ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးကို Solid Food စပြီးမိတ်ဆက်ပေးတော့မယ်ဆိုရင်

ကလေးတစ်ယောက်ကောင်းကောင်းကြီးပြင်းလာအောင် ပျိုးထောင်ရတာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့်ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ ပင်ပန်းခက်ခဲတဲ့ ခရီးပေါ့။ ဘယ်လောက်ပင်ပန်းပင်ပန်း ရင်သွေးကကျန်းကျန်းမာမာကြီးပြင်းလာတယ်ဆိုရင်ကို ပင်ပန်းတာတွေက အကုန်ပျောက်ကုန်တာလေ။ ကလေးရဲ့နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့တိုးတက်မှုတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရတာလည်းပြန်မရနိုင်တဲ့ အခိုက်အတန့်လေးတွေပါနော်။ ဒီအခိုက်အတန့်လေးတွေထဲမှာ ကလေးအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး မိဘတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ရှိပါတယ်။ ဒါကဘယ်အချိန်ဖြစ်မယ်ထင်လဲ၊ စကားစပြောတဲ့အချိန်လား၊ မတ်တတ်စမ်းတဲ့အချိန်လား၊ အစားစစားတဲ့အချိန်လား။ အစားစစားတဲ့အချိန်ပါနော်။ ကလေးတစ်ယောက်ကို ဘယ်အချိန်မှာ အစားစကျွေးမလဲ ကလေးတစ်ယောက်ကို မိခင်နို့လိုမျိုး အရည်ပဲတိုက်နေရင်းကနေ အစားစကျွေးရတာက ကလေးအတွက်ရော မိဘအတွက်ရောတော်တော်လေး စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ပါ။ ဒီအခိုက်အတန့်ကို ဘယ်အချိန်မှာ ကြုံရမလဲဆိုတော့ ကလေးအသက် ၆ လရောက်လာတဲ့အချိန်မှာပါ။ ဒီအချိန်မှာမှ ကလေးက အစာခြေစနစ် အပြည့်အဝဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ခန္ဓါကိုယ်ကြီးထွားလာမှုနဲ့အမျှ လိုအပ်တဲ့ အာဟာရပမာဏကလည်း တိုးလာပါပြီ။ ကလေးတွေကို အသက် ၆ လရောက်တဲ့အခါ အစားစကျွေးရမှာဖြစ်ပြီး ၆ လထက်နောက်မကျတာက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ်

ကလေးက ထမင်းခွံနေချိန်မှာ ထမင်းမစားဘူးဘဲလုပ်နေတယ်။ သိပ်နေတာကို တော်တော်နဲ့မအိပ်ဘူး။ အရမ်းမဆော့ပါနဲ့ဆိုတာကို တောက်တောက်နဲ့လျှောက်ပြေး နေတယ်။ ကလေးကလည်းပြောရခက်လိုက်တာ စိတ်မရှည်တော့ဘူး။ ဘယ်လိုပြောပြောမရပါလားဆိုပြီးဖြစ်နေချိန်မှာ ဘာလုပ်တတ်ကြလဲမေမေဖေဖေတို့ ကြောက်အောင်ခြောက်တယ်ဟုတ်။ ဒီလို လုပ်မိနေပြီဆိုရင်တော့ ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ် လိုက်ကြပါစို့။ ကလေးတွေကို လိုသလိုပုံစံကျစေဖို့ မိဘတွေထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု ကလေးက ပြောရဆိုရခက်တဲ့အချိန်မှာ မိဘအများစုထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခုရှိတယ်လေ။ ဒါကတော့ ကလေးကိုကြောက်အောင်ခြောက်ပြီး ဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်ခိုင်းတာ၊ နေခိုင်းတာပါ။ ဘာတွေနဲ့ အများဆုံး ခြောက်လှန့်တတ်ကြလဲ သိလား။ ငယ်စဉ်ကတည်းက ကိုယ်တွေကိုယ်တိုင်တောင် ခြောက်ခံခဲ့ရသေးတယ်လေ။ ဒေဝေါကြီးရေ လာပါ။ ထမင်းမစားဘူးလုပ်နေတယ်၊ မအိပ်သေးဘူးလား ဒေဝေါကြီးကို ခေါ်လိုက်မှာနော်ဆိုတာမျိုးလေ။ ဒီတစ်ခုတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ ဂေါ်ဇီလာကြီးဆိုတာမျိုး ရုပ်ရှင်ထဲကကြောက်စရာသတ္တဝါကြီးတွေ၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး၊ ကလေးဖမ်းတဲ့လူကြီးဆိုတာမျိုးတွေလေ။ ကိုယ်တိုင်တောင် အခြောက်ခံခဲ့ရဖူးတယ်ဟုတ်။ ဒီလို ခြောက်လှန့်လိုက်လို့ ကလေးကဖြစ်စေချင်တဲ့အတိုင်း ငြိမ်ငြိမ်လေးလိုက်လုပ်ပေးတာက စိတ်ကျေနပ်စရာဖြစ်ပေမယ့်ရေရှည်မှာ ကလေးအတွက် […]


ကလေးငယ်အာဟာရ

ကလေးကို ချစ်ရင် ဒါတွေလုံးဝမကျွေးပါနဲ့

မွေးကင်းစအရွယ်မှာ မိခင်နို့တိုက်တယ်။ ဒီလိုကနေ အသက် ၆ လအရွယ်ရောက်လာတယ်။ တစ်လချင်းအလိုက်မှာလည်း ကလေးက တိုးတက်မှုအဆင့်ဆင့်နဲ့ မှတ်တိုင်လေးတွေ စိုက်ထူခဲ့တယ်ပေါ့။ ဒီလိုနဲ့ အသက် ၆ လရောက်လာတဲ့အခါ နို့အပြင် စားစရာလေးတွေပါကူရပြီလေ။ ဒီအချိန်မှာ ဘာတွေကျွေးလို့ရလို့ ဘာတွေကျွေးလို့မရဘူးလဲဆိုတဲ့အချက်ကမေမေတို့အတွက် ခေါင်းစခြောက်ရပြီလေ။ ဒီပြဿနာကို ဝိုင်းပြီးဖြေရှင်းပေးပါရစေနာ်။ ကလေးကို အားဖြစ်စေချင်လို့ စစားလို့ရပြီဆိုတဲ့အချိန်မှာ စုံစုံလင်လင်လေးကျွေးချင်နေလောက်တယ်ဆိုတာ သိပေမယ့် အချို့သောအစားအစာတွေက ကလေးတွေအတွက် မသင့်တော်တာအမှန်ပါ။ ဒီတော့ ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင် ဒီအစားအစာလေးတွေတော့ရှောင်လိုက်ပါ။ တစ်သက်လုံးမဆိုလိုပါဘူး။ ငယ်စဉ်နဲ့ အစားစကျွေးစမှာပါနော်။ ကလေးကိုချစ်ရင် ဒါတွေမကျွေးပါနဲ့ ပျားရည် သဘာဝအားဆေးလို့တောင် တင်စားကြတယ်နော်။ ဒါပေမယ့် ဒီအချက်က ကလေးတွေအတွက်တော့ မမှန်ပါဘူး။ အစာခြေစနစ်အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက် ပျားရည်က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်စေနိုင်ပါတယ်။ မြေပဲထောပတ် မြေပဲဓါတ်မတည့်မှြုဖစ်စေနိုင်သလို မျိုချရခက်တာကြောင့် ကလေးကို နင်တာ၊သီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ကလေကိုမြေပဲထောပတ်ကျွေးချင်ရင်တောင် ၂ နှစ်ကျော်မှကျွေးပါနော်။ အချို့သောဟင်းသီးဟင်းရွက်တွေ ကလေးကငယ်သေးတဲ့အရွယ်မှာ နိုက်ထရိတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေကိုမကျွေးသင့်ပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အသီးအရွက်စားဖို့ ကလေးကို ဖိအားပေးသင့်သလား

မိဘတိုင်းက ကိုယ့်သားသမီးကို အာဟာရဓါတ်ေတွပြည့်ဝအောင်ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ အဓိကကြိုးစားကြမှာပါပဲ။ ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဆိုတာ အစားအစာတစ်မျိုးတည်းကမရနိုင်သလို အသား၊ငါးတွေအပြင် အသီးအရွက်၊ အသီးအနှံမျိုးစုံကို စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးဆိုတာ သူကြိုက်တာတွေချည်းရွေးစားမှာပဲ။ စားသင့်တာတွေ စားဖြစ်ပါ့မလား ပူရပြန်ရော။ အများစုကတော့ အချိုကြိုက်တယ်၊ သရေစာတွေကြိုက်တယ်၊ အသားငါးနဲ့လုပ်တဲ့စားစရာတွေစားရင်စားမယ်၊ အသီးအရွက်ကျတော့ ဖယ်စားတာများပါတယ်။ တချို့အသားမကြိုက်ဘဲ အသီးအရွက်ပဲစားတဲ့ကလေးတွေကတော့ခြွင်းချက်ပေါ့လေ။ အသီးအရွက်က ဘာကြောင့်အရေးကြီးတာလဲ ကလေးအာဟာရမှာ အသားနဲ့အသီးအရွက်ညီညွတ်မျှတဖို့လိုအပ်တာက လူတိုင်းသိပါတယ်။ အသီးအရွက်တွေမှာ ဗီတာမင်နဲ့သတ္တုဓါတ်အမျိုးစုံအပြင် အမျှင်ဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာမို့ နေ့စဉ်အာဟာရမှာ မပါလို့မဖြစ်ပါဘူး။ မေမေတို့ဖြစ်စေချင်တဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေဆိုတာ အသွေးအရောင်စုံတဲ့ အာဟာရအစားအသောက်တွေဆီက အများဆုံးအရင်းခံလာတာ မမေ့ပါနဲ့နော်။ ဒါဆို ကလေးကို အသီးအရွက်စားဖြစ်အောင် ဘယ်လိုကျွေးမလဲဆိုတာပြဿနာပါ။ အတင်းအကျပ်ဖိအားပေးပြီးကျွေးတာတော့ လုံးဝမလုပ်သင့်ပါဘူး။ အစားစားဖို့ဖိအားကိုမပေးသင့်တာပါ။ အတင်းအကျပ်စားခိုင်းရင် ကလေးက အဲဒီအစားအစာကို ပိုလို့တောင်မုန်းသွားနိုင်ပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်ဖြစ်သွားစေတာက နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ အသီးအရွက်စားဖြစ်အောင် ဘယ်လိုဆွဲဆောင်မလဲ ကိုယ်က […]


ကလေးအာဟာရချို့တဲ့ခြင်း

ပရိုတင်း(အသားဓါတ်) ချို့တဲ့နေပြီဆိုတာ သိနိုင်တဲ့လက္ခဏာများ

ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေထဲမှာ ပရိုတင်း(အသားဓါတ်) က ထိပ်ဆုံးက ပါဝင်ပါတယ်။ ကြွက်သားတွေတည်ဆောက်ဖို့၊ အသားအရေတွေ တင်းရင်းဖို့၊ အားအင်တွေပြည့်ဝစေဖို့နဲ့ ဟော်မုန်းတွေ ဖြစ်တည်ဖို့အတွက် ပရိုတင်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ပရိုတင်းဓါတ် ချို့တဲ့သွားရင် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက အများကြီးပါ။ အထူးသဖြင့် ကြီးထွားဖို့ တာဆူနေတဲ့ ကလေးတွေမှာဆို ပိုဆိုးတာပေါ့ ။ ပရိုတင်းဓါတ်ချို့တဲ့သွားရင် သူတို့ရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာတွေက အများကြီးလေ။ ကလေးတွေမှာ ပရိုတင်း( အသားဓါတ်) ချို့တဲ့မှု ဘာကြောင့် အဖြစ်များတာလဲ ။ ။ ပရိုတင်း (အသားဓါတ်)ဆိုမှတော့ ရှင်းပါတယ်။ လိုအပ်တဲ့ ပမာဏပြည့်မီအောင် အသားတွေ မစားမိတာကြောင့် ဒီလို အသားဓါတ်ချို့တဲ့မှုတွေဖြစ်ရတာပါ။ တစ်ချို့ထင်နေကြတာရှိပါတယ်။ ပရိုတင်းဓါတ်ချို့တဲ့တာဟာ ငွေရေးကြေးရေး မပြေလည်လို့ […]


ကလေးငယ်ပထမနှစ်

မွေးရာပါလျှာခင်တွယ်ဆက်ခြင်း

လျှာခင်တွယ်ဆက်ခြင်း လျှာခင်တွယ်ဆက်ခြင်းဆိုတာကမွေးရာပါရောဂါတစ်ခုပါ။ လျှာလှုပ်ရှားရခက်တဲ့အခြေအနေတစ်မျိုးပါ။ လျှာနဲ့ခံတွင်းအောက်ခြေကို တွယ်ဆက်ထားတဲ့ တွယ်ဆက်တစ်ရှုးတွေ များလွန်းနေတာကြောင့် လျှာကလှုပ်ရှားရခက်နေတာပါ။ လျှာခင်တွယ်ဆက်နေတဲ့ ကလေးငယ်တွေဟာ နို့သောက်ရာမှာ အက်အခဲရှိနိုင်သလို အစားစားတဲ့အခါ၊ စကားပြောတဲ့အခါမျိုးနဲ့ မျိုချတဲ့အခါမျိုးမှာ အခက်အခဲတွေဖြစ်နိုင်ပါတယ်။ လျှာခင်တွယ်ဆက်ရခြင်းရဲ့ အကြောင်းအရင်းတွေက ဒီရောဂါလက္ခဏာတစ်ခုပါ။ အကြောင်းအရင်းကတော့ ဘာကြောင့်ရယ်လို့ တိတိကျကျမရှိပါဘူး။ ဒါပေမယ့် လျှာခင်တွယ်ဆက်မှုတော်တော်များများက မျိုးရိုးလိုက်တာကြောင့်ဖြစ်ရတာပါ။ ဘယ်သူတွေပိုဖြစ်နိုင်လဲ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ယောက်ျားလေးတွေက မိန်းကလေးတွေထက် လျှာခင်တွယ်ဆက်နိုင်ခြေပိုများပါတယ်။ တစ်ခါတလေ မိသားစုတစ်စုထဲမှာ တစ်ယောက်မကဖြစ်နိုင်ပါတယ်နော်။ လက္ခဏာတွေကဘာတွေလဲ လျှာခင်တွယ်ဆက်နေတယ်ဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ လျှာကို အပေါ်သွားကို ထိလို့မရဘူး။ လျှာကိုဘေးဘက်တွေကို လှုပ်ရှားလို့မရဘူး။ အောက်သွားကိုကျော်ပြီး လျှာကို အပေါ်ကို ပင့်လို့မရဘူး။ လျှာထုတ်တဲ့အခါ လျှာအလယ်ပိုင်းက ချိုင့်ဝင်နေမယ်။ နို့စို့အရွယ်ကလေးတွေမှာဆိုရင် နို့စို့ရခက်နေမယ် အမြဲလိုလိုဆာလောင်နေမယ် လေနြာဖစ်မယ် ဂျီကျနေမယ် ကိုယ်အလေးချိန် သိပ်မတက်ဘဲဖြစ်နေမယ် ကိုယ်အလေးချိန်မတက်ဘူးဖြစ်နေမယ်။ နောက်ဆက်တွဲ ဘာပြဿနာတွေဖြစ်နိုင်လဲ လျှာခင်တွယ်ဆက်မှုက ကလေးရဲ့ နို့စို့တာ၊ အစားစားတာ၊ မျိုချတာနဲ့ စကားပြောတာတွေမှာပါ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ နို့သောက်ရာမှာ အခက်အခဲရှိနိုင်တယ် […]


ကလေးငယ်အာဟာရ

အစားတစ်လုတ်ကြောင့် ဘေဘီလေးတို့ ဒုက္ခမရောက်စေဖို့

ကလေးလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ မိဘတွေအနေနဲ့ အဖက်ဖက်က ဂရုစိုက်ရပါတယ်။ ဒီလိုဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်မွေးထားတဲ့ ကလေးလေးတစ်ယောက် ကိုယ်ကျွေးလိုက်မိတဲ့ အစားတစ်လုတ်ကြောင့် ဒုက္ခရောက်မှာကိုတော့ ဘယ်မိဘမှဖြစ်ချင်မယ်မထင်ပါဘူးနော်။ ဒီတော့ အစားတစ်လုတ်ကြောင့် ကိုယ့်ရင်သွေးလေးဒုက္ခမရောက်စေဖို့ အန္တရာယ်ကင်းကင်းနဲ့ အစားဘယ်လိုကျွေးမလဲပြောပြမယ်နော်။ ဘေဘီလေးတွေ အစားစားတဲ့အခါ အန္တရာယ်ကင်းကင်းဖြစ်စေဖို့ အစာစားစမှာ စားစရာတွေကို ကြိတ်ခြေပြီးကျွေးရပါမယ်။ ထမင်းကနေစလို့ အသီးအရွက်တွေရော၊ သစ်သီးတွေရောပေါ့။ ဒါမှ ကလေးက အစာနင်တာ၊ သီးတာမျိုးမဖြစ်စေမှာပါ။ ကလေးအစားစားတဲ့အခါ အရိပ်တကြည့်ကြည့်စောင့်ကြည့်ပေးပါ။ ကလေးကို အစားကောင်းကောင်းဝါးနိုင်စေဖို့အတွက် စားနေတုန်းမှာ အချိန်လေးပေးလိုက်ပါ။ အစားစားတဲ့အခါ ကလေးကို မတ်မတ်လေးထိုင်ခိုင်းပေးပါ။ သရေစာစားချိန်ရော၊ရေသောက်ချိန်မှာပါ ကလေးကို မတ်မတ်လေးထားပေးပါ။ ကလေးကိုလှဲနေတုန်း အစားခွံတာ၊ပြေးလွှားဆော့နေတုန်းအစားခွံတာ၊ ငိုနေတုန်းခွံတာမျိုးတွေမလုပ်ပါနဲ့။ ကလေးကို နို့ဘူးတိုက်တဲ့အခါမှာလည်း ကိုင်ပြီးတိုက်ပါ။ သူ့လက်နဲ့သူ ကိုင်သောက်တာမျိုးမလုပ်ပါနဲ့။ ကလေးကို နင်စေနိုင်တယ်ဆိုတဲ့ အစားအစာတွေ မကျွေးပါနဲ့။ နင်စေနိုင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ ဘယ်ရီသီးတွေ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ အစာခြေစနစ်ကျန်းမာစေမယ့် Prebiotic တွေဘယ်ကရနိုင်လဲ

Prebiotic ဆိုတာဘာလဲ မပြောခင် Probiotic အကြောင်းကို မေမေတို့အရင်သိမှဖြစ်ပါမယ်။ ဒါမှ သူတို့တွေက ကလေးကျန်းမာရေးအတွက် ဘယ်လိုအရေးပါလဲဆိုတာ နားလည်ကြမှာပေါ့။ လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ်ထဲမှာ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက စစ်သည်တွေလိုမျိုး ရောဂါပိုးတွေကိုခုခံကာကွယ်ပေးကြပါတယ်။ အဲဒီ ဘက်တီးရီးယားလေးတွေ အလုံအလောက်ရှင်သန်နိုင်ဖို့ အားဖြည့်ပေးတဲ့အာဟာရကတော့ Prebiotic လို့ခေါ်ပါတယ်။ အာဟာရဆိုပေမယ့် Prebiotic ဆိုတာ စားချလိုက်တဲ့အခါ ချေဖျက်လို့မရတဲ့အမျှင်ဓါတ်တစ်မျိုးဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ်ကျန်းမာရေးအတွက်တကယ်ကိုကောင်းပါတယ်။ ကိုယ့်ကလေးတွေ ကျန်းမာဖို့ဆိုတာ အစာအာဟာရတွေပြည့်ဝအောင်ဖန်တီးပေးနိုင်ဖို့၊ အာဟာရဓါတ်တွေစုပ်ယူနိုင်စေဖို့၊ ခွန်အားတိုးဖွံ့ဖြိုးစေဖို့ မေမေတို့အဓိက ပူပန်ကြတာမဟုတ်လား။ ဒီလိုအရေးပါတဲ့အကျိုးပြုဘက်တီးရီးယားဓါတ်စာ Prebiotic ကို ဘယ်အစာအာဟာရတွေကရနိုင်မလဲ၊ ကိုယ့်ကလေးအစာအာဟာရမှာ ဘယ်လိုထည့်သွင်းမလဲဆိုတာ ဆက်ပြီးဖတ်ကြည့်နော်။ Prebiotic ရနိုင်မယ့် အစားအစာတွေက - ကြက်သွန်ဖြူ ကြက်သွန်ဖြူရဲ့အမျှင်ဓါတ် ၁၁ ရာခိုင်နှုန်းလောက်က inulin ဖြစ်ပြီး သဘာဝ Prebiotic ဖြစ်တဲ့ fructooligosaccharides […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား

ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား ..... ကလေးတွေက အရွယ်ရောက်လာတာနဲ့အမျှ အာဟာရလိုအပ်ချက်ကလည်း များလာပါတယ်။ ဒီအာဟာရလိုအပ်ချက်ကိုပြည့်မီအောင်ဖြည့်တင်းဖို့ မိခင်နို့အပြင် နို့ဗူးတိုက်တာကိုပါမေမေတို့ လုပ်ပေးလေ့ရှိကြပါတယ်။ ဒီကနေမှ ၆ လပြည့်ပြီဆိုရင် အစားစကျွေးပါပြီ။ ဒီအချိန်မှာလည်း အစာကို ကျင့်စမို့ နို့ဗူးလေးနဲ့ မေမေ့နို့တို့ကို လိုအပ်သလိုကူနေရဆဲပေါ့။ ဒီလိုကနေ အချိန်ကြာလာတော့ ကလေးကို သနားတာရော လိုအပ်တဲ့အာဟာရပြည့်စေချင်တဲ့စေတနာရောပေါင်းပြီး ကလေးကို အရွယ်တော်တော်ရောက်တဲ့အထိ နို့ဗူးကိုပါဖြည့်စွက်စာနဲ့ တွဲလို့တိုက်မိနေနိုင်ပါတယ်။ တကယ်တော့ ကလေးတစ်ယောက်ကို အသက် ၂ နှစ်အထိပဲ နို့ဗူးတိုက်သင့်တာပါ။ ဒီထက်ကျော်ပြီး နို့ဗူးတိုက်နေမယ်ဆိုရင် ကလေးက အာဟာရပြည့်ဖို့ထက် ကျန်းမာရေးအတွက် ထိခိုက်တာမျိုးဖြစ်လာနိုင်ပါတယ်။ ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား ...... ကလေးကို အဆင်ပြေပါစေတော့ဆိုပြီး သူကြိုက်တဲ့အရာတစ်ခုဖြစ်တဲ့ နို့ဗူးတိုက်တာကို အသက်တော်တော်လေးရလာတဲ့အထိ ဆက်လုပ်ပေးမိနေမယ်ဆိုရင်ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။ ကလေးလေးတွေက အသက် […]


ကလေးငယ်အာဟာရ

ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ပါ

ကလေးကအရွယ်လေးရောက်လာပြီ အစားမစားဘူး၊ နို့ဗူးပဲသောက်နေတယ်၊ အစားစားအောင်လို့ နို့ဗူးဖြတ်ချင်တယ်။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့မေမေတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ကြည့်လို့ ရပါတယ်။ ကလေးကို ဘယ်အချိန်မှာ နို့ဗူးစဖြတ်မလဲ ကလေးကို နှစ်နှစ်အထိ မိခင်နို့တိုက်ပေးတာက ခန္ဓာကိုယ်ကိုကျန်းမာစေနိုင်သလို ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးတယ်ဆိုပေမယ့် နို့ဗူးတိုက်တာကတော့ ဒီလိုမဟုတ်ပါဘူး။ ကလေးကို အသက်တစ်နှစ်လောက်ရောက်လာပြီဆိုရင် နို့ဗူးဖြတ်သင့်ပါပြီ။ ကလေးကို အသက်၆လလောက်တည်းက ခွက်နဲ့ ကိုင်သောက်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ အသက် ၁နှစ်လောက်အထိ ခွက်ကို သေချာမကိုင်ဘဲ နို့ဗူးပဲ စို့နေတယ်ဆိုရင် နို့ဗူးဖြတ်ဖို့ လိုပါပြီ။ ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုတာက ကလေးရဲ့ ဖွံ့ဖြိုးမှုပဲ ဖြစ်တာကြောင့် နို့ဗူးပဲ စို့နေရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ နို့ဗူးစွဲနေတာကြောင့် ဘာပြဿနာ‌တွေ ဖြစ်နိုင်သလဲ။ တချို့ကလေးတွေက နို့ဗူးထဲက နို့ကို သောက်ချင်တာ မဟုတ်ဘဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း