သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ
သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်းတွေဟာ နှလုံးကျန်းမာစေတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်စေတယ်။ အရိုးတွေကို သန်မာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်လက်ပေါ့ပါးစေတယ် ဆိုတာကို အားလုံး သိထားပြီးဖြစ်မှာပါ။ ဒါဆိုရင် လေ့ကျင့်ခန်း စလုပ်တော့မယ်လို့ စိတ်ကူးနေပြီလား။ လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ လေ့ကျင့်ခန်း အမျိုးအစားတွေက အများကြီးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ က ဘာတွေလဲဆိုတာနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။ သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာ သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများလို့ ဆိုလိုက်ရင် လေ့ကျင့်ခန်းတွေ အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ ဘာတွေများ ကွာခြားသွားလို့လဲဆိုပြီး မေးစရာရှိပါတယ်။ တကယ်ကတော့ လေ့ကျင့်ခန်း တစ်ခုချင်းစီကို လုပ်ဆောင်ရပုံခြင်း မတူသလို အကျိုးသက်ရောက်မှုခြင်းကလည်း ကွာခြားပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲကမှ သန်စွမ်းကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေက ကြွက်သားအုပ်စု တစ်ခုချင်းစီကို သန်မာလာအောင် လေ့ကျင့်ပေးတာဖြစ်ပြီး ကိုယ်အလေးချိန်ကိုလည်း […]