ကလေး ၉ လ ကနေ ၁၂ လအရွယ်
ပိုပြီး စုံစုံလင်လင်စားလို့ရပါပြီ။ လူကြီးစားသမျှခွံလို့မရသေးပေမယ့် အရင်လတွေကထက်တော့ ပိုပြီး စုံလင်အောင်စားလို့ရပါပြီ။ အသား၊ငါးတွေစားလို့ရပါပြီ။ ထင်းတိုက်ကျွေးတဲ့အခါ အသ်းအရွက်တွေအပြင် ကြိတ်ခြေထားတဲ့ ငါးနဲ့ကြက်သားတို့ကို စစားလို့ရနေပါပြီ။ အမဲသား၊ဝက်သားလိုမျိုးအသားတွေကိုသေချာနူးအိနေအောင်ချက်ပြီးကျွေးလို့ရနေပါပြီ။ ပဲအမျိုးမျိုး၊ ဥနဲ့ နို့ထွက်ပစ္စည်းလေးတွေစားလို့ရပါပြီ။မေမေ့နို့ကိုတော့ ဆက်တိုက်နိုင်ရင် ပိုကောင်းပါမယ်။ သစ်သီးတွေကို ကြိတ်ခြေပြီး သရေစာအဖြစ်ကျွေးလို့ရပါတယ်။ပေါင်မုန့်ချောင်းလေးတွေကိုကျွေးလို့ရပါပြီ။
ကလေး ၉ လကနေ ၁၂ လအတွင်းမှာ ကလေးအတွက် လုံလောက်တဲ့ အာဟာရပြည့်ဝစေဖို့ တစ်နေ့ကို ထမင်း ၄ ကြိမ် ကနေ ၅ ကြိမ်လောက်အထိကျွေးပေးရပါမယ်။ တစ်နေ့တာအတွင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ နှစ်ကြိမ်ကျွေးပေးပါ။ အရွယ်ရောက်လာတာနဲ့အမျှ လိုအပ်တဲ့ အာဟာရပမာဏကလည်း ပိုများလာပါပြီ။ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို အရောင်စုံစုံလေးကျွေးပေးပါ။ ဆားနဲ့ အရသာအတွက်ထည့်ရတဲ့ အရာတွေတော့ ထည့်ဖို့မလိုသေးပါဘူးနော်။
ဘာတွေကျွေးမလဲ
ဒီအသက်အပိုင်းအခြားမှာတော့ ကလေးက အရွယ်ရောက်လာပြီဖြစ်သလို အာဟာရလိုအပ်ချက်ကလည်း ပိုလာပါပြီ။ လိုအပ်တဲ့အာဟာရပြည့်ဝအောင်ကျွေးရမယ့်အစားအစာတွေကလည်း အရင်ကထက်ပိုများလာပြီပေါ့။
- ထမင်း
- ငါး
- ကြက်သား
- ဥအမျိုးမျိုး
- နွားနို့၊ဆိတ်နို့
- ဒိန်ချဉ်
- ပဲနီလေး
- မုန်လာဥနီ
- ရွှေဖရုံသီး
- ပန်းဂေါ်ဖီစိမ်း
- ကန်ဇွန်းဥ
- အာလူး
- ဟင်းနုနွယ်
- သခွားသီး
- ချယ်ရီခရမ်းချဉ်သီး
- ထောပတ်သီး
- ပန်းသီး
- စတော်ဘယ်ရီသီး
- စပျစ်သီး (အစေ့ဖယ်ပေးပါ)
- ငှက်ပျောသီး
- သင်္ဘောသီး
- ချယ်ရီသီး
- တရုတ်ဇီးသီးတို့ကျွေးပေးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။