မာကျူရီများတဲ့ ငါးတွေဖြစ်ကြတဲ့ မက်ကာရယ်၊ ငါးမန်း၊ ၊တူနာ တို့လိုမျိုးငါးတွေကို မကျွေးသင့်ပါဘူး။ ပင်လယ်စာတွြေဖစ်တဲ့ ခရု၊ ကမာ၊ ကေျာက်ပုစွန်တို့ကိုလည်း မကျွေးသင့်ပါဘူး။ ကလေးကိုပြင်းထန်တဲ့ ဓါတ်မတည့်မှြုဖစ်စေနိုင်တာကြောင့်ပါ။ ကလေးအသက် ၃နှစ်ကျော်မှ ဒီအစားအစာတွေကျွေးသင့်ပါတယ်။
ချောကလက်တင်မကပါဘူး။
ကဖင်းပါတဲ့ စားစရာတွေ၊သောက်စရာတွေက ကလေးအတွက်မကောင်းပါဘူး။ အစာခြေစနစ်ကို ထိခိုက်စေပြီး ကလေးကို
လေနာတာ၊ ဗိုက်ပွတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အသက် ၁ နှစ်ကျော်လာပြီဆိုရင်တော့ချောကလက်ကို နည်းနည်းလောက်ကျွေးလို့ရပါပြီ။
ဗီတာမင်၊ ပရိုတင်းနဲ့သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အစားအစာကို ကေးလကိုမကျွေးနဲ့လို့ ဘာလို့များပြောရတာလဲလို့တွေးနေမိလား။ ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည့်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ကလေးတွေဟာ ငယ်စဉ်ကာလမှာ ကြက်ဥ၊ဘဲဥနဲ့ဓါတ်မတည့်တာကို ခံစားရနိုင်ပါတယ်။
အရေပြားမှာ အဖုအပိမ့်တွေထွက်တာ၊ အသားအရေမှာ ယားယံမှုတွေဖြစ်တာ နဲ့
ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေခံစားရနိုင်ပါတယ်။
အချဉ်ဓါတ်ပါတဲ့ အသီးတွေ
ကလေးကို လိမ္မော်သီး၊ရှောက်ချိုသီးအပါအဝင် အခြား အချဉ်ဓါတ်ပါတဲ့ အသီးတွေကို မကျွေးသင့်သေးပါဘူး။ ဒိအစားအစားတွေက ဗီတာမင် C နဲ့ အက်ဆစ် ပါဝင်နေတာကြောင့် အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာမျိုးဖြစ်စေနိုင်ပါတယ်။
ဒီတော့ ကိုယ့်ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့ ဒီအစားအစာလေးတွေကို ငယ်စဉ်မှာ မကျွေးဖို့ အကြံပြုပါရစေနော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။