ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို ဗီတာမင် D မချို့တဲ့စေဖို့

ဗီတာမင် D က အရိုးနဲ့ကြွက်သားကျန်းမာရေးအတွက် အရေးကြီးတဲ့အပြင် ကယ်လ်စီယမ်နဲ့ဖော့စဖိတ်ဓါတ်တွေကို အစားအစာကနေ စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဗီတာမင် D ပါဝင်တဲ့ အစားအစာက နည်းနည်းလေးပဲရှိတာကြောင့် သူ့ကို အစားအသောက်ကနေ အလုံအလောက်ရရှိနိုင်ဖို့ မလွယ်ပါဘူး။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာပဲပါရှိတတ်ပြီး အများအားဖြင့်တော့နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားပြဿနာတွေဖြစ်နေပြီဆိုရင် ဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သလို အူကင်ဆာ၊ နှလုံးရောဂါ၊သွေးတိုး၊ ကိုယ်ခံအားပြဿနာနဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေနဲ့လည်း ဆက်နွှယ်နေနိုင်ပါတယ်။ ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာေတွက ဘာလဲ ဗီတာမင် D ဓါတ်နည်းတဲ့သူတွေမှာ လက္ခဏာသိပ်မပြတတ်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာဆိုရင်တော့ အရိုးနဲ့ကြွက်သားနာကျင်မှုတွေခံစားရတတ်ပါတယ်။ ဗီတာမင် D အရမ်းနည်းလွန်းရင် အရိုးတွေကိုပျော့ပျောင်းစေပြီး ကလေးတွေမှာ ခြေခွင်တာတွေဖြစ်စေနိုင်ပါတယ်။ ဗီတာမင် D နည်းရာကနေ ကယ်လ်စီယမ်ပါနည်းလာပြီး ကလေးတွေမှာ ကြွက်တက်တာ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ

ကိုယ့်ရဲ့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့၊ ဉာဏ်ရည်ထက်မြက်စေဖို့ နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ သိထားသင့်ပါတယ်။ ကလေးတွေအတွက် တစ်နေ့တာ မျှတတဲ့ အစာအာဟာရကို ချက်ပြုတ်ကျွေးမွေးဖို့၊ ဖျားနာတဲ့အခါ ပြုစုစောင့်ရှောက်ဖို့၊ ကိုယ့်ရဲ့ ကလေးကျန်းမာရေးကို အမြဲသတိရှိနေဖို့ဆိုတာ မိဘတိုင်းရဲ့ တာဝန်ဝတ္တရားတစ်ခုပါပဲ။ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ဘယ်ကနေ ရနိုင်မလဲ။ ဖြည့်စွက်အားဆေးတွေထက်စာရင် ကလေးတွေအတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သေချာ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေကနေ ရနိုင်ပါတယ်။ ငယ်စဉ်ကတည်းက ကိုယ့်ရဲ့ ကလေး စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့နဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ လိုပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ က ဘာတွေလဲ။ ကလေးတွေ၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ ကိုယ်ခန္ဓာအတွက် အဓိက လိုအပ်တဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

မသန့်တာတွေစားမိတဲ့ကလေး ဘာတွေဖြစ်လာနိုင်မလဲ

ကိုယ်နေ့တိုင်း စားသောက်နေတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့ အရေးကြီးတဲ့အပြင် ဓာတုပစ္စည်းတွေကနေ ကင်းဝေးဖို့လည်း လိုပါတယ်။ လူကြီးတွေ အတွက်တောင် အစားအသောက်သန့်ရှင်းဖို့က အရေးကြီးသေးတာ ကလေးတွေ အတွက်ဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ကိုယ့်ရဲ့ ကလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ဆိုတာ မိဘတိုင်းရဲ့ အိပ်မက်မဟုတ်လား။ ဒီလို ကြီးပြင်းလာဖို့ဆို နေ့တိုင်းစားတဲ့ အစားအသောက်က အဓိကနေရာကနေ ပါဝင်နေတာမို့ ကလေးတွေစားတဲ့ အစားအသောက်တွေ စိတ်ချလုံခြုံမှုရှိဖို့ အရေးကြီးပါတယ်။ ဘာကြောင့် အစားသောက်တွေ သန့်ရှင်းဖို့က အရေးကြီးရသလဲဆိုတာ မေမေတို့ သိချင်ကြမယ်လို့ ထင်ပါတယ်။ ။   အစားအသောက်တွေမသန့်ရင် ရောဂါတွေကူးစက်နိုင်ပါတယ်။ ဒါဟာ အစားအသောက်တွေ သန့်ရှင်းဖို့ လိုအပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ အစာအဆိပ်သင့်တယ်ဆိုတာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ သွေးတွင်းအဆီဓာတ်များတာ ဖြစ်နိုင်လား

သွေးတွင်းအဆီဓာတ်များတာ ဟာ ကလေးမှာလည်းဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဒီရောဂါမျိုးကို လူကြီးတွေဆီမှာ ဖြစ်တာပဲ ကြားဖူးကြတော့ ကလေးတွေလည်း ဖြစ်နိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ သွေးတွင်းအဆီဓာတ် ( cholesterol) များတာဟာ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ရှိသင့်တဲ့ သွေးတွင်းအဆီ ဓာတ် ကိုလက်စရောပမာဏက ဘယ်လောက်လဲ။  သွေးစစ်ပြီး သွေးတွင်းအဆီဓာတ်ကို ဓာတ်ခွဲစစ်ကြည့်ရင် အောက်မှာပြထားတဲ့ ပမာဏ အတွင်းထဲမှာသာ ရှိသင့်ပါတယ်။ ကလေးတစ်ယောက်မှာရှိသင့်တဲ့ အဆီဓာတ်ပမာဏတွေကတော့ အဆီဓာတ်အားလုံး ၄၀ mg/dL Triglycerides (blood fats) < ၁၃၀ mg/dL ( ကလေးအသက် ၁၀ နှစ်မှ ၁၉ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဖိုးဖိုးဖွားဖွားတွေနဲ့ မိသားစုဆုံတဲ့အခါ ပျော်စရာလေးတွေ ဘယ်လိုဖန်တီးမလဲ

သားသမီးတွေ ပိုင်ဆိုင်လာတာနဲ့ ကိုယ်တွေမှာမိသားစုရှိလာပြီလို့တွေးကြပါတယ်။ ဒါပေမယ့် မိသားစုဆိုတဲ့စကားလုံးက ဒီထက်ပိုပြီးကျယ်ပြန့်ပါတယ်နော်။ ကိုယ်တွေဟာလည်း ကိုယ့်မိဘတွေရဲ့မိသားစုဝင်တွေဖြစ်နေတာမို့ နှစ်ဖက်ဖိုးဖိုးဖွားဖွားတွေနဲ့ အတူစုပေါင်းလိုက်မှ မိသားစုအဓိပ္ပါယ်ပြည့်စုံနိုင်မှာပါ။ အဖိုးအဖွားတွေကလည်း မြေးတွေနဲ့ အတူပျော်ပျော်ရွှင်ရွှင်တွေ့ဆုံချင်မှာလည်းသေချာပါတယ်။ ဒါဆို အတူနေမဟုတ်တဲ့ မိသားစုတွေမှာ ကလေးတွေကို အဖိုးအဖွားနဲ့ဘယ်လိုတွေ့ဆုံပေးမလဲ။ အခါကြီးရက်ကြီးတွေမှာ လက်ဆောင်တွေနဲ့ သွားကန်တော့ကြတဲ့အခါမျိုးပဲ သွားလည်မိတာမျိုးလား။ တကယ်တော့ မိသားစုတွေ့ဆုံပွဲကပေါ့ပေါ့ပါးပါးနဲ့ အမျိုးမျိုးစီစဉ်လို့ရပါတယ်။ အားလပ်ရက်မှာ ကလေးတွေကို ကစားကွင်းပို့ရင်း အဖိုးအဖွားအိမ်ကို ဝင်လည်လို့ရတယ်၊ လမ်းကြုံဝင်လို့လည်းရတယ်၊ ဘယ်လိုသွားသွား ရတယ်ဆိုပေမယ့် တစ်ခါတလေတွေ့ရတဲ့မြေးလေးတွေရဲ့မျက်နှာကို အချိန်ခဏလေးတွေ့ရတာ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါ့ကြောင့် ဆုံကြမယ့်ရက်ကိုသေချာစီစဉ်ပြီး အချိန်များများပေးလိုက်မယ်ဆိုရင်ပျော်စရာအချိန်တွေ ပိုင်ဆိုင်ရမှာပါပဲ။ ဘယ်နေ့ဆုံကြမလဲ အလုပ်တွေအားမယ့်ရက်၊ အဖိုးအဖွားတွေအဆင်ပြေမယ့်ရက်ကို တိုင်ပင်ရွေးရမယ်လေ။ ဘာမှမစီစဉ်ဘဲ ချက်ချင်းကြီးထလုပ်ရင် ကိုယ်တွေကဘာမှမဖြစ်ပေမယ့် လူကြီးတွေအတွက်ကတော့ ဝရုန်းသုန်းကားဖြစ်သွားနိုင်ပါတယ်။ ဘယ်နေရာကို ရွေးမလဲ ဒါဆို ဘယ်မှာဆုံကြမလဲ။ ဖိုးဖိုးဖွားဖွားတို့အိမ်မှာလား၊ ဘုရားသွားကြမလား၊ တစ်နေရာရာကို ပျော်ပွဲစားထွက်ကြမလား၊ ခရီးသွားကြမလား အရင်စဉ်းစားနော်။ခေါင်းစဉ်တစ်ခုရွေးချယ်ပြီးရင်တော့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့

မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးတွေ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့ မိဘတွေဘက်က သေချာထိန်းကျောင်းပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း ၄ချက်ကို ဝေမျှပေးလိုက်ပါတယ်။ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့  ၁။ ကျန်းကျန်းမာမာနဲ့ ကြီးထွား စေဖို့ စားသောက်မှုပုံစံကို ဂရုစိုက်ပေးပါ။ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာကောင်းတွေကို ကလေးတွေ နေ့စဉ်စားပေးမှသာ တစ်နေ့တာအတွက် လုံလောက်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို ရရှိမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။ မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ကိုယ်ခံအားကောင်းလို့ ရောဂါတွေ လွယ်လွယ်နဲ့မဖြစ်လာအောင် ခန္ဓာကိုယ်က ခုခံတားဆီးပေးနိုင်တယ်။ ကိုယ်ခန္ဓာ […]


ကလေးအစာခြေစနစ်ပြဿနာများ

အစာခြေစနစ်က ခုခံအားစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

အရာအားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်သွယ်မှုတွေရှိနေတတ်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ကိုယ်တွင်းက ကလီစာတွေ၊ ခုခံအားစနစ်တွေကလည်း ဒီလိုပါပဲ။ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြပြီး ကိုယ့်တာဝန်ကိုယ်ယူကာ အပြန်အလှန်မှီခိုနေကြပါတယ်။ အဲ့ဒီထဲကမှ တစ်ခုခု ချွတ်ယွင်းသွားတာနဲ့ တခြား အရာတွေအားလုံး ဝန်ပိကုန်ပါတော့တယ်။ ကိုယ်တွင်းစစ်တပ်ကြီးကို ဦးဆောင်နေတာ ခုခံအား စနစ်ကြီးဆို အစာခြေစနစ်က စစ်တပ်ကြီးကို ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ အုပ်စုတစ်ခုပါ။ သူတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်သွယ်မှုဟာ လူကြီးတွေမှာပဲ အရေးပါတာ မဟုတ်ပါဘူး။ ခုခံအားနည်းတတ်တဲ့ ကလေးတွေမှာဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် အစာခြေစနစ်က ခုခံအားစနစ်အပေါ် ဘယ်လို သက်ရောက်မှုတွေရှိလဲဆိုတာ ကြည့်ရအောင်။ ။ သင့် ကိုယ်ခန္ဓာဆိုတာ ဘက်တီးရီးယားပေါင်းများစွာ ရှင်သန်နေထိုင်နေတဲ့ နေရာပါ။ ကိုယ်တွင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် ၅ ချက်

ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံဖြိုးမှုလို့ဆိုလိုက်တာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ကြီးထွားဖွံဖြိုးမှု ကို ကြီးထွားမှု နဲ့ ဖွံ့ဖြိုးမှုဆိုပြီး အပိုင်းနှစ်ပိုင်းခွဲလို့ ရပါတယ်။ ကြီးထွားမှုအပိုင်းက ကိုယ်ခန္ဓါကို ကိုယ်စားပြုတာဖြစ်ပြီး ဖွံ့ဖြိုးမှု ကတော့ ညဏ်ရည်ပိုင်းကို ကိုယ်စားပြုပါတယ်။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုလိုက်တာနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး အတွက် မိဘတွေ ပံ့ပိုးပေးရမှာပါ။ ဒါကြောင့် ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာရော တိုးတက်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ အတွက် ဘယ်လိုပုံစံမျိုးနဲ့ မိဘတွေဘက်က ပြုစုပျိုးထောင်ပေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် တွေက ဘာတွေဖြစ်မလဲ! https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/brain-exercises-and-brain-foods-for-kids/ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် ၅ ချက် ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် […]


ကလေးငယ်အာဟာရ

ကလေးကိုအစားတွေအများကြီးကျွေးမိနေတယ်ဆိုတာကို ဖော်ပြပေးတဲ့အချက် (၅)ချက်

ကလေးတွေက ဘာဖြစ်ချင်တယ်ဆိုတာကို မပြောနိုင်ကြပါဘူး။ဖြစ်ချင်တဲ့ဆန္ဒလေးရှိခဲ့ရင်သူတို့လုပ်ပြတတ်တဲ့အပြုအမူလေးတွေနဲ့လုပ်ပြကြတာများပါတယ်။ ဒီတော့ အသစ်စက်စက်မိဘဖြစ်သူတွေအနေနဲ့ရော အတွေ့အကြုံရှိပြီးသားမိဘတွေပါ ကလေးရဲ့ အပြုမူလေးတွေကိုသေချာကြည့်ပြီး ဆန်းစစ်အဖြေထုတ်ကြရပြီပေါ့။ ဒီလိုအချိန်မှာအများဆုံးတွေ့ကြုံရနိုင်တဲ့ပြဿနာက ကလေးနို့ဝရဲ့လား၊ ဗိုက်ပြည့်ရဲ့လားဆိုတာကပါ။ ရှုးရှုးပေါက်တဲ့အခါ၊ အင်းအင်းပါတဲ့အခါ အဝတ်လဲပေးလိုက်လို့ရပေမယ့် ဗိုက်ပြည့်ရဲ့လားဆိုတာက သိဖို့ခက်သားနော်။ ကလေးဗိုက်မဝမှာစိုးတာနဲ့ ကလေးကို လိုအပ်တာထက်ပိုပြီးနို့တွေအများကြီးတိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးကို အစားအစာ၊နို့အလွန်အကျွံကျွေးမိတိုက်မိခြင်းဆိုတာ မိဘတိုင်းကတော့ သားသမီးတိုင်းကိုမွေးစကစစလို့ အရွယ်ရောက်တဲ့အထိ အစစအရာရာပူပန်တတ်ကြတာပါပဲ။ ငယ်စဉ်မှာပိုဆိုးတာပေါ့။ နုနယ်လွန်းတဲ့ကလေး သေးတွေများစိုနေမလား၊ ဗိုက်ရောဝရဲ့လားဆိုပြီး အစစအရာရာကိုပူပန်နေမိရောလေ။ ဒီလိုအခြေအနေမျိုးမှာ ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ အာဟာရပမာဏထက် ပိုမိုပြီးကျွေးမိနိုင်ပါတယ်။ ကလေးအတွက် လိုအပ်တဲ့ပမာဏထက်ပိုကျွေးမိတဲ့အရာတိုင်းက အလွန်အကျွံကျွေးမိတယ်ဆိုတဲ့သဘောသက်ရောက်နေပါတယ်။ ကလေးကိုလိုအပ်တဲ့ပမာဏထက်ပိုကျွေးမိတဲ့အခါ ဒီလိုလက္ခဏာတွေပြတတ်ပါတယ် ၁) ကလေးက ခဏခဏအန်နေမယ် ကလေးက နို့သောက်ပြီးတိုင်း အန်နေမယ်ဆိုရင်တော့ ကလေးကို နို့အများကြီးတိုက်မိနေပြီဆိုတဲ့သဘောပါ။ ဒါကြောင့် ကလေးကို နို့တိုက်ရင်လည်း နည်းနည်းချင်းနဲ့ အကြိမ်ရေခပ်များများလေးတိုက်ပေးပါ။ တစ်ခါတည်းနဲ့အများကြီးတိုက်တာမျိုးမလုပ်ပါနဲ့။ ဒါမှ ကလေးက အစာအိမ်အူလမ်းကြောင်းပြဿနာကင်းစင်ပြီး ကျန်းကျန်းမာမာကြီးထွားလာမှာပါ။ ၂) […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေက ဒီလိုသက်ရောက်နေပါတယ်

ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေက ဒီလိုသက်ရောက်နေပါတယ် ..... လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေ၊ပရိုတင်းတွေ၊တစ်ရှုးတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓါကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က တိုက်ထုတ်ပေးပါတယ်။ ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားက အပြည့်အဝတော့ မဖွံ့ဖြိုးသေးပါဘူး။ ကံကောင်းတာ တစ်ခုက လူတွေမှာတော့ သန္ဓေသားက မိခင်နဲ့ ဆက်ထားတဲ့ အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။ နောက်ပိုင်းကာလမှာတော့ အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က ဦးနှောက် နဲ့ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေ နည်းတူ ဖြည်းဖြည်းချင်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။ https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nutrients-that-help-childs-immune/ ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ် ကိုယ်ခံအားစနစ် တစ်ရပ် ကောင်းမွန်ပြည့်စုံစွာ ဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေ လိုအပ်မှာပါ။ အာဟာရြပည့်ဝအောင်စားသုံးဖို့ ကောင်းကောင်းအိပ်စက်ဖို့ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှု တစ်ကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ ပတ်ဝန်းကျင်အနေအထား ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေကဒီလိုသက်ရောက်နေပါတယ် ကောင်းမွန်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း