backup og meta

ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဒါမျိုးလေးတွေ လုပ်ကြည့်ပါ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 05/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဒါမျိုးလေးတွေ လုပ်ကြည့်ပါ။ ။

    မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တမ်းတွေးကြည့်ရင် မလွယ်ကူပါဘူး။ ကိုယ့်ရင်သွေးလေး ကောင်းကောင်းမွန်မွန်နဲ့ အပြင်ထွက်လာဖို့၊ ခြေလက်အင်္ဂါစုံဖို့ကို မမွေးခင်တည်းက ဆုတောင်းလိုက်ရတာ အမော။ ကလေးအပြင်ရောက်လာတော့လည်း အမေနို့ကောင်းကောင်း မထွက်မှာကို ပူပန်ရပြန်ရော။ မိခင်နို့ဆိုတာ ကလေးတွေအတွက်တော့ အာဟာရတွေ အကုန်ပြည့်စုံတဲ့ သဘာဝက ဖန်တီးပေးထားတဲ့ အရာတစ်ခုပဲလေ။ ကိုယ့်ကလေး နို့ဆာလို့ ငိုနေတာကို ဘယ်မိခင်ကတော့ မြင်ချင်ပါ့မလဲ။ ခက်တာက နို့ကောင်းကောင်းမထွက်တော့ အမေတွေ စိတ်ညစ်ရတာပေါ့။ ။ ဒါကြောင့် ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဖြေရှင်းလို့ရတဲ့ နည်းလမ်း ၅ ခုလောက်ကို အခု ပြောပြပေးတော့မှာပါ။ ။

    ကလေးကို ဘာကြောင့် မိခင်နို့တိုက်ဖို့ လိုအပ်တာလဲ။ ။

    မိခင်နို့မှာ မွေးကင်းစ ကလေးတစ်ယောက်လိုအပ်တဲ့ အာဟာရတွေကြွယ်ဝစွာပါဝင်တဲ့ အပြင် ခုခံအား စနစ်အတွက် လိုအပ်တဲ့ ပဋိပစ္စည်း( antibody) တွေလည်း အများကြီးပါလို့ မွေးကင်းစကလေးဆီကို အပြင်လောကက ပိုးမွှားတွေ အလွယ်တကူဝင်လို့ မရနိုင်အောင် တားဆီးပေးပါတယ်။ ဒါဟာ မိခင်မေတ္တာနဲ့ သဘာဝတရားကြီးတို့ ပေါင်းစပ်ဖန်တီးထားတာပါ။

    ကလေးကို မိခင်နို့တိုက်တာက ကလေးအတွက်တင်ကောင်းတာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တုန်းက တက်နေတဲ့ ကိုယ်အလေးချိန်တောင် ပြန်ကျသွားစေတဲ့အပြင် ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာတွေလည်း မဖြစ်နိုင်တော့တဲ့အတွက် မေမေတို့ အတွက်လည်းကောင်းပါတယ်။ ဒါ့အပြင် နို့တိုက်ကျွေးတာကနောက်ထပ်ကိုယ်ဝန်တစ်ခု ချက်ချင်းထပ်မရအောင်လည်း တားဆီးပေးနိုင်ပါတယ်။

    ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဒါမျိုးလေးတွေ လုပ်ကြည့်ပါ။ ။

    အပေါ်က စာပိုဒ်ကို ဖတ်ပြီးရင်တော့ မိခင်နို့က ဘယ်လောက်ကောင်းကြောင်း သိလောက်ပြီလို့ထင်ပါတယ်။ ပြဿနာက အခုမှစတာပါ။ ကောင်းလှပါတယ်ဆိုတဲ့ မိခင်နို့ ကလေးမွေးပြီး ကောင်းကောင်းမထွက်တဲ့ ဖြစ်ရပ်မျိုးကို မိခင်တိုင်းကြုံဖူးကြမှာပါ။ နို့နည်းနည်းပဲထွက်တော့ နို့အုံကြီးက တင်းနာနေ၊ ကလေးကလည်း ဗိုက်ဆာလို့ အော်ငိုနေနဲ့ အဲလိုအချိန်မျိုးဆို အမေရော ကလေးရော စိတ်ညစ်ရပါတယ်။

    ဒါဆို မိခင်နို့ကောင်းကောင်းမထွက်တာကို ဖြေရှင်းလို့ရတဲ့ နည်းတွေ မရှိတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ရှိပါတယ်။ ရှိတာမှ အများကြီးရှိတာပါ။ အများကြီးထဲကမှ အကောင်းဆုံး ၅ ချက်ကို ရွေးပြီး ခုပြောပြပေးတော့မှာပါ။ ။

    ကဲ ….. ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဒါမျိုးလေးတွေ လုပ်ကြည့်ပါ။ ။

    ၁။ နို့နည်းနည်းပဲ ထွက်ပေမယ့်လည်း ကလေးကို နို့ဆက်တိုက်ပါ။ ။

    နို့မထွက်ပါဘူးဆိုမှ ကလေးကို ဘာလို့ ဆက်စို့ ခိုင်းနေရမှာလဲလို့ မေးစရာရှိပါတယ်။ ကလေးက နို့သီးခေါင်းကို စုပ်လိုက်တဲ့ အချိန်ဆိုရင် နို့ထွက်တာကို အားပေးတဲ့ ဟော်မုန်းတစ်မျိုးထွက်လာပြီး နို့အုံထဲမှာရှိတဲ့ ကြွက်သားတွေရဲ့ ညှစ်အားကို ကောင်းစေလို့ ပိတ်နေတဲ့ နို့ချောင်းတွေ ပွင့်သွားပါတယ်။ ဒါကြောင့် ကလေးကို နို့များများတိုက်လေ နို့ထွက်အား ကောင်းလေဖြစ်ပါတယ်။ မိခင်နို့ကို တစ်နေ့ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်လောက်ထိတိုက်နိုင်ပါတယ်။ ပုံသေတော့မဟုတ်ပါဘူး။ ကလေးဗိုက်ဆာရင် ဆာသလို တိုက်ပေးလို့ရပါတယ်။

    ၂။ နို့ကို ညှစ်ပေးပါ။

    နို့စို့ပြီး ကလေးက မောလို့ အိပ်ပျော်သွားပေမယ့် အမေတွေကတော့ နားလို့မရသေးပါဘူး။ နို့ပိုပြီး လှိုင်လှိုင်ထွက်အောင် နို့ကို စုပ်ခွက်သုံးပြီး ညှစ်ပေးရပါမယ်။ နို့ညှစ်တဲ့ ခွက်တွေကို ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရပါတယ်။ နို့ကို စုပ်ခွက်သုံးပြီး မညှစ်ခင် နို့အုံနွေးအောင် လက်နဲ့အရင်ပွတ်ပေးပါ။ ဒါမှ စုပ်ခွက်နဲ့ နို့ညှစ်တဲ့ အခါ အဆင်ပြေမှာပါ။

    • နို့ကို မနက် အိပ်ရာနိုးနိုးချင်း၊ ကလေးနို့မတိုက်ခင် ၁ နာရီလောက် အလိုတည်းက ညှစ်ထားပါ။
    • ကလေးဗိုက်ပြည့်သွားလို့ နားနေတဲ့ အချိန်မှာလည်း နို့ကိုဆက်ညှစ်နေပါ။ ဒါမှ ကလေးကို နောက်တစ်ခါ နို့တိုက်ရင် နို့လှိုင်လှိုင်ထွက်မှာ ဖြစ်ပါတယ်။
    • အမေတွေကို ၂၄ နာရီလုံးလုံး မနားဘဲ နို့ညှစ်နေရမယ်လို့ မဆိုလိုပါဘူး။ တစ်နေ့ကို ၈ ကြိမ်လောက် နို့ညှစ်ပေးရင် ရပါပြီ။

    ကိုယ်ခရီးသွားစရာ ရှိလို့ ကလေးကို ခေါ်မသွားနိုင်တဲ့ အခါမျိုး၊ ကလေးနို့စို့ပြီးတာတောင် နို့တွေ ကျန်နေသေးတဲ့ အခါ မျိုးဆို စုပ်ခွက်နဲ့ နို့ညှစ်ပြီး နို့ကို သေချာစနစ်တကျ သိမ်းခဲ့လို့ရပါတယ်။ ဒါကြောင့် နို့ကိုစုပ်ခွက်နဲ့ ညှစ်ပေးတာက အဆင်ပြေတဲ့ အရာတစ်ခုပါ။

    ၃။ နို့ကို ဘယ်ညာ နှစ်ဘက်စလုံး ညီအောင် တိုက်ပေးပါ။

    ကလေးက ညာဘက်ဆိုပိုစို့ပြီး ဘယ်ပြောင်းရင် အော်ငိုလို့၊ ကိုယ်က ညာသန်ဖြစ်နေလို့ဆိုပြီး နို့ကို တစ်ဘက်တည်း တိုက်တာမျိုး မလုပ်သင့်ပါဘူး။ တခြားတစ်ဘက်က နို့သိပ်မထွက်လို့ ကလေး မကြိုက်ရင်တောင် ဆက်ပြီး စို့ခိုင်းပါ။ နှစ်ဘက်လုံးနို့ကောင်းကောင်းထွက်တော့ ကလေးအတွက် အာဟာရလည်း ပိုများများရတာပေ့ါ။ နို့ညှစ်တဲ့ အခါကျရင်လည်း နှစ်ဘက်လုံးကနေ ညှစ်ပေးဖို့လိုပါတယ်။

    ၄။ နို့ထွက်စေတဲ့ အစားအသောက်တွေ များများစားပေးပါ။

    နို့တိုက်နေတဲ့အချိန်မှာ အစားများများစားပေးရတယ်ဆိုတာကို ကြားဖူးကြမှာပါ။ ကိုယ်စားလိုက်တဲ့ အာဟာရတွေ ကလေးဆီကို နို့ကနေတစ်ဆင့် ရောက်တဲ့ အပြင် တစ်ချို့ အစားအစာတွေက နို့ထွက်တာကို ပိုပြီး အားကောင်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့်နို့တိုက်နေချိန်ဆို မေမေတို့ များများစားပါ။ နို့ထွက်တာကို အားကောင်းစေတဲ့ အစားအသောက်တွေကတော့

  • သင်္ဘောသီးမုန်လာဥနီကန်စွန်းဥ
  • အုတ်ဂျုံ၊ ဘာလီအစေ့အဆံ၊ ဆန်လုံးညို၊
  • ရေကညွတ်၊ ဟင်းနုနွယ်
  • ဗန်ဒါစေ့၊
  • ကြက်စွပ်ပြုတ် ဒါမှမဟုတ် ကြက်ပေါင်းရည်
  • နွားနို့ စတာတွေက နို့ထွက်ကောင်းစေတဲ့ အစားအသောက်တွေပါ။
  • အစားအသောက်တွေချည်းပဲစားနေလို့မရပါဘူး။ ရေဓာတ်ပြည့်ဝဖို့လည်း လိုတဲ့ အတွက် ရေများများသောက်ပေးပါ။

    ၅။ အိပ်ရေးဝဝအိပ်ပါ။

    မွေးကင်းစ ကလေးတစ်ယောက်ကိုပြုစုနေတဲ့ အမေတစ်ယောက် အနေနဲ့ ညဘက်အိပ်ရေးဝဝအိပ်ဖို့က သိပ်တော့ မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ညဘက်ဝအောင် မအိပ်ဖြစ်ရင် နေ့ခင်းဘက်မှာ ပြန်အိပ်ဖို့က သိပ်ကို အရေးကြီးပါတယ်။ အိပ်ရေးဝမှ ကျန်းမာရေးလည်း ကောင်းမှာမလား ။ ကိုယ်နေကောင်းမှ ကိုယ့်ကလေးလည်း နို့ကောင်းကောင်းစို့လို့ရမှာလေ။ ဒါကြောင့် အချိန်ပေးပြီး အိပ်ပါ။

    ဒါတွေကတော့ နို့ကောင်းကောင်းမထွက်နိုင်တဲ့ မေမေတို့ အတွက် နို့များများထွက်စေမယ့်နည်းလမ်းလေးတွေပါ။ ဒီနည်းလမ်းလေးတွေ လိုက်နာပြီး နို့တိုက်ရင် ကိုယ့်ကလေးဗိုက်ဆာလို့ အော်ငိုနေ၊ ကိုယ်လည်း စိတ်ညစ်နေ ရမယ့် အဖြစ်တွေကနေ ကင်းဝေးသွားမှာပါ။ ။

    လျှော့စျေးရယူရန်

    သင်က
    • ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူ
    • ကိုယ်ဝန်ဆောင်မိခင်
    • နို့တိုက်မိခင်တစ်ယောက် ဖြစ်ပါသလား။
    ဒါဆိုရင်တော့  https://bit.ly/BRANDS_PROMO_CODE_OFFER ကို ဖြည့်ပြီး ဘရန်း(စ်)  ကြက်ပေါင်းရည်   42ml (သို့မဟုတ်) 70 ml ၆ လုံးပါတစ်ကတ်ဝယ်ယူတိုင်း ၃၀၀၀ကျပ်တန် လျှော့စျေးရဖို့ ကူပွန်ရယူလိုက်ပါ။
    ကူပွန်တစ်စောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။

    ရေးသားသူ – Dr. Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 05/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement