ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

တကယ်တော့ ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း က မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုအပေါ်မှာ မူတည်နေပါတယ်။ ကလေးတွေဆိုတာ မိဘတွေ ထားရာနေ၊ ကျွေးတာစား၊ သင်ပေးတဲ့အတိုင်း ကြီးပြင်းလာရတာမလား။ ကလေးတစ်ယောက် ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ တစ်နည်းအားဖြင့် ဦးနှောက်လည်း ဖွံ့ဖြိုး၊ ခန္ဓာကိုယ်လည်း ဖွံ့ဖြိုးစေဖို့ မိဘတွေ ဘယ်လိုများ စောင့်ရှောက်ကြရင် ကောင်းမလဲ။ ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း ကို စတင်လှမ်းလျှောက်နိုင်ဖို့ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဆိုတာ ကလေးလေး ပေါင်ချိန်တက်လာတာနဲ့တင် မပြီးသေးပါဘူး။ သူ့အရွယ်အလိုက် milestonesတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုတွေ ရှိဖို့ လိုသလို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့လည်း လိုသေးတယ်မလား။ ဒီလိုဆိုတော့ ကလေးတစ်ယောက်ကို ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရအောင် လုပ်ရတာ မလွယ်ပါလားလို့ မေမေတို့ တွေးမိကြတယ်ဟုတ်။ ဒါတွေကို တစ်ခုချင်းဆီ ရှင်းပြသွားမှာမို့လို့ ဆောင်းပါးအဆုံးကျရင် မေမေတို့ ဘာလုပ်ရမလဲဆိုတာ […]

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

နှစ်တစ်နှစ်တာရဲ့ ၇ လမြောက်ဖြစ်တဲ့ ဇူလိုင်လက လူတိုင်းလိုလို သဘောကျကျတဲ့ ကံကောင်းစေတဲ့ နံပါတ် ၇ ကို ပိုင်ဆိုင်ထားတဲ့ လလေးပါ။ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ ဇူလိုင်လမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဇူလိုင်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ အကောင်းမြင်တတ်ကြပါတယ် ဇူလိုင်လမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေက အကောင်းမြင်တတ်ကြသူလေးတွေပါ။ အခြေအနေတိုင်းမှာ အတော်လေး အကောင်းမြင်တတ်ကြပါတယ်တဲ့။ အဆိုးတွေကို လျစ်လျူရှု့ရင်း အကောင်းတွေကိုပဲ ရွေးပြီး မြင်တတ်ကြသူလေးတွေပါ။ ဆိုးရွားတဲ့ အခြေအနေတွေကို ရယ်ရွှင်ဖွယ်ရာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဇွန်လဆိုတာက နှစ်တစ်နှစ်တာရဲ့ တဝက်တိတိရောက်နေပြီဖြစ်တဲ့ လတစ်လပါ။ ဇွန်လက မိုးဦးကျ ကာလပါ။ အပူတွေလျော့ပြီး အေးမြမှုတွေကို ယူဆောင်လာတဲ့ လတစ်လပေါ့။ မြန်မာနိုင်ငံလို စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံအတွက် အရေးပါတဲ့ လတစ်လပါ။ ဒီလိုမျိုး အေးမြမှုတွေကို ယူဆောင်လာတဲ့ ဇွန်လမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဇွန်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ ရောဂါကြီးကြီးမားမား မရှိကြပါဘူး ဇွန်လက ပူပြင်းမှုတွေကို လျော့ကျစေတာကြောင့် ကျန်းမာ​ရေး ထိခိုက်နိုင်ခြေ နည်းပါတယ်။ ကျန်းမာရေး ပြင်းပြင်းထန်ထန် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မေလဆိုတာက နှစ်တစ်နှစ်တာရဲ့ ၅ လမြောက် လပါ။ နွေရာသီကုန်ဆုံးခါနီး လတစ်လဆိုလည်း ဟုတ်ပါတယ်။ နွေရာသီရဲ့ အပူဒဏ်တွေ လျော့လာတဲ့ လတစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို နွေအကုန် မိုးအကူးလတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ ရောဂါဖြစ်နိုင်ခြေ နည်းကြသူလေးတွေပါ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ရောဂါ ဖြစ်နိုင်ခြေ နည်းပါတယ်။ ရောဂါဖြစ်နိုင်ခြေ နည်းပေမယ့် သူတို့လေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကိုတော့ ခံစားရနိုင်ခြေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲတော်ရှိတဲ့ ဧပြီလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ်ထားတဲ့ လလေး တစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို အရေးပါတဲ့ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးက ကမ္ဘာ့ရေးရာ ပြဿနာတွေကို  သူမတူတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြလေ့ရှိကြသူတွေပါ။ မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ ဦးဆောင်မှုလုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝကြသူလေးတွေပါ ဧပြီလဖွား ဘေဘီလေးတွေက လူအစုအဖွဲ့တွေ၊ သူငယ်ချင်း အုပ်စုတွေကို ဦးဆောင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေကြသူလေးတွေပါ။ သူတို့လေးတွေဟာ သူတို့ အနီးဝန်းကျင်ကသူတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ

ဖေဖော်ဝါရီလဆိုတာက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လပါ။ အခြားလတွေထက် နွေးထွေးပျော်ရွှင်မှုတွေကို ခံစားရတဲ့ လတစ်လပေါ့။ နောက်တစ်ချက်က ဖေဖော်ဝါရီလဆိုတာက နှစ်တစ်နှစ်တာမှာ ကာလအတိုဆုံးလ တစ်လပါ။ ၂၈ ရက်သာ ပါရှိပြီး ရက်ထပ်နှစ်ဖြစ်မှ ၂၉ ရက်ပဲ ရှိတဲ့ လတစ်လပါ။ ဒီလို ရက်အတိုင်းအတာက တိုပေမယ့် ချစ်ခြင်းမေတ္တာ အပါအဝင် အရာရာက နည်းပါးတယ် ရှားပါးတယ်တော့ မရှိပါဘူး။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကတော့ စကားပြော ပြတ်သားပြီး ရိုးသားကြသူတွေပါ ဖေဖော်ဝါရီလဖွားလေးတွေက လိမ်မပြောတတ်ကြတဲ့ လူဖြောင့်တွေပါ။ မုသားမပါ လင်္ကာမချောဆိုတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မတ်လဆိုတာက နှစ်တစ်နှစ်ရဲ့ တတိယမြောက် လပါ။ နွေဦးရာသီလေးပေါ့။ ရာသီ အကူးအပြောင်းမှာ မွေးတဲ့ ဘေဘီလေးတွေပေါ့။ ဒီလို အကူးအပြောင်းလလေး ဖြစ်တဲ့ မတ်လမှာ မွေးဖွားထားတဲ့ ဘေဘီလေးက ဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ အလိုလို သိစိတ်ရှိကြသူလေးတွေပါ လူတိုင်းရဲ့ စိတ်ကို ဖတ်နိုင်ကြသလို အရာရာကို အလိုလို သိစိတ် ရှိနေကြသူလေးတွေပါ။ မတ်လဖွား ဘေဘီလေးတွေက ဉာဏ်ကောင်းကြပါတယ်။ သူတို့လေးတွေကို အခြားသူတွေက အရူးလုပ်ခံရမှာကို မပူရပါဘူး။ ဦးဆောင်နိုင်ကြသူလေးတွေပါ မတ်လဖွား ဘေဘီလေးတွေက ဦးဆောင်ဦးရွက် ပြုနိုင်ကြသူလေးတွေပါ။ သူတို့တွေက ဘဝမှာ အောင်မြင်ဖို့ လိုလားကြသူတွေပေါ့။ သူတို့လေးတွေဟာ သူငယ်ချင်းတွေ ကြားမှာရော မိသားစုဝင်တွေထဲမှာပါ ဦးဆောင်ဦးရွက် ပြုတတ်ကြတဲ့ သူတွေပါ။ […]


ကလေးငယ်ပထမနှစ်

သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ!

သားသားမီးမီးတို့ကို စိတ်ကူးဉာဏ်ရင့်သန်စေချင်တယ်။ တီထွင်ဖန်တီးမှု ကောင်းသူလေးတွေ ဖြစ်စေချင်တယ်ဆိုရင်တော့ ငယ်စဉ်ကတည်းက right brain development လုပ်ဆောင်ပေးဖို့က မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ ဘေဘီလေးရဲ့ right brain development အတွက် ဘာတွေများလုပ်ပေးလို့ရမလဲဆိုတာကို သိချင်နေပြီလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ မေမေဖေဖေတို့ရေ ..... ဒီလိုပြောရတာက ဆောင်းပါးလေးထဲမှာ သားသားမီးမီးတို့ right brain development အတွက် ဘာလုပ်ပေးကြမလဲ ဆိုတာကို ပြောပြပေးမှာ မို့လို့ပါပဲ။ အတူတူ ကြည့်လိုက်ကြစို့နော်။ သားသားမီးမီးတို့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဖေဖေမေမေတို့ သိထားဖို့လိုမယ့် အချက် သားသားမီးမီးလေးတွေဟာ သူတို့လေးတွေရဲ့ မွေးစကနေ အသက် ၆ နှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၉၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးကြပါတယ်။ ဒါကြောင့်ပဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဇန်နဝါရီလ ဆိုတာက နှစ်တစ်နှစ်တဲ့ ပထမဆုံးသော လလေးတစ်လပါ။ နှစ်တစ်နှစ်တာရဲ့ အစဖြစ်သလို ဆုံးဖြတ်ချက်အသစ်တွေ၊ ကတိကဝတ်အသစ်တွေနဲ့ အသစ်အသစ်သောအရာတွေကို ချမှတ်လုပ်ဆောင်ကြတဲ့ လလေးတစ်လပါ။ ဒီလို အသစ်အသစ်တွေကို လုပ်ဆောင်ကြတဲ့ ဇန်နဝါရီလမှာ မွေးဖွားထားတဲ့ ဘေဘီလေးက ဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ သူတို့လေးတွေက ရယ်ရွှင်ဖွယ်ရာ ကလေးလေးတွေပါ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ကလေးလေးတွေက အတော်လေးကို ရယ်စရာတွေ ဖန်တီးနိုင်ကြပါတယ်။ သူတို့နဲ့နေရင်  ဘယ်တော့မှ မပျင်းရပါဘူး။ ဇန်နဝါရီလဖွား ကလေးလေးတွေက ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်သလို နှစ်လိုဖွယ်ကောင်းတဲ့ ကလေးလေးတွေပါတဲ့။ အခြားသူတွေကိုလည်း ပျော်ရွှင်စေဖို့ လုပ်ဆောင်ပေးပါတယ်တဲ့။ အပြုသဘောရှိကြတယ် ဇန်နဝါရီလဖွား ဘေဘီလေးတွေက အခြားလဖွား ကလေးလေးတွေထက်စာရင် အပြုသဘောဆောင်ကြပါတယ်။ သူတို့လေးတွေက ဆောင်းရာသီရဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား

ရေနွေးကြမ်းက ဘေဘီလေးတွေနဲ့ မသက်ဆိုင်တဲ့ သောက်စရာ တစ်ရပ်ဆိုပေမယ့် ဖိုးဖိုးဖွားဖွားတွေနဲ့ ကြီးပြင်းတဲ့ ဘေဘီလေးတွေမှာတော့ ရေနွေးကြမ်းသောက်တာက သိပ်ပြီး မစိမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ရေနွေးကြမ်းထဲမှာမှ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ဆေးဖက်ဝင်တဲ့ ရေနွေးကြမ်းတွေက ဘေဘီလေးကို ကျန်းမာစေမလားဆိုပြီး မေမေတွေကိုယ်တိုင် တိုက်မိနိုင်တာမျိုးပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး နဲ့ ရေနွေးကြမ်းက တည့်လား ..... ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ...... ဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ..... ဆိုတော့ ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ တိုက်လို့ရပါတယ်။ ဒါကလည်း အများကြီးတော့ တိုက်လို့ မရပါဘူး။ အနည်းအကျဉ်းပဲ တိုက်လို့ ရမှာပါ။  မတိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ကလေးက အသက် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား

ထမင်းရည် သောက်ပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာကို လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ ထမင်းရည်မှာ အာဟာရ ပြည့်ဝစွာ ပါဝင်နေလို့ပါပဲ။ ထမင်းရည်က အာဟာရပြည့်တယ်ဆိုတော့ လူကြီးတွေ သောက်လို့ရတာကတော့ ဟုတ်ပါပြီ။ ဘေဘီလေးကို ထမင်းရည် တိုက်လို့ ရမလား ..... ဆိုပြီး သိချင်နေပြီလား မေမေ ....... ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ထမင်းရည် ဆိုတာ ထမင်းရည်ဆိုတာ ဆန်ကို ရေစင်အောင်ဆေးပြီး ရေထည့်လို့ ထမင်းချက်တဲ့အခါ ထမင်းဖြစ်ပြီဆိုရင် ငှဲ့ချလိုက်ရတဲ့ အရည်ပါ။ ထမင်းကို ပေါင်းအိုးနဲ့ တည်တာမဟုတ်ဘူးဆိုရင် ထမင်းရည်ကို ရင်းနှီးပြီး ဖြစ်မှာပါ။ ထမင်းရည်မှာ ထမင်း [ဆန်] မှာပါတဲ့ အဆီအနှစ် တော်တော်များများ ပါဝင်နေတာကြောင့် ထမင်းနီးပါး အာဟာရကြွယ်တဲ့ သောက်စရာပါ။ သောက်ရတာ လွယ်ကူသလို အာဟာရ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)