မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လျှာကျက်တယ် ဆိုတာက နေ့စဉ် ဖြစ်နေကျ မတော်တဆ ထိခိုက်မှု တစ်ခုလို့တောင် ဆိုလို့ရတဲ့ အရာပါ။ လူတော်တော်များများ ဖြစ်ဖူးကြတဲ့ ပြဿနာ တစ်ခုပေါ့။ အရမ်းပူနေတဲ့ မုန့်စားမိတာ၊ ဟင်းရည်ကို ပူပူလောလော သောက်မိတာ၊ ကော်ဖီ ပူပူ၊ လက်ဖက်ရည် ပူပူ သောက်လိုက်မိတဲ့ အခါမျိုးတွေမှာ လျှာကျက်နိုင်ပါတယ်။
အရမ်း ပြင်းထန်တဲ့အခါမျိုးမှာ ဆရာဝန်ပြပြီး လိုအပ်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပေမယ့် သိပ်မပြင်းထန်ရင် အိမ်တွင်းကုထုံးတွေနဲ့ပဲ သက်သာအောင် လုပ်လို့ရပါတယ်။
ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ ဒီ နည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။
လွယ်ကူရိုးစင်းတဲ့ လျှာကျက်တာကို သက်သာစေတဲ့ နည်းပါ။ သကြားက လျှာကျက်တာကို သိသိသာသာ သက်သာစေနိုင်ပြီး လျှာကျက်တာကြောင့် နာကျင်တာကို သက်သာစေနိုင်ပါတယ်။ လျှာရဲ့ အရသာခံနိုင်စွမ်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပျားရည်က လျှာကျက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရသာခံနိုင်စွမ်း ကိုလည်း ကောင်းစေပါတယ်။
လျှာကျက်နေတဲ့အခါ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို လျှာပေါ်တင်ထားလိုက်ရုံပါ။
ဒိန်ချဉ်က လျှာကျက်တာကို သက်သာစေပြီး အေးသွားစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ လျှာကျက်တာနဲ့ ပါးစပ်ထဲမှာ အပူလောင်တာကို သိသိသာသာ သက်သာစေပါတယ်။ သကြားမပါတဲ့ ဒိန်ချဉ် စားပေးတာက လျှာကျက်တာကို သိသိသာသာ သက်သာစေပါတယ်။
ရှာစောင်းလက်ပပ်က အပူလောင်တာကို သက်သာစေနိုင်ပြီး အပူကြောင့် ပျက်စီးသွားတဲ့ လျှာက ဆဲလ်တွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို လျှာပေါ်မှာ ခဏ ထားပေးရုံပါ။
လျှာကျက် တဲ့အခါ ဆားရည်နဲ့ အာလုတ်ကျင်းပေးတာက လျှာကျက်တာကို သက်သာစေနိုင်ပြီး နာကျင်တာ နဲ့ ပိုးဝင်ကူးစက်ခံရနိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။ ရေနွေးနွေးလေးထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်မွှေလို့ ရလာတဲ့ ဆားရည်နဲ့ အာလုတ်ကျင်းပေးပါ။
အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည် သုံးပြီး အာလုတ်ကျင်းတာမျိုး မလုပ်ဖို့ ပြောပါရစေ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။