သွားပွတ်တံရွေးချယ်တဲ့အခါ သတိထားရမယ့် အချက်လေးတွေက ဘာတွေများလဲ………..
သွားပွတ်တံတိုင်းက ကိုယ်နဲ့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သွားပွတ်တံရွေးချယ်တဲ့အခါ ဒီအချက်လေးတွေကို သတိထားရပါမယ်။
Brush – အပေါ်ယံကြွေလွှာတွေထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချပေးဖို့ brush ခပ်ပျော့ပျော့လေးကိုရွေးချယ်တာ အကောင်းဆုံးပါ။
Size ကိုဂရုစိုက်ပါ – သွားပွတ်တံက ပါးစပ်ထဲမှာရှိတဲ့ သွားတစ်ချောင်း မကျန်ဆီကိုရောက်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် သိပ်မကြီးဘဲ တစ်လက်မ ဒါမှမဟုတ် လက်မဝက်လောက်ရှိတဲ့ သွားပွတ်တံမျိုးကို ရွေးချယ်ပါ။
သွားပွတ်တံရဲ့ ပုံစံကိုဂရုစိုက်ပါ – သွားတိုက်တံ ပုံစံဆိုတဲ့နေရာမှာ သွားပွတ်တံရဲ့ ထိပ်ပိုင်းက စက်ဝိုင်း ပုံစံရှိသလို တြိဂံပုံစံ ခပ်လုံးလုံးလေးတွေ၊ သွားပွတ်တံထိပ်က ခပ်လုံးလုံးနဲ့ ခပ်ရှည်ရှည်ပုံစံပါ။ ဒီလိုပုံစံထဲကမှာ ကိုယ့်သွားတွေနဲ့ အဆင်ပြေစေမယ့် ပုံစံကို ရွေးချယ်ပါ။
လက်ကိုင်ကို ဂရုစိုက်ရွေးချယ်ပေးပါ – သွားတိုက်တဲ့နေရာမှာ အဆင်ပြေပြေ ဖြစ်စေဖို့ အတွက်က သွားတိုက်တံရဲ့ လက်ကိုင် အဆင်ပြေဖို့ လိုပါမယ်။ လက်ကိုင်က ခပ်ရှင်းရှင်းနဲ့ မိမိရရ ကိုင်လို့ရတာမျိုးက အဆင်အပြေဆုံး ဖြစ်မှာပါ။

လက်ရှိ သွားပွတ်တံက အဆင်ပြေရဲ့လား သိနိုင်မယ့် အချက်တွေက ဘာတွေများလဲ…………
သွားကို မနက် အိပ်ရာထ တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် သေသေချာချာ တိုက်ပေးဖို့ လို အပ်ပါတယ်။ ဒီလို တိုက်ပေးတာကြောင့်
- သွားကလည်း အစွန်းအထင်းကင်းတယ်
- သွားချေးတွေ မရှိဘူး
- သွားပိုးစားတာ မရှိဘူး
- သွာဖုံး နာတာမရှိဘူး
- သွားဖုံးက သွေးစီးဆင်းမှုလည်းကောင်းတယ် (သွားဖုံးတွေမှာ အနာဖြစ်တာ၊ သွားဖုံးတွေဖြူနေတာမျိုး မဖြစ်ဘူး)
- သွားမှာ ကျောက်တွေလည်း ကပ်မနေဘူး
- ခံတွင်းနံ့ဆိုးလည်း ကင်းတယ်
- သွားကြိုသွားကြားတွေမှာလည်း စားကြွင်းစားကျန်တွေ ကျန်မနေဘူး
- သွားကိုက်သွားနာလည်း မဖြစ်ဘူးဆိုရင် အသုံးပြုနေတဲ့ သွားပွတ်တံက ကိုယ့်သွားနဲ့ အကိုက်ညီဆုံးကို ရွေးချယ်ထားမိတယ်ဆိုတာပါ။
အပြုံးလေးတွေလှပြီး သန့်စင်လတ်ဆတ်တဲ့ ခံတွင်းနံ့ရစေဖို့ သွားပွတ်တံကို သေချာလေး ဂရုစိုက်ရွေးချယ်ကြစို့လား………………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။