ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဝိတ်ကျနှုန်းပိုမြန်တယ်လို့ မကြာခဏ ကြားရမြင်ရဖူးတယ်။ ဒီလို ပြောဆိုနေကြတာတွေဟာ တကယ်ရောမှန်ကန်မှုရှိရဲ့လား။ တကယ်ပဲ အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား ........ အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လူအတော်များများဟာ အမျိုးသားတွေဟာ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အမျိုးသမီးတွေထက်ပိုပြီး အားသာချက်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုးဆိုတာဟာ ရယ်စရာမောစရာ ဟာသပုံပြင်သက်သက်လို့တောင်ဆိုလို့ရပါတယ်။ ယောက်ျားနဲ့ မိန်းမသဘာဝမတူညီတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ တူညီတဲ့နှုန်းမရှိတာမှန်ပေမယ့် ရည်မှန်းချက်အောင်မြင်မှုပိုင်းမှာတော့ ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်မှာဖြစ်ပါတယ်။ ကဲ ဘာကြောင့် အထက်ကလို ယောက်ျားတွေဟာ ဝိတ်ကျတာပိုမြန်တယ်ဆိုတဲ့ အယူအဆမျိုးကို လူတွေ ယုံကြည်နေကြတာလဲ။ လေ့လာကြည့်ရအောင်။ အမျိုးသားတွေရဲ့ ကြွက်သား တစ်ရှူးအရွယ်အစားဟာ ပိုမိုကျစ်လျစ်လေ့ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အဆီတွေကို လောင်ကျွမ်းရာမှာ ပိုမိုလျင်မြန်ပါတယ်။ ဒါကြောင့် […]


အခြားလေ့ကျင့်ခန်းများ

Gym သွားတဲ့အခါ သတိထားကြဖို့

Gym သွားတဲ့အလေ့အထ အရမ်းခေတ်စားလာချိန်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြဖို့ လိုမယ်မထင်တော့ပါဘူး။ ဒီတစ်ခါတော့ Gymသွားတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေ သတိပေးချင်လို့ပါ။ Gymသွားတယ်ဆိုတိုင်း အားစိုက်ဝုန်းရတဲ့ လေ့ကျင့်ခန်းတွေ၊ လှုပ်ရှားမှုတွေချည်း လုပ်ဖို့မလိုပါဘူး။ ပိန်ချင်တာလား၊ ကျစ်ချင်တာလား၊ ဝိတ်တက်ချင်တာလား၊ ဘော်ဒီတောင့်ချက်တာလား ဆိုတဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလိုက်ပြီး နည်းပြတွေက ညွှန်ပြပေးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အတွက် သီးသန့်နည်းပြ(personal trainer)မရှိတဲ့သူတွေအတွက် ဒီအကြံပြုချက်လေးတွေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ Gymသွားမယ်ဆို - သွေးပူလေ့ကျင့်ခန်း မမေ့ပါနဲ့။ ဘာလေ့ကျင့်ခန်းမှ မလုပ်ခင်မှာ အကြောလျှော့လေ့ကျင့်ခန်းနဲ့ သွေးပူလေ့ကျင့်ခန်းတွေ အရင်လုပ်ဖို့ မမေ့ပါနဲ့။ ဒီလိုလုပ်မှသာ နဂိုကတောင့်တင်းနေတဲ့ ကြွက်သားတွေကို အနွေးဓာတ်ပေးပြီး ပြေလျော့စေနိုင်လို့ ထိခိုက်နိုင်ခြေနည်းပါးစေပါလိမ့်မယ်။ နာကျင်မှုတွေသက်သာစေဖို့ လေ့ကျင့်ခန်းအပြီးမှာလည်း အကြောလျှော့လေ့ကျင့်ခန်းကို ပြန်လုပ်ဖို့မမေ့ပါနဲ့။ ဖြည်းဖြည်းချင်း အဆင့်တိုးပါ။ စစချင်းတည်းက လေ့ကျင့်ခန်းတွေကို အပြင်းစားတွေ တန်းမလုပ်ပါနဲ့။ နည်းနည်းနဲ့ တစ်ဆင့်ချင်း တိုးသွားပါ။ […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

လက်ချောင်းလေးတွေ သန်မာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းအချို့

တစ်နေ့တာရဲ့အလုပ်တွေကို ပြီးမြောက်အောင်လုပ်ဆောင်မှုမှာ တော်တော်လေးအလုပ်များတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိတယ်နော်။ သူတို့လေးတွေ သန်မာနေမှ အရာရာကို အဆင်ပြေပြေလုပ်ဆောင်နိုင်၊ ကိုင်ဆောင်နိုင်တယ်နော်။ စာရေးတာကစလို့ အစား စားတာအဆုံးအကုန်လုံးနီးပါးကို လုပ်ဆောင်ပေးနေတဲ့အစိတ်အပိုင်းလေးက ဘာများလဲ... စဉ်းစားမိရဲ့လား။ ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံးအစိတ်အပိုင်းတစ်ခု တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံးပြီးမြောက်အောင်လုပ်ဆောင်ပေးနေတဲ့ အလုပ်အများဆုံးအစိတ်အပိုင်းလေးက လက်ချောင်းလေးတွေပါ။ လက်ချောင်းလေးတွေ သန်မာနေမှ အရာရာကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာလေ။ လက်ချောင်းလေးတစ်ချောင်းလောက် ထိခိုက်ထားရင်ကိုပဲ တစ်နေ့တာမှာ အလုပ်လုပ်ရတာ သိပ်အဆင်မပြေလှတော့ဘူးလေ။ လက်ချောင်းလေးတွေ သန်မာစေဖို့ လေ့ကျင့်ခန်းလုပ်ကြစို့လား လက်ချောင်းလေးတွေက ရှင်သန်နေထိုင်မှုအတွက် တော်တော်လေးအရေးပါတယ်ဆိုမှတော့ သေချာလေး ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ လက်ချောင်းလေးတွေ သန်မာစေဖို့ လေ့ကျင့်ခန်းလုပ်ကြစို့လား။ တစ်နေ့တာမှာ ကွန်ပျူတာတစ်ချိန်လုံးရိုက်နေရလို့ ပင်ပန်းနေသူတွေအတွက်လည်း တကယ်အသုံးတည့်မယ့်လေ့ကျင့်ခန်းလေးတွေကို အတူတူလုပ်ကြည့်ရအောင်လား။ လက်သီးဆုပ်ပါ လက်ချောင်းတွေအားလုံးကိုလက်မကဖိထားတဲ့ပုံစံနဲ့ လက်သီးဆုပ်ပေးပါ။ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်တာမျိုးမလုပ်ပါနဲ့။ ခပ်ဖွဖွလေးပဲ လက်သီးဆုပ်ထားပေးပါ။ လက်ကို သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးနဲ့ လက်သီးဆုပ်ပေးပါ။ စက္ကန့် […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

Plankလေ့ကျင့်ခန်း ကနေပေးတဲ့ ကျန်းမာရေး

အခုနောက်ပိုင်း လူငယ်တော်တော်များများက ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပြီး အချိုးကျလှပစေဖို့အတွက် လေ့ကျင့်ခန်းအမျိုးမျိုးကို လုပ်လာကြပါတယ်။ လေ့ကျင့်ခန်းတွေက ကိုယ်နေဟန်ထားကို မှန်ကန်စေသလို ခန္ဓာကိုယ်ကို သိသိသာသာကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်နေဟန်ထားမှန်ကန်စေပြီး ဝမ်းဗိုက်ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ Plankလေ့ကျင့်ခန်း လေးအကြောင်း နည်းနည်းလောက်ဆွေးနွေးရအောင်လား။ Plank ထောက်တာကို ဘယ်လိုစလုပ်ရမလဲ....... Plankလေ့ကျင့်ခန်း လုပ်ဖို့အရင်ဆုံး တပြေးညီ ကြမ်းပြင်ကျယ်ကျယ်လေးရှိဖို့လိုပါမယ်။ ပြီးရင်တော့ ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက် နဲ့ ဒူးနှစ်ဖက်ကို ထောက်လိုက်ပါ။ လက်တွေကို ပခုံးနဲ့တစ်တန်းတည်းဖြစ်အောင်ထားပါ။ ခြေထောက်တွေကိုလည်း တင်ပါးအကျယ်အတိုင်းထားပါ။ ပြီးရင် ခြေထောက်တွေကိုဆန့်ထုတ်လို့ ခြေဖျားပေါ်မှာအားပြုပါ။ လက်ထောက်ချပြီး လက်သီးဆုပ်လို့ လက်ဖျံပေါ်မှာ အားပြုပါ။ ဝမ်းဗိုက်ကို ချပ်ထားပြီး ခါးကိုဆန့်တန်းထားပါ။ ခေါင်းငုံ့ထားပါ။ ခေါင်းကနေ ခြေဖျားအထိ တပြေးတည်းဖြစ်နေပါစေ။ စစချင်းမှာ ၁၅ စက္ကန့် ဒီလိုကနေမှ စက္ကန့် ၃၀ ၊ […]


အခြားလေ့ကျင့်ခန်းများ

ဦးနှောက် ကျန်းမာစေဖို့ ဉာဏ်စမ်းဖြေရမလား။ လေ့ကျင့်ခန်းလုပ်ရမလား.....

ကဲ.... ဦးနှောက် ကျန်းမာစေဖို့ ဘာလုပ်မလဲ..... ဉာဏ်စမ်း ဂိမ်းတွေဆော့မလား.... လေ့ကျင့်ခန်း လုပ်မလား... ကြိုက်ရာရွေးပါ။ ဘယ်အသက်အရွယ်ရောက်ရောက် မှတ်ဉာဏ်ကောင်းပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို မှတ်မိနေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ မှတ်ဉာဏ်ကောင်းစေဖို့ ဘာလုပ်ရမလဲဆိုတဲ့ အဖြေလေးကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လူတော်တော်များများလက်ခံထားတဲ့ အယူအဆတစ်ရပ် ဉာဏ်ကောင်းစေဖို့က စာများများဖတ်ရမယ်။ ပဟေဠိတွေ ဖြေရမယ်။ ဉာဏ်စမ်းဂိမ်းတွေ ဆော့ရမယ်လို့လေ။ ဒါတွေကတကယ်ပဲ ဉာဏ်ကောင်းစေလားဆိုတော့ စာဖတ်တာကတော့ ကောင်းပါတယ်။ မသိသေးတာတွေကို သိအောင်လုပ်ဆောင်ခြင်းက ဦးနှောက်မှတ်ဉာဏ်ကိုကောင်းစေပါတယ်။ ဒါပေမယ့် ဉာဏ်စမ်းဂိမ်းတွေဆော့တာထက်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ကိုပိုကျန်းမာစေပြီး မှတ်ဉာဏ်ကို ပိုကောင်းစေနိုင်ပါတယ်။ ဒီလိုပြောတာက အထောက်အထားရှိလို့လားလို့ မေးချင်နေမယ်ထင်ပါတယ်။ ဉာဏ်စမ်းဂိမ်းတွေဆော့ရတာက စဉ်းစားရတာကြောင့် စဉ်းစားနိုင်စွမ်းကို တိုးစေနိုင်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ကို ကျန်းမာစေပြီး […]


အခြားလေ့ကျင့်ခန်းများ

ပျော်ရွှင်ကျန်းမာဖို့ တောင်တက်ကြစို့

ကျန်းမာဖို့အတွက် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေက အမျိုးမျိုးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ တောင်တက်တဲ့လေ့ကျင့်ခန်းက စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေမှာ အသေအချာပါ။ ဒါကြောင့် အပျင်းပြေဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးတောင်တက်ရင်း အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူပါ။ တောင်တက်ရင်းနဲ့ရမယ့် ကိုယ်စိတ်ကျန်းမာရေး.......... တောင်တက်ရတာက ပင်ပန်းခက်ခဲတာမှန်ပေမယ့် ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါတော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမယ် - တောင်တက်တာက တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတဲ့ အားကစားနည်းမဟုတ်ပါဘူး။ လေ့ကျင့်ဖို့အတွက် အချိန်ပေးရသလို တောက်တက်တဲ့အခါမှာလည်း အသင်းအဖွဲ့နဲ့တက်ရတာပါ။ ဒီလိုလေ့ကျင့်မှုလုပ်တဲ့အခါ မကြာခဏတွေ့ဆုံရမှုက သင့်ကို အပေါင်းအသင်း အသစ်တွေတိုးစေမှာပါ။ အပေါင်းအသင်းများတာကလည်း သင့်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေမယ် - တောင်တက်တာ ဒါမှမဟုတ် လမ်းလျှောက်တာ၊ ပြေးတာလိုမျိုး ပတ်ဝန်းကျင်နဲ့ထိတွေ့ရတဲ့ အားကစားနည်းတွေလုပ်ဆောင်တာက သင့်ကိုတီထွင်ဖန်တီးနိုင်စွမ်း ၅၀ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ ဒါကြောင့်တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေဖို့အတွက် တောင်တက်ပေးလို့ရပါတယ်။ စိတ်ပျော်ရွှင်စေတယ် - အားကစားလုပ်တဲ့အခါတိုင်း ခန္ဓာကိုယ်မှာ ပျော်ရွှင်ခြင်းဟော်မုန်းတွေကထွက်လာစမြဲပါ။ […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ

ယောဂ ဆိုတာနဲ့ ခန္ဓာကိုယ် သွယ်လျကျစ်လျစ်စေဖို့ အဆီကျအားကစားသင်တန်းတွေမှာ ကစားရတဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ၊ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရတာတွေကိုပဲ အရင်သတိရကြတာ များပါတယ်။ တကယ်က အဆီကျဖို့ အတွက်ပဲ အကျိုးကျေးဇူးရှိတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ လို့ ပြောကြတာ ဘာကြောင့်များပါလိမ့်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ ယောဂဆိုတာ စိတ်ရောကိုယ်ရော ကျန်းမာရေးအတွက် တကယ်ကိုအကျိုးရှိတဲ့လှုပ်ရှားမှုတွေပါ။ အဆီကျကျစ်လျစ်စေတာက အစ သက်ရှည်ကျန်းမာခြင်းအထိ သူ့ရဲ့ကောင်းကျိုးတွေက ပြောလို့ မကုန်နိုင်ပါဘူး။ အဲဒီထဲမှာမှ အကြောပြေလျှော့ ယောဂလေ့ကျင့်ခန်းက စိတ်ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြမယ်နော်။ ယောဂက - စိတ်ဖိစီးမှုနဲ့ သောကတွေကို လျော့ပါးစေတယ် စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေဟာ ခန္ဓာကိုယ်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဆုတ်ယုတ်မှု များစေနိုင်ပါတယ်။ စိတ်ရှုပ်ထွေးမှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်စိတ်တွေကြောင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေအထိ ဖြစ်လာစေနိုင်ပါတယ်။ ယောဂ […]


အခြားလေ့ကျင့်ခန်းများ

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း က ဘာများလဲ! ခုနောက်ပိုင်း အလုပ်ခွင်တွေဟာ တင်းကျပ်၊ တွန်းအားပေးတတ်တဲ့ အလေ့အထမရှိတဲ့ flexible workplace တွေဖြစ်လာကြတယ်နော်။ စည်းလွတ်ဝါးလွတ်ထားတားတာမဟုတ်ဘဲ စည်းကမ်းတကျလေး အလုပ်ခွင်ကိုကြပ်မတ်ထားပေမယ့် လှုပ်ရှားလုပ်ဆောင်မှုတွေကို လွတ်လပ်ခွင့်ပေးထားတာမျိုးပါ။ ဒီလိုအလုပ်ခွင်မျိုးမှာ ဝန်ထမ်းတွေက ပိုပြီး တက်ကြွတယ်၊ ဆန်းသစ်တဲ့ဖန်တီးနိုင်စွမ်းတွေရှိလာတယ်၊ အလုပ်အတွက်ရော၊ ကိုယ့်အတွက်မှာပါ တိုးတက်မှုရှိလာအောင် ကြိုးစားနိုင်လာတယ်၊ ကြောက်ရွံ့နေစရာမလိုတဲ့အတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်၊ စသည်ဖြင့် ကောင်းကျိုးတွေရှိတာပေါ့။ အဲဒီထဲကမှ တချို့ရုံးတွေမှာ ဝန်ထမ်းတွေရဲ့ခဏအနားယူချိန်(coffee break) မှာ table tennis ကစားဖို့ စီစဉ်ထားပေးတာတွေရှိပါတယ်။ Table tennis ကစားရင်းနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေပါ ရနိုင်လဲဆိုတာလေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆက်ကြည့်ရအောင် … အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း အားတဲ့အချိန် ရုံးမှာ table […]


အခြားလေ့ကျင့်ခန်းများ

ကလပ်တက်တာ ကျန်းမာရေးအတွက်ပါ။

ကလပ်တက်တယ် နိုက်အောက်တယ် (night out) တယ်ဆိုရင် အိမ်က လူကြီးတွေက မကြိုက်ကြတာနဲ့ အမြဲရန်အတိုက်အခံဖြစ်ရတယ်မလား။ လေ့လာချက်တွေအရတော့ ကလပ်တက်တာ ပျော်ဖို့ရွှင်ဖို့အတွက်ပဲ မဟုတ်ဘဲ စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ကျန်းမာဖို့အတွက်ပါ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါတယ်တဲ့။ အိမ်က အဖေနဲ့ အမေကို ရှင်းပြဖို့လည်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ရတာပေါ့နော်။ ၁။ ကလပ်မှာ ကတာခုန်တာလည်း လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ Gym သွားတာတို့၊ ပြေးတာတို့ဆိုရင် မလုပ်နိုင်ဘူး၊ မောတယ်ဆိုတဲ့သူတွေက ကလပ်ရောက်ရင်တော့ ခုန်ပေါက် ကခုန်နေတာပဲလေ။ ၂ နာရီ ၃ နာရီ ကလပ်ထဲမှာ ကခုန်လိုက်တဲ့အခါ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်စေပါတယ်။ ၂။ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်။ ရုံးချိန် တစ်နေ့ ၈ နာရီ ၉နာရီ တစ်ပတ် ၅ ရက်လုပ်ရတဲ့သူတွေမှာ သူမတူတဲ့ စိတ်ဖိစီးမှုတွေရှိတတ်ကြပါတယ်။ […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

အကြောတွေ ပြေလျော့စေဖို့ ဒီလိုလေး အကြောလျှော့ရအောင်

တစ်နေကုန် အလုပ်စားပွဲမှာထိုင်ပြီး တောက်လျောက်အလုပ်လုပ်နေရလို့ အကြောတွေ တင်းနေပြီလား။ အကြောတွေ တင်းတာက တစ်ရက်တလေဆို ကိစ္စမရှိပေမယ့် အချိန်ကြာလာတဲ့အခါ ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် အကြောတွေ တောင့်တင်းမှုကင်းအောင် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးဖို့လိုပါမယ်။ အကြောတွေ ပြေလျော့အောင် ဘယ်လိုလေ့ကျင့်ခန်းလုပ်ပေးရမလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ အကြောတွေ ပြေလျော့စေဖို့ ဒီလိုလေး အကြောလျှော့ရအောင် လား ပရိသတ်ကြီးရေ..... အကြောလျှော့တာက အချိန်အများကြီး မပေးရဘဲ ခန္ဓာကိုယ်ကို အမှန်တကယ် ကျန်းမာစေနိုင်ပါတယ်။ အကြောလျှော့တာ က သွေးလည်ပတ်မှုကောင်းစေသလို ကြွက်သားတွေပြေလျော့စေနိုင်ပါတယ်။ ဒီတော့ တစ်နေ့တာမှာ ၁၅ မိနစ်လောက် အချိန်ပေးပြီး ဒီလေ့ကျင့်ခန်းလေးတွေကို အတူတူလုပ်ကြည့်ရအောင်နော်………… အကြောတွေ ပြေလျော့စေဖို့ ဒီလိုလေး အကြောလျှော့ရအောင် အကြောတွေ ပြေလျော့စေဖို့ ဒီလိုလေး အကြောလျှော့ရအောင် Seated Straddle အကြောလျှော့ လေ့ကျင့်ခန်း ဒီလေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် • […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)