စိတ်ဖိစီးမှုများတဲ့အခါ ပြင်ပရောဂါဝေဒနာတွေရဲ့ အန္တရာယ်တွေလည်း အလွယ်တကူ သက်ရောက်လာနိုင်တယ်ဆိုတာကို လူတော်တော်များများသိကြပါတယ်။
စိတ်ဖိစီးမှုများတဲ့အခါ ပြင်ပရောဂါဝေဒနာတွေရဲ့ အန္တရာယ်တွေလည်း အလွယ်တကူ သက်ရောက်လာနိုင်တယ်ဆိုတာကို လူတော်တော်များများသိကြပါတယ်။
ဒါပေမယ့် စိတ်ဖိစီးမှုဟာ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။ ခံတွင်းနံ့ဆိုးတာလိုပြဿနာမျိုးတွေကနေ သွားဖုံးသွေးယိုတာအထိ ခံတွင်းနဲ့သက်ဆိုင်တဲ့ ဝေဒနာအများအပြားဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပါတယ်။
မိမိမှာ စိတ်ဖိစီးမှုပြဿနာကြီးကြီးမားမား ရင်ဆိုင်လာနေရပြီဆိုရင် အောက်ပါ သွားနဲ့ ခံတွင်းဆိုင်ရာ ဝေဒနာမျိုးတွေကို ခံစားရနိုင်ပါတယ်။
သွားအရောင်တောက်ပမှု လျော့ကျတာလို ရေတိုပြဿနာတွေဟာ ပုံမှန်ကျန်းမာရေး အခြေအနေတွေနဲ့သာမကပဲ စိတ်ဖိစီးမှုများနေတာနဲ့လည်း သက်ဆိုင်နေလေ့ရှိတယ်လို့ သွားကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီလိုသွားအရောင်မတောက်ပတော့တာဟာ စိတ်ဖိစီးမှုနဲ့ ၇၀% လောက်အထိ သက်ဆိုင်မှုရှိနေတယ်လို့ ဆိုပါတယ်။
သွားကိုက်တာဟာ အကြောင်းအရာင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ၃၀% လောက်ကတော့ စိတ်ဖိစီးမှုကြောင့်ပါ။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွားကိုက်ဝေဒနာကို Temporomandibular Disorder (TMD) ဒါမှမဟုတ် Myofascial Pain Disorder လို့ ခေါ်ပါတယ်။
သွားဖုံးသွေးယိုစီးမှုဟာလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တတ်ပါတယ်။ တစ်ခါတစ်လေမှာ မှန်ကန်သင့်လျော်တဲ့ သွားတိုက်ဆေးမျိုးအသုံးပြုနေတဲ့ကြားက သွားဖုံးသွေးယိုတာမျိုး ကြုံရတတ်ပါတယ်။ ဒါမျိုးကြုံလာရပြီဆိုရင် သွားဆရာဝန်ကို ပြသဖို့ လိုအပ်မှာဖြစ်သလို ကိုယ့်ရဲ့ စိတ်ဖိစီးမှု အခြေအနေကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
သွားဖုံးပြည်တည်နာက ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်တဲ့ အနာတစ်မျိုးဖြစ်ပါတယ်။ သွားနဲ့ သွားဖုံးကြားတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီဝေဒနာကို ကာလရှည်ကြာခံစားနေရပြီဆိုရင်တော့ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်လာလေ့ရှိပါတယ်။
သွားရဲ့ အမြစ်တွေဆီ ဘက်တီးရီးယားပိုးဝင်ပြီး ပြင်းထန်စွာနာကျင်တဲ့ ရောဂါကို Root Canal လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ ပြင်းထန်စွာနာကျင်မှုခံစားရတဲ့ ဝေဒနာဖြစ်ပြီးတော့ စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားစေနိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့် အဖြစ်အများဆုံး ခံတွင်းဝေဒနာကတော့ ခံတွင်းအနံ့ဆိုးထွက်တာပါပဲ။ ဗြိတိန်မှာဆိုရင် လူ ၄ ဦးမှာ ၁ ဦးဟာ စိတ်ဖိစီးမှုကြောင့် ခံတွင်းအနံ့ဆိုးထွက်တဲ့ ဝေဒနာ ခံစားနေရတတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ အစာအိမ်ထဲက အက်ဆစ်တွေဟာ ပိုမိုစုစည်းလာတတ်ပြီး ဒါဟာ ခံတွင်းနံ့ဆိုးထွက်စေတဲ့ အကြောင်းအရင်း တစ်ရပ်ဖြစ်လာတတ်ပါတယ်။
စိတ်ဖိစီးမှုများနေချိန်မှာ ပါးစောင်တွေ လျှာတွေကို ပိုပြီး ကိုက်မိတတ်ပါတယ်တဲ့။ Stress ၊ Anxiety စတာတွေ ရှိနေချိန်မှာ အာရုံစူးစိုက်မှု လျော့နည်းနေတတ်တာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ခနခန လျှာကိုက်မိတာဟာ စိတ်ဖိစီးမှုရဲ့ လက္ခဏာတစ်ရပ်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
စိတ်ဖိစီးမှုဟာ ထင်မှတ်မထားတဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာအများအပြားကို ဖြစ်ပေါ်လာစေနိုင်တဲ့ သက်ရောက်မှုရှိပါတယ်။ သွားကျန်းမာရေးပြဿနာတစ်ခုတည်းတင်မဟုတ်ပါဘူး။ တခြားကျန်းမာရေးပြဿနာတွေလည်း ကြုံဆုံလာရနိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့ စိတ်ဖိစီးမှုဝေဒနာကို ရောဂါ တားဆီးပေးနိုင်တဲ့ ဆေးဝါးတွေ၊ SSRI ဆိုတဲ့ ဆေးဝါးတွေ၊ စိတ်ဖိစီးမှု လျှော့ချပေးတဲ့ ဆေးဝါးတွေနဲ့ ကုသပေးနိုင်ပါတယ်။ ဒါတင်မကသေးပဲ အိပ်မွေ့ချ ကုထုံးနဲ့လည်း ကုသနိုင်ပါတယ်။
ဒါ့အပြင် အိမ်တွင်း ကုထုံးတွေနဲ့လည်း စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီးတော့
စိတ်ဖိစီးမှုဝေဒနာ ကင်းစင်နေတာ၊ လျော့ပါးသက်သာနေတာဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံဆုံရမှုပမာဏ နည်းပါးအောင် အထောက်အကူဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် နေ့စဉ်လူနေမှုဘဝမှာ စိတ်ကျန်းမာပျော်ရွှင်အောင် နေထိုင်ပြီး သန့်စင်လှပတဲ့ သွားလှလှလေးတွေနဲ့ သန့်ရှင်းစင်ကြယ်တဲ့ ခံတွင်းတွေကို ပိုင်ဆိုင်ကြပါနော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။