နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ

နွေပူလို့ သွေးတိုးမှာစိုးပြီး ဘာမှမစားရဲ မသောက်ရဲဖြစ်နေတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေများရှိနေလား။ ဒါဆို နွေပူပူမှာ သွေးမတိုးစေဘဲ အရသာရှိရှိစားလို့ရမယ့် အစားအသောက်လေးရှိတယ်ဆိုတာ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို သတင်းကောင်းပါးပါရစေနော်။ သွေးတိုးတာက ကမ္ဘာတလွှား တော်တော်လေးအဖြစ်များလာတဲ့ ရောဂါတစ်ခုပါနော်။ သွေးတိုးတာက ပြောတော့သာ ဘာမှမဟုတ်တယ်၊ အခန့်မသင့်ရင် အသက်ကိုတောင်ခြိမ်းခြောက်တာ သွေးတိုးရောဂါပါနော်။ ဒီတော့ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ ဆိုတာ ဆက်ပြောကြရအောင်လား။ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲဆိုတော့ နွေပူပူမှာ သွေးတိုးရှိသူတွေ သတိထားရမယ့် တစ်ချက်က ရေဓာတ်ပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ရေဓာတ်ဆုံးရှုံးမှုကြောင့် သွေးတိုးတာမျိုး ဖြစ်နိုင်ခြေနည်းသွားမှာပါ။ ဖရဲသီး ဖရဲသီးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ lycopene ကြွယ်ဝစွာ ပါဝင်သလို ဘီတာကယ်ရိုတင်း၊ ဗီတာမင် […]


သွေးတိုးရောဂါ

အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

မိုးမှာ ရေကြီးအောင် မိုးရွာပြီး ဆောင်းမှာတော့ အအေးလျော့ခဲ့ပေမယ့် အခုနွေမှာတော့ ရိုးရာမပျက် ခြစ်ခြစ်တောက် ပူနေလေရဲ့နော်။ မနက်လင်းကတည်းက စညည်းမိတာ ပူလိုက်တာ ချွေးတွေ လုံးနေတာပဲ ဆိုတဲ့ စကားပါ။ ချက်ရပြုတ်ရ၊ အိမ်မှုကိစ္စတွေ လုပ်ရ၊ ရုံးသွားရနဲ့ မအားမလပ်ပါပဲ။ ဒီကြားထဲ ရုံးသွားတဲ့အခါ မှာ ကားက တိုးကြိတ်စီးရသေးတာနော်။ မဟုတ်လည်း လမ်းက ကျပ်တယ်။ ဒီပြဿနာတွေက နွေမှာ ပိုဆိုးတယ်နော်။ နွေရောက်ပြီဆို အများဆုံး ကြားရတာ တစ်ခုရှိတယ်။ ဒါကတော့ နွေပူလွန်းလို့  ဦးနှောက်သွေးကြော ပြတ်တယ် ဆိုတာပါပဲ။ အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း နွေအပူကြောင့် ဦးနှောက်သွေးကြောပြတ်တာလားဆိုတာကို ကြည့်လိုက်ကြရအောင်လား ...... နွေအပူကြောင့် ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ် ချွေးထွက်လွန်မယ် ရေဓာတ်နဲ့ ဆားဓာတ်ဆုံးရှုံးမယ် ခေါင်းကိုက်မယ် အော့အန်မယ် မအီမသာဖြစ်မယ် နေလောင်မယ် […]


သွေးတိုးရောဂါ

သွေးတိုး၊ ဆီးချိုကို ထိန်းနိုင်မယ့် ဆေးဖက်ဝင်ပစ္စည်း (၇) မျိုး

ဆီးချိုသွေးချိုရောဂါရှိနေပြီဆိုတာနဲ့ အရင်လို စားလို့သောက်လို့မရတော့သလို နေထိုင်သွားလာလှုပ်ရှားမှုတွေမှာလည်း သတိထားဆင်ခြင်လာရပါတယ်။ သွေးတိုးနဲ့ဆီးချိုဆိုတာ မထိန်းသိမ်းလို့မဖြစ်တဲ့ အန္တရာယ်ကြီးတဲ့ရောဂါအခြေအနေတွေဖြစ်ပါတယ်။ သွေးတိုးကျစေနိုင်တဲ့တိုင်းရင်းဆေးနည်းတွေကို တော်တော်များများသိကြပေမယ့် သွေးတိုးကိုရော ဆီးချိုကိုပါ ထိန်းညှိပေးနိုင်တဲ့ဆေးဖက်ဝင်ပစ္စည်းတွေရှိနေသေးတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါတွေက ဟင်းခတ်အမွှေးအကြိုင်တွေအဖြစ် အသုံးများလို့ ဟင်းထဲထည့်ချက်ရုံနဲ့ဆေးဖက်ဝင်အာနိသင်တွေရနိုင်ပါတယ်။ (၁) ပင်စိမ်း အနံ့ပြင်းရှရှနဲ့ ထမင်းမြိန်စေတတ်တဲ့ ပင်စိမ်းရွက်က သွေးတိုးကျစေနိုင်ပါတယ်။ ဟင်းချို၊ အသုပ် စတာတွေမှာ ပင်စိမ်းလေး ထည့်ခတ်စားရရင် ခံတွင်းလည်းတွေ့၊ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်တဲ့။ (၂) သစ်ကြံပိုးခေါက် သစ်ကြံပိုးခေါက်က သွေးတိုးကိုကျစေတဲ့အပြင် ဆီးချိုသမားတွေဟာလည်း နေ့တိုင်း တစ်နည်းနည်းနဲ့ ထည့်သွင်းစားသုံးသင့်တယ်လို့ ဆိုကြပါတယ်။ (၃) နှမ်းကြတ်စေ့ နှမ်းကြတ်စေ့မှာ Omega-3 fatty acids ကြွယ်ဝပါတယ်။ Omega-3 fatty acids က သွေးတိုးကျစေတဲ့အပြင် နှလုံးသွေးကြောမာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ ကိုလက်စထရောလျော့ကျစေတဲ့အချက်နဲ့ လူသိများပြီး ဂလူးကို့စ်ခံနိုင်ရည်ကိုတိုးတက်စေပါတယ်။ (၄) ကြက်သွန်ဖြူ ကြက်သွန်ဖြူက ခံတွင်းနံ့ဆိုးစေနိုင်တယ်ဆိုပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးက များပါတယ်။ သူက သွေးကြောတွေကိုချဲ့ပေးပြီး […]


သွေးတိုးရောဂါ

ညဘက်ဆီးခဏခဏသွားတာက သွေးတိုးရောဂါအစပျိုးနေတာဖြစ်နိုင်တယ်နော်။ သတိထား!

တစ်ညတစ်ည အိပ်မရအောင်ဆီးခဏခဏထသွားနေရတဲ့သူတွေများရှိလား။ ညအိပ်ချိန်မှာပြည့်ပြည့်ဝဝ အိပ်ပျော်တာက ခန္ဓါကိုယ်ကိုပေါ့ပါးလန်းဆန်းစေနိုင်သလို ခွန်အားတွေလည်းပြည့်စေတယ်နော်။ ကျန်းမာဖို့အတွက်လည်း အရေးပါတဲ့အရာတစ်ခုပေါ့။ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါအရေးပါတဲ့ အိပ်စက်ချိန်မှာ ခဏခဏဆီးထသွားနေရမှတော့တော်တော်လေးဂွကျတဲ့ကိစ္စနော်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ ညအိပ်ချိန်မှာ ဆီးခဏခဏထသွားနေရတာကသွေးတိုးရောဂါခံစားနေရတာလည်းဖြစ်နိုင်ပါတယ်နော်။ မကြာခဏဆီးသွားနေရတယ်ဆိုတာ မကြာခဏဆီးသွားနေရတာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ စိတ်နှောင့်အယှက်ဖြစ်ရတဲ့ကိစ္စပါနော်။နေ့ခင်းမှာဖြစ်ဖြစ် ညမှာဖြစ်ဖြစ် ခဏခဏဆီးသွားနေရတာကတော်တော်လေးအဆင်မပြေတာပါနော်။ မကြာခဏ ဆီးသွားနေတာက နေရတာအဆင်မပြေဖြစ်စေတာတင် မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါသေးတယ်နော်။   ဘယ်သူတွေမှာ မကြာခဏဆီးသွားတာဖြစ်နိုင်လဲ မကြာခဏ ဆီးသွားတာက လူတိုင်းမှာဖြစ်တဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ၊ ဖိုးဖိုးဖွားဖွားတွေ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဆီးခဏခဏသွားတာ ဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့် ဆီးခဏခဏသွားရတာပါ သင့်ကို ခဏခဏဆီးသွားစေရတဲ့ အကြောင်းအရင်းက တစ်ခုနှစ်ခုမကပါဘူး။ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ ကွဲပြားမှုပေါ်လိုက်ပြီး မကြာခဏဆီးသွားနိုင်ခြေက ကွာခြားမှုရှိနိုင်ပါတယ်။ သင့်ကို မကြာခဏဆီးသွားနေရစေတဲ့ အကြောင်းအရင်းတွေထဲမှာ […]


သွေးတိုးရောဂါ

သွေးတိုးစေတာက အငန်စားလို့ဆိုတဲ့အချက်တစ်ခုတည်းကြောင့်လား

သွေးတိုးတာကရေပန်းစားလာတဲ့ရောဂါတစ်ခုပေါ့။ လူတော်တော်များများအရွယ်မရွေးသွေးတိုးဖြစ်ကြတယ်နော်။ အရင်တုန်းကဆိုရင် အသက်တော်တော်ကြီးတဲ့သူတွေမှာမှဖြစ်တာနော်။ အခုတော့သွေးတိုးက လူငယ်တွေမှာတောင်ဖြစ်လာကြတယ်နော်။သွေးတိုးနဲ့ ပတ်သက်လို့ ငယ်ငယ်ကတည်းက ကြားလာနိုင်တာတစ်ခုရှိပါတယ်။ ဒါကတော့ အငန်တွေလျှာ့စားလေသေါးတိုးမယ်ဆိုတာပေါ့။ သွေးတိုးတာက အငန်စားလို့ဖြစ်တာဆိုပေမယ့် အပြည့်အဝမှန်လားဆိုတော့ မဟုတ်ပြန်ပါဘူးနော်။သွေးတိုးစေတဲ့အခြားအကြောင်းအရာတွေရှိနေပါသေးတယ်နော်။ သွေးတိုးဆိုတာက သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိမြင့်တက်သွားတာကိုသွေးတိုးတယ်လို့ခေါ်ကြတာပါ။သွေးတိုးကနောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။ သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုးဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကိုထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။ သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောရတဲ့အကြောင်းအရင်း သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောကြရတာက အချို့ဆိုရင် ကြီးကြီးမားမားလက္ခဏာမပြမချင်း သူတို့မှာသွေးတိုးရှိနေလို့ရှိနေမှန်းမသိကြပါဘူး။သွေးတိုကို မသိလို့ မကုသဘဲထားမိတယ်။သွေးတိုးကို မကုသဘဲ အချိန်ကြာမြင့်စွာထားရင်း […]


နှလုံးရောဂါ

လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ

နှလုံးရောဂါ ဆိုတာ သင့်ကို အသိမပေးဘဲ ဘွားကနဲ ပေါ်လာတတ်မျိုး မဟုတ်ပါဘူး။ နှလုံးမှာ တစ်ခုခုဖြစ်နေပြီ ဆိုတဲ့အကြောင်း သင့်ကို သတင်းပို့ပို့ပေးပါတယ်။ ခက်တာက နှလုံးကပေးပို့တဲ့ လက္ခဏာတွေကို လူတွေက သတိမမူ ပေါ့ပေါ့ဆဆနေတတ်တာပါပဲ။ နှလုံးရောဂါ လက္ခဏာဆိုတာကလည်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကိုဖိပြီး လဲကျသွားသလိုမျိုး မရိုးရှင်းလှတဲ့အတွက် သူပေးပို့တဲ့ လက္ခဏာတွေကို Hello ဆရာဝန် ပရိတ်သတ်ကြီးဘက်က သေချာဖမ်းယူမိဖို့တော့ လိုပါလိမ့်မယ်။ ဒါဆို ဘယ်လို လက္ခဏာတွေရှိကြောင်း နှလုံးက ပြနေရင် မပေါ့ဆသင့်ဘူးလဲ။ Hello ဆရာဝန် ပရိတ်သတ်ကြီးထဲမှာ အသက် ၅၀ ကျော်တဲ့သူတွေ၊ အဝလွန် နေတဲ့သူတွေ၊ သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေ၊ သွေးတွင်း အဆီဓာတ်များနေတဲ့သူတွေ ပါနေရင် နှလုံးရောဂါအတွက် ပိုလို့တောင်စိုးရိမ်ရတဲ့အတွက် ခုပြောပြမယ့် နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကို လုံးဝ […]


နှလုံးရောဂါ

စောစောမသေချင်ဘူးဟုတ်.... တစ်ပတ်ကို ၁၀ မိနစ်လောက် ပျော်ပျော်နေပါ

သက်ရှည်ကျန်းမာချင်တယ်ဟုတ်........ အသက်ရှည်ရှည်နေချင်ရင် ကိုယ်ဝါသနာပါရာလေးတွေအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။ပျော်ပျော်နေသေခဲဆိုတာလည်း ရှိတယ်မဟုတ်လား။ ဒီတော့ ဘဝသက်တမ်းတလျှောက်ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ တစ်ပတ်တစ်ခါလောက်တော့ စိတ်ရောကိုယ်ပါပြေလျော့ပျော်ရွှင်စေမယ့် လှုပ်ရှားမှုလေးတွေလုပ်ပေးပါနော်။ အသက်ရှည်ရှည်နေချင်ရင် ဘာလုပ်ရမလဲ သုတေသနအသစ်တစ်ရပ်အရ ကတာ၊ ပန်းပင်တွေစိုက်တာ၊ လမ်းလျှောက်တာလိုမျိုး စိတ်ပေါ့ပါးပျော်ရွှင်စေတဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်နေတဲ့ အသက် ၄၀ကျော်အမျိုးသားတွေရော အမျိုးသမီးတွေရောကရောဂါအခြေအနေတွေကြောင့် အသက်သေဆုံးနိုင်ခြေ ပုံမှန်ထက်ပိုနည်းနေတယ်။ လိုတွေ့ရှိခဲ့ရပါတယ်။ အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရကတော့ ဥယျာဉ်ခြံမြေစိုက်ပျိုးတာ လိုမျိုး စိတ်လက်ပေါ့ပါးစေတဲ့ ကိုယ်လက်လှုပ်ရှားမှုေလးတွေကို အချိန်ပေးပြီးလုပ်ဆောင်သူတွေက ဦးနှောက်ကျန်းမာကြသလို နှလုံးလည်း ကျန်းမာကြပါတယ်။ ဒါ့အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါတယ်၊ လို့လေ့လာတွေ့ရှိခဲ့ပါတယ်။ အခုလေ့လာမှုအတွက်တော့ အသက် ၄၀ နဲ့ ၄၀ကျော် လူထောင်ပေါင်းများစွာကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တဲ့ အတိုင်းအတာနဲ့သေဆုံးနိုင်ခြေတို့အကြားကဆက်စပ်မှုကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုကို တရုတ်နိုင်ငံ၊ ဂျီအန်ပြည်နယ်မှာရှိတဲ့Shandong တက္ကသိုလ်၊ တက္ကဆက်ပြည်နယ်Galvestonမြို့မှာရှိတဲ့ တက္ကဆက်ဆေးတက္ကသိုလ်၊Minneapolis မှာရှိတဲ့ မင်နီဆိုးတားတက္ကသိုလ်တို့မှာရှိတဲ့ သုတေသန ဌာနတွေက စုပေါင်းလေ့လာခဲ့ကြပါတယ်။ လေ့လာမှုရလဒ်အနေနဲ့ကတော့ တစ်ပတ်မှာ အချိန်အနည်းငယ်လောက် […]


သွေးတိုးရောဂါ

သွေးတိုးတာက အမြဲတမ်းဆိုးကျိုးဖြစ်စေတာ ဟုတ်ရဲ့လား

ခေါင်းတွေမူးနေပြီ။သွေးများတိုးနေလားမသိဘူး။ အငန်လျှော့စားတယ်၊သွေးတိုးမှာစိုးလို့လေဆိုတာကတော်တော်များများကြားရလေ့ရှိတဲ့ စကားတစ်ခွန်းနော်။ အရင်ကဒီအသံကို ဖိုးဖိုးဖွားဖွားတွေဆီက ကြားရတာများပေမယ့် အခုနောက်ပိုင်းတော့၂၀ကျော် ၃၀လောက်အသက်အရွယ်မှာတင်ကြားလာရပါပြီ။နောက်ပြီး သိထားတာတစ်ခုရှိသေးတယ်။သွေးတိုးကနောက်ဆက်တွဲရောဂါတော်တော်များများကိုဖြစ်တယ်ဆိုတာပါပဲ။ ဒီတစ်ခေါက်တော့ အရင်ကပြောခဲ့တာတွေနဲ့မတူဘဲသွေးတိုးအကြောင်းကို ရှုထောင့်လေးပြောင်းပြီးပြောကြည့်ရအောင်လား Hello ဆရာဝန်ပရိသတ်ကြီးရေ.......... သွေးတိုးကြောင့်နောက်ဆက်တွဲဒီပြဿနာတွေဖြစ်နိုင်တယ် သွေးတိုးတာကြောင့်နောက်ဆက်တွဲကျန်းမာရေးပြဿနြာဖစ်နိုင်ပါတယ်။သွေးတိုးရောဂါရှိနေပြီဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်တာ၊ ဆီးချိုရောဂါ နဲ့ အခြားသောရောဂါတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်သွေးမတိုးအောင်ထိန်းရမယ်သွေးတိုးရောဂါစဝင်လာပြီဆိုရင်နောက်ဆက်တွဲရောဂါတွေအများကြီးဖြစ်နိုင်တယ်ပေါ့။တောက်လျောက်လက်ခံလာခဲ့တဲ့ အယူအဆပေါ့။ ဒီတစ်ခေါက်တော့ လက်ခံရင်းစွဲအယူအဆနဲ့ နည်းနည်းကွဲလွဲတဲ့ အယူအဆအကြောင်းလေးပြောကြည့်ရအောင်လား Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးတို့ရေ..... သွေးတိုးရှိတာက တစ်ခါတလေမှာ အကာအကွယ်ပေးနိုင်တဲ့ ဒိုင်းတစ်ခုရထားသလိုပါနော် ဒီပြောကြားချက်ကို ခိုင်မာစေဖို့ အမေရိကန်ရဲ့ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက အမေရိကန်ပြည်ထောင်စုကသွေးတိုးရောဂါရှိတဲ့ အရွယ်ရောက်ပြီးသူ ၇၅ သန်းကိုလေ့လာခဲ့ပါတယ်။ရောဂါရှိသူတွေကို အုပ်စုခွဲလေ့လာခဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုနေထိုင်စားသောက်ပုံချင်းမတူအောင် ပြင်ဆင်ပေးပြီး လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ ဆရာဝန်တွေက ပုံမှန် လူနာတွေကိုသွေးပေါင်ချိန်တိုင်းပေးတာ ကျန်းမာရေးစစ်ဆေးမှုလုပ်တာမျိုးတွေလုပ်ခဲ့ပါတယ်။လေ့လာမှုအတွင်း ကျန်းမာရေးစောင့်ရျောက်သူတွေကသွေးတိုးရောဂါခံစားနေရသူတွေမှာ နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေက အခြားသူတွေထက်ပိုများနေလားဆိုတာကိုပါလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှု အရသိရတာကသွေးတိုးရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေဟာ အခြားသောနောက်ဆက်တွဲရောဂါခံစားရနိုင်ခြေနည်းနေတယ်ဆိုတာကိုပါ။ ဒီအကျိုးရလဒ်ကို သိသသာသာတွေ့ရှိရနိုင်တာက အသက် ၈၀ အထက် […]


သွေးတိုးရောဂါ

သွေးပေါင်ကျဆေးနီးပါးအစွမ်းထက်တဲ့ နေ့ခင်းတစ်ရေးအိပ်ခြင်း

နေ့ခင်းအိပ်ရတာ ကြိုက်လား။ သတင်းကောင်းရှိတယ်နော်။နေ့ခင်း တစ်ရေးအိပ်တာကသွေးပေါင်ကျဆေးသောက်စရာ မလိုဘဲသွေးတိုးမဖြစ်အောင် ထိန်းပေးနိုင်ပါသတဲ့နော်။နေ့ခင်းတစ်ရေးအိပ်တာက မှတ်ဉာဏ်ကောင်းစေတယ်ဆိုတာကတော့ အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိထားပြီးဖြစ်မှာပါ။ အခုတစ်ခေါက်လုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ နေ့ခင်းတစ်မှေးမှေးတာကသွေးတိုးကျစေနိုင်တယ်ဆိုတဲ့အချက်ကိုတွေ့ရှိခဲ့ပါတယ်။ နေ့ခင်းတစ်မှေးအိပ်ပါ ဆေးသောက်စရာမလိုဘဲ သွေးတိုးကျပါလိမ့်မယ် လေ့လာမှုအသစ်တစ်ရပ်အရ နေ့လယ်နေ့ခင်းတစ်ရေးအိပ်တာက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ အချိန်အကြာကြီးအိပ်တာမဟုတ်ရင်တောင် အလုပ်ခွင်ထဲမှာ ထမင်းစားပြီးချိန် ခုံမှာ မျက်လုံးလေးမှိတ်လို့ ခဏလောက်မှေးတာကလည်းသွေးပေါင်ကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ခန္ဓာကိုယ်ကို အားပြည့်သွားစေပြီး စိတ်ခံစားမှုကောင်းစေမှာ အမှန်ပါ။ ဂရိနိုင်ငံVoulaမြို့မှာရှိတဲ့ Asklepieion အထွေထွေရောဂါကုဆေးရုံက သုတေသီတွေပြုလုပ်ခဲ့တဲ့လေ့လာမှုအသစ်မှာ နေ့လယ်ခင်းတစ်မှေးအိပ်တာက သွေးပေါင်ကျစေနိုင်ပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ နေ့လယ်ခင်းမှာ တစ်မှေးအိပ်တာကြောင့် သွေးပေါင်ကျတာက ဘဝနေထိုင်မှုပုံစံပြောင်းလဲမှုကြောင့်သွေးပေါင်ကျတဲ့ ပမာဏနဲ့ အတူတူပါပဲ။ ဥပမာပြောပြရရင် ဆားလျှော့စားတာ၊ အရက်လျှော့သောက်တာတွေကြောင့် သွေးပေါင်ချိန်က ၃ mmHg ကနေ ၅ mmHg အထိကျဆင်းစေနိုင်ပါတယ်။ နေ့ခင်းတစ်မှေးအိပ်ရင်လည်းသွေးပေါင်ချိန်က ဒီလောက်ပမာဏပဲကျဆင်းတာပါ။ ဒီလေ့လာမှုအတွင်း လူ ၂၁၂ယောက်ကိုလေ့လာခဲ့ပါတယ်။ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အဆိုးဆုံး လက္ခဏာတွေကို ဘယ်လိုကာကွယ်ကုသမလဲ

သွေးကြောထုံးတယ်ဆိုတာ ပင့်ကူမျှင်သွေးကြောလေးတွေလိုမျိုး ခြေထောက်မှာသွေးကြောလေးတွေထင်းလာတာလောက်ပဲ၊ မကြာခင်ပျောက်သွားမှာပါလို့ ယူဆတတ်ကြတယ်။ ဒါက စဖြစ်ဖြစ်ချင်း ကနဦးအဆင့်ဆိုတာတော့ မသိကြဘူးမလား။ ပင့်ကူမျှင်သွေးကြောလေးတွေပေါ်လာရာကနေမှ ဖောင်းလာပြီး သွေးကြောထုံးတဲ့ လက္ခဏာတွေဖြစ်လာတာပါ။ အဲဒီနောက် ခြေထောက်တွေ ဖာရောင်လာမယ်၊ အရေပြားအရောင်ပြောင်းလာမယ်၊ရောဂါအဆင့်မြင့်လာရင်အနာမကျက်နိုင်တဲ့ ဆိုးရွားတဲ့ သွေးပြန်ကြောအနာတွေဖြစ်လာမယ်။ ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ ကုသဖို့ခက်ခဲနိင်ပြီး ခြေထောက်ခွဲစိတ်ရတာတွေ၊ အခန့်မသင့်ရင် ခြေထောက်ဖြတ်ပစ်ရတာမျိုးတွေအထိဖြစ်လာနိုင်တဲ့အတွက် အစောပိုင်းအဆင့်မှာကတည်းက စနစ်တကျသေချာကုသဖို့လိုအပ်ပါမယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ သွေးပြန်ကြောတွေဟာ နှလုံးဆီကိုသွေးပြန်ပို့လွှတ်ရတဲ့သွေးလည်ပတ်မှုစနစ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေမှာ နှလုံးဆီကိုသွေးပြန်လည်စီးဝင်မှုကိုထိန်းပေးမယ့် အဆို့ရှင်လေးတွေပါရှိပါတယ်။ အဲဒီအဆို့လေးတွေ အားနည်းလာတဲ့အခါသွေးကပြန်မစီးဝင်တော့ဘဲခြေထောက်မှာပဲစုပုံကျန်ရစ်စေပါတယ်။ ဒါကိုနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (Chronic venous insufficiency) လို့ခေါ်ပါတယ်။ နာတာရှည်ရောဂါဖြစ်တဲ့ ဒီအဆင့်ဆိုခြေထောက်မှာစုနေတဲ့အရည်တွေကြောင့်ရောင်ရမ်းရာကနေ တစ်ရှူးတွေထဲကို အာဟာရဓါတ်တွေနဲ့အောက်ဆီဂျင်တွေမရောက်ရှိနိုင်အောင် အဟန့်အတားဖြစ်စေပါတယ်။ လိုအပ်တဲ့ဓါတ်တွေမရတော့ ဆဲလ်တွေသဆုံးတယ်၊ တစ်ရှူးတွေပျက်စီးတယ်၊ အချိန်မီ မကုသနိုင်တော့ အနာတွေဖြစ်လာတယ်။ သွေးကြောထုံးတဲ့အနာတွေက ခြေထောက်မှာ ခြေကျင်းဝတ်အပေါ်နား အများဆုံးဖြစ်လေ့ရှိပြီး အနာကျက်ဖို့နှေးတတ်ပါတယ်။ လက္ခဏာတွေ ဘယ်လိုသိသာလာမလဲ ခြေထောက် သွေးပြန်ကြောမှာသွေးတွေစုလာတဲ့အခါသွေးဆဲလ်တွေက အရေပြားနဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း