လေ့လာမှုရလဒ်အချို့
ခြေချိတ်ထိုင်တာက သက်တောင့်သက်သာဖြစ်စေနိုင်သလိုတော်တော်များများလည်း ထိုင်မိနေမှာပါ။ ဒီလိုထိုင်တာက ခဏတာအတွက်တော့ ဟုတ်ပေမယ့်ရေရှည်မှာ ကျန်းမာရေးပြဿနာတွေရှိနိုင်ပါတယ်။လေ့လာမှုတွေအရတော့ လူတစ်ယောက်ရဲ့ ထိုင်တဲ့ပုံစံကသွေးဖိအားအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ခြေချိတ်ထိုင်တာက ခဏပဲထိုင်ရင်တောင် အပေါ်သွေးဖိအားကို ၇ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။အောက်သွေးဖိအားကို ၂ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အခြားလေ့လာမှုတွေအရခြေချိတ်ထိုင်တာကကျောရိုးပေါ်မှာဝန်ပိစေပြီး ဇက်ကြော နဲ့ ခါးနာကျင်မှုတွေကိုဖြစ်စေနိုင်တယ်၊လို့သိရပါတယ်။ခြေချိတ်ထိုင်တာကခြေထောက်တစ်ဖက်ပေါ်တစ်ဖက်က ဖိထားတာကြောင့် တင်ပါးဆုံးရိုးကို ဟန်ချက်မညီဖြစ်စေပြီးကျောရိုးပေါ်မှာ ဖိအားတွေသက်ရောက်တာနဲ့ နာကျင်တာတွေဖြစ်စေနိုင်ပါတယ်။
ဒါတွေအပြင် ခြေချိတ်ထိုင်တာအချိန်ကြာလာတဲ့အခါ အရိုးပွေစနိုင်သလိုခြေထောက်နဲ့ ခါးအောက်ပိုင်းနားက အရွတ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အာရုံကြောတွေ ကိုပါ ထိခိုက်စေနိုင်ပါတယ်။ခြေသလုံးကိုသွေးစီးဆင်းရောက်ရှိမှုနည်းစေပြီးခြေသလုံးမှာ ပင့်ကူမျှင်သွေးကြောတွေဖြစ်လာစေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုခံစားရနိုင်တယ်လို့ လေ့လာမှုရလဒ်တွေအရ သိရပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
အချိန်ကန့်သတ်ပါ -ခြေထောက်ကိုလုံးဝမချိတ်ထိုင်သင့်ဘူး၊လို့ မဆိုလိုပါဘူး။ ထိုင်တဲ့အချိန်ကို ကန့်သတ်ဖို့ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိထိုင်ပြီးတဲ့အခါခြေထောက်ကို ဆန့်ဆန့်လေးထိုင်တာမျိုးလုပ်ပေးပါ။ ဒါမှမဟုတ် ခဏထရပ်ပြီး လမ်းလျှောက်တာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ခြေထောက်ကိုလှုပ်ပေးလို့လည်းရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။