backup og meta

Premium

အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတွေထဲမှာမှ နောက်ဆုံးသော ကလေးလေးတွေ ဖြစ်ကြတဲ့ အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ 

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    အငယ်ဆုံးလေးတွေ ဆိုတာ

    အငယ်ဆုံးလေးတွေဆိုတာက ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတွေထဲမှာ နောက်ဆုံးသော ကလေးလေးတွေပါ။ အငယ်ဆုံး အထွေးဆုံးသော ကလေးလေးတွေပါ။ တစ်မိသားစုလုံးက တုန်နေအောင် ချစ်ကြတဲ့ သူတွေပေါ့။ မိဘတွေရော မွေးချင်းမောင်နှမတွေ အားလုံးရဲ့ ချစ်ခြင်း အလိုလိုက်ခြင်းကို ခံကြရတဲ့ အထွေးဆုံးသော ကလေးလေးတွေပါ။

    အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ

    အငယ်ဆုံးလေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့

    • တီထွင်ဖန်တီးဉာဏ် ကောင်းကြတယ်

    အငယ်ဆုံး ကလေးလေးတွေက တီထွင်ဖန်တီးဉာဏ် ကောင်းကြပါတယ်။ အငယ်ဆုံးကလေးတွေက တစ်ယောက်တည်း ကစားတတ်ကြသလို တစ်ယောက်တည်း ပုံဆွဲတာ၊ သီချင်းဆိုရတာတွေကို သဘောကျပါတယ်။ အခြားသော လုပ်ဆောင်မှုတွေကိုလည်း တစ်ဦးတည်း လုပ်တတ်ကြပါတယ်။ ဒီလို လုပ်ဆောင်တတ်မှုကပဲ သူတို့လေးတွေကို တီထွင်ဖန်တီးဉာဏ် ကောင်းစေဖို့ ထောက်ကူပေးတာပါ။

    • ဟာသဉာဏ် ကောင်းကြတယ်

    အငယ်ဆုံးသော ကလေးလေးတွေက သူတို့ရဲ့ အထက်က မွေးချင်းတွေထက် ဟာသဉာဏ် ပိုရွှင်ကြပါတယ်။ အရာရာကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်တတ်ပြီး ဟာသဉာဏ်လည်း ကွန့်မြူးကြပါတယ်။

    • စွန့်စားရတာကို သဘောကျတယ်

    အငယ်ဆုံး ကလေးလေးတွေရဲ့ အကြီးတွေနဲ့ မတူတဲ့အချက် တစ်ခုက စွန့်စားလုပ်ဆောင်ရတာကို သဘောကျတာပါ။ အသစ်အဆန်းတွေကို စွန့်စားလုပ်ဆောင်ရတာက သူတို့လေးတွေကို ပျော်ရွှင်စေနိုင်ပါတယ်။ အတွေ့အကြုံသစ်တွေကို နောက်မဆုတ်တမ်း စွန့်စားလုပ်ဆောင်တတ်သူလေးတွေ အများစုက အငယ်ဆုံး ကလေးလေးတွေပါပဲ။

    • အရမ်းဉာဏ်မကောင်းပေမယ့် တွေးတောနိုင်စွမ်းမြင့်တယ်

    အငယ်ဆုံးလေးတွေက အကြီးတွေလောက် ဉာဏ်မကောင်းကြပေမယ့် သူတို့လေးတွေက စိတ်ခံစားမှု ကောင်းကြသူပီပီ တွေးတောဆင်ခြင်နိုင်စွမ်း မြင့်ကြပါတယ်။ သူတို့လေးတွေက ထက်ထက်မြက်မြက် ရှိကြပြီး အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ကြပါတယ်။ 

    • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်ကြတယ်

    အငယ်ဆုံးကလေးလေးတွေက အကောင်းမြင်စိတ် ကြီးကြသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပြင်းကြပါတယ်။ အခက်အခဲ အတားအဆီးတိုင်းကို ကောင်းကောင်းကြီး ကျော်ဖြတ်တတ်ကြပြီး ဆုံးဖြတ်ချက်လည်း ခိုင်မာကြပါတယ်။ 

    • မိဘတွေနဲ့ ရင်းနှီးကြတယ်

    အငယ်ဆုံး ကလေးလေးတွေက အခြားမွေးချင်းတွေထက်စာရင် မိဘတွေနဲ့ ပိုရင်းနှီးကြပါတယ်။ အကြောင်းကတော့ အငယ်ဆုံးလေးတွေက တက်ကြွဖျတ်လတ်စွာနဲ့ မိဘနားမှာ ကပ်ချွဲနေတတ်လို့ပါပဲ။ အကြီးတွေက အလုပ်ကိုယ်စီနဲ့ ရှုပ်နေလို့ မိဘတွေအနား မကပ်နိုင်ချိန်မှာ အငယ်လေးတွေက မိဘတွေနားမှာ လက်ပွန်းတတီး ရှိနေတတ်ကြပါတယ်။

    • စည်းတွေဘောင်တွေနဲ့ မနေတတ်ကြဘူး

    အငယ်ဆုံးလေးတွေက သူတို့ကို စည်းတွေဘောင်တွေနဲ့ ကန့်သတ်ထားတာကို သဘောမကျကျကြပါဘူး။ သူတို့က ပေါ့ပေါ့ပါးပါး နေတတ်ကြသလို စိတ်ရှိတိုင်း လုပ်ဆောင်တတ်ကြသူလေးတွေပါ။ စည်းကမ်းကို မချိုးဖောက်ကြသော်လည်းပဲ စည်းကမ်းတိုင်းကို လိုက်နာဖို့တော့ စိတ်အားထက်သန်မယ့်သူလေးတွေ မဟုတ်ကြပါဘူး။ 

    • ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်

    အငယ်ဆုံးလေးတွေရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက အခြားမွေးချင်းတွေထက် ပေါင်းသင်းဆက်ဆံရေး ကောင်းတာပါပဲ။ သူတို့က ပျော်ပျော်ရွှင်ရွှင်နေရတာကို နှစ်သက်ကြသလို သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကိုလည်း ဖန်တီးတတ်ကြပါတယ်။ 

    ကလေးလေးတိုင်းမှာ ကိုယ်ရည်ကိုယ်သွေး မျိုးစုံရှိကြပါတယ်။ အငယ်ဆုံးလေးတွေမှာတော့ အခုပြောပြခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement