ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး

ဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် တရားစခန်း ဝင်ဖူးတဲ့သူတွေဆိုရင် သိကြမယ်ထင်ပါတယ်။ ဗုဒ္ခဘာသာ ယဉ်ကျေးမှုကနေ စင်္ကြန်လျှောက်ခြင်း အလေ့အထက စတင်လာပြီးတော့ ယခုဆိုရင် ကမ္ဘာနဲ့ အဝှမ်း လူသိများလာကြတဲ့ ကျင့်စဉ် ဒါမှမဟုတ် လေ့ကျင့်ခန်း တစ်ခုဆိုလည်း မမှားပါဘူး။ တခြားလေ့ကျင့်ခန်းနဲ့ ဘာကွာသွားလဲဆိုတော့ ခန္ဓာကိုယ် အလှအပကို လေ့ကျင့်ပေးတာ မဟုတ်ဘဲ စိတ်အာရုံကို စုစည်းတတ်စေဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းကို မှန်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကဲ ... စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး လေးတွေကို ကြည့်လိုက်ရအောင်နော်။ စင်္ကြန်လျှောက်တယ် ဆိုတာ ဘယ်လိုမျိုးလဲ။ အရှိန်လုံးဝ မထည့်ဘဲ ဖြည်းဖြည်း နဲ့ မှန်မှန် လမ်းလျှောက်ရပါတယ်။ လမ်းလျှောက်တဲ့အခါ မမြန်ရပါဘူး။ ကိုယ့်ရဲ့ ခြေတစ်လှမ်းတိုင်းမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှ (ဥပမာ - ခြေထောက် […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

လေ့ကျင့်ခန်း လုပ်ခြင်း နှင့် စိတ်ခံစားမှုအခြေအနေ

ကိုယ်လက် လေ့ကျင့်ခန်း တွေ လုပ်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် စေနိင်ရုံတင်မကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကြွက်သားတွေကို တောင့်တင်းစေခြင်း၊ အဆီကျစေနိုင်ခြင်း ၊ နှလုံးအားကောင်းစေနိုင်ခြင်း၊ သွေးပေါင်ထိန်းပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ အများရှိပါတယ်။ ဒီနေ့ ဒီဆောင်းပါးလေးမှာကတော့ ကိုယ်လက်လေ့ကျင့်ခန်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနိုင်တယ် ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်မှုများ (၁) လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာ endorphin လို့ခေါ်တဲ့ စိတ်ခံစားမှုတွေကို ကောင်းမွန်စေနိုင်တဲ့ ဓာတုပစ္စည်း နဲ့ အခြား သဘာဝပစ္စည်းလေးတွေကို အများကြီးထုတ်ပေးပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်တဲ့ အခါမှာ သင့်အတွက် လန်းဆန်းတက်ကြွပြီး ပျော်ရွှင်တဲ့ ခံစားမှုမျိုးရစေနိုင်ပါတယ်။  အဲဒီ endorphin လို့ခေါ်တဲ့ ဓာတုပစ္စည်းလေးတွေက နာကျင်မှုကို […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

ကိုလက်စထရောကျစေမည့် လေ့ကျင့်ခန်းများ

အကယ်၍ သင့်ဆေးစစ်ချက်မှာ ကိုလက်စထရော ပမာဏမြင့်တက်နေမယ် ဆိုပါစို့။ သင့်အနေနဲ့ မဖြစ်မနေ လိုက်နာရမယ့်အချက်တွေကို ဆရာဝန်က ပြောပြပါလိမ့်မယ်။ အဲဒီအချက်တွေမှာ မဖြစ်မနေ ပါဝင်မှာကတော့ လေ့ကျင့်ခန်းလုပ်ဖို့ပါပဲ။ စားသောက်တဲ့ပုံစံကို ပြင်ဆင်ထိန်းညှိရုံသာမကဘဲ ကိုယ်လက်လှုပ်ရှားခြင်းပါ ပြုလုပ်မှသာ ကိုလက်စထရောကို သိသာစွာ ကျဆင်းစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုလက်စထရောကျစေမည့် လေ့ကျင့်ခန်းများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကိုလက်စထရောဆိုတာ သွေးထဲမှာလှည့်ပတ်နေတဲ့ အဆီဓာတ်တမျိုး ဖြစ်ပါတယ်။ များပြားသွားရင် သွေးကြောအတွင်းနံရံတွေမှာ တွယ်ကပ်သွားနိုင်ပြီး သွေးကြောကို ကျဉ်းမြောင်းသွားစေပါတယ်။ အဲဒီအခါ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုမိုများပြားလာပါတယ်။ ကိုလက်စထရောမှာ နှစ်မျိုးရှိပါတယ်။ LDL ကိုလက်စထရောကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့ ကိုလက်စထရောဖြစ်ပြီး ရောဂါတွေဖြစ်စေပါတယ်။ HDL ကိုလက်စထရောကတော့ အကျိုးပြုကိုလက်စထရောဖြစ်ပြီး သွေးထဲမှာ မလိုလားအပ်တဲ့ ကိုလက်စထရောတွေ စုပုံလာခြင်းကနေ ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

သင့်ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို အသုံးပြုပြီး လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမှန်သမျှဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း စသဖြင့် ကိုယ်လက်လေ့ကျင့်ခန်းဟာလည်း မျိုးစုံရှိပါတယ်။ အဆိုပါလေ့ကျင့်ခန်းများဟာ ပြုလုပ်သူများအတွက် ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေပြီး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အခုတစ်ခေါက်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ ကတေ့ ၁။ ပျော်ရွှင်ခြင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်စေပြီး စိတ်ပူခြင်း၊ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း စတာတွေကို သက်သာစေပါတယ်။ ဆီရိုတိုနင်၊ နော်အပီနက်ဖရင်း စတဲ့ဟော်မုန်းတွေကို ဦးနှောက်ကနေ ပိုမိုခံစားနိုင်ပြီး စိတ်ကျခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် အင်ဒေါ်ဖင်ဟော်မုန်းကို ပိုမိုထွက်စေတာကြောင့် အကောင်းမြင်တဲ့ ခံစားချက်တွေကို တိုးလာစေပြီး နာကျင်မှုတွေကိုလည်း […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ

ဆေးပညာဂျာနယ်တစ်စောင်မှာ အမျိုးသမီးတစ်ဦးရဲ့ မေးခွန်းကို ဖော်ပြထားပါတယ်။ သူမရဲ့ မေးခွန်းအရ သူမဟာ အသက်လေးဆယ်အရွယ် အားကစားလိုက်စားသူဖြစ်ကြောင်း၊ တစ်ပတ်ကို ၆ရက်ခန့် တစ်ရက်ကို တစ်နာရီခန့် အားကစားလေ့ကျင့်ကြောင်း၊ ဒါပေမယ့် စားသောက်ချင်စိတ်များနေပြီး ကိုယ်အလေးချိန်ကျသင့်သလောက် မကျကြောင်း စသဖြင့် အကြံဉာဏ်တောင်း မေးမြန်းထားပါတယ်။ လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ။ ဒီအကြောင်းကို ပြန်လည်ဖြေကြား ဆွေးနွေးသွားတဲ့အချက်တွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချဖို့ ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချဖို့ဆိုရာမှာ အချက်များစွာနဲ့ ဆိုင်ပါတယ်။ အဓိကအားဖြင့် အစားအသောက် လှုပ်ရှားမှုအတိုင်းအတာ မျိုးရိုးဗီဇ အသက်အရွယ် စတာတွေပေါ် မူတည်ပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှုဟာ ကိုယ်အလေးချိန်ပြောင်းလဲခြင်းနဲ့ ဆက်စပ်နေပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ အတက်အကျကို ဖြစ်စေပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ အခက်အခဲဖြစ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ ကျန်းမာရေးအတွက် […]


အခြားလေ့ကျင့်ခန်းများ

သင့်တစ်နေ့တာကို လမ်းလျှောက်ခြင်း ဖြင့် စတင်ရအောင်

လမ်းလျှောက်ခြင်းဆိုတာ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတမျိုး ဖြစ်ပါတယ်။ ပစ္စည်းကိရိယာ တန်ဆာပလာ အထွေအထူးလည်း သိပ်မလိုတဲ့အပြင် အင်အားလည်း ပင်ပင်ပန်းပန်း စိုက်ထုတ်စရာမလိုတဲ့အတွက် သက်ကြီးရွယ်အိုတွေပါ လုပ်ဆောင်နိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့တနေ့တာကို လမ်းလျှောက်ခြင်း နဲ့ ဘာကြောင့် စတင်သင့်သလဲ ဆိုတာပါပဲ။ တနည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သိပ္ပံနည်းကျ သုတေသနရလဒ်တွေဖြစ်တာကြောင့်ခိုင်မာမှု ရှိပါတယ်။ လမ်းလျှောက်ခြင်း ရဲ့ အကျိုးကျေးဇူးများ ၁။ စွမ်းအင်မြှင့်တင်ခြင်း သင့်ရဲ့မနက်ခင်းမှာ လမ်းလျှောက်ပြီး လတ်ဆတ်အေးမြတဲ့လေကို ရှူရှိုက်ခြင်းအားဖြင့် တနေ့တာလုံးမှာ လန်းဆန်းတက်ကြွစေနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အပြင်ထွက် လမ်းလျှောက်ခြင်း ဖြစ်ပါတယ်။ လေ့လာချက်များအရ ပြင်ပလေကို ရှူရှုက်ရင်း တနေ့ကို မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပေးခြင်းဟာ သင့်ရဲ့ တနေ့တာစွမ်းအင်ကို မြှင့်တင်ပေးရာ ရောက်တယ်လို့ ဆိုပါတယ်။ […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားတဲ့အခါ ကိုယ်အလေးချိန်ကျဖို့နဲ့ ကြွက်သားများသန်မာဖို့ကို အရင်ဆုံး စဉ်းစားမိကြပါတယ်။ ဒီထက် ပိုပြီး အရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်းပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ နှလုံးဟာ သင့်ကိုယ်ခန္ဓာထဲမှာ အရေးအကြီးဆုံးကြွက်သားပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးဆီ သွေးများဖြန့်ဝေပေးတဲ့ ကိုယ်အင်္ဂါဖြစ်တာမို့ အထူးဂရုစိုက်ရပါမယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့နှလုံးကို သန်မာစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေအန္တရာယ်ကို လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေအကြောင်းပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ ကတော့ အေရိုးဗစ် ကာဒီယို (Cardio) လေ့ကျင့်ခန်းလို့လည်းသိကြတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းများဟာ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေပြီး ချွေးထွက်လာစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ ဆီးချိုရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေဖို့ အထောက်အကူပြုပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ အတော်အသင့်လှုပ်ရှားရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ရက်သတ္တပတ်တပတ်မှာ အနည်းဆုံး […]


အခြားလေ့ကျင့်ခန်းများ

လမ်းလျှောက်ခြင်း

မင်္ဂလာပါ Hello ဆရာဝန်စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ဖော်ပြပေးမှာပါ ။ ဒီစာရေးနိုင်ဖို့အတွက် စာရေးသူလည်း တစ်နေ့ ခြေလှမ်း ၉ထောင် ကျော် goal လုပ်ပြီး လျှောက်ခဲ့ရတာ ဖြစ်တဲ့အတွက် အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြသွားမှာပါ ။ အားလုံးသိတဲ့အတိုင်းပဲ လမ်းလျှောက်တယ်ဆိုတာ အခမဲ့နဲ့ အကျိုးအရှိဆုံး အားကစားတစ်ခုဖြစ်ပါတယ် ။ အသက်အရွယ်မရွေး လူတိုင်းပြုလုပ်နိုင်တဲ့ အားကစားပါ ။ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ ကယ်လိုရီ အဆီများ လောင်ကျွမ်းစေခြင်း ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေ ကုန်ဆုံးစေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းနေချင်နေတဲ့လူတွေအတွက် သင့်တော်ပါတယ် ။ စာရေးသူကိုယ်တိုင်လည်း ဗိုက်အဆီကျသွားတာကို လက်တွေ့ခံစားရတဲ့အတွက် ပျော်မိပါတယ် ။ ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတာ လမ်းလျှောက်တဲ့ အရှိန် ၊ အကွာအဝေး […]


အခြားလေ့ကျင့်ခန်းများ

ကယ်လိုရီ လောင်ကျွမ်းအောင် Gym သွားဖို့တောင် မလိုပါဘူး

Gym သွားရမှာ ပျင်းနေလား ဒါမှမဟုတ် ပိုက်ဆံကုန်မှာ နှမျောနေလား။ လေ့ကျင့်ခန်း မဟုတ်တဲ့ လှုပ်ရှားမှုတွေ နဲ့ လည်း ကယ်လိုရီ လောင်ကျွမ်းအောင် လုပ်လို့ ရပါတယ်နော်။ အိမ်မှာနေရင်း ပိစိပွစ အလုပ်လေးတွေနဲ့ အဆီကျအောင် လုပ်လို့ရတယ် ဆိုတာ သိရင် ဘတ်ဂျက်လည်းမထိ အပြင်သွားဖို့လည်း မလိုတော့ဘူးပေါ့။ ဒါ့ကြောင့်ပဲ ဇိမ်ခံပစ္စည်းတွေ မရှိသေးတဲ့ ဟိုခေတ်က အိမ်ရှင်မတွေ အားကစားလုပ်ထားသလို ဗိုက်ချပ်၊ ကျစ်လျစ်၊ လှပနေတာပေါ့။ သနပ်ခါး သွေးနေရင်းကို လက်မောင်းလေ့ကျင့်ခန်း ဖြစ်နေသလိုမျိုး။ ကယ်လိုရီ လောင်ကျွမ်းစေမယ့် အိမ်အလုပ်တွေ အကြောင်း သိထားပြီးသား ဖြစ်ရင်ဖြစ်နေနိုင်ပေမယ့် ပိုပြီး မိုတီဗေးရှင်း ရအောင် ဖတ်ကြည့်လိုက်ပါဦး … (၁) တံမြက်စည်း လှည်း မယ်၊ ဖုန်စုပ်မယ် ဖုန်စုပ်စက်နဲ့ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်တာ ဒါမှမဟုတ် တံမြက်စည်း လှည်းတာက […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်ခန်း မစတင်ခင် ဒါတွေ ပြင်ဆင်ထားပါ

ဒီဘက်ခေတ်မှာ ယောဂလေ့ကျင့်ခန်းတွေဟာလည်း လူငယ်တွေကြားမှာ ခေတ်စားလာပါတယ်။ အလေးအပင်တွေ မစရာ မလိုအပ်သလို ပေါ့ပေါ့ပါးပါးနဲ့ အသက်အရွယ်မရွေး ဆော့လို့ရတယ်။ မိန်းကလေးတွေဆိုရင် မလိုအပ်တဲ့ အဆီပိုတွေ ကျစေပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပစေတယ်။ အမျိုးသားတွေ ဆိုရင်လည်း တစ်နေ့ကုန် အလုပ်လုပ်ထားတဲ့ ဒဏ်တွေ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းကြောင့် ကြွက်သားညောင်းကိုက်တာတွေကို ယောဂကစားခြင်းဖြင့် ပြေလျော့စေတယ်။ အသက်ကြီးပိုင်းတွေအတွက်လည်း ကျန်းမာရေးကောင်းစေတယ်၊ သွက်လက်ပေါ့ပါးစေတယ်၊ မှတ်ဉာဏ်ကောင်းစေတယ်၊ အရွယ်တင်စေပါတယ်။ ဒီဆောင်းပါးမှာ ယောဂကစားရတာ သဘောကျတဲ့သူတွေအတွက်ရော၊ တစ်ခါမှ မကစားဖူးလို့ အခုမှ စတင်ကစားဖို့ စဉ်းစားနေတဲ့သူတိုင်း သိထားသင့်တဲ့၊ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝတ်မယ့် အဝတ်အစားကို သေချာရွေးချယ်ရပါမယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်သလို ပေါ့ပေါ့ပါးပါး ဖြစ်မယ်ထင်တာလေးတွေပဲ ရွေးဝတ်လို့ မရပါဘူး။ ယောဂသည် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်တဲ့အတွက် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)