နို့ဗူးသောက်တာနဲ့ ကလေးအဝလွန်တာက တိုက်ရိုက် ဆက်စပ်နေတာတော့မဟုတ်ပေမယ့် နို့ဗူးသောက်တဲ့ကလေးတွေမှာ အဝလွန်ဖြစ်နိုင်ခြေက သာမန်ထက်ပိုများနေတယ်လို့တော့တွေ့ခဲ့ရပါတယ်။
ကလေးက တစ်နှစ်လောက်ရောက်လာပြီဆိုရင် နို့ဗူးတိုက်တာကိုဖြတ်ဖို့ စလုပ်သင့်ပါပြီ။ ဒီလိုမှပဲ ကလေးက မူကြိုတက်တဲ့အရွယ်မှာ အဝလွန်တာမျိုးတွေဖြစ်တာကနေ ကာကွယ်နိုင်မှာပါ။
သုတေသနပြုတဲ့ရလဒ်အရ အသက် ၂ နှစ်ရောက်တဲ့အထိ နို့ဗူးစို့တဲ့ကလေးလေးတွေ ၅ယောက်မှာ ၁ယောက်က အသက် ၅ နှစ်လောက်ရောက်လာတဲ့အခါ အဝလွန်တတ်ကြတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
ကာလရှည်ကြာနို့ဗူးစို့တဲ့ကလေးလေးတွေက အခြားကလေးလေးတွေထက်စာရင် အဝလွန်ပြဿနာကို ခံစားရနိုင်ခြေ ၃၃ ရာခိုင်နှုန်းပိုများနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
သွားတွေထိခိုက်ပျက်စီးမယ်
ကာလရှည်ကြာနို့ဗူးတိုက်တာက ကလေးရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ကလေးကအိပ်နေရင်းနဲ့နို့ဗူးသောက်တဲ့အခါ နို့မှုန့်မှာပါတဲ့ အချိုဓါတ်တွေနဲ့သွားတွေက ကာလရှည်ကြာထိတွေ့မှုကြောင့် သွားပိုးစားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ သွားပိုးစားတာက ကလေးတွေမှာတွေ့ရတတ်တယ်ဆိုပေမယ့် ငယ်စဉ်ကတည်းကသွားတွေကိုသေချာဂရုစိုက်ပေးဖို့တော့လိုပါမယ်။ သွားပိုးစားတာကြောင့် ကလေးရဲ့ စားသုံးမှုမှာ အဟန့်အတားဖြစ်တာမျိုးတွေကြုံရနိုင်ပါတယ်။
ကလေးက အစားစားရမယ့် အစား နို့ဗူးပဲ သောက်နေမယ် ဆိုရင် ကာလရှည်ကြာလာတဲ့အခါ ကြီးထွားမှုပိုင်းမှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ နို့မှုန့်က အာဟာရတွေ ပါဝင်နေတယ် ဆိုပေမယ့် အစားစားရမယ့် အရွယ်မှာ လိုအပ်တဲ့ အာဟာရတွေ အကုန်လုံးကိုတော့ မဖြည့်တင်းပေးနိုင်ပါဘူး။
ဒီတော့ ကလေးက တစ်ချိန်လုံး နို့ဗူးပဲ စို့မယ် အာဟာရ ပြည့်စေမယ့် Solid foodတွေကို မစားဘူးဆိုရင် ရေရှည်မှာ အာဟာရချို့တဲ့ပြီး ကြီးထွားမှု နှေးလာမှာပါ။
နို့ဗူ းတိုက်တာက ကလေးတွေအတွက်လုံးဝ မလိုအပ်ဘူးလို့ မဆိုနိုင်ပေမယ့် အရွယ်တော်တော်ရောက်တဲ့အထိ ကလေးကို အလိုလိုက်ပြီး တိုက်မိနေမယ်ဆိုရင်တော့ ကလေးမှာ ကောင်းကျိုးမရှိဘဲ ကျန်းမာရေးပြဿနာတွေပဲ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံး ကတော့ ကလေး အသက်တစ်နှစ်လောက် ရောက်လာပြီဆိုရင် နို့ဗူးဖြတ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။