backup og meta

Premium

အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့သက်ဦး သားသားမီးမီးတို့ရဲ့ နောက်မှာ မွေးဖွားတဲ့ ကလေးလေးတွေ ဖြစ်ကြတဲ့ အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ 

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    အလတ်လေးတွေဆိုတာ

    အလတ်လေးတွေဆိုတာက ဖေဖေမေမေတို့ရဲ့ ဒုတိယမြောက် ကလေးလေးတွေပေါ့။ သူတို့အထက်မှာ အကြီးတစ်ယောက် ရှိသလို သူတို့အောက်မှာလည်း သူတို့လေးတွေရဲ့ မောင်လေး၊ ညီမလေး၊ ဒါမှမဟုတ် ညီလေး၊ ညီမလေး ရှိနေတတ်ကြတဲ့ ကလေးလေးတွေပေါ့။ အထက် တစ်ယောက် အောက်တစ်ယောက်ကြားမှာ မွေးဖွားလာပြီး အကြီးနဲ့ရော အငယ်နဲ့ပါ အဆင်ပြေအောင် နေတတ်ကြပြီး နောက်မှမွေးလာတဲ့ နို့ညှာကလေးလေးတွေပေါ့။ 

    အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့ 

    • တီထွင်ဖန်တီးဉာဏ် ကောင်းကြတယ်

    ဒုတိယနေရာမှာ မွေးဖွားတဲ့ အလတ်လေးတွေက အကြီးဆုံးတွေ အငယ်ဆုံးလေးတွေထက် တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းကြပါတယ်။ စိတ်ကူးဉာဏ် ပိုရင့်သန်ကြပါတယ်။ 

    • အမှီအခို ကင်းကြတယ်

    အလတ်လေးတွေရဲ့ နောက်ထပ် အားသာချက် တစ်ခုက ငယ်စဉ်ကတည်းက ဖေဖေတွေက အကြီးဆုံးတွေကို ပိုဂရုစိုက်ပြီး မေမေတွေက အငယ်ဆုံးလေးတွေကို ပိုဂရုစိုက်တတ်တဲ့ အခြေအနေမှာ ကြီးပြင်းလာရတာကြောင့် အရာရာကို ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ရင်း အမှီအခို ကင်းသူတွေအဖြစ် ကြီးပြင်းလာတတ်ကြပါတယ်။

    • အောင်မြင်လိုစိတ် ပြင်းပြကြတယ်

    အလတ်လေးတွေရဲ့ နောက်ထပ် အချက်တစ်ခုကတော့ အရာရာကို အောင်မြင်မှုရချင်ကြတာပါ။ အောင်မြင်လိုစိတ် ပြင်းပြကြပြီး အရာရာတိုင်းကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်တတ်ကြတာကလည်း သူတို့လေးတွေရဲ့ အားသာချက် တစ်ခုလို့ပဲ ဆိုရပါမယ်။

    • ပေါင်းသင်းဆက်ဆံရေး ကောင်းကြတယ်

    အကြီးနဲ့ တည့်အောင် ပေါင်းသလို အငယ်ကိုလည်း ညှာတာရမယ်ဆိုတဲ့ အသိကို ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အလတ်လေးတွေက လူတိုင်းနဲ့ တည့်အောင် ပေါင်းတတ်ကြပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတတ်ကြပါတယ်။ သူတို့လေးတွေကို ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် အထူးတလည် သင်ပေးစရာ မလိုအောင်ပါပဲ။ 

    • ငြိမ်းချမ်းရေးသမားတွေပါ

    လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းကြသလို စေ့စပ်ညှိနှိုင်းမှုကိုလည်း ကောင်းကောင်း လုပ်တတ်ကြပါတယ်။ အချင်းများဖွယ်ရာတွေကို ရန်စမထွက်စေဘဲ ဖြေရှင်းတတ်တာကလည်း အလတ် ကလေးတွေရဲ့ စွမ်းရည် တစ်ခုပါ။ သံတမန် လုပ်သင့်သူလေးတွေလို့တောင် တင်စားကြပါတယ်။

    • ဦးဆောင်နိုင်စွမ်း မြင့်ကြတယ်

    အလတ်လေးတွေက အမှီအခို ကင်းရုံတင် မဟုတ်ကြပါဘူး။ အပေါင်းအသင်းတွေကြားမှာလည်း ကောင်းကောင်း ဦးဆောင်နိုင်ကြပါတယ်။ ဘဝလက်တွဲဖော်တွေအပေါ်မှာ သည်းညည်းခံနိုင်စွမ်း မြင့်သလို အကောင်းဆုံး ဦးဆောင်မှုတွေကိုလည်း လုပ်ဆောင်ပေးတတ်ကြပါတယ်။ ခေါင်းဆောင်နိုင်စွမ်းအပြင် စွန့်ဦးတီထွင်လိုစိတ်လည်း ပြင်းထန်ကြပါတယ်။ Winston Churchill၊ Abraham Lincoln၊ Bill Gates နဲ့ Donald Trump တို့က အလတ်လေးတွေပါတဲ့နော်။

  • အလွယ်တကူ လက်ခံခဲတယ်
  • အရာရာတိုင်းကို လက်တွေ့ကျကျ ခံစားတွေးခေါ်တတ်ပြီး အခြားသူတွေရဲ့ အတွေးအမြင် ပြောဆိုမှုတွေကို မဖီဆန် အချင်းမများသော်လည်းပဲ လွယ်လွယ်နဲ့တော့ လက်မခံတတ်ကြပါဘူး။ 

    • ဆုံးဖြတ်နိုင်စွမ်း မြင့်တယ်

    အရာရာတိုင်း အခြေအနေတိုင်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အေးအေးဆေးဆေး ချမှတ်နိုင်စွမ်းကလည်း မွေးရာပါ အားသာချက်ပါ။ အလတ်လေးတွေက အောင်မြင်လိုစိတ် ပြင်းပြကြပေမယ့် အခြေအနေတိုင်းကို အေးဆေးစွာ တွေးတောပြီး အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ကြပါတယ်။

    • သူငယ်ချင်းတွေကို ချစ်ခင်တယ်

    အလတ်လေးတွေက မိသားစုတွေထဲမှာ ဖာသိဖာသာ နေတတ်ပေမယ့် သူငယ်ချင်းတွေ မိတ်ဆွေတွေကိုတော့ ပွင့်လင်းစွာ ဆက်ဆံတတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကို ပုံမှန်ထက် ပိုမို ခင်တွယ်တတ်ကြပါတယ်။ 

    • ဟာသဉာဏ်ရွှင်ကြတယ်

    ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို ပျော်အောင် ထားနိုင်စွမ်းလည်း မြင့်မားကြပါတယ်။ ကိုယ်တိုင်က စိတ်ညစ်နေရင်တောင် အနီးဝန်းကျင်ကသူတွေကို ပျော်ရွှင်နေစေဖို့ ဟာသတွေကို ပြောတတ်ကြတဲ့ အရည်အသွေးတစ်ခုကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်နော်။

    • ဂရုစိုက်ပေးတတ်ကြတယ်

    ပတ်ဝန်းကျင်မှာ ရှိတဲ့ ချစ်ခင်ရတဲ့သူလေးတွေ တစ်ယောက်ချင်းစီကို အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်တာက အလတ်ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါပဲ။ ဒါကြောင့် ချစ်တတ်တဲ့သူတွေအဖြစ် အသိအမှတ်ပြုခံရသူလေးတွေပေါ့။

    ကလေးလေးတိုင်းမှာ ကိုယ်ရည်ကိုယ်သွေး မျိုးစုံရှိကြပါတယ်။ အလတ်လေးတွေမှာတော့ အခုပြောပြခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement