- Thrombocytopenia (သွေးဥမွှားနည်းရောဂါ)
သွားဖုံးသွေးယိုတာက သွေးတိတ်ဖို့ ကြာနေမယ်ဆိုရင် သွားဖုံးရောင်နေတာကြောင့်လည်း ဖြစ်နိုင်သလို သွေးဥမွှားနည်းရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါရှိနေရင် သွားဖုံးတင်မကပါဘူး။ ဘယ်နေရာက သွေးထွက်နေနေ သွေးတိတ်ဖို့ ကြာပါလိမ့်မယ်။
ဒီရောဂါမှာကျတော့ နည်းနည်းလေးထိလိုက်တာနဲ့ သွေးတွေ မတရားထွက်တော့တာပါပဲ။ သွေးတိတ်ဖို့လည်း အချိန်ကြာပါတယ်။
ရှားပါးပေမယ့် ဗီတာမင်စီချို့တဲ့ရင် scurvyဆိုတဲ့ ရောဂါဖြစ်တတ်ပါတယ်။ ဗီတာမင်စီက တစ်ရှူးတွေကို ပြုပြင်တဲ့နေရာမှာ ကူညီပေးတယ်။ အရိုးနဲ့ သွားတွေကိုလည်း ကြံ့ခိုင်စေတယ်။ သံဓာတ်စုပ်ယူမှုကို အားပေးတယ်။ ဒါကြောင့် ဗီတာမင်စီ ချို့တဲ့ရင် လူက သွေးထွက်လွယ်တယ်။ အရေပြားမှာလည်း အနီစက်တွေ ထွက်တတ်တယ်။ သွေးအားလည်း နည်းတတ်ပါတယ်။
သွားဖုံးသွေးယိုနေပြီဆိုရင် ဗီတာမင်ကေ ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်ကေက သွေးတိတ်စေတဲ့ အလုပ်ကို လုပ်ပါတယ်။ သင်စားတဲ့ အစားအစာမှာ ဗီတာမင်ကေ မပါရင်ပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူရင်ပဲ ဖြစ်ဖြစ် သွေးမတိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။
ဘယ်လိုကုသကြမလဲ။
သွားဖုံးက သွေးထွက်တာက သွားနဲ့ ခံတွင်းပြဿနာကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် သွားဆရာဝန်နဲ့ အရင်ပြကြည့်ပါ။ သွားကျောက်တွေကြောင့်ဆိုရင် ခြစ်ပြီးတာနဲ့ သွေးမထွက်တော့ပါဘူး။ တစ်ပတ် ဆယ်ရက်နေလို့တောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး နောက်ကွယ်က အကြောင်းရင်းကို ရှာဖွေကုသရမှာပါ။ ဒီကြားထဲ အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့
- တစ်နေ့ နှစ်ကြိမ် သွားတိုက်တာ၊ သွားပွတ်ကြိုး သုံးတာ
- ဆေးလိပ်ဖြတ်တာ (ဆေးလိပ်က သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေလို့ပါ။)
- စိတ်ဖိစီးမှု လျှော့ချတာ
- ဗီတာမင်စီသောက်တာ ဒါမှမဟုတ် ချဉ်တဲ့အသီးတွေစားတာ (တစ်နေ့တာ လိုအပ်ချက် ၆၅-၉၀ မီလီဂရမ် )
- ဗီတာမင်ကေသောက်တာ ဒါမှမဟုတ် အစိမ်းရောင်အရွက်တွေစားတာ (တစ်နေ့တာ လိုအပ်ချက် အမျိုးသား- ၁၂၀ မိုက်ခရိုဂရမ်၊ အမျိုးသမီး- ၉၀မိုက်ခရိုဂရမ်)
- သွေးမတိတ်ရင် ရေခဲကပ်ပေးတာ (တစ်ခါကပ်ရင် မိနစ် ၂၀အထိ ကပ်လို့ရပါတယ်။)
- ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။
ဒီနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။