backup og meta

သွေးပေါင်ကျတတ်တာလား ဒါလေးတွေသတိထားနော်


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးပေါင်ကျတတ်တာလား ဒါလေးတွေသတိထားနော်
    သွေးတိုးမှ ကျန်းမာရေးအတွက်စိုးရိမ်ရတယ်၊လို့ လူအများက လက်ခံယူဆထားကြပါတယ်။ တကယ်တော့သွေးတိုးတာတင်စိုးရိမ်ရတာမဟုတ်ပါဘူး။သွေးပေါင်ကျတာကလည်း စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာပါ။ တစ်နေ့တာလှုပ်ရှားသွားလာမှုအတွင်း လုပ်မိနေတဲ့အပြုအမူတွေကသွေးပေါင်ကျစေတာမျိုးဖြစ်စေနေသလား။ ဒါဆိုသွေးပေါင်မကျအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေလား။

    သွေးပေါင်ကျတယ်ဆိုတာ

    သွေးပေါင်ကျတယ်ဆိုတာကဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းစိုးရိမ်ရတာမျိုးမဟုတ်ပေမယ့်သေချာဂရုစိုက်ဖို့တော့လိုအပ်တဲ့ ကျန်းမာရေး အခြေအနေတစ်ခုပါ။သွေးပေါင်ချိန်တိုင်းကြည့်လိုက်လို့ အပေါ်သွေးက ၉၀ mmHgအောက်သွေးက ၆၀ mmHgဖြစ်နေမယ်ဆိုရင်သွေးပေါင်ကျနေပြီလို့ပြောပါရစေ။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်က အပေါ်သွေး ၁၂၀ mmHg နဲ့အောက်သွေး ၈၀ mmHg မှာရှိရမှာဖြစ်ပါတယ်။

    သွေးပေါင်ကျတာကြောင့်ပြင်းပြင်းထန်ထန်လက္ခဏာတစ်ခုခုမရှိဘူးဆိုရင် စိုးရိမ်စရာမရှိပေမယ့်သွေးပေါင်ကျတာကြောင့် ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကိုသွေးလုံလောက်စွာမရောက်တာမျိုးဖြစ်လာမယ်ဆိုရင် စိုးရိမ်စရာကောင်းနေပါပြီ။သွေးပေါင်ကျတာကရေရှည်မှာပြင်းထန်တဲ့ ကျန်းမာရေးအကျိုးဆက်တွေအနေနဲ့

    သွေးပါင်ကျတတ်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံ

    သွေးပေါင်ကျတိုင်းဆေးရုံဆေးခန်းသွားဖို့မလိုပါဘူး။ အချို့သောအပြုအမူလေးတွေကိုပြင်ဆင်မှုက ကိုယ့်ကိုကိုယ်သွေးပေါင်ကျတဲ့ကျန်းမာရေးပြဿနာနဲ့ ခပ်ကင်းကင်းနေနိုင်အောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဘာတွေများသတိထားရမလဲ အတူတူဆက်ကြည့်လိုက်ကြမလား။

    ဆား စားပေးပါ – ဆားကို အလွန်အကျွံမစားသင့်ပေမယ့် လုံးဝမစားဘဲနေတာတော့ မဖြစ်သင့်ပါဘူး။သွေးပေါင်ကျတတ်တယ်ဆိုရင် ဆားကို နည်းနည်းလောက်တော့စားပေးပါ။

    ရေများများသောက်ပါ – အရည်ဓါတ်ကသွေးထုထည်ကိုတိုးစေနိုင်ပါတယ်။နောက်တစ်ချက်က ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝစေနိုင်တာပါ။သွေးပေါင်ကျတာကို သက်သာစေဖို့အတွက်ရော ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက်ပါရေများများသောက်ပေးပါ။

    အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကိုရှောင်ပါ – အယ်လ်ကိုဟောက သွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို မသောက်တာ အကောင်းဆုံးပါ။
    ခြေထောက်ချိတ်ထိုင်ပါ– ထိုင်နေစဉ်ခြေထောက်ချိတ်ထိုင်တာကသွေးတိုးစေနိုင်တာကြောင့်သွေးတိုးတတ်သူတွေအတွက် ဆင်ခြင်ရမယ့် အရာတစ်ခုဆိေုပမယ့်သွေးပေါင်ကျတတ်သူတွေအတွက်တော့ အဆင်ပြေမယ့် နည်းလမ်းတစ်ခုပါ။ ဒါကြောင့် ထိုင်တဲ့အခါခြေချိတ်ထိုင်ပေးပါ။

    သောက်နေရတဲ့ဆေးဝါးတွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့တိုင်ပင်ပါ – တစ်ခါတလေမှာသွေးပေါင်ကျတာကသောက်နေရတဲ့ဆေးဝါးတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ဆေးတွေစသောက်ပြီးတဲ့အခါသွေးပေါင်ကျတဲ့လက္ခဏာမျိုးခံစားရမယ်ဆိုရင် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ကြည့်ပါ။

    နည်းနည်းချင်းနဲ့ အကြိမ်များများစားပေးပါ -အစားစားတဲ့အခါ နည်းနည်းချင်းစီနဲ့ ခဏခဏစားပေးပါ။ ဒီနည်းလမ်းကသွေးပေါင်ကျတဲ့သူတွေအတွက် အသုံးတည့်နိုင်ပါတယ်။ ဒီနည်းက တစ်ခါတည်းအများကြီးစားတာထက်သွေးပေါင်ကျတာကို ပိုပြီး သက်သာစေနိုင်ပါတယ်။

    ရုတ်တရက် ခန္ဓါကိုယ်နေဟန်ထားပြောင်းတာမျိုး မလုပ်ပါနဲ့ – ရုတ်ရက်ထိုင်ချလိုက်တာ၊ မတ်တတ်ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။ မိုက်ခနဲမူးတာ၊ခေါင်းထဲမှာ မူးဝေတာမျိုးခံစားရနိုင်ပါတယ်။သွေးပေါင်ကျတတ်သူတွေအနေနဲ့ ရုတ်တရက်ကိုယ်နေဟန်ထားပြောင်းတာမျိုးကမလုပ်သင့်တဲ့ အပြုအမူတစ်ခုပါ။ အိပ်ရာက နိုးတဲ့အခါ အရင်ထိုင်ပြီးမှာဖြည်းဖြည်းချင်းမတ်တတ်ထပေးပါ။

    ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ့်သူက ကိုယ်တိုင်ဖြစ်တာကြောင့် ဒီအချက်လေးတွေကို သတိထားပေးဖို့ပြောပါရစေနော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement