backup og meta

နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ် ဆိုတော့.....ပုတာ အပြစ်လား


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ် ဆိုတော့.....ပုတာ အပြစ်လား

နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေက အများကြီးရှိပါတယ်။ တချို့က ကြွက်သားမှာဖြစ်တယ်၊ တချို့က နှလုံးခုန်နှုန်းမှာဖြစ်တယ်၊သွေးကြောကျဉ်းတာ၊သွေးကြောမာတာ၊ ထူတာ၊ နှလုံးဖောက်တာ စသည်ဖြင့်ပေါ့။လေဖြတ်တာလည်း ကျန်သေးတယ်။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေ၊ လှုပ်ရှားမှုနည်းတာ၊ဆေးလိပ်သောက်တာ စတဲ့အချက်တွေက နှလုံးရောဂါဖြစ်လာဖို့ ဆွဲဆောင်နေတဲ့အရာတွေမှန်း လူသိများကြပါတယ်။ ဒါတွေကနေသွေးတိုး၊ ဆီးချိုတွေဖြစ်လာစေပြီး နှလုံးကိုပါပြဿနာဖြစ်စေတာပါ။

ဒါပေမယ့် နှလုံးရောဂါဖြစ်စေနိုင်တဲ့ တချို့တရားခံတွေကိုတော့ လူသိနည်းပါတယ်။ အဲဒီအချက်တွေထဲမှာ အရပ်ပုသူတွေအတွက် နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုတာစိတ်မကောင်းစရာပါ။ ပုတာ အပြစ်လားနော်။

ကား၊ လေယာဉ်နဲ့ ရထားသံတွေ

နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ် ဆိုတော့.....ပုတာ အပြစ်လား

အသံအတိုးအကျယ်50 decibels လောက်ကစပြီး စီးတော်ယာဉ်အမျိုးမျိုးရဲ့ဆူညံသံတွေကသွေးဖိအားကိုတိုးစေပြီး နှလုံးဖောက်ခြင်းကိုဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။10-decibel ထပ်တိုးလာတိုင်းမှာ နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေ ရာခိုင်နှုန်းက ပိုလို့တိုးလာနိုင်ပါတယ်။ ဒါကတော့ စိတ်ရှုပ်မှု၊ စိတ်ဖိစီးမှုအပေါ် ခန္ဓါကိုယ်ရဲ့တုံ့ပြန်ချက်နဲ့ သက်ဆိုင်မယ်လို့ သိပ္ပံပညာအရ ဆိုကြပါတယ်။

ခေါင်းတခြမ်းကိုက်ခြင်း

ဘာကြောင့်လဲဆိုတာ အတိအကျမသိပေမယ့်ခေါင်းတခြမ်းကိုက်တဲ့အချိန်မှာလေဖြတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရုတ်တရက်ရပ်ခြင်းတို့ခံစားရနိုင်ခြေပိုများပါတယ်။နောက်ပြီး ကိုယ့်မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူတွေရှိရင် ဒါမှမဟုတ် ကိုယ့်မှာနှလုံးရောဂါအခံရှိရင်triptans လို့ခေါ်တဲ့ခေါင်းတခြမ်းကိုက်ခြင်းအတွက်ပေးတဲ့ဆေးကို မသောက်သင့်ပါဘူး။ သွေးကြောတွေကျဉ်းစေတဲ့ သူတို့ရဲ့အာနိသင်ကြောင့်ဖြစ်ပါတယ်။ခေါင်းတခြမ်းကိုက်ခြင်းဖြစ်တဲ့အခါသောက်သုံးရမယ့်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သားသမီး

လေ့လာမှုတွေအရ သားသမီးရှိတဲ့မိဘတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ်၊ ကလေးတစ်ယောက်မွေးတိုင်း ဒီဖြစ်နိုင်ခြေအန္တရာယ်က နည်းနည်းချင်းတိုးလာနိုင်ပါတယ်။ ဒီအချက်မှာ အဖေရော၊ အမေရော အတူတူပဲဆိုပေမယ့် ၁၂ နှစ်မတိုင်ခင် ရာသီစပေါ်ခဲ့တဲ့ ဒါမှမဟုတ် ၄၇ နှစ် မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာလေဖြတ်နိုင်ခြေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ကိုယ်ဝန်ပျက်ကျဖူးတဲ့ ဒါမှမဟုတ် သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေမှာလည်း နှလုံးရောဂါအန္တရာယ်ြမင့်တက်စေတယ်လို့ သိရပါတယ်။

အရပ်ပုတာ

ပျမ်းမျှပုံမှန်အရပ်ထက် ၂လက်မခွဲ ပိုနိမ့်တဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ၈% ပိုများပါတယ်။ အရပ်ပုသူတွေဟာ ကိုလက်စထရောနဲ့triglycerideသွေးတွင်းအဆီ ပိုများတတ်ပါတယ်။

အလုပ်ချိန်ရှည်တာ

တစ်ပတ်ကို ၅၅ နာရီထက်မနည်း အလုပ်လုပ်ရတဲ့သူတွေဟာ ၃၅-၄၀ နာရီအလုပ်လုပ်သူတွေထက် နှလုံးရောဂါပိုဖြစ်ကြတာတွေ့ရပါတယ်။ စိတ်ဖိစီးမှုများတာ၊ အထိုင်များတာ၊ အရက်ပိုသောက်တာ စသည်ဖြင့် ပိုသွားတဲ့အရာတွေက နှလုံးရောဂါဖြစ်စေဖို့တွန်းအားတွေဖြစ်နေနိုင်ပါတယ်။ ညနက်တဲ့အထိ မအိပ်ဖြစ်သေးတာကလည်း နှလုံးနဲ့လေဖြတ်ခြင်းအတွက် အန္တရာယ်အချက်တစ်ခုဖြစ်ပါတယ်။

တုပ်ကွေး

၂၀၁၉ ခုနှစ်သုတေသနတစ်ခုအရ တုပ်ကွေးဖြစ်ပြီးနောက်ပိုင်း သိပ်မကြာခင်မှာ နှလုံးရုတ်တရက်လုပ်ဆောင်ချက်ရပ်ဆိုင်းခြင်းကြောင့်ဆေးရုံရောက်လာသူအရေအတွက်က မနည်းရှိနေကြောင်း၊ တခြားနှစ်တွေနဲ့ယှဉ်ရင် ၆ ဆပိုများနေကြောင်းတွေ့ရပါတယ်။ဖြစ်နိုင်ခြေရှိတာက ခန္ဓါကိုယ်ကရောဂါပိုးတစ်ခုခုကိုခုခံနေရချိန်မှာသွေးကပိုပျစ်လာပြီးသွေးခဲဖြစ်ပေါ်ဖို့လွယ်လာနိုင်ပါတယ်။

ဒေါသကြီးတာ

ဒေါသထွက်ရပြီးနောက်ပိုင်းမှာ နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၅ ဆပိုများပါတယ်။ထောင်းခနဲဒေါသဖြစ်ရပြီး ၂ နာရီအတွင်းမှာပဲ နှလုံးခုန်နှုန်းအရမ်းမြန်လာပြီးလေဖြတ်နိုင်ခြေပိုများစေပါတယ်။ပြဿနာကိုရှောင်လွှဲလို့မရဘူးဆိုရင် ကိုယ့်ဒေါသကိုထိန်းနိုင်မယ့်၊ မီးကိုငြှိမ်းနိုင်မယ့် နည်းလမ်းကိုရှာသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement