ဒီအကြောင်းကိုမပြောခင် အရင်ဆုံး မိခင်နို့တိုက်ကျွေးပေးခြင်းက ဘေဘီလေးမှာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။
မိခင်နို့က ဘေဘီလေးအတွက် သက်စောင့်အာဟာရပါ
မိခင်နို့ ဆိုတာက ကလေးတွေအတွက် အပြည့်စုံဆုံးသော အာဟာရဓာတ် တစ်ခုပါ။ အကြောင်းကတော့ မိခင်နို့မှာ အာဟာရဓာတ်တွေက အချိုးအစားမှန်ကန်စွာ ပါဝင်နေတာကြောင့်ပါ။ မိခင်နို့က ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးဆဲ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အခြား ခန္ဓာကိုယ်စနစ်တွေအတွက် အသိမ်မွေ့ဆုံးသော အာဟာရပါ။ ဒါကြောင့်ပဲ ကလေးကို မွေးစကနေ အနည်းဆုံး ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ဖို့နဲ့ ဖြစ်နိုင်ရင် အသက် ၂ နှစ်အထိ မိခင်နို့ ဆက်တိုက်ပေးဖို့ ပြောရတာပေါ့။
ဘေဘီလေးကို မိခင်နို့ တိုက်ကျွေးပေးတဲ့အခါ ကလေးကို လုံလောက်တဲ့ အာဟာရ ရရှိစေသလို ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။ နောက်တစ်ချက်က မိခင်နို့ကို အခြားသော ဖြည့်စွက်အာဟာရတွေထက် ကလေးရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူနိုင်တာပါ။ မိခင်နို့မှာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေနိုင်တဲ့ အာဟာရတွေ ပါဝင်နေသလို အမြင်အာရုံကို ကောင်းစွာ ဖွံ့ဖြိုးစေနိုင်တဲ့ အဆီဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဘေဘီလေးကို ကောင်းကောင်း ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။
နောက်တစ်ခု ရှိတာက မိခင်နို့က ဘေဘီလေးတွေကို ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်သေးတယ်ဆိုတာပါ။ မိခင်နို့ တိုက်ကျွေးတာက ကလေးကို အစာခြေစနစ် ပိုးဝင်တာ၊ အဆုတ်နဲ့ နားကို ပိုးဝင်ကူးစက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ကူးစက်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဒါတွေအပြင် ကလေးကို ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ထိခိုက်မှုလည်း ကင်းစေနိုင်ပါတယ်။ မွေးကင်းစကလေး ရုတ်တရက်သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ပြီး ကလေးက ဝမ်းပျက်တာမျိုး ဖြစ်နိုင်ခြေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှုကိုလည်း လျှော့ချပေးနိုင်မှာပါ။ နောက်ပြီး ကလေးမှာ သွေးကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကိုလည်း ကင်းဝေးစေမှာပါ။ အရွယ်ရောက်လာချိန်မှာ ဆီးချိုဖြစ်တာနဲ့ အဝလွန်တာလိုမျိုး နာတာရှည်ကျန်းမာရေး အခြေအနေတွေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။