backup og meta

Premium

အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့ သားဦး ကလေးလေးတွေ ဖြစ်ကြတဲ့ အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ 

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    အကြီးဆုံး ကလေးလေးဆိုတာ 

    အကြီးဆုံး ကလေးလေးဆိုတာက အပေါ်မှာ ပြောခဲ့သလို ဖေဖေမေမေတို့ရဲ့ ပထမဦးဆုံး သားဦး ကလေးလေးကို ဆိုလိုချင်တာပါ။ သက်ဦးလေးတွေလို့လည်း ခေါ်ကြပါတယ်။ ဒီလို စီနီယာအရ အစောဆုံးဖြစ်တဲ့ ကလေးလေးတွေ ကို အကြီးဆုံး ကလေးလေးတွေလို့ ခေါ်ကြတာပါ။ 

    အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    အကြီးဆုံး ကလေးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့

    • ကြီးစိုးခြယ်လှယ်တတ်ကြတယ်

    အကြီးဆုံးသော ကလေးလေးတွေက အငယ်တွေအပေါ်မှာ ကြီးစိုးကြပါတယ်။ အငယ်တွေအပေါ်မှာ ကြီးစိုးခြယ်လှယ်နိုင်ကြပါတယ်။ အငယ်တွေအပေါ်မှာ ဩဇာညောင်းတတ်ကြသလို အခြားသူတွေ အပေါ်မှာလည်း လွှမ်းမိုးတတ်ကြပါတယ်။ 

    • ဦးဆောင်တတ်ကြတယ်

    အကြီးဆုံး ကလေးလေးတွေက မွေးချင်း အငယ်လေးတွေကို ဦးဆောင်တတ်ကြသလို မိတ်ဆွေအပေါင်းအသင်းတွေကြားမှာလည်း ဦးဆောင်ဦးရွက် ပြုတတ်ကြပါတယ်။ ခေါင်းဆောင်ကောင်း အများစုက အကြီးဆုံး ကလေးလေးတွေပါတဲ့။

    • ကာကွယ်ပေးတတ်ကြတယ်

    အကြီးဆုံး ကလေးလေးတွေက အငယ်လေးတွေကို ဂရုစိုက်ဖို့ ငယ်ငယ်ကတည်းက တာဝန်ယူတတ် ကြပါတယ်။ အငယ်လေးတွေအပေါ်မှာ ဩဇာသက်ရောက်မှု ရှိသလို ကိုယ့်ထက်ငယ်တဲ့ ကလေးလေးတွေကိုလည်း ကာကွယ်ပေးတတ်ကြပါတယ်။ ဒီလိုမျိုး ကာကွယ်ပေးတတ်တာကလည်း အကြီးဆုံး ကလေးလေးတွေရဲ့ မွေးရာပါ ဗီဇလေးလို့ပဲ ဆိုရပါမယ်။ 

    • အရမ်းကို ပြီးပြည့်စုံချင်တတ်ကြတယ်

    အကြီးဆုံး ကလေးလေးတွေက မိဘတွေရဲ့ မျှော်လင့်ချက် ကြီးတာကို ခံကြရတာကြောင့် သူတို့လေးတွေက အမြဲလိုလို အရာရာကို ပြီးပြည့်စုံဖို့ ကြိုးစားနေတတ်ကြပါတယ်။ ပညာရေးမှာ ဖြစ်ဖြစ်၊ အားကစားမှာ ဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်း အလုပ်တွေမှာ ဖြစ်ဖြစ်ပါ။ ဒီလိုမျိုး ရည်မှန်းချက် ကြီးကြီး ထားခံရမှုကပဲ သူတို့ကို အရမ်းပြီးပြည့်စုံချင်တဲ့ စိတ်အစဉ်ကို ဖြစ်စေတာပါပဲ။ 

    • တာဝန်ယူတတ်ကြတယ် 

    ငယ်စဉ်အရွယ်ကတည်းက မေမေဖေဖေတို့က ညီလေး ညီမလေးတွေ အလုပ်ကိစ္စတွေနဲ့ များနေချိန်မှာ ကိုယ်နိုင်ရာကို ကိုယ်တာဝန်ယူ လုပ်ဆောင်ခဲ့ရတာက အကြီးဆုံး ကလေးလေးတွေပါ။ မောင်နှမ များမယ်ဆိုရင်တော့ အခြား အငယ်လေးတွေရဲ့ တာဝန်ကိုပါ ယူရပါသေးတယ်။ ဒီလို တာဝန်ယူတတ်မှု ကပဲ အကြီးဆုံး ကလေးလေးတွေကို တာဝန်ယူတတ်တဲ့သူတွေအဖြစ် ကြီးပြင်းလာစေတာပါ။ 

    • ဆုံးဖြတ်နိုင်စွမ်း ရှိကြတယ်

    အကြီးဆုံး ကလေးလေးတွေက ကိုယ်တိုင် ကိစ္စတွေအတွက်ကိုဖြစ်ဖြစ် အခြားမွေးချင်းတွေရဲ့ ကိစ္စအဝဝကိုလည်း ဆုံးဖြတ်နိုင်စွမ်း ရှိကြပါတယ်။ သူတို့လေးတွေက ဆုံးဖြတ်ချက်ချဖို့ မနှောင့်နှေးကြသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ကြပါတယ်။ 

    • ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်

    အကြီးဆုံး ကလေးလေးတွေက အခြား စီနီယာမှာ မွေးတဲ့ ကလေးလေးတွေထက် ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကြပါတယ်။ တစ်ခုခုကို အောင့်အည်းထားတာ မြိုသိပ်ထားတာမျိုး ဖြစ်ခဲပြီး ကျေနပ်ခြင်း မကျေနပ်ခြင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ဖြေရှင်းတတ်ပြပါတယ်။ 

    • ရည်မှန်းချက် ကြီးကြတယ်

    အကြီးဆုံး ကလေးလေးတွေက မိဘတွေရဲ့ ရည်မှန်းချက် ကြီးကြီး ထားခံရသူတွေပီပီ သူတို့လေးတွေ ကိုယ်တိုင်ကလည်း ရည်မှန်းချက် ကြီးကြပါတယ်။ အခြား ကလေးတွေထက် မိဘတွေက ပိုအားကိုးတာကို ခံရမှုကလည်း သူတို့လေးတွေကို ရည်မှန်းချက် ကြီးတဲ့သူလေးတွေအဖြစ် ကြီးပြင်း အရွယ်ရောက်လာစေတာပါ။ 

    • ခေါင်းမာကြတယ်

    အကြီးဆုံး ကလေးတွေက အခြားသောမွေးချင်းတွေ မွေးမလာခင်မှာ မိဘတွေရဲ့ အာရုံစိုက်မှု၊ အလိုလိုက်မှုတွေကို ပြည့်ပြည့်ဝဝ ရရှိထားကြပါတယ်။ ဖေဖေမေမေတို့ကလည်း သူတို့လေးတွေကို စိတ်တိုင်းကျ လုပ်ဆောင်ခွင့်လည်း ပေးထားတတ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့လေးတွေ ခေါင်းမာစွာနဲ့ ကြီးပြင်းအရွယ်ရောက်လာကြပါတယ်။ 

    • စပ်စုတတ်ကြတယ်

    အကြီးဆုံးလေးတွေမှာ တွေ့ရတဲ့ နောက်ထပ် ကိုယ်ရည်ကိုယ်သွေး တစ်ခုကတော့ အရာရာကို သိချင်စိတ် ထက်သန်ပြီး စပ်စုတတ်ကြတာပါတဲ့။ ငယ်စဉ်ကတည်းက မိဘတွေက အရာရာကို အသိပေးတတ်မှုကြောင့်ပဲလားတော့ မသိ အကြီးဆုံးလေးတွေက အရာရာတိုင်းကို သိချင်စိတ်ပြင်းပြတဲ့ စပ်စုစိန်လေးတွေအဖြစ် ကြီးပြင်းလာကြပါတယ်။ 

    ကလေးလေးတိုင်းမှာ ကိုယ်ရည်ကိုယ်သွေး မျိုးစုံရှိကြပါတယ်။ အကြီးဆုံးလေးတွေမှာတော့ အခုပြောပြခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ကြတယ်ဆိုပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement