၆။ အသီးအရွက်တွေ။ ။
အမျှင်ဓာတ်အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါတဲ့ အသီးအရွက်တွေက ကလေးတွေရဲ့ ထမင်းဘူးထဲ ပါကိုပါသင့်တဲ့ အရာတွေပါ။ ဒါကြောင့် ကလေးတွေ အသီးအနှံဆို ကြေးမများဘဲစားချင်အောင် မေမေတို့ အကြံထုတ်ရလိမ့်မယ်။ ကလေးတွေဆိုတာ အရောင်တွေကို ကြိုက်တတ်ကြတဲ့ အတွက် အရောင်စုံပါတဲ့ ထမင်းဘူးတစ်ခုက ကလေးတွေရဲ့ စားချင်စိတ်ကို ဆွဲဆောင်နေတတ်ပါတယ်။
- အစိမ်းရောင် အတွက်ဆို ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကန်စွန်းရွက် ၊
- လိမ္မော်ရောင် ဆို မုန်လာဥနီ၊ ကန်စွန်းဥ ၊ လိမ္မော်သီး
- အနီရောင်ဆို ပန်းသီး၊ စတော်ဘယ်ရီသီး ၊ ခရမ်းချဉ်သီး၊ ဖရဲသီး
- အဝါရောင်ဆို ရွှေဖရုံသီး ၊ပိန္နဲသီး
- အပြာရောင်ဆို blueberry သီး၊ စသဖြင့်ပေါ့လေ။ အသီးတိုင်း အရွက်တိုင်းက သူ့ဟာနဲ့သူ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်တွေ ပါဝင်လို့ ကလေးတွေစားချင်အောင် ကြော်၊ ချက်၊ ပြုတ်၊ သုပ် အမျိုးစုံ လုပ်ကျွေးပါ။ ။
၇။ ထမင်း။ ။
ထမင်းဆိုတာကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတိုင်း နေ့စဉ်မပါမဖြစ်စားနေတဲ့ အကြိုက်ဆုံးအရာတစ်ခုပါ။ ထမင်းမှာ ကစီဓာတ်များစွာပါပြီး ကိုယ်ခန္ဓာကြီးထွားဖို့ အားအင်ပြည့်ဝစေဖို့ အတွက် သူမပါရင် မပြီးပါဘူး။
ကလေး ဆိုတာကလည်း အခက်သား။ ထမင်းအစား အခြားသရေစာတွေကို ပိုကြိုက်တတ်ကြတယ်လေ။ ဒါပေမယ့် သရေစာတွေထက်စာရင် ထမင်းမှာသာ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးမကြိုက်လည်း ထမင်းကျွေးကိုကျွေးရမှာပါ။ ။
ဒါတွေကတော့ ကလေးတိုင်း နေ့စဉ်စားဖို့ လိုအပ်တဲ့ အစားအစာ ၇ မျိုးပါ။ ကိုယ့်ကလေးတွေ အာဟာရပြည့်ဝပြီး ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးဖို့အတွက် မေမေတို့မှာ တာဝန် အပြည့်အဝရှိတယ်နော်။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။