ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေ မျက်စိနာရင်

ကလေးရဲ့ မျက်လုံးလေးတွေက ငိုတာလဲ မဟုတ်ဘဲ မျက်ရည် ထွက်နေတယ်၊ မျက်ခမ်းသားနဲ့ မျက်ဖြူသားလေးတွေ နီနေတယ်၊ ဘာများဖြစ်တာလဲ ဆိုပြီး စိတ်ပူနေပြီလား မေမေတို့ရေ။ ဒါက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဖုန့်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေကြောင့် ကလေးရဲ့ မျက်လုံးမှာ ပိုးဝင်ကူးစက်ပြီး မျက်စိနာတာ ဖြစ်နိုင်ပါတယ်။ ကလေးတွေ မျက်စိနာရင် ကလေးက ငယ်သေးတော့ ဘယ်လို လုပ်ပေးရပါ့မလဲ။ မျက်စဉ်းခတ်ပေးရမလား မသိဘူး ဆိုပြီး စဉ်းစားရ ခက်နေလား။ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဝေခွဲမရတာတွေ အတွက် အဖြေ ထွက်လာပါလိမ့်မယ်နော်။ ကလေးတွေ မျက်စိနာရင် များသော အားဖြင့်ကတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အဖျား ဝင်နေတဲ့ အခါမျိုးမှာ ပိုဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့ ကတော့ မျက်ဖြူသားတွေ နီနေမယ် မျက်ခမ်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

အလုပ်ထွက်ပြီး မိသားစုကိုပဲ အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ အိမ်မှာပဲ အမြဲနေပြီး ကလေးတွေနဲ့ အချိန်ကုန်တဲ့ အိမ်ထောင်ရှင်မေမေတွေ နည်းလာပါပြီ။ ငွေရေးကြေးရေး အခြေအနေအရရော၊ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ဘဝအပေါ် ခံယူချက်ကြောင့် အလုပ်တစ်ဖက်နဲ့ မိသားစုတာဝန်ကို မလစ်ဟင်းအောင် ကြိုးပမ်းကြတဲ့ မေမေတွေဟာ တော်တော်လေးကို စိတ်ရောလူပါ ပင်ပန်းရတဲ့ ကိစ္စပါပဲ။ မကြာမီမှာ ကလေးယူပြီး ပျော်ရွှင်စရာ မိသားစုဘဝလေး ထူထောင်ကြမယ့် မေမေတွေလည်း လုပ်နေတဲ့ အလုပ်ကို ထွက်ရမလား၊ အလုပ်ရော အိမ်မှုကိစ္စကိုပါ တွဲပြီး လုပ်ရမလား တွေဝေနေကြမှာပါ။ ဒီနေ့ဆောင်းပါးလေးမှာ အိမ်မှာပဲ အမြဲနေပြီး မိသားစုနဲ့ အတူအချိန်ကုန်ဆုံးဖို့ ပြင်ဆင်နေတဲ့ မေမေတွေအတွက် ကြုံလာနိုင်တဲ့ ပြောင်းလဲမှုတွေနဲ့ ဘဝကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အိမ်တွင်းပုန်း မေမေတွေအတွက် အားသာချက်တွေ ၁။ မိသားစုဝင်က တစ်ခုခုလိုအပ်တိုင်း ကိုယ်က […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နေမကောင်းဖြစ်နေတဲ့ကလေး အမြန်သက်သာအောင် ဘယ်လိုဂရုစိုက်ပေးမလဲ။

ကိုယ်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ ကိုယ့်အသဲတုန်း ကလေးတွေ နေမကောင်းဖြစ်ရင် ရတက်မအေးဖြစ်ပြီး စိတ်ပူရတာ မိဘတိုင်းပါ။ ကိုယ့်သားသမီးကိုယ့်ရင်သွေးလေး ဝေဒနာခံစားနေရတာကို ဘယ်မိဘမှ ကြည့်မနေနိုင်ရက်သလို သူတို့လေးတွေဖျားနာနေမကောင်းဖြစ်တဲ့အခါ ပြုစုရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ မိဘတွေအသိဆုံးပါ။ နုနယ်တဲ့ကလေးတွေ ဆိုတော့ လူကြီးတွေလောက်ခံနိုင်ရည် မရှိဘဲ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်တယ် စိုးရိမ်ရတာလည်း ပါတာပေါ့။ ဖျားတယ်နာတယ်ဆိုတာကလည်း ဝင်လာတော့မယ်ဆိုပြီး အသိပေးတတ်တဲ့ အရာမဟုတ်ဘူးလေ။ ကိုယ်လက်ကိုက်ခဲ အပူတွေတက်၊ နေထိုင်ရတာ မသက်သာတော့မှ ဖျားနေပြီ နေမကောင်းဖြစ်နေပြီဆိုတာသိရတာမလား။ ကလေးဖျားပြီဆိုလို့ကတော့ ဖေဖေမေမေတို့ ပင်ပန်းဖို့သာပြင်ထားကြပေတော့ပေါ့။ ဒီဆောင်းပါးလေးမှာတော့ နေမကောင်းဖြစ်နေတဲ့ကလေး အမြန်သက်သာအောင် ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို ပြောပြပေးသွားမှာပါ။ နေမကောင်းဖြစ်နေတဲ့ ကလေးတစ်ယောက် မြန်မြန် ပြန်ပြီး နေကောင်းလာအောင် မိဘတွေဘက်က ဘယ်လိုဂရုစိုက်ပေးရမလဲ ။ ။ ကလေးတစ်ယောက်ဖျားပြီဆို လူကြီးတွေနဲ့ မတူပါဘူး။ သူတို့က ငယ်သေးတော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးတွေ ဘာကြောင့် ခြေဖျားလက်ဖျားတွေ အေးရတာလဲ ။ ။

မိဘ ဖြစ်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီး တော်တော်လည်း တာဝန်ကြီးတဲ့ကိစ္စတစ်ခုပါ။ ကိုယ်နေမကောင်းဖြစ်ရင်တောင် တုန်လှုပ်မနေတတ်ပေမယ့် ကိုယ့်ကလေးက ပုံမှန် မဟုတ်ဘူးလို့ ထင်လိုက်တာနဲ့ တုန်လှုပ်သွားတတ်ကြတာ မိဘတိုင်းပါ။ သားဦးလေးမွေးထားရင်ပိုဆိုးတာပေ့ါ။ ကလေးကလည်းငယ်သေး ကိုယ်ကလည်းအတွေ့အကြုံမရှိသေးတော့ ကိုယ့်ကလေး တစ်ခုခုဖြစ်နေမှာ စိတ်ပူနေရတယ်လေ။ ဒီဆောင်းပါးလေးထဲမှာတော့ မေမေတို့ စိတ်ပူကြတဲ့ မွေးကင်းစ အရွယ်ကလေးတွေမှာ ဖြစ်တဲ့ ခြေဖျားလက်ဖျားအေးတဲ့ အကြောင်းတွေနဲ့ ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ ခြေဖျားလက်ဖျားအေးတာ ဘာကြောင့်ဖြစ်ရတာလဲ ။ ။ သွေးလည်ပတ်မှု - မွေးကင်းစ ကလေးတစ်ယောက်ရဲ့ သွေးလည်ပတ်မှု စနစ်ကြီးက တစ်ကိုယ်လုံးကို သွေးတွေ အလုံအလောက်ပေးပို့နိုင်ဖို့အတွက် ခုမှ လေ့လာနေရတုန်းဖြစ်တာကြောင့် အရေးကြီးတဲ့ နှလုံး၊အဆုတ်၊ ဦးနှောက်တို့ဆီ သွေးတွေ အလုံအလောက်ရောက်ပေမယ့် ခြေဖျားလက်ဖျားတွေဆီတော့ သွေးတွေ လုံလောက်အောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ ..... ဆိုတာလေး ပြောပြပေးချင်ပါတယ်။ ဘေဘီလေးတွေက ၄ လခွဲ ၅ လလောက်မှာ အစာစားဖို့စိတ်အားထက်သန်ကြပါပြီနော်။ ဒီအချိန်မှာမေမေတို့က ကလေးကို ထမင်းပိတ်ပါးတိုက်ပြီးကျွေးတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်စုံအောင် အသီးအရွက်လေးတွေကို ကြိတ်ခြေပြီးကျွေးကြပါတယ်။ ဒီလိုကနေကျွေးလာရင်းက ကလေးကတော်တော်လေးအရွယ်ရောက်လာပြီ။ ဒါပေမယ့် သွားလေးကတော့ တစ်ချောင်းစနှစ်ချောင်းစလောက်ပဲရှိသေးတယ်။ ဒီလိုအရွယ်ရောက်လာတဲ့အခါ ကလေးကို ထမင်းကျွေးရင်မေမေတို့ ဖွားဖွားတို့ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခုရှိနေပါတယ်။ ဒါကတော့ ကလေးကို ဝါးကျွေးတာပါ။ ကလေးက မဝါးနိုင်သေးဘူး ဝါးကျွေးလိုက်မယ်ဆိုတာလေ။ ကလေးလေးတွေ ငယ်စဉ်ကဝါးကျွေးတာနဲ့လွတ်ခဲ့တဲ့သူရယ်လို့ သိပ်မရှိလှပါဘူး။ ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ ဆိုတော့ ကလေးကို အစာဝါးကျွေးတာကကောင်းတာလည်းရှိသလို မကောင်းတဲ့အချက်တွေလည်းရှိနေနိုင်ပါတယ်။ ဘာတွေကောင်းလို့ ဘာတွေမကောင်းဘူးလဲ သိချင်ရင်ဆက်ကြည့်လိုက်ရအောင်နော်။ ကလေးကို ထမင်းဝါးကျွေးတာကကောင်းတယ်လို့ပြောရတဲ့အချက် ကလေးကို ထမင်းဝါးကျွေးတာက ကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ကလေးကို […]


ကလေးငယ်အာဟာရ

စားမယ်ဝါးမယ် ဘေဘီလေးရေ

မွေးကင်းစကလေးလေးတွေက စက်ရုံကနေ အသစ်စက်စက်ထုတ်လိုက်တဲ့ ဖုန်းလေးတွေနဲ့တူပါတယ်နော်။ အက်ပလီကေးရှင်းလေးတွေပါလာပေမယ့် နည်းနည်းလေးတောင်မသုံးရသေးပါဘူး။ ဖုန်းတွေမှာသုံးချင်တဲ့ အက်ပ်ကို install လုပ်ရသလို ဘေဘီလေးတွေမှာလည်း သိစေချင်တတ်စေချင်တာလေးတွေကို မိဘတွေဘက်က ဖြည်ဖြည်းချင်းသင်ပေးရပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေကို စားရေးဝါးရေးအက်ပ်ကို ဘယ်လို install ပေးရမလဲပြောပြမယ်နော်။ ကဲ စားမယ်ဝါးမယ် ဘေဘီလေးရေ ....... စားမယ်ဝါးမယ် ဘေဘီလေးရေ ကလေးကို ဖြည့်စွက်စာ စကျွေးမယ်ဆိုရင် ဖေဖေမေမေတို့ ဘာတွေ သိထားဖို့ လိုမလဲ! ကလေးရဲ့ စားဖို့သောက်ဖို့ ကြွက်သားတွေက ဘယ်ချိန်မှာ ဖွံ့ဖြိုးတာလဲ ဘေဘီလေးအနေနဲ့ စားတတ်ဖို့နဲ့ စကားပြောတတ်ဖို့အတွက် ၆ လကျော်ကနေ ၈ လဝန်းကျင်မှာ စတင်ဖွံ့ဖြိုးပါပြီ။ သူ့ရဲ့ ပထမဆုံး စကားလေးတစ်ခွန်းကို စပြောဖို့အပြင်းအထန်ကြိုးပမ်းနေပါပြီ။ မေမေဖေဖေတွေအနေနဲ့လည်း ကလေးက ဘယ်သူ့ကို စခေါ်မလဲဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားရတဲ့အချိန်ပေါ့။ ဒီလိုအချိန်မှာ လုပ်ပေးရမှာက မျက်နှာက ကြွက်သားတွေကိုအသုံးပြုရတဲ့ ကစားနည်းလေးတွေပေါ့။ […]


ကလေးငယ်အာဟာရ

ကလေးကိုအရွယ်မတိုင်ခင် အစားကျွေးမိရင်ဘာတွေဖြစ်လာနိုင်လဲ

တစ်ခုခုစားတိုင်း သားသားကလိုက်ကြည့်နေတယ်။ မျက်နှာငယ်လေးနဲ့သနားပါတယ်။ သူ့ခမျာစားချင်နေရှာမှာပဲ။ ကလေးကို ထမင်းလေးကျွေးမှပဲလို့တွေးနေလား။ မသနားပါနဲ့နော်။ ကလေးတစ်ယောက်က အရွယ်ရောက်လာရင် ထမင်းကမဖြစ်မနေစားရမှာပါ။ အရွယ်မတိုင်ခင်ကျွေးမိတာက ကလေးကို အားဖြစ်စေဖို့ထက် ထိခိုက်စေဖို့များနေလို့ပါ။ ကလေးတစ်ယောက်ကို အနည်းဆုံး အသက် ၄ လခွဲမတိုင်ခင်အထိ မိခင်နို့ ဒါမှမဟုတ် အာဟာရပြည့်နို့မှုန့်ေတွကိုတိုက်တာအကောင်းဆုံးဖြစ်မှာပါ။ ကလေးကိုအရွယ်မတိုင်ခင် Solid food ပါနဲ့လို့ပြောရတဲ့အကြောင်းအရင်း ကလေးအာဟာရဗေဒပညာရှင်တွေကတော့ မိဘတွေအနေနဲ့ ကလေးက ၄ လမပြည့်သေးဘူးဆိုရင် Solid foodတွေမကျွေးဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ကလေးမိဘ ၄၀ ရာခိုင်နှုန်းကတော့ ဒီအကြံပြုချက်ကို သိပ်မလိုက်နာကြပါဘူး။ ကလေးတွေကို ၄ လမပြည့်ခင်ကတည်းက နို့မှုန့်တိုက်တဲ့နေရာမှာ အာဟာရမှုန့်တွေကျိုကျွေးတာ၊ ထမင်းတိုက်ကျွေးတာတွေကို အစားထိုးလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမလုပ်သင့်ပါဘူး။ ကလေးရဲ့ အစာခြေစနစ်က Solid foodတွေကိုချေဖျက်နိုင်ဖို့ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။လေ့လာမှုတွေအရတော့ နို့မှုန့်တိုက်တဲ့ကလေးတွေက Solid food […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကိုအရွယ်တော်တော်လေးရောက်မှ အစာကျွေးတာမျိုး မလုပ်ပါနဲ့

အရွယ်မရောက်ခင် Solid foodကျွေးမိလို့ အစာနင်သွားတယ်။ ကလေးက အစာနင်တာကြောင့်သေသွားတယ်ဆိုတာမျိုးတွေကြားပြီး ကလေးကို ထိခိုက်မှာစိုးတာကြောင့် ကလေးကိုတော်တော်နဲ့အစာမကျွေးမိဘဲဖြစ်နေတဲ့မိဘတွေများရှိနေလား။ ဒါဆိုရင်တော့ ကလေးက ၆ လပြည့်ပြီဆိုရင် အစာစကျွေးပါ၊လို့ပြောပါရစေနော်။ ကလေးတစ်ယောက်ကို အရွယ်မတိုင်ခင် အစာကျွေးတာက အန္တရာယ်ရှိသလို အရွယ်လွန်ပြီးမှာ အစာကျွေးတာကလည်း ထိခိုက်စေနိုင်ပါတယ်။ ကလေးကို အရွယ်တော်တော်ရောက်မှ အစာကျွေးမိတဲ့အခါ ဘာတွေဖြစ်လာမလဲ ကလေးတစ်ယောက်ကို အရွယ်တော်တော်လေးရောက်မှ အစားအစာတွေကို စတင်ကျွေးမယ်ဆိုရင် ကလေးအနေနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အဖိုးတန်ဗီတာမင် နဲ့ သတ္တုဓါတ်တွေကိုလက်လွတ်သွားနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေချိန်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေမပြည့်ဘူးဆိုတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေမှာအသေအချာပါ။ ခန္ဓါကိုယ်ရဲ့ ဆင့်ကဲဖြစ်စဉ်တွေနှေးသွားမှာပါ။ ကလေးကို အစောဆုံးအနေနဲ့ ၄ လခွဲနောက်အကျဆုံးက ၆ လမှာကျွေးရမှာပါ။ ဒီလိုမှမဟုတ်ဘဲ ကလေးကို ၈ လကျော်မှ အစားစကျွေးမယ်ဆိုရင်တော့ ကလေးရဲ့အာရုံခံနိုင်စွမ်းထိခိုက်စေနိုင်သလို စကားပြောဆိုနိုင်မှုစွမ်းရည်နဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တွေကိုပါထိခိုက်စေနိုင်ပါတယ်။ အစားစားဖို့နဲ့စကားပြောဖို့အတွက်လိုအပ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ရင်နှစ်သည်းခြာလေးတွေ ကျန်းမာဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်များ

ကလေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်တာ မေမေတို့ရဲ့ စေတနာပါ။ ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ဖြစ်တာကြောင့် နေ့စဉ် အစာအာဟာရကို သေချာဂရုစိုက်ပြီး ပြင်ဆင်မှ ကလေးတွေလည်း ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်မှာပေါ့။ ကလေးတွေ အရိုးအဆစ်တွေ သန်မာဖို့၊ ကိုယ်ခန္ဓါ ကြီးထွားဖို့ ပရိုတင်းဓါတ်နဲ့ ကယ်လ်စီယမ်ဓါတ်တွေ၊ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ကိုယ်ခံအားစနစ် မြှင့်တင်ပေးဖို့၊ ကိုယ်တွင်းအင်္ဂါ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ နေ့စဉ် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီတော့ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေက ဘာတွေများလဲ၊ ဘယ်ကနေရနိုင်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။ ကလေးကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ကလေးရဲ့ ကျန်းမာရေးနဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အလေးအနက်ထားတဲ့ မေမေတွေအနေနဲ့ အောက်မှာပြထားတဲ့ အာဟာရဓါတ်တွေကို နေ့စဉ် မဖြစ်မနေ ကျွေးပေးသင့်တယ်နော်။ ၁။ ပရိုတင်းဓါတ် ကလေး ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးစေဖို့၊ အရိုးအဆစ်တွေ သန်စွမ်းကြံ့ခိုင်စေဖို့၊ ကိုယ်ခန္ဓါက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးထွားဖွံ့ဖြိုးဖို့ ပရိုတင်းအာဟာရရဲ့ အရေးပါပုံ

ကျန်းမာရေးနဲ့ အစာအာဟာရဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ နေ့စဉ် အသက်ရှင်သန်ဖို့ အားအင်တွေ လိုအပ်ပါတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေကို နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကနေ အဓိက ရရှိပါတယ်။ လက်ရှိအချိန် ကမ္ဘာအနှံ့မှာ ကလေးတွေ အစာအာဟာရမမျှတမှုကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးမှုအပိုင်းမှာ ဖြစ်ပါတယ်။ ကလေးအရွယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ၊ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိမှကြီးထွားဖွံ့ဖြိုးပြီး ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် စုံလင်ပြီး အချိုးကျ ပြည့်စုံတဲ့ အာဟာရဓာတ်တွေကို နေ့စဉ်ဂရုတစိုက်ကျွေးမွေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ပရိုတင်းဓာတ်က သူတို့လေးတွေအတွက် နေ့စဉ်လိုအပ်ပါတယ်။ ကလေးကြီးထွားမှုအတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း