုတွေအရတော့ တစ်ဦးတည်းသော ကလေးလေး​တွေက ပတ်ဝန်းကျင်ကသူတွေနဲ့ လိုက်လျောညီထွေနေတ်ကြပါတယ်။ ဒါက တစ်ဦးတည်းသော ကလေးတွေကိ မိဘတွေက မသင်ရဘဲ တတ်မြောက်လာတဲ့ မွေးရာပါဗီဇလေး တစ်ခုလို့ဆိုရပါမယ်။ ရောက်လေရာနေရာတိုင်းမှာ အဆင်ပြေအောင် နေတတ်ကြပါတယ်။ 

    • ဦးနှောက်က အခြားသူတွေနဲ့ မတူကြပါဘူး

    တစ်ဦးတည်းသော ကလေးလေးတွေကို MRI စစ်ဆေးမှု လုပ်ရာကနေ ထွက်လာတဲ့ ရလဒ် တစ်ခုက တစ်ဦးတည်းသော ကလေးလေးတွေရဲ့ ဦးနှောက်ဖွဲ့စည်းပုံက အခြားသော ကလေးလေးတွေနဲ့ မတူဘူးဆိုတာကိုပါ။ ဒါကြောင့်ပဲ တစ်ဦးတည်းသော ကလေးတွေရဲ့ တွေးခေါ်ပုံတွေက အများနဲ့ မတူတာပါ။ 

    • ထက်မြက်ကြတယ်

    တစ်ဦးတည်းသော ကလေးလေးတွေရဲ့ ဦးနှောက်မှာ  gray matterက ပိုများနေတာ​ကြောင့် တစ်ဦးတည်းသော ကလေးတွေက ထက်မြက်ကြတာပါ။ ဒီလို မတူထူးခြားမှုကပဲ တစ်ဦးတည်းသော ကလေးတွေက ထက်မြက်ကြတာပါ။ 

    • ခေါင်းမာကြတယ်

    တစ်ဦးတည်းသော ကလေးလေးတွေက သည်းညည်းခံနိုင်စွမ်း နည်းကြသလို အရာရာကိုလည်း အလွယ်တကူ လက်သင့်ခံခဲကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း များကြပါတယ်။ 

  • ပျော်တတ်ကြတယ်
  • တစ်ဦးတည်းသော ကလေးလေးတွေရဲ့ နောက်ထပ် နှစ်လိုဖွယ်ကောင်းတဲ့ အချက်တစ်ခုက ပျော်ပျော်နေတတ် ကြတာပါ။ အခြားသူတွေနဲ့ မတူတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြသလို အခြေအနေတိုင်းကို ပျော်ပျော်နေတတ်ကြပါတယ်။ 

    • အမှီအခို ကင်းကြတယ်

    တစ်ဦးတည်းသော ကလေးလေးတွေရဲ့ နောက်ထပ် အားသာချက် တစ်ခုက ငယ်စဉ်ကတည်းက မွေးချင်း မရှိတဲ့ အခြေအနေမှာ ကြီးပြင်းလာရတာကြောင့် အရာရာကို ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ရင်း အမှီအခို ကင်းသူတွေအဖြစ် ကြီးပြင်းလာတတ်ကြပါတယ်။

    • မိဘတွေနဲ့ ရင်းနှီးကြတယ်

    တစ်ဦးတည်းသော ကလေးလေးတွေက အခြားမွေးချင်းရှိတဲ့ ကလေးတွေထက် မိဘတွေနဲ့ ပိုရင်းနှီးကြပါတယ်။ အကြောင်းကတော့ မိဘတွေကိုပဲ သူငယ်ချင်းလုပ်ရတာကလည်း သူတို့လေးတွေကို မိဘတွေနဲ့ ပိုရင်းနှီးစေတဲ့အချက်ပါ။ 

  • ရည်မှန်းချက် ကြီးကြတယ်
  • တစ်ဦးတည်းသော ကလေးလေးတွေက မိဘတွေရဲ့ ရည်မှန်းချက် ကြီးကြီး ထားခံရသူတွေပီပီ သူတို့လေးတွေ ကိုယ်တိုင်ကလည်း ရည်မှန်းချက် ကြီးကြပါတယ်။ မိဘတွေက အားကိုးတာကို ခံရမှုကလည်း သူတို့လေးတွေကို ရည်မှန်းချက် ကြီးတဲ့သူလေးတွေအဖြစ် ကြီးပြင်း အရွယ်ရောက်လာစေတာပါ။ 

    • ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်

    တစ်ဦးတည်းသော ကလေးတွေရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက တစ်ဦးတည်း မွေးထားပေမယ့် ပေါင်းသင်းဆက်ဆံရေး ကောင်းတာပါပဲ။ သူတို့က ပျော်ပျော်ရွှင်ရွှင်နေရတာကို နှစ်သက်ကြသလို သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကိုလည်း ဖန်တီးတတ်ကြပါတယ်။ 

    ကလေးလေးတိုင်းမှာ ကိုယ်ရည်ကိုယ်သွေး မျိုးစုံရှိကြပါတယ်။ တစ်ဦးတည်းသော ကလေးတွေမှာတော့ အခုပြောပြခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement