ဒီတော့ ဒီပြဿနာတွေ မဖြစ်အောင် ကိုယ်ဝန်ဆောင်ချိန်တည်းကနေစပြီး ကလေးမွေးပြီးတဲ့အချိန်အထိ နို့ဦးရည် ထွက်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။
ကလေးမွေးပြီးပြီးချင်းမှာ နို့ဦးရည်ထွက်စေဖို့
နို့ဦးရည်က ကိုယ်ဝန်ဆောင်ချိန်တည်းက ဖြစ်နေတာပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ဝန်၁၆ပတ်လောက်ကစပြီး မိခင်နို့ရည် စဖြစ်နေပါပြီ။ ဒါကြောင့် ကလေးမွေးပြီးချိန်မှာမှမဟုတ်ဘဲ ကိုယ်ဝန်ဆောင်ချိန်တည်းကစပြီး နို့ဦးရည် များများထွက်အောင် ပြင်ဆင်ထားလို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ
- အာဟာရပြည့်အောင် စားသောက်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ တတ်နိုင်သမျှ အာဟာရစုံအောင် စားပေးပါ။ နို့ဦးရည်ကို အာဟာရပိုပြည့်ဝစေပြီး အထွက်များစေတဲ့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အုတ်ဂျုံ၊ ကြက်ပေါင်းရည် (Chicken essence) စတာတွေ စားပေးရပါမယ်။ အထူးသဖြင့် မိခင်နို့စဖြစ်တဲ့ ကိုယ်ဝန် ၁၆ပတ်ဝန်းကျင်လောက်ဆို နေ့တိုင်း ဒါတွေပါအောင် စားပေးသင့်ပါတယ်။
- နို့တိုက်နည်းကို သင်ယူပါ။
နို့တိုက်တာက မသင်ထားရင် မတိုက်တတ်ဘူးဆိုတာ တကယ်ပါ။ နို့ရဲ့သဘောက စို့လေ ပိုထွက်လေပါ။ အမေက မတိုက်တတ်ရင်ဖြစ်ဖြစ်၊ ကလေးက မစို့တတ်ရင်ဖြစ်ဖြစ် နို့မဝင်ရင် နို့ထွက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မမွေးခင်တည်းက ကလေးပြုစုနည်း သင်တန်းတွေ တက်ထားပါ။ ဒါမှ ကလေးမွေးတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်တည်းမှာတည်းက နို့ညှစ်ထားပါ။
ကလေးမမွေးသေးပေမဲ့ နို့ညှစ်တဲ့အကျင့်ကို လုပ်ထားမယ်ဆိုရင် ကလေးမွေးပြီးချိန်မှာ နို့လိုက်တာ မြန်ပါတယ်။ ဒီတိုင်းညှစ်ထုတ်တာဖြစ်ဖြစ်၊ သိမ်းထားတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ Freezerထဲမှာ သေချာသိမ်းဆည်းထားမယ်ဆိုရင် ၃လလောက် ခံတာမို့လို့ ကလေးမွေးပြီးပြီးချိန် နို့တိုက်ဖို့ အခက်အခဲရှိတယ်ဆိုရင် သိမ်းထားတဲ့ နို့ဦးရည်ကို တိုက်လို့ ရပါတယ်။
ဒါပေမဲ့ ဒါက မေမေတိုင်းအတွက်တော့ မဟုတ်ပါဘူး။ နို့ညှစ်မယ်ဆိုရင် ၃၇ပတ် နောက်ပိုင်းမှ လုပ်သင့်ပါတယ်။ ရင်သားကို လှုံ့ဆော်သလိုဖြစ်ပြီး သားအိမ်ညှစ်တတ်၊ ကလေးစောမွေးတတ်လို့ပါ။ ဒါ့ပြင်
–လမစေ့ဘဲ မွေးနိုင်ခြေရှိရင်
-သားအိမ်ခေါင်းမလုံရင်
-ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းဖူးရင်
-အချင်းရှေ့ရောက်နေရင်တော့ မညှစ်သင့်ပါဘူး။
နောက်ပြီး နို့ဦးရည်ကို ဘယ်လိုသိမ်းရမလဲမသိရင်လည်း ညှစ်ပဲ ညှစ်ပါ။ မသိမ်းပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။