ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

မေမေတို့ သိထားပြီးတဲ့ အကြောင်းအရာတစ်ခုကို ထပ်ပြောရရင် ၆လအောက် ကလေးတွေအတွက် မိခင်နို့ကသာ အကောင်းဆုံးပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မတိုက်နိုင်တဲ့ မေမေတွေလည်း ရှိပါတယ်။ မိခင်နို့ လည်း မတိုက်နိုင်၊ တခြားနို့တွေ၊ နို့မှုန့်တွေထဲမှာလည်း ဘယ်ဟာကို တိုက်လို့တိုက်ရမှန်း မသိကြတဲ့အခါ ကလေးက ကြားထဲကနေ  ဝမ်းလျှောတာ၊ အာဟာရချို့တဲ့နိုင်လို့ မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ ဆိုတာလေး ပြောပြပေးပါမယ်။ မိခင်နို့သည်သာ အကောင်းဆုံးပါ မွေးစကလေးတွေအတွက် မိခင်နို့က အာဟာရအပြည့်ဝဆုံးနဲ့ အကောင်းဆုံးပါ။ ရေတောင် ထပ်တိုက်စရာမလိုဘဲ သူ့တစ်မျိုးတည်းနဲ့တင်ကို ကလေးအတွက် လုံလောက်တဲ့ အာဟာရပေးနိုင်ပါတယ်။ ဒါကြောင့် မွေးစကနေ အနည်းဆုံး၆လအထိ မိခင်နို့တစ်မျိုးတည်းကို စွဲစွဲမြဲမြဲ တိုက်ဖို့ ပြောတာပါ။ ဖြစ်နိုင်ရင် ကလေးအသက် ၂နှစ်လောက်အထိ တိုက်သင့်ပါတယ်။ မိခင်နို့ တိုက်ကျွေးတာက ကလေးအတွက်ဆိုရင် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ်အာဟာရ

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ!

သားသားမီးမီးလေးတွေက လူစိမ်းတွေကို ကြောက်တာ၊ လူကြောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီအခြေအနေကို ဘယ်လိုများ ကျော်လွှားရမလဲဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား! ဒါဆိုရင်တော့ ကလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင် နော်။ ကလေးတွေက ဘယ်အရွယ်မှာ စပြီး လူကြောက်တတ်သလဲ! ကလေးတွေက အသက် ၈ လ ကနေ ၁၀ လလောက် ရောက်လာချိန်မှာ သူစိမ်းတွေကို ကြောက်တတ်တဲ့ လူကြောက်တတ်တဲ့ ခံစားချက်ကို စခံစားလာရပါတယ်။ မိသားစုဝင် မဟုတ်သူတွေ မျက်နှာစိမ်းသူတွေကို မြင်ရင် ကြောက်တတ်ကြတာ သဘာဝပါ။ ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုဆိုရင်လည်း မမှားဘူးပေါ့။ ဘေဘီလေးတွေက မြင်နေကျ လူက ဝတ်နေကျ မဟုတ်တဲ့ အဝတ်အစားတွေ […]


ကလေးငယ်အာဟာရ

Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး

Baby-led weaning (BLW) ဆိုတာ ကလေးက ဦးဆောင်ပြီး အစာစားတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဖြည့်စွက်စာ စစားတဲ့အရွယ်မှာ ကလေးတွေကို လူကြီးက ဇွန်းနဲ့ ခွံ့ပေမယ့် BLWမှာတော့ ကလေးက ကိုယ့်ဟာကိုယ် ကိုင်စားတာ ဖြစ်ပါတယ်။ Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး တွေက အများကြီး ရှိတာကြောင့် ဖြည့်စွက်စာ မကျွေးခင်မှာ ဒါကို လေ့လာထားသင့်ပါတယ်။ Baby-led weaning ဆိုတာ Baby-led weaning ဆိုတာ ကလေးကို ကိုယ့်အားကိုယ်ကိုးပြီး စားစေတဲ့ သဘောပါပဲ။ စားပွဲမှာထိုင် ကိုင်စား၊ ကလေးပီပီ ဖွချင်လည်းဖွ၊ ဆော့ချင်လည်းဆော့ဆိုပြီး လွတ်လပ်ခွင့်ပေးထားတဲ့ သဘောပါ။ ကလေးနဲ့ အစားအစာကို ရင်းနှီးသွားအောင် လုပ်ပေးတဲ့သဘောဆိုလည်း ဟုတ်ပါတယ်။ အစားအစာတစ်ခု ကလေးပါးစပ်ထဲရောက်ဖို့ မိခင်က တိုက်ရိုက်မထည့်ပေးဘဲ ကလေးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင်

ပဲနီလေး ဟင်းချိုလေးကို ဆီချက်နိုင်နိုင်လေးနဲ့ ချက်ထားတာ အတော်လေး စားကောင်းပါတယ်။ ဒီလိုပဲဟင်းချိုလေးကို ကလေး လူကြီးမရွေး ကြိုက်ကြပြီး အာဟာရကလည်း ပြည့်ပါတယ်။ ဒီလို ထမင်းမြိန်ပြီး အာဟာရပြည့်တဲ့ ပဲနီလေး ဟင်းချိုလေးကို ဘေဘီလေးကိုရော ကျွေးလို့ ရမလားဆိုပြီး သိချင်နေတဲ့သူတွေလည်း ရှိမယ် ထင်ပါတယ်နော်။ ဒါကြောင့် အခုတစ်ခေါက်တော့ မေမေတို့ သိချင်နေလောက်မယ့် ဘေဘီလေးကို ပဲနီလေး ဟင်းချို ကျွေးလို့ ရမလား! ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေကို ရနိုင်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပဲနီလေး ဆိုတာ ပဲနီလေး ဆိုတာက အနီရောင် ပဲစေ့ သေးသေးလေးတွေပါ။ ချက်လိုက်ရင်တော့ အဝါရောင် ဖျော့ဖျော့လေး အဖြစ်ပြောင်းသွားတတ်ပြီး အရသာက ချိုချိုဆိမ့်ဆိမ့်လေးပါ။ ဟင်းချို ချက်စားလို့ ရသလို ပဲနှပ်လိုလေး […]


ကလေးငယ်အာဟာရ

ဘေဘီလေး အာလူး စားလို့ရမလား!

အာလူးက ကစီဓာတ် ကြွယ်ဝသလို အာလူးစားပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာကို လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။  အာလူးက အာဟာရ ကြွယ်ဝရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။ စားလို့လည်း ကောင်းပါသေးတယ်။ ဒီလို စားလို့ ကောင်းတဲ့ အာလူးလေးကို ပူပူလေးကြော် ထမင်းဖြူလေးနဲ့ စားတုန်း ဘေဘီလေးက နည်းနည်းဆိုလို့  ဘေဘီလေး အာလူး စားလို့ရမလား! ဆိုပြီး သိချင်နေပြီလား မေမေ ....... ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အာလူး ဆိုတာ အာလူးဆိုတာက ကလေးရော လူကြီးတွေပါ နှစ်ခြိုက်ကြတဲ့ စားစရာ တစ်မျိုးပါ။ ကစီဓာတ် ပြည့်ဝစွာ ပါဝင်နေပြီ အခွံညိုညိုလေးနဲ့ အတွင်းသားက အဖြူရောင်လေး ရှိသလို အဝါရောင်သန်းသန်းလေးလည်း ရှိပါတယ်။ အာလူးအမျိုးအစားပေါ် မူတည်ပြီး အသားမွမွလေးရော စီးပိုင်ပိုင်လေး အမျိုးမျိုး […]


ကလေးငယ်ပထမနှစ်

ကလေးတွေကို tummy time ဘယ်လိုကျင့်ပေးမလဲ

ခုနောက်ပိုင်းမှာ ကလေးတွေကို tummy time ကျင့်ပေးတာက တော်တော်လေး ခေတ်စားလာပါပြီ။ Tummy time ဆိုတာ အလွယ်ပြောရရင်  ကလေးတွေကို မှောက်ခိုင်းထားတာပါ။ ကလေးက ဒီတိုင်းဆိုရင်လည်း သူ့အရွယ်နဲ့သူ မှောက်တတ်မှာပါ။ ဒါပေမဲ့ tummy time ‌လေ့ကျင့်ပေးတာက ကလေးတွေကို မှောက်တတ်စေရုံတင် မဟုတ်ပါဘူး။ တခြားအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ကလေးတွေကို tummy time လေ့ကျင့်ပေးဖို့ ဘာကြောင့် အရေးကြီးတာလဲ ပြောခဲ့သလိုပဲ ကလေးတွေကို tummy time ကျင့်ကျင့် မကျင့်ကျင့် သူ့အရွယ်ရောက်ရင် ဝမ်းလျားမှောက်တတ်မှာပါ။ ဒါပေမဲ့ tummy time ကျင့်ပေးတဲ့အခါ အကျိုးကျေးဇူးအနေနဲ့ လှုပ်ရှားမှုတွေ ပိုကောင်းလာတယ်။ ကလေးတွေရဲ့ motor developmentလို့ ခေါ်တဲ့ ကြွက်သားအသုံးပြုရတဲ့ ဖွံ့ဖြိုးမှုတွေ ပိုကောင်းလာပါတယ်။ ကလေးကို မှောက်ထားတဲ့အခါ သူတို့ရဲ့ ကြွက်သားတွေကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ ပြင်ဆင်ကြစို့

ကိုယ်ဝန်ဆောင်မေမေတွေ စိတ်အပူဆုံး ကိစ္စလေး တစ်ခု ရှိတယ်နော်။ ဒါကတော့ ကလေးကို မွေးဖွားချိန်မှာ အာဟာရ ပြည့်ဝတဲ့ နို့ဦးရည် ရပါ့မလား။ ကလေးအတွက် လုံလောက်တဲ့ မိခင်နို့ရည် ပြည့်ပြည့်ဝဝ ရရှိပါ့မလား ဆိုတာဟုတ်။  ဒီစိတ်ပူမှုတွေက မိခင်တိုင်း အထူးသဖြင့် ဘေဘီလေးကို ပထမဆုံး မွေးဖွားမယ့် မေမေတွေမှာ ပိုအဖြစ်များပါတယ်။ ဒီလိုမျိုး နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ပြင်ဆင်ပေးလို့ ရပါတယ်နော်။ နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ လို့ ဘယ်လို ပြင်ဆင်ပေးရမလဲဆိုတာကို  အခုတစ်ခေါက် ပြောပြပေးသွားဖို့ ရှိနေပါတယ်။ နို့ဦးရည် အရေးကြီးသလား! နို့ဦးရည်ဆိုတာက ကလေးမီးဖွားပြီးချိန်မှာ ပထမဆုံး ထွက်လာတဲ့ နို့ရည်ပါ။ နို့ဦးရည်က ကိုယ်ဝန်ဆောင်ချိန် ကတည်းက ဖြစ်ပေါ်နေတဲ့ မိခင်နို့ရည် တစ်မျိုးပါ။ ကလေးရဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ

မိခင်နို့တိုက်နေတဲ့ အချိန်မှာ တစ်ခုခုစားတိုင်း မိခင်အတွက် အာဟာရဖြစ်ရဲ့လား၊ ကလေးအတွက်ရော အန္တရာယ်ကင်းရဲ့လားဆိုတာကို ထည့်ပြီး စဉ်းစားဖို့ လိုပါတယ်။ ဒီနေရာမှာ အစွန်းရောက်တဲ့ မေမေနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က အကုန်တည့်တယ်ဆိုပြီး စားချင်တာ စားတဲ့ မေမေရယ်၊ ဘာမှမစားရဲဘဲ အမြဲတမ်း အစားရှောင်တဲ့ မေမေရယ်ပေါ့။ သူတို့ နှစ်ယောက်လုံးရဲ့ ကလေးတွေက လိုအပ်တဲ့ အာဟာရတွေရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ နဲ့ ပတ်သက်ပြီး ဘာတွေက လွဲနေလဲဆိုတာကို သိထားဖို့ လိုပါတယ်။ နို့တိုက်မိခင်တွေ အာဟာရပြည့်ဝဖို့ ဘာကြောင့်လိုအပ်တာလဲ မိခင်တွေ ကျန်းကျန်းမာမာနဲ့ ကလေးကို နို့တိုက်နိုင်ဖို့ဆိုရင် ကိုယ်တိုင်ကလည်း အာဟာရပြည့်ဝနေဖို့ လိုပါတယ်။ အထူးသဖြင့် မွေးပြီးကာစအချိန်မှာဆိုရင် အားနည်းပြီး ခုခံအားလည်း ကျနေနိုင်တဲ့အတွက် ဒီလိုအချိန်ဆို ပိုပြီးတောင် ဂရုစိုက်ဖို့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ

ကလေးငယ်တွေအတွက် မိခင်နို့က အာဟာရအရှိဆုံးပါ။ အာဟာရရှိရုံတင်မကပါဘူး။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒါကြောင့် ကလေးကို အနည်းဆုံး အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ တိုက်တွန်းတာပါ။ ဒါပေမဲ့ ကလေးတွေက ၆လပြည့်လည်း နို့မပြတ်သေးရင် ဆက်တိုက်လို့ရပါတယ်။ ဒါဆို ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ ၊ ကောင်းကျိုးဆိုးကျိုးဘာတွေ ရှိလဲဆိုတာ ပြောပြပေးပါမယ်။ ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ ဒီဘက်ခေတ်မှာ မိခင်တွေက လုပ်ငန်းခွင်လာတာကြောင့်ရော၊ ဖော်မြူလာနို့မှုန့်တွေ များများထွက်လာတာကြောင့်ရော အမေတွေက နို့စောစောဖြတ်ဖို့ ဒါမှမဟုတ် လုံးဝမတိုက်ဖို့ ဆုံးဖြတ်လာကြပါတယ်။ ဒါပေမဲ့ မိခင်နို့က ကလေးငယ်များအတွက် အကောင်းဆုံးဖြစ်တာကြောင့် တိုက်ဖြစ်အောင် တိုက်ဖို့ နှိုးဆော်နေကြတာပါ။ အနည်းဆုံး ကလေးအသက် ၆လအထိတော့ မိခင်နို့တိုက်ကြပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပေးထားပါတယ်။ ဒါက အနည်းဆုံး […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ

မိခင်နို့အတွက် နို့တိုက်ဖို့ အကောင်းဆုံးအချိန်က မွေးပြီးပြီးချင်းပါ။ မွေးပြီး ၁နာရီအတွင်းမှာ နို့တိုက်တာက မိခင်ရဲ့ သားအိမ်ကျုံ့အားကို ကောင်းစေသလို ကလေးကိုလည်း လိုအပ်တဲ့ အာဟာရတွေ စပြီး ရရှိစေပါတယ်။ ဒါပေမဲ့ မိခင်တိုင်းက ကလေးမွေးပြီးတာနဲ့ နို့တန်းထွက်ကြတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံပေးချင်ပါတယ်။ ဘာကြောင့် ကလေးမွေးပြီးပြီးချင်းမှာ နို့မထွက်ရတာလဲ။ ကလေးမွေးပြီးတာနဲ့ နို့တိုက်တာက ဒီလောက်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ကလေးက နို့မစို့တတ်တာ၊ မိခင်က နို့မတိုက်တတ်တာအပြင် အကြောင်းအရာပေါင်းများစွာကြောင့် နို့မထွက်တဲ့ ပြဿနာကို ကြုံရနိုင်ပါတယ်။ တချို့ကျတော့လည်း အောက်ပါအကြောင်းရင်းတွေကြောင့် နို့ထွက်နည်းတတ်ပါတယ်။ ကလေးကို လမစေ့ဘဲ မွေးတော့ မွေးပြီးပြီးချင်းမှာ အထူးကြပ်မတ်ဆောင်ကို ပို့လိုက်ရတာကြောင့် နို့မတိုက်လိုက်ရတာ၊ ဒါကြောင့် နို့မထွက်တာ အမေမှာ ဆီးချို ဒါမှမဟုတ် သားဥအိမ်အရည်အိတ်တည်တဲ့ ရောဂါစု […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း