ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို Diaper လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့

ဘေဘီလေးကိုပြုစုရတာ လွယ်ကူတယ်တော့မဟုတ်လှပါဘူး။ ဒီလိုပြုစုမှုတွေထဲမှာ မသိလိုက်ဘဲ အမှားလုပ်မိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို Diaper  လဲပေးတဲ့အခါ လုပ်မိနေနိုင်တဲ့ အမှားတွေအကြောင်းပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို Diaper (သေးခံ) လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့ ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ သတိမထားမိလိုက်ဘဲ ဒီလိုအမှားတွေလုပ်မိနေနိုင်ပါတယ်။ အဆင်သင့်မပြင်ထားမိတာ ဘေဘီလေးအတွက်သေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကို အဆင်သင့်မပြင်ထားမိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကိုခြင်းတစ်ခုတည်းမှာ စုစည်းထည့်ထားပါ။ပြီးရင် လိုအပ်မယ့်ပစ္စည်းတွေကို လက်လှမ်းမီတဲ့နားထိယူပြီးမှ ကလေးကိုသေးခံလဲပေးပါ။ ဒီလိုအသင့်ပြင်ထားမှုက ကလေးကို မတော်တဆလိမ့်ကျတာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါ။ သေးခံကိုသေချာမဝတ်ပေးမိတာ ဒါက အသစ်စက်စက်မိဘတွေမှာဖြစ်တတ်ပါတယ်။ ကလေးကိုနေရတာ သက်သောင့်သက်သာမဖြစ်မှာစိုးပြီး ခပ်လျော့လျော့လေးဝတ်ပေးမိတာ၊ ဒါမှမဟုတ်လျော့ကျနေမှာစိုးပြီး ခပ်တင်းတင်းဝတ်ပေးမိတာမျိုးပေါ့။သေးခံကို ခပ်တင်းတင်းဝတ်ပေးမိတာက ကလေးရဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီးသေးခံကြောင့် အရေပြားပွန်းနိုင်ခြေများစေနိုင်ပါတယ်။ ဘေဘီလေးကို သန့်ရှင်းပေးတဲ့နည်းလမ်းမမှန်တာ သေးခံလဲပေးဖို့အတွက် ဘေဘီလေးကို သန့်ရှင်းပေးတဲ့အခါ ရေစွတ်ထားတဲ့ ဂွမ်းစ ဒါမှမဟုတ် wet tissues ကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေအတွက် အကောင်းဆုံးအာဟာရရရှိဖို့ ဖြည့်စွက်စာကိုဘယ်လိုပြင်ဆင်ပေးသင့်လဲ

ဘေဘီလေးတစ်ယောက်ကို ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ဒီစိတ်ကူးအိပ်မက်ပြည့်ဝဖို့က ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်လုပ်ဆောင်ယူရမှာပါ။ ဒီဆန္ဒလေးပြည့်ဝဖို့ ဘာတွေများလိုမယ်ထင်လဲ။ အတူတူကြည့်လိုက်ကြရအောင် မေမေတို့ရေ... မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ အခြေခံအားဖြင့် အချက်နှစ်ရပ်ပြည့်စုံဖို့လိုပါမယ်။ ဒါတွေကတော့ အာဟာရပြည့်ဝတဲ့အစားအစာတွေ ရွေးချယ်ပေးမှု နဲ့ အာဟာရပြည့်ဝအောင်ပြင်ဆင်ချက်ပြုတ်ပေးမှုပါ။ ဘေဘီလေးအတွက် အာဟာရပြည့်ဝစေမယ့် အစားအစာတွေကဘာတွေများလဲ...... ဘေဘီလေးတွေက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အရွယ်ပါ။ ဒါကြောင့် အာဟာရလုံလောက်ပြည့်ဝအောင်ရရှိဖို့လိုပါမယ်။ ဘေဘီလေးတွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့အာဟာရတွေကို ငယ်စဉ်အရွယ်မှာ လုံလောက်စွာရရှိပါမှ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်နိုင်မှာပါ။ ဒီတော့ဘာတွေကျွေးရမလဲ။ မွေးစကနေ ၆ လအထိကတော့  မေမေကအာဟာရပြည့်ဝအောင်စားသုံးပြီး မိခင်နို့ရည်များများတိုက်ပေးရမှာပါ။ ဒီလိုကနေ ၆ လပြည့်ပြီးတဲ့အခါ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေဖို့ အစားအစာတွေကို ဂရုစိုက်ရွေးချယ်ရမှာဖြစ်ပါတယ်။ ထမင်း - ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့  ကစီဓာတ်ကို အပြည့်အဝရရှိစေနိုင်ပါတယ်။ ထမင်းကိုသေချာလေးကြိတ်ခြေပြီး ကျွေးပေးလို့ရပါတယ်။ ကြက်သား - ပရိုတင်းဓာတ်ကြွယ်ဝပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတို့ရဲ့သင်္ကြန် ဘေးကင်းပျော်ရွှင်ရစေဖို့

ဧပြီလရောက်မှ မဟုတ်ပါဘူး။ သင်္ကြန်ဆိုတဲ့အငွေ့အသက်က မတ်လမကုန်ခင်တည်းက ရှိနေနှင့်ပြီးသားပါ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ အရောင်းအဝယ်တွေစပြီး အလုပ်ဖြစ်နေပြီလေ။ အပျော်ဆုံးကတော့ကျောင်းပိတ်ရက်မှာ သင်္ကြန်ရေဆော့ဖို့စောင့်မျှော်နေကြတဲ့ ကလေးတွေပါပဲ။ရေသေနတ်တွေ၊ရေပြွတ်တွေ အမျိုးစုံအောင် ဝယ်ဖို့ပူဆာကြသလို သင်္ကြန်အတွက် ကြိုရင်ခုန်နေကြတာမြူးကြွလွန်းပါတယ်။ လူတိုင်းလိုလိုရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သင်္ကြန်ရက်တွေလည်းပါခဲ့တာပေါ့။ အကြို၊အကျ၊အကြတ်၊အတက်လေးရက်ကို ရက်ထပ်နှစ်မို့ သင်္ကြန်ငါးရက်ဖြစ်တဲ့နှစ်ဆို ကလေးတွေသိပ်ပျော်ကြတာပဲ။ သင်္ကြန်ရက်တွေကုန်ဆုံးသွားမှာ နှမျောလို့ ညနေစောင်းတာတောင် ရေထဲကကိုမတက်တော့ဘူး။ အိမ်ရှေ့ထွက်ဆော့ရင်း အချိန်ကုန်လို့အိမ်ထဲပြန်ဝင်ဖို့ကိုတောင် မနည်းခေါ်ရတဲ့အထိ။ ကလေးတွေဆိုတာ လူကြီးတွေလို မဏ္ဍပ်ထိုင်လို့မရ၊ကားနဲ့လည်ဖို့ စိတ်မချရတဲ့အရွယ်ဆိုတော့ အိမ်ရှေ့ သို့မဟုတ် ရပ်ကွက်မဏ္ဍပ်မှာပဲ မိသားစုမောင်နှမတွေနဲ့ပျော်ရ၊ရေကစားရတာများပါတယ်။ တချို့မိဘတွေက ကလေးတွေပျော်အောင် အိမ်ကကားနဲ့ခဏထွက်လည်ပေးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် သင်္ကြန်မှာကစားဖို့ ရေကစားဖို့ပစ္စည်းတွေဝယ်ပေးထားရုံ၊ ရေပက်စရာပြင်ပေးထားရုံ၊ရေပက်ခံထွက်ဖို့လိုက်ပို့ရုံနဲ့တော့ ကလေးတွေကိုပျော်ရွှင်စေဖို့ တာဝန်ကျေတာမဟုတ်ပါဘူး။ မိဘတွေအနေနဲ့ သင်္ကြန်မှာပျော်မယ့် ကလေးတွေရဲ့ ကျန်းမာရေး၊ဘေးကင်းလုံခြုံရေး အားလုံးအတွက် သတိမလွတ်ဘဲ ထည့်တွေးထားသင့်ပါတယ်။ အန္တရာယ်ဆိုတာ အများကြီးရယ်။ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား ...... ဖေဖေက Aသွေးပါ။မေမေက Bသွေးပါ။ ဒါပေမယ့် မွေးလာတဲ့ ဘေဘီလေးက Oသွေးဖြစ်နေတယ်။ ဒါက ဖြစ်နိုင်ရဲ့လားလို့ တွေးနေတာလား။ ဒါဆိုရင်တော့ပြောစရာရှိတာက ဖြစ်နိုင်ပါတယ်ဆိုတဲ့ အချက်ပါ။ ဖေဖေက Aသွေး၊ မေမေက Bသွေးဖြစ်နေတာနဲ့ပဲ ဘေဘီလေးက Aသွေး ဒါမှမဟုတ် Bသွေး ဖြစ်နေစရာတော့ မလိုဘူးပေါ့။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို သိချင်တယ်ဆိုရင်သွေးအမျိုးအစားဖြစ်နိုင်ခြေလေးကို အတူတူတွက်ချက်ကြည့်ရအောင်လား။ ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုး ဖြစ်နိုင်လား......... ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား ..... ဆိုတော့ ဘေဘီလေးကဖေဖေမေမေတို့နဲ့ သွေးအမျိုးအစား မတူတာက ဖြစ်နိုင်တဲ့အခြေအနေတစ်ရပ်ပါ။ အကြောင်းကတော့ DNA ကနေပဲ စပြောလိုက်ရအောင်လား။ သက်ရှိတိုင်းမှာ DNA ဆိုတာရှိတယ်။ ဒီ DNA ကပဲ ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားပေးတာပေါ့။ လူတစ်ယောက်မှာ မျိုးဗီဇပေါင်း ၂၀၀၀၀ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား

လူရယ်လို့ ဖြစ်လာရင် အညစ်အကြေးတွေ၊ ပေကျံစေတဲ့ အရာတွေ၊ ရောဂါပိုးတွေကို ကိုင်တွယ်ထိတွေ့မိနိုင်ပါတယ်။ ဒီထိတွေ့မိမှုတွေကြောင့် ရောဂါမဖြစ်စေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ ရိုးစင်းတဲ့ နည်းလမ်းလေး ရှိပါတယ်။ ဒါကတော့ လက်ဆေးတာပါ။ ဒါဆိုရင် မေးစရာ ရှိလာတာက ပက်လက်ကလေးပဲ နေနေရတဲ့ ဘေဘီလေးတွေ နဲ့ အရွယ်မရောက်သေးတဲ့ ဘေဘီလေးကို လက်ဆေး ပေးဖို့ လိုမလားဆိုတဲ့ ကိစ္စပါ။ ဒီအဖြေကို သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘေဘီပိစိ လက်ဆေးဖို့လိုမလား ....... ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား ဆိုတော့ နုနယ်တဲ့ အရွယ်မှာ ထိခိုက်လွယ်တာကြောင့် အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းအရွယ်ရောက် လာမှာပါ။ ဘေဘီလေးတွေက သူတို့ရဲ့ လက်ကလေးတွေနဲ့ ဘာမှ မကိုင်ဘူး ဆိုပေမယ့် ပြင်ပလေထုထဲက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း