၂ ။ Marasmus – သူကလည်း PEM ထဲမှာ နောက်ထပ် အဖြစ်အများဆုံးတစ်ခုပါ။ Marasmus ဖြစ်နေတဲ့ကလေးတွေက ကြည့်လိုက်တာနဲ့တင် အာဟာရချို့တဲ့နေတယ်ဆိုတာ တန်းသိနိုင်လောက်အောင် အရိုးတွေပြိုင်းပြိုင်းထ ပိန်လှီနေပြီး ကြွက်သားတို့ ၊အဆီတို့ ဘာဆို ဘာတစ်ခုမှ မရှိတဲ့အပြင် မျက်နှာလေးကလည်း အိုစာတဲ့ပုံလေး ပေါက်နေတာပါပဲ။ ကြီးထွားမှုအပိုင်းမှာလည်း အခြားကလေးတွေထက်နောက်ကျနေပြီး တက်ကြွလန်းဆန်းမှုတွေလည်း ပျောက်ဆုံးနေတတ်ပါတယ်။
၃ ။ Marasmic Kwashiorkor – နာမည်ကိုတည်းက အပေါ်က နှစ်ခုပေါင်းထားတာဖြစ်တာကြောင့် Marasmic Kwashiorkor အမျိုးအစား PEM ခံစားနေရတဲ့ကလေးတွေမှာ အပေါ်က ပြောထားတဲ့၂ ခုလုံးက လက္ခဏာတွေ အကုန်ရှိတတ်ပါတယ်။
၄ ။ Underweight– ကလေးတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ်မူတည်ပြီး ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန် အောက် ရောက်နေတဲ့ ကလေးတွေဟာ Underweight(ပေါင်မပြည့်တဲ့) အုပ်စုထဲမှာ ပါပါတယ်။ ဒီလို ပေါင်မပြည့်တဲ့ ကလေးတွေဟာ အစာအိမ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အများဆုံး ခံစားရလေ့ရှိပါတယ်။
၅ ။ Stunting – အာဟာချို့တဲ့တာကြောင့် ကလေးကိုကြည့်လိုက်ရင် ကြုံလှီ သေးကွေးနေတာမျိုးပါ။ အရမ်းကြီး သိသာတဲ့ လက္ခဏာတွေ မရှိပေမယ့် ပရိုတင်းချို့တဲ့တာကြောင့် ရတတ်တဲ့ လက္ခဏာတွေ( သွေးအားနည်းတာ၊ ဆံပင်ပါးတာ၊ အရိုးသန်မာမှုမရှိတာတွေကို) တော့ အကုန်တွေ့ရမှာပါ။
ဘယ်မိဘမဆို ကိုယ့်ကလေးကို ကျန်းမာသွက်လက်၊ ကြီးထွားဖွံဖြိုး စေချင်ကြတဲ့သူချည်းပါပဲ။ ဒီတော့ အပေါ်မှာပြောထားတဲ့ ကြောက်စရာကောင်းတဲ့ ပရိုတင်းဓါတ်ချို့တဲ့တာကြောင့် ရနိုင်တဲ့ ပြဿာနာတွေ မဖြစ်အောင် ဘယ်လို ကာကွယ်တွန်းလှန်ကြမလဲ ။ ။
ပရိုတင်း ( အသားဓါတ်) ချို့တဲ့တာကြောင့် ဖြစ်ရတာဆိုတော့ အဓိကက အသားများများ ကျွေးဖို့ပါပဲ။ အသားတင်မကပါဘူး အခြား ပရိုတင်းကြွယ်ဝတဲ့ စားသောက်စရာတွေဖြစ်တဲ့ ပဲအမျိုးမျိုးတို့၊ နို့နဲ့နို့ထွက်ပစ္စည်းတို့၊ ကြက်ဥ ဘဲဥတို့ကို ကလေးကို ကျွေးရမှာ ဖြစ်ပါတယ်။ အရမ်းအလုပ်များပြီး ကလေးစားဖို့သောက်ဖို့ ထောင့်စေ့အောင် မစဉ်းစားနိုင်တဲ့ မေမေတွေ အတွက်ကတော့ ကြက်သားကရတဲ့ ပရိုတင်းကို အဓိကထား ထုတ်ထားတဲ့ BRANDS’ ပရိုတင်းမှုန့်ရှိပါတယ်။ သူက ပရိုတင်းအဓိက ဖြည့်စွက်အာဟာရမှုန့်တစ်ခုဖြစ်ပြီး ကွေကာအုပ်တို့၊ နို့မှုန့်တို့လိုပဲ ဖျော်သောက်လိုက်ရုံပဲဆိုတော့ မေမေတို့လည်း အလုပ်ရှုပ်သက်သာ ကလေးတွေ ပရိုတင်းဓါတ်ချို့တဲ့မှာလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့ ။
ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးသန်စွမ်းခြင်းဟာ မေမေတို့နဲ့ အဓိက သက်ဆိုင်နေတာကြောင့် အာဟာရနဲ့ ပက်သက်တဲ့ အရေးကြီးဆုံး အချက်တွေ၊ အာဟာရချို့တဲ့တာကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ဗဟုသုတ အနေနဲ့ မေမေတို့ သိထားတော့ မမှားဘူးပေါ့ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။