ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကိုယ်အလေးချိန်ကျစေရန် အစားအသောက်ဆင်ခြင်ရုံသာမက မှန်ကန်သည့်လေ့ကျင့်ခန်း အမျိုးအစားကိုပါ ဇွဲရှိရှိ လေ့ကျင့်သွားရန် လိုအပ်ပါသည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

တစ်နေ့ကို ကယ်လိုရီ ၅၀၀ လောင်ကျွမ်းမယ်ဆိုရင် တစ်ပတ်ကို ကယ်လိုရီ ၃၅၀၀ လောင်မှာပါ။ ကယ်လိုရီ ၃၅၀၀က အဆီတစ်ပေါင်နဲ့ ညီမျှပါတယ်။ တစ်ပတ်ကို ၃၅၀၀ ကယ်လိုရီလောက်ကို လေ့ကျင့်ခန်းလုပ်ပြီး လောင်ကျွမ်းစေမယ် ဒါမှမဟုတ် လျှော့စားမယ်ဆိုရင် ကိုယ်အလေးချိန် တစ်ပေါင်ကျမှာ ဖြစ်ပါတယ်။ အစားလျှော့စားဖို့ ခက်တယ်ဆိုရင် ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ ကို လုပ်ကြည့်နိုင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ကယ်လိုရီလောင်ကျွမ်းပုံတွေက မတူညီကြပါဘူး လေ့ကျင့်ခန်း မစခင် သိထားရမယ့်အချက်က တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကယ်လိုရီ လောင်ကျွမ်းပုံချင်း မတူကြဘူးဆိုတာကိုပါ။ ကယ်လိုရီ ၃၅၀၀ လောာင်ကျွမ်းတိုင်းမှာ ကိုယ်အလေးချိန် တစ်ပေါင်ကျတယ်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မမှန်ပါဘူး။ တချို့တွေက ပေါင်ဝက်လောက်ပဲ ကျနိုင်သလို တချို့တွေမှာတော့ တစ်ပေါင်မက ကျနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ၁နာရီ […]

ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကြွက်သား တွေ ဆုံးရှုံးမှုမရှိစေဘဲ အဆီတွေကျစေဖို့ ဘာတွေဂရုစိုက်ကြမလဲ

ကိုယ်အလေးချိန်ချတဲ့အခါ ကြွက်သား တွေ မဆုံးရှုံးချင်ဘဲ အဆီတွေကိုပဲ အဓိကကျချင်တဲ့ သူတွေ၊ ခန္ဓာကိုယ်အချိုးအစားလှပပြီး ကျစ်လစ်ချင်တဲ့သူတွေအတွက် ဂရုစိုက်သင့်တဲ့ အချက်လေးတွေ၊ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။ hello ဆရာဝန် ပရိသတ်ကြီးထဲမှာရော အဲဒီလို ကိုယ်အလေးချိန်ကျချင်တဲ့သူတွေ ရှိကြလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဝင်ဖတ်လိုက်တော့နော်။ ကြွက်သား တွေ မဆုံးရှုံးဘဲ အဆီကျစေဖို့ ၁။ ဖြည်းဖြည်းချင်းလုပ်ဆောင်ပါ။ ကြွက်သားတွေ ဆုံးရှုံးမှာလည်းကြောက်တယ်၊ အဆီလည်းကျ ကိုယ်အလေးချိန်လည်းချချင်တယ် ဆိုရင်တော့ ပထမဆုံး စိတ်ရှည်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ စနစ်တကျ ကိုယ်အလေးချိန်ကျဖို့၊ အဆီကျပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖြစ်ဖို့က ဖြည်းဖြည်းချင်းအချိန်ယူရတာမို့ပါ။ တကယ်လို့ တစ်ပတ်အတွင်း၊ တစ်လအတွင်း စသဖြင့် အလေးချိန်အများကြီး အမြန်ကျအောင် လုပ်မယ်ဆိုရင်တော့ အဆီတွေတင်မကဘဲ ကြွက်သားတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ၂။ မျှတအောင် စားသုံးပါ။ အစားအစာတွေကို အဓိကအားဖြင့် ခန္ဓာကိုယ်က လုပ်ငန်းလုပ်ဆောင်ဖို့အတွက် […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ

ဆေးပညာဂျာနယ်တစ်စောင်မှာ အမျိုးသမီးတစ်ဦးရဲ့ မေးခွန်းကို ဖော်ပြထားပါတယ်။ သူမရဲ့ မေးခွန်းအရ သူမဟာ အသက်လေးဆယ်အရွယ် အားကစားလိုက်စားသူဖြစ်ကြောင်း၊ တစ်ပတ်ကို ၆ရက်ခန့် တစ်ရက်ကို တစ်နာရီခန့် အားကစားလေ့ကျင့်ကြောင်း၊ ဒါပေမယ့် စားသောက်ချင်စိတ်များနေပြီး ကိုယ်အလေးချိန်ကျသင့်သလောက် မကျကြောင်း စသဖြင့် အကြံဉာဏ်တောင်း မေးမြန်းထားပါတယ်။ လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ လေ့ကျင့်ခန်းလုပ်နေပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်တက်ရသလဲ။ ဒီအကြောင်းကို ပြန်လည်ဖြေကြား ဆွေးနွေးသွားတဲ့အချက်တွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချဖို့ ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချဖို့ဆိုရာမှာ အချက်များစွာနဲ့ ဆိုင်ပါတယ်။ အဓိကအားဖြင့် အစားအသောက် လှုပ်ရှားမှုအတိုင်းအတာ မျိုးရိုးဗီဇ အသက်အရွယ် စတာတွေပေါ် မူတည်ပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှုဟာ ကိုယ်အလေးချိန်ပြောင်းလဲခြင်းနဲ့ ဆက်စပ်နေပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ အတက်အကျကို ဖြစ်စေပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ အခက်အခဲဖြစ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ ကျန်းမာရေးအတွက် […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကိတ်နေတာလား...တုတ်နေတာလား...

ဟိတ် ယူတို့တွေ အကိတ်အကိတ်နဲ့ ဂုဏ်ယူနေလိုက်ကြတာ။ တကယ့်အကိတ်က အဆီမရှိတဲ့ ပစ္စည်းရှိလူတန်းစားကိုခေါ်တာနော်။ ကိုယ့်ကိုယ်ကိုပြန်ကြည့်ရင် တကယ်အဆီမရှိတာသေချာလို့လား။ ရင်နဲ့ တင် ကြီးနေတိုင်း အကိတ်မဟုတ်ပါဘူးလို့ပြောလိုက်ရင် ကိတ်တုလေးတွေ စိတ်ဆိုးမှာလား။ အမှန်က ယူတို့ကိုကိုယ့်ကိုယ်ကို အကိတ်လို့ နာမည်တပ်ပြီး အဆီတွေကြားမှာ သာယာမနေစေချင်တာပါ။ အလှစစ်ကို လူတိုင်းရနိုင်ပါတယ်နော်။ကိတ်ချင်တယ်ဆိုရင်လေ့ကျင့်ခန်းနဲ့အားကစားကိုပဲ အားကိုးရမှာပါ။ မရှိသေးတဲ့ ပိန်ပိန်ပါးပါးလေးတွေတောင် အကိတ်ဖြစ်လာနိုင်သေးတာ။ အကောင်အထည် ရှိနှင့်ပြီးသား ယူတို့အတွက်ကတော့ အဆီလေးချလိုက်ရင်ပြီးနေပြီလေ။ တင်ပါးမှာ အဆီမရှိဘဲ အလှဆုံးရှိတ်လေးဖြစ်နိုင်ဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ရင် ရလဒ်ကောင်းတွေ ရလာမယ်လို့ ယုံကြည်လိုက်ပါနော်။ တင်ပါးအဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု (၁)ပြေးပါ အပြေးအားကစားက တစ်ကိုယ်လုံးအတွက်အဆီကျစေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းပါ။ တစ်ကိုယ်လုံးလှုပ်ရှားပြီးပြေးတဲ့အခါခြေထောက်နဲ့ တင်ပါးက ကြွက်သားတွေကို ကျစ်လျစ်စေပြီး အချိုးကျလှပစေနိုင်ပါတယ်။ အရမ်းကြီးပြေးနိုင်မှ မဟုတ်ပါဘူး။ ကိုယ်နိုင်သလောက်နှုန်းနဲ့ပြေးတာလည်း အဆင်ပြေပါတယ်။ အေရိုးဗစ်ကစားနည်းထဲမှာပါဝင်တဲ့ အပြေးလေ့ကျင့်ခန်းက နှလုံးနဲ့အဆုတ်ရဲ့လုပ်ဆောင်ချက်ကို […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ဝိတ်တုံးမပြီး ကိုယ်ပေါ်က အဆီတွေ လောင်ကျွမ်းအောင် ဘယ်လိုလုပ်မလဲ ။

Gym ရောက်ပြီဆိုတာနဲ့ ပိန်တဲ့သူတွေရော၊ ဝနေတဲ့သူတွေရော ဝိတ်တုံး လေးတွေ ကိုယ်စီကိုယ်စီနဲ့ လေ့ကျင့်ခန်းလုပ်နေတာကို လူတိုင်း မြင်ဖူးကြမှာပါ။ ကြားဖူးတာကတော့ဝိတ်တုံးမတာ ကြွက်သားတက်စေဖို့ဆိုတော့ ဝနေတဲ့သူတွေက ဝိတ်မဖို့လိုလို့လား။ ပိန်ချင်လို့ ဝိတ်မရင် လေးတာကောင်းလား ပေါ့တာကောင်းလား။ အကြိမ်ရေ နည်းနည်းလား များများလား သိချင်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။ အလေးမတဲ့ လေ့ကျင့်ခန်း လုပ်သူတိုင်း သိထားသင့်တဲ့ အရာတွေ ။ ( ၁ ) အလေးများတဲ့ ဝိတ်တုံးကိုမပါ။ စပြီး လေ့ကျင့်ခန်းလုပ်တည်းက ဒီအလေးချိန်ကိုပဲ မတယ်။ ၃ လ ၄ လကြာတဲ့အချိန်အထိလည်း ဒီ အလေးချိန်ကိုပဲ ဆက်မနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်ကို ဘယ်လိုမှ ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် မ နေတဲ့ ဝိတ်တုံး အလေးချိန်ကို တဖြည်းဖြည်းတိုးလာဖို့ […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ် နေပေမယ့် ပေါင်ချိန်စက်ကပြတဲ့ အလေးချိန်တွေ မကျသေးလို့ စိတ်ဓါတ်ကျနေပြီလား။

ဒီနေ့ပြောချင်တဲ့ အကြောင်းလေးကတော့ လေ့ကျင့်ခန်းလုပ်နေတာ ကြာပြီ ပေါင်ချိန်စက် ပေါ်တက်တိုင်း ကိုယ်အလေးချိန်က ထင်သလောက်မကျသေးလို့ လေ့ကျင့်ခန်း ဆက်လုပ်ရမှာ စိတ်ဓါတ်ကျနေသူတွေအတွက်ပါ။ ကိုယ်ပေါ်က အဆီတွေဆိုတာကလည်း ခေါင်းမာတဲ့အရာတွေမလား။ ကိုယ်မှန်းထားသလောက်ကျချင်မှ ကျတာလေ။ ဒီလောက်လေ့ကျင့်ခန်းလုပ်နေတာတောင် ဝိတ်မကျလို့ဆိုပြီး စိတ်ဓါတ်တော့ မကျလိုက်ပါနဲ့။ ခုပြောမယ့် ၇ ချက်ထဲက တစ်ချက်လောက်ဖြစ်ဖြစ် ရှိနေပြီဆိုရင် ဝိတ်ကျဖို့နီးစပ်လာပါပြီ ။ ။ ဝိတ်ကျဖို့ မနေ့ကထက် ဒီနေ့ ပိုပြီးနီးစပ်နေကြောင်း ပြနေတဲ့အချက် ၇ ချက် ။ ။ ( ၁ ) စိန်ခေါ်မှုအသစ်တွေ လုပ်ချင်စိတ်ရှိတာ ဟိုးအရင် gym မပြောနဲ့ လမ်းလေးလျှောက်ဖို့တောင် ထိုင်ရာက မထချင်တဲ့ကိုယ်။ ခုတော့ ဘယ်လောက်ပင်ပန်းတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖြစ် လုပ်ဖို့ အဆင့်သ့င်ဖြစ်နေတတ်တာ ကိုယ်သွားချင်တဲ့ ဝိတ်ကျပန်းတိုင်ဆီကို တစ်လှမ်းလှမ်းပြီးသား မဟုတ်လား။ ( […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

Zumba လေးနဲ့ ကရင်း ဝိတ်ချကြမယ် ။ ။

ကိုယ်အလေးချိန်လျှော့ချဖို့ဆို စားလိုက်တဲ့ ကယ်လိုရီ တွေထက် လောင်ကျွမ်းရမယ့် ကယ်လိုရီအရေအတွက် ပိုများတာမလား။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ဆို လေ့ကျင့်ခန်း အစားအသောက် နှစ်ခုလုံးထိန်းမှ ရမှာပါ။ လေ့ကျင့်ခန်းမှာတော့ gym ကစားမယ်၊ ယောဂဆော့ပမယ်၊ Zumba နဲ့ကမယ် ဆိုပြီး အမျိုးအမျိုးရှိပါတယ်။ ခုနောက်ပိုင်း gym တွေမှာ စက်တွေနဲ့ ကစားတာအပြင် Zumba သင်တန်း တို့ ယောဂ သင်တန်းတို့ကိုပါ ပေါင်းပြီးဖွင့်လှစ်လာကြပါပြီ။ gym တွေမှာတောင် ဖွင့်ထားတာဆိုတော့ သူတို့က ကိုယ်ခန္ဓါအတွက် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပေးလို့ပေါ့နော်။ ယောဂ ကျတော့ လူတိုင်းနီးပါးလောက် သိထားတဲ့ အားကစားတစ်ခု ဖြစ်ပေမယ့် Zumba ကိုတော့ မသိသေးတဲ့သူတွေရှိဦးမယ် ထင်ပါတယ်။ ဒီတော့ Zumba ဆိုတာဘာလဲ ။ ။ Zumba ဆိုတာ ကခုန်ပြီး […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကိုယ်ခံအားကိုကျစေသလား

Hello ဆရာဝန်ပရိသတ်ကြီးထဲမှာ ခန္ဓာကိုယ် အချိုးအစား လှပချင်လို့ဆိုပြီး တစ်ရက်မပျက် Gym သွားပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်နေသူတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုမယ် ထင်ပါတယ်နော်။ ဒီအချက်တွေကြောင့် ဖျားနာနိုင်ပါတယ် လူတစ်ယောက်က ဒီအချက်တွေကြောင့် ဖျားနာနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ အာဟာရ ပြည့်ဝလုံလောက်အောင် မစားသုံးတာ ပင်ပန်းနွမ်းနယ်တာ အိပ်ရေးပျက်များတာ ဆေးလိပ်သောက်တာ အသက်အရွယ် အရမ်းကြီးနေတာ လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ လေ့ကျင့်ခန်း နဲ့ ကိုယ်ခံအား အရင်ဆုံး သုတေသန တွေ့ရှိချက်လေးတွေအကြောင်း ပြောပြပေးမယ်နော်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ ကိုယ်ခံအားတို့ကြားက ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါမှာတော့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာက ကိုယ်ခံအားကို ကျစေနိုင်ပြီး ဖျားနာတာမျိုး ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို သန်မာစေနိုင်တယ်။ နှလုံးကျန်းမာပြီး ခန္ဓာကိုယ်ကို […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ခုံပေါ်က အာလူးလေးတွေ မဖြစ်စေဖို့

ခုံပေါ်က အာလူးလေးဆိုတာ Couch potato ဆိုတဲ့ အင်္ဂလိပ်စကားကို မြန်မာလို တိုက်ရိုက်ပြန်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ Couch potato ဆိုတာဟာ ကိုယ်လက်လှုပ်ရှားခြင်းမရှိဘဲ တချိန်လုံး ခုံပေါ်မှာ ထိုင်နေပြီး တီဗီကြည့်နေသူေတွကို တင်စားပြီးခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အိပ်ရာပေါ်၊ ထိုင်ခုံပေါ်က မထဘဲ တချိန်လုံး ဖုန်းပွတ်နေသူတွေလည်း ဒီအဓိပ္ပါယ်မှာ အကျုံးဝင်ပါတယ်။ တချိန်လုံးထိုင်နေခြင်းဟာ ဘာဖြစ်မလဲ မလှုပ်မရှားဘဲ တချိန်လုံးထိုင်နေခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေတယ်လို့ မဲလ်ဘုန်းက သွေးတိုးနဲ့ဆီးချိုဆိုင်ရာ ကုသမှုဌာနက ဒေါက်တာဒေးဗစ်ဒန်စတန်က ဆိုပါတယ်။ တနေ့တာကို တီဗီရှေ့မှာတင်ထိုင်ပြီး အချိန်ဖြုန်းနေသူတွေဟာ မြန်မြန်သေဆုံးနိုင်ခြေရှိတယ်လို့ သူက ဘွင်းဘွင်းပဲ ပြောခဲ့ပါတယ်။ သူဟာ အကြောင်းမဲ့တော့ ပြောတာမဟုတ်ပါဘူး။ တနေ့ကို တီဗီရှေ့မှာ ၄နာရီလောက် အချိန်ပေးနေသူတွေဟာ ၂နာရီအောက်ပဲ အချိန်ပေးသူတွေထက်စာရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၈၀% ပိုများတယ်ဆိုတဲ့ […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ရုံးစားပွဲမှာတင် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း ၅ မျိုး

သင့်ကျန်းမာရေးအတွက်  အလုပ်လုပ်ချိန်တန်လုပ်၊ နားချိန်တန်နားဖို့ လိုပါတယ်။ နားချိန်မရှိဘဲ ကွန်ပျူတာရှေ့ စားပွဲမှာ အချိန်ကြာကြာ ထိုင်နေတာမျိုးက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးဖို့ လိုပါမယ်။ လေ့လာချက်တွေအရ တစ်ပတ်ကို ၅ကြိမ် တစ်ကြိမ်ကို မိနစ်၃၀လောက် လေ့ကျင့်ခန်း ပြုလုပ်တာက သင့်ကျန်းမာရေးအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေကို ရှောင်နိုင်တယ်။ ဘယ်လေ့ကျင့်ခန်းမျိုးကိုတော့ လုပ်နိုင်တယ်ဆိုတာကို သိထားခြင်းဖြင့် ကျန်းမာတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ရုံးသမားများအတွက် တွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ ရုံးအလုပ်က အချိန်အကြာကြီးထိုင်နေရပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတယ်။ တစ်နေရာတည်းမှာ အချိန်အတော်ကြာထိုင်နေခြင်းက သင့်ကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို နှေးစေပါတယ်။ သွေးတွင်းသကြားပမာဏ၊ သွေးပေါင်ချိန်နဲ့ အဆီချေဖျက်ခြင်းနည်းလမ်းတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ရုံးချိန်အတွင်းလှုပ်ရှားမှုမရှိခြင်းက ကျန်းမာရေးရဲ့ အကြီးဆုံးစိန်ခေါ်မှုများထဲက တစ်ခုဖြစ်ပါတယ်။ နှလုံးရောဂါ၊ အမျိုးအစား၂ ဆီးချိုရောဂါနဲ့ စိတ်ကျန်းမာရေးချို့တဲ့တာတွေက လှုပ်ရှားမှုမရှိခြင်းကြောင့် […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

အဆီချခြင်းအကြောင်းသိကောင်းစရာ

အားကစားလုပ်ခြင်း၊ အစားအသောက်ထိန်းခြင်းဖြင့်အဆီ ကျအောင်ကြိုးစားသော်လည်း အဆီမကျသဖြင့်စိတ်အား လျော့နေပါသလား။ အဆီကျစေသောနည်းလမ်းများကိုရှာ ဖွေနေပါသလား။ သင်မသိသေးသောအဆီချနည်းများရှိပါ တယ်။ သင်အထင်မှားနေသောအဆီချခြင်းအကြောင်း ဝိတ်ချခြင်းသည်အဆီချခြင်းနှင့်တူသည်ဟုသင်ထင်ပါသ လား။ အမှန်စင်စစ်အဆီချခြင်းသည်ဝိတ်ချခြင်းနှင့်များစွာ ကွဲပြားပါတယ်။ ဝိတ်ချလိုက်ပါက ခန္ဓါကိုယ်ရှိအဆီ၊ အသား၊ အရည်နှင့် ကိုယ်အင်္ဂါများလျော့နည်းသွားပါတယ်။ ထို့ကြောင့်ဝိတ်ချလိုက်ပါကအဆီအစားတန်ဖိုးရှိသောအ သားဓါတ်များကိုလျော့နည်းသွားစေပါတယ်။ ထို့ပြင်အဆီ များကျန်နေသေးသဖြင့်ဝိတ်ပြန်တတ်ရန်လည်းလွယ်ကူပါ တယ်။ အစားအသောက်မှရရှိသောကယ်လိုရီများကိုအဆီအဖြစ် ခန္ဓါကိုယ်ထဲတွင်သိုလှောင်ထားပါတယ်။ ယေဘူယျအား ဖြင့်အဆီကျခြင်းကကိုယ်အလေးချိန်ကိုလျော့ကျစေနိုင် သော်လည်းတခါတရံတွင်လည်းဝိတ်တတ်စေနိုင်ပါတယ်။ သို့သော်လည်းအဆီကျပါကကျန်းမာစေနိုင်ပါတယ်။ အ ဘယ်ကြောင့်ဆိုသော်အဆီများပါကနှလုံးရောဂါနှင့် အခြား ရောဂါများကိုဖြစ်ပွားစေနိုင်သောကြောင့်ဖြစ်ပါတယ်။ ကျွန်ုပ်တို့နေ့စဉ်လှုပ်ရှားသွားလာနိုင်ရန်စွမ်းအင်ကိုအဆီမှရရှိ သောကြောင့်ခန္ဓါကိုယ်တွင်အဆီအလုံအလောက်ရှိရန်လို အပ်ပါတယ်။ American Council ၏ပြောကြားချက်အရ အဆီပမာဏသည် အမျိုးသမီးများတွင် ၁၀-၁၂%၊ အမျိုးသားများတွင်၂-၄% အနည်းဆုံးလိုအပ်ပါတယ်။ အားကစားသမားများတွင် အမျိုးသမီးများသည် ၁၄-၂၀% နှင့် အမျိုးသားများသည် ၆-၁၃%လိုအပ်ပါတယ်။ ကာယလေ့ကျင့်သူများတွင် အမျိုးသမီးများသည် ၂၁-၂၄%၊ အမျိုးသားများသည် ၁၄-၁၇% လိုအပ်ပါတယ်။ ပုံမှန်အဆီပမာဏမှာအမျိုးသမီးများတွင် ၂၅-၃၁%၊ အမျိုး သားများတွင် ၁၈-၂၅% ဖြစ်ပါတယ်။ မခွဲစိတ်ဘဲအဆီချနည်း(Non-surgical […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်