ကြက်သွန်မြိတ်
ခုနက ပြောခဲ့တဲ့နှစ်မျိုးလုံးနဲ့ ဆိုင်တဲ့ ကြက်သွန်မြိတ်ဟာ အလားတူအကျိုးအာနိသင်တွေရှိပါတယ်။ ဒါပေမယ့်သူ့မှာ inulin အမျှင်ဓါတ်က ၁၆ ရာခိုင်နှုန်းအထိပါဝင်တဲ့အပြင် flavonoids ဓါတ်တွေကြွယ်ဝလို့ ဓါတ်တိုးဆန့်ကျင်အာနိသင်လည်း ပြည့်ဝပါတယ်။
ကညွတ်
ကညွှတ်ကတော့ ကလေးတွေကို ကျွေးဖို့ပိုလွယ်ကူနိုင်မယ့် ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ prebiotics ကြွယ်ဝလို့ နူးအောင်ကြော်ချက်ပြီး ကလေးကို ဒီတိုင်းကျွေးလို့တောင်ရပါတယ်။ ၁၀၀ ဂရမ် ကညွှတ်တစ်ပန်းကန်စာမှာ inulin က ၂/၃ ဂရမ် ပါဝင်နိုင်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးဆို ပိုတောင်အဆင်ပြေသေးတယ်။ ကလေးကိုကျွေးရင် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြင် အမျှင်ဓါတ်တွေလည်းရမယ်။ inulin ပမာဏအနည်းငယ်သာပါတယ်ဆိုပေမယ့် ငှက်ပျောသီးအစိမ်းမှာ resistant starch လို့ခေါ်တဲ့ ဓါတ်မြင့်မားပြီး prebiotic လို အလားတူ အာနိသင်မျိုး အကျိုးကျေးဇူးရနိုင်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို ကျန်းမာစေပြီး လေပွခြင်းကို သက်သာစေပါတယ်။
အုတ်ဂျုံရဲ့ prebiotic အာနိသင်တွေက အရမ်းကိုအကျိုးပြုပါတယ်။ beta-glucan အမျှင်ဓါတ်တွေ ပါဝင်မှုများတဲ့အပြင် resistant starch လည်း ပါဝင်ပါသေးတယ်။ beta-glucan ဟာ အစာခြေစနစ်ကို ကျန်းမာစေတယ်၊ ကိုလက်စထရောတွေကျစေတယ်၊ သွေးတွင်းသကြားဓါတ်ကိုထိန်းပေးတယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။
ပန်းသီး
ချိုမွှေးတဲ့ ပန်းသီးကို ကလေးတိုင်းကြိုက်ပါတယ်။ ပန်းသီးရဲ့အမျှင်ဓါတ်ပါဝင်မှုမှာ Pectin က ၅၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ Pectin ဆိုတဲ့ဓါတ်က prebiotic အာနိသင်ရှိပြီး butyrate လို့ခေါ်တဲ့ fatty acid တစ်မျိုးကို ပမာဏတိုးစေပါတယ်။polyphenol ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်မှုများလို့ ဒါတွေအားလုံးပေါင်းလိုက်တဲ့အခါ အစာခြေစနစ်အတွက် အကျိုးပြုသက်ရောက်မှုက ကြီးမားလာတာပေါ့။
ဖြည့်စွက်အာဟာရ
အပေါ်က အစားအစာတွေကနေ prebiotic ရရှိနိုင်တာမှန်ပေမယ့် မေမေတို့ရဲ့ရင်နှစ်သည်းခြာလေးတွေက ဘယ်လောက်များများစားနိုင်မှာတဲ့လဲ။ သူတို့စားတဲ့အတိုင်းအတာကနေ prebiotic ကို လုံလောက်အောင်ရနိုင်ပါ့မလား၊ မရနိုင်ရင် probiotic တွေကိုရော အားဖြည့်နိုင်ပါ့မလား။ အစားအသောက်ကနေ လုံလောက်အောင်မရနိုင်ဘူးလို့ သံသယရှိနေရင် prebiotic တွေ၊ ဗီတာမင်၊ သတ္ထုဓါတ်၊ မရှိမဖြစ်လိုအပ်တဲ့ fatty acids တွေ စတဲ့ကလေးဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်သမျှပါဝင်တဲ့
ဖြည့်စွက်အာဟာရတွေကို ရွေးချယ်ဖို့လိုပါတယ်။
အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေအတွက် မေမေတို့ ကောင်းကောင်းပျိုးထောင်ပေးနိုင်ကြပါစေနော်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။