ဒါကြောင့် နို့ဦးရည် အာဟာရပြည့်ဝစေဖို့ မိခင်က အစားမရှောင်ရပါဘူး။ အသား၊ ငါး၊ အသီးအရွက်၊ ဥ၊ နို့ စတာတွေကို စုံစုံလင်လင်နဲ့ ပြည့်ပြည့်ဝဝ စားပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကနေမှ မိခင်တွေလည်း လက်လှမ်းမီ၊ သိပ္ပံနည်းကျ အတည်ပြုထားပြီး နို့ဦးရည်ကို အာဟာရပြည့်ဝစေတဲ့ အစားအစာတွေကို ပြောပြပေးပါမယ်။
- ကြက်ပေါင်းရည် (Chicken essence)
ဒီကြက်ပေါင်းရည်က အိမ်မှာ ကြက်ကို အကောင်လိုက် ပေါင်းပြီး ထွက်လာတဲ့အရည်ကို သောက်တာနဲ့ နည်းနည်းတော့ ကွဲပြားပါတယ်။ အိမ်မှာ အကောင်လိုက်ပေါင်းမယ်ဆိုရင် အရည်ကို သောက်ရုံတင်မကဘဲ ကြက်သားကိုပါ စားမှ အာဟာရရမှာပါ။ အရည်ချည်းပဲဆိုရင် အာဟာရသိပ်မပါပါဘူး။
Chicken essence ဆိုတာကတော့ ကြက်သားထဲက အာဟာရအဆီအနှစ်တွေကို အဆင့်မြင့်နည်းပညာနဲ့ extractလုပ်ပြီး အရည်အနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒီအရည်ထဲမှာပဲ ကြက်သားထဲက အာဟာရတွေ အကုန်ပါတယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် essenceလို့ ခေါ်တာပါ။
Journal of Nutritional Biochemistryက ထုတ်တဲ့ လေ့လာချက်တစ်ခုမှာ အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ချိန် ၃၇ပတ်လောက်ကနေ မွေးပြီး ၃ရက်လောက်အထိ Chicken essenceကို တစ်ရက်၃ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ နို့ဦးရည်မှာ Epidermal growth factorက ၂၃၆%ထိ ပိုများတာကို တွေ့ရပါတယ်။
Chinese Journal of Practical Gynecology and Obstetricsရဲ့ လေ့လာချက်မှာလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးမွေးပြီးစရက်တွေမှာ Chicken essenceကို တစ်ရက်၂ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အရ သူတို့တွေဟာ သာမန်စွပ်ပြုတ်၊ ဆေးမြစ်ပြုတ်တွေ သောက်သူတွေထက် နို့ထွက်နှုန်း သိသိသာသာ ကောင်းတာကို တွေ့ရပါတယ်။
ဆိုလိုတာက Chicken essenceက နို့ဦးရည်က အာဟာရကိုရော၊ နို့ထွက်နှုန်းကိုပါ ကောင်းစေတာ ဖြစ်ပါတယ်။
အုတ်ဂျုံက နို့ထွက်နှုန်းကို ကောင်းစေပါတယ်။ ဒါ့ပြင် သူ့မှာ နို့တိုက်မိခင်နဲ့ ကလေးတွေ လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်နေပါတယ်။
သံဓာတ်နည်းတဲ့အခါ နို့ထွက်နှုန်းပါ နည်းသွားတဲ့အတွက် နို့တိုက်မိခင်တွေ နို့ထွက်ကောင်းချင်တယ်ဆိုရင် စားပေးသင့်ပါတယ်။ ဒါ့ပြင် ကလေးမွေးထားလို့ သံဓာတ်ဆုံးရှုံးနေတာကိုလည်း အထောက်အကူဖြစ်မှာပါ။
အမျှင်ဓာတ်ပါဝင်တာကြောင့် ကလေးမွေးပြီးစအချိန်မှာ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။
နှမ်းစေ့၊ နှမ်းကြတ်စေ့၊ ဗာဒံစေ့ စတာတွေမှာ ကျန်းမာစေတဲ့ အဆီတွေ၊ ပရိုတင်းနဲ့ အဆီဓာတ်တွေ ပါဝင်တဲ့အတွက် နို့ဦးရည်ကို အာဟာရပြည့်ဝစေပါတယ်။ တချို့အစေ့တွေ (ဥပမာ နှမ်းစေ့)မှာဆိုရင် phytoestrogensလို့ခေါ်တဲ့ အီစထရိုဂျင်တစ်မျိုးပါတဲ့အတွက် မိခင်နို့ထွက်နှုန်းကိုလည်း ကောင်းစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။