ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးရဲ့ သွားနဲ့ ခံတွင်းကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား

ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်နေပြီး သွားနဲ့ ခံတွင်းကို ပစ်ထားလို့ မဖြစ်ပါဘူးနော်။ ကလေးဆိုတာ သစ်ရွက်ကလေး လှုပ်တာမြင်ရင်တောင် သွားလေးပေါ်အောင် ပြုံးပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်တတ်ကြတဲ့အရွယ်မလား။ ဒီတော့ သွားနဲ့ခံတွင်းကို ငယ်စဉ်ကတည်းက သေချာဂရုစိုက်မှ ကလေးတွေ ပြုံးလိုက်တိုင်း ညီညာလှပတဲ့ အဖြူရောင်ပုလဲသွယ် သွားလေးတွေကို မြင်ရမှာပေါ့။ မိဘတွေအနေနဲ့ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပစ်ပယ်ထားလိုက်ရင် ကလေးတွေ အပေါ်ယံကြွေလွှာပျက်စီးပြီး သွားပိုးစားတာ၊ သွားပိုးပေါက်တွေ ဖြစ်လာနိုင်တာ၊ သွားတွေ ဝါထိန်ပြီး သွားချေးတွေ တက်လာတာတွေအပြင် ခံတွင်းအနံ့အသက်ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။ ကြီးလာရင်လည်း သွားတွေ ပျက်စီးပြီး ကျိုးလွယ်နိုင်တယ်။ ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်တဲ့အထိ ကိုယ့်ရဲ့ ကလေးကို ကျန်းမာရေးဒုက္ခတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲမို့ ကလေးတွေရဲ့ သွားတွေ မပျက်စီးစေဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို လုံလောက်တဲ့ အာဟာရဓါတ်တွေ ပေးနေရဲ့လား

မိဘတွေရဲ့ တာဝန်ဝတ္တရားတွေထဲမှာ သားသမီးတွေကို အာဟာရပြည့်ဝစွာ ကျွေးမွေးပေးဖို့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြီးထွားဖွံ့ဖြိုးဆဲအရွယ်ြဖစ်တဲ့ ကလေးတွေမှာ နေ့စဉ် အာဟာရဓါတ်တွေ လုံလောက်စွာ ရရှိပါမှ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်မှာပါ။ ဒီဆောင်းပါးလေးမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီး မေမေတို့ သိဖို့ လိုအပ်တဲ့ အကြောင်းအရာတွေ၊ ကလေးရဲ့ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုအတွက် ဘယ်လိုအာဟာရဓါတ်တွေ များများကျွေးပေးဖို့ လိုအပ်လဲဆိုတာ ပြောပြပေးမယ်နော်။ မွေးကင်းစမှ ၆လအရွယ် ကလေးတွေ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးတာ အကောင်းဆုံးပါပဲ။ မိခင်နို့မှာ ကလေးကျန်းမာရေးနဲ့ ဦးနှောက်ဉာဏ်ရည်ထက်မြက်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ၊ ကလေးကြီးထွားမှုအတွက် ပရိုတင်းဓါတ်ေတွ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေလို့ ကလေးမဖျားနာစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ မိခင်နို့က ကူညီပေးပါတယ်။ မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတဲ့အတွက် ကလေးကို နို့များများတိုက်ပေးရင် […]


ကလေးငယ်ပထမနှစ်

ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။

ကလေး သေးခံ၊ အနှီးကို ကြည့်ပြီး သင့်ကလေး ကျန်းမာရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ခန့်မှန်းလို့ရတာ သင်သိပါသလား။ ။ ဝမ်းအရောင် ၊ ဝမ်း အပျော့အမာ စတာတွေကို ကြည့်ပြီး ကလေးရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်။ ။ ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။ ဝမ်းအမည်းရောင် ။ ။ မွေးပြီးပြီးချင်း ၂၄ နာရီအတွင်းကလေးစသွားတဲ့ ဝမ်းအရောင်က အမည်းရောင်ဖြစ်နေတတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်နေကျပါ။ မွေးပြီးပြီးချင်း ၁ ပတ်အတွင်းမှာ အမည်းရောင်ဝမ်းတွေ အများကြီးသွားနိုင်ပါတယ်။ ၁ပတ်ထက်ကျော်လို့ ဝမ်းက အမည်းရောင်ပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ သင့်ကလေး ကျန်းမာရေးမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေပါပြီ။ ။ ဝမ်းအမည်းရောင်ကို မိခင်နို့တိုက်နေတဲ့ကလေးမှာရော၊ နို့မှုန့်သောက်နေတဲ့ကလေးမှာရော […]


အခြားကလေးကျန်းမာရေးပြဿနာများ

နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတွေ ဘယ်လိုဂရုစိုက်မလဲ

ဘာလိုလိုနဲ့ နွေရာသီတောင် ရောက်လာပြီနော်။ ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ ကလေးတွေအတွက် ပျော်စရာအားလပ်ချိန်လေး ရပြီပေါ့။ ဒီလို ကျောင်းပိတ်ရက်မှာ ဖျားနာနေမယ်ဆိုရင် ကလေးတွေလည်း စိတ်လွတ်လက်လွတ် မပျော်ရတော့ဘူး။ မိဘတွေလည်း ကလေးခံစားနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရမှာပါ။ ဒါကြောင့် ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ ကိုယ့်ကလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာနေစေဖို့ ဂရုစိုက်ပေးသင့်တဲ့ အရာလေးတွေကို မေမေတို့အတွက် ပြောပြပေးမယ်နော်။ နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတွေ ဘယ်လိုဂရုစိုက်မလဲ နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတို့ အနေနဲ့ ၁။ ရေများများတိုက်ပေးပါ။ နွေရာသီမှာ ကလေးတွေ ရေသောက်နည်းတာ၊ ချွေးခဏခဏ ထွက်တာကြောင့် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ကလေးတွေ ခေါင်းမူးပြီး ကိုယ်လက်မအီမသာ ဖြစ်မယ်။ နေလို့ထိုင်လို့ မကောင်းတာ၊ မူးဝေမောပန်းပြီး အားမရှိတာ၊ အသားအရေ ခြောက်သွေ့တာ၊ အစာစားချင်စိတ်ပါ နည်းသွားပြီး […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေကို သွားပိုးစားစေတဲ့ အစားအသောက်များ ။ ။

သွားပိုးစားတယ်၊ သွားကျင်တယ်၊ သွားမှာ အပေါက်တွေဖြစ်နေတယ်ဆိုတာ ကလေးတွေမှာ အရမ်းအဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း အချိုဆိုသိပ်ကြိုက်ပြီး အစားအသောက်တွေစားပြီးတိုင်းလည်း ပလုတ်ကျင်းလေ့မရှိတဲ့အပြင် ညည အိပ်ရာဝင်ခါနီးသွားတိုက်ဖို့လည်း ပျင်းကြတယ်လေ။ ဒီလိုနဲ့ သွားပိုးစား၊ သွားကိုက်တာတွေ သူတို့မှာဖြစ်ကုန်ရော။ ဒီသွားနဲ့ခံတွင်းဆိုတာကလည်း အစာခြေစနစ်ရဲ့ ထိပ်ဆုံး အပိုင်းတွေဖြစ်တာကြောင့် သူတို့မကျန်းမာရင် ကလေးလည်း အစာမစားနိုင်လို့ အာဟာရချို့တဲ့မှုတွေဖြစ်၊ သွားကိုက်ပြီး ဂျီကျလို့ မိဘတွေလည်း အလုပ်ရှုပ နဲ့ တော်တော်ကြီးကို ဗျာများရပါတယ်။ ဒီလိုမျိုး ကိုယ့်ကလေးခံစားနေရတာကို မကြည့်ရက်ရင်၊ ဘယ်လို အစားအသောက်တွေက ကလေးသွားပိုးစားခြင်းကိုဖြစ်စေလဲ ဆိုတာ သိထားဖို့နဲ့ နည်းလမ်းမှန် သွားတိုက်တဲ့ ပုံစံအကြောင်း ကလေးကို သင်ပေးထားဖို့တော့လိုပါလိမ့်မယ်။ ဒါတွေကို ဘယ်လိုသိမှာလဲဆိုပြီး ခေါင်းမစားလိုက်ပါနဲ့။ ဒီဆောင်းပါးလေးထဲမှာ ကလေးသွားပိုးစားခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေက ဘာတွေလဲဆိုတာ ပြောပြပေးတော့မှာပါ။ ဆက်ကြည့်ရအောင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

တီဘီဆေးသောက်နေစဉ် ကလေးအာဟာရကို ဂရုစိုက်ကြမယ်

အဆုတ်တီဘီဆိုတာ ဘာလဲ။ လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ကူးစက်ရာမှ ဖြစ်ပွားပြီး လူကြီး၊ လူငယ်မရွေး ကလေးတွေမှာလည်းတော်တော်လေး အဖြစ်များလာတာကိုတွေ့ရပါတယ်။ ကူးစက်ခံရတဲ့ ကလေးရဲ့ ကိုယ်ခံအားပေါ်မူတည်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုတ်တီဘီ ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲမှာ ရှိတဲ့ တစ်ရှုးတွေကို အဓိကတိုက်ခိုက်ပြီး ဦးနှောက်၊ ကျောရိုးနဲ့ တခြားကိုယ်တွင်းအင်္ဂါတွေထိပါ အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။ သေချာကုသမှုမခံယူဘူး၊ ဆေးကို ပုံမှန်မသောက်ဘူး၊ အစာအာဟာရကို ဂရုမစိုက်ဘူးဆိုရင်တော့ ရောဂါအခြေအနေဟာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။ ဘာလို့ ကလေးတွေမှာ တီဘီဖြစ်နိုင်ခြေ များတာလဲ။ ကလေးတွေဆိုတာ မျက်စိထဲမြင်တဲ့ ဘယ်အရာဝတ္ထုကိုမဆို သွားကိုင်ကြည့်တာ သဘာဝပါပဲ။ မကြာခဏ လက်ဆေးဖို့ မေ့တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာကိုင်တာ၊ နှာခေါင်းပွတ်တာ၊ အစာစားတာတွေ လုပ်တတ်တာဆိုတော့ တီဘီပိုးကူးစက်နိုင်ဖို့ ပိုလွယ်ကူတာပေါ့။ အာဟာရဓါတ်ချို့တဲ့တဲ့ ကလေးတွေ ပိန်ညှက်နေပြီး […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့နဲ့ နို့မှုန့် အတူတူ တွဲတိုက်လို့ရလား ။ ။

ကလေးအသက် ၆လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတဲ့ စကားလေးကိုဆရာဝန်တွေ ဆီက မကြာခဏ ကြားဖူးကြမှာပါ။ ဆရာဝန်တွေသာ တိုက်တွန်းကြပေမယ့် ကာယကံရှင်ဖြစ်တဲ့ မိခင်တွေထဲမှာ ဒီအဆိုကို လိုက်နာတဲ့သူရှားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က မိခင်တွေကိုကြည့်ရုံနဲ့ သိသာပါတယ်။ ကလေး ၃ လ ၄လ လောက်ရောက်ပြီဆိုတာနဲ့ မိခင်နို့အပြင် အပြင်က နို့မှုန့်တွေကိုပါ ဖျော်တိုက်ကြတယ်လေ။ ဒါကလည်း ကလေးကို အာဟာရပိုပြည့်စေချင်တဲ့ စေတနာဖြစ်တာကြောင့် ၆ လပြည့်တဲ့အထိ မစောင့်နိုင်တဲ့ မိခင်တွေကိုလည်း အပြစ်တင်လို့မရပါဘူး။ မိခင်နို့ရော နို့မှုန့်တိုက်သာတိုက်နေရပေမယ့် တစ်ဘက်မှာလည်း ဆရာဝန်တွေ ပြောထားတဲ့ ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတဲ့ စကားကလည်းရှိသေးတော့ မေမေတို့ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေတဲ့ မေးခွန်းတစ်ခုရှိမယ်လို့ထင်ပါတယ်။ ဘာလဲဆိုတော့ မိခင်နို့နဲ့ နို့မှုန့်ကရောတိုက်ရင် ကလေးအတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဆံပင်ပါးနေတဲ့ကိုယ့်ကလေး ဆံပင်ထူလာအောင် ဘာလုပ်ပေးရမလဲ။ ။

ဆံပင်ဆိုတာ ဒုတိယမျက်နှာပါ။ ဆံပင်ပုံကျမှ၊ ဆံသားကောင်းမှ၊ ဆံပင်ထူမှ လူတစ်ယောက်ရဲ့ အလှအပက ပြည့်စုံတာပါ။ ဆံပင်ထူမှ လှတာပါ။ ဆံပင်ပါးလို့လှတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံလှပတဲ့ ဆံပင်ရဖို့အတွက် ငယ်ငယ်တည်းက ထိန်းသိမ်းခဲ့ဖို့တော့ လိုပါတယ်။ ကလေးတိုင်း မတူကြပါဘူး။ တချို့ကလေးတွေရဲ့ ဆံပင်ကထူပြီး ဆံပင်ပေါက်သန်သလို တချို့ကလေးတွေ ကျတော့ ဆံပင်ပါးပြီး ဆံပင်ပေါက်နှေးကြပါတယ်။ ဆံပင်ထူအောင် ငယ်ငယ်တည်းက မေမေတို့ မလုပ်ပေးခဲ့ရင် အရွယ်ရောက်လာတဲ့အချိန်မှာလည်း သ့င်ကလေးဆံပင်ပါးပါးလေးပဲ ရှိမှာပါ။ ဒါကြောင့် ဆံပင်ပါးနေတဲ့ သင့်ကလေး ကို ဆံပင်ထူလာအောင်၊ သန်လာအောင် လုပ်ပေးဖို့ မေမေတို့မှာ တာဝန် အပြည့်ရှိပါတယ်။ ။ (၁) ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေ ကလေးကို များများကျွေးပါ။ ။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ စားပေးခြင်းဟာ ဆံပင်သန် […]


ကလေးငယ်အာဟာရ

ကလေးကို Solid Food စပြီးမိတ်ဆက်ပေးတော့မယ်ဆိုရင်

ကလေးတစ်ယောက်ကောင်းကောင်းကြီးပြင်းလာအောင် ပျိုးထောင်ရတာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့်ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ ပင်ပန်းခက်ခဲတဲ့ ခရီးပေါ့။ ဘယ်လောက်ပင်ပန်းပင်ပန်း ရင်သွေးကကျန်းကျန်းမာမာကြီးပြင်းလာတယ်ဆိုရင်ကို ပင်ပန်းတာတွေက အကုန်ပျောက်ကုန်တာလေ။ ကလေးရဲ့နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့တိုးတက်မှုတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရတာလည်းပြန်မရနိုင်တဲ့ အခိုက်အတန့်လေးတွေပါနော်။ ဒီအခိုက်အတန့်လေးတွေထဲမှာ ကလေးအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး မိဘတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ရှိပါတယ်။ ဒါကဘယ်အချိန်ဖြစ်မယ်ထင်လဲ၊ စကားစပြောတဲ့အချိန်လား၊ မတ်တတ်စမ်းတဲ့အချိန်လား၊ အစားစစားတဲ့အချိန်လား။ အစားစစားတဲ့အချိန်ပါနော်။ ကလေးတစ်ယောက်ကို ဘယ်အချိန်မှာ အစားစကျွေးမလဲ ကလေးတစ်ယောက်ကို မိခင်နို့လိုမျိုး အရည်ပဲတိုက်နေရင်းကနေ အစားစကျွေးရတာက ကလေးအတွက်ရော မိဘအတွက်ရောတော်တော်လေး စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ပါ။ ဒီအခိုက်အတန့်ကို ဘယ်အချိန်မှာ ကြုံရမလဲဆိုတော့ ကလေးအသက် ၆ လရောက်လာတဲ့အချိန်မှာပါ။ ဒီအချိန်မှာမှ ကလေးက အစာခြေစနစ် အပြည့်အဝဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ခန္ဓါကိုယ်ကြီးထွားလာမှုနဲ့အမျှ လိုအပ်တဲ့ အာဟာရပမာဏကလည်း တိုးလာပါပြီ။ ကလေးတွေကို အသက် ၆ လရောက်တဲ့အခါ အစားစကျွေးရမှာဖြစ်ပြီး ၆ လထက်နောက်မကျတာက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးရဲ့အမြင်နဲ့အကြားအာရုံအတွက် ဘယ်လိုပံ့ပိုးပေးကြမလဲ

ကလေးတွေများ မျက်စိေကာင်းလိုက်တာ၊ နားပါးလိုက်တာ ဆိုပြီး အဖိုးအဖွားတွေပြောလေ့ရှိကြတယ်နော်။ သူတို့က ငယ်သေးတာကိုး ဆိုပြီး အားကျတဲ့လေသံလေးနဲ့ ကိုယ့်ငယ်ဘဝကိုပြန်တမ်းတမိတတ်တာမြေးလေးတွေထိန်းရင်းနဲ့ပေါ့။ ဒါပေမယ့် လူကြီးတွေ မေ့လျော့နေကြတဲ့အချက်က ငယ်ရွယ်နေတိုင်း အရာရာဖွံ့ဖြိုးမှုအရမ်းကောင်းနေမှာမဟုတ်ဘူးဆိုတာပါပဲ။ ကလေးဆိုတာနဲ့ မျက်စိကောင်း၊ နားပါး၊ ကျန်းမာထက်မြက်နေမှာ၊ သူ့အလိုလို ဖွံ့ဖြိုးလာမှာ လို့တော့ တစ်ထစ်ချမထင်ထားပါနဲ့။ ကလေးဆိုတာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေဆဲ နုနယ်တဲ့အရွယ်မို့ အမြင်အာရုံ၊ အကြားအာရုံ စတဲ့ ခန္ဓါကိုယ်ရဲ့ဘယ်လုပ်ဆောင်ချက်တွေမှာမဆို ပံ့ပိုးမှုလိုကိုလိုအပ်ပါတယ်။ အသက်အရွယ်အလိုက် အစာအာဟာရပံ့ပိုးမှုတွေကို အားကိုးခဲ့ရတဲ့အပြင် လူကြီးတွေဆီကမြင်ရ၊ကြားရတာတွေ၊ချော့မြှူတာတွေဆီက အရာရာသင်ယူရပါတယ်။ ထိန်းကျောင်းတာ၊ကျွေးမွေးတာ၊ သင်ပေးတာတွေရဲ့ ပံ့ပိုးမှုတွေပေါ့။ ဒါတွေမရှိဘဲ ဘယ်ကလေးမှ ကျန်းမာသွက်လက်ဉာဏ်ထက်မြက်နေမှာမဟုတ်ပါဘူး။ ကလေးရဲ့အမြင်နဲ့အကြားအာရုံကောင်းအောင် ဘယ်လိုပံ့ပိုးကြမှာလဲ အမြင်၊အကြား၊ အနံ့၊ အရသာ နဲ့ အထိအတွေ့ ဆိုတဲ့အာရုံခံနိုင်စွမ်းတွေမှာကောင်းကောင်းဖွံ့ဖြိုးလာအောင် ပံ့ပိုးဖို့ မေမေတို့ မမေ့လျော့သင့်တဲ့ အချက်တချို့ကို အကြံပေးချင်ပါတယ်။ (၁) အာဟာရဓါတ်ေတွပြည့်ဝအောင် အလေးထားပါ ထမင်းအများကြီးစားတိုင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း