ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ
နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက်
နှစ်သစ်စချိန်မှာ ကျန်းမာရေးအတွက် အထောက်အကူ ရအောင်ဆိုပြီး အိမ်မှာနေရင်း ယောဂလေ့ကျင့်ခန်း လုပ်ချင်တယ်။ ဘယ်ကနေ ဘယ်လို စလုပ်ရမလဲ မသိဘူးဆိုတဲ့သူတွေ ရှိလား! ဒီတစ်ခေါက်တော့ နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက် လုပ်ဆောင်ရလွယ်ကူစေမယ့် ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ယောဂ လေ့ကျင့်ပေးတာ ကျန်းမာစေသလား! ယောဂက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေသလို စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ယောဂ လေ့ကျင့်ပေးတာက အသားအရေကို ကြည်လင်စေသလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေပါတယ်။ ကိုယ်နေဟန်ထား အချိုးကျစေပြီး စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေလည်း ကင်းဝေးစေမှာပါ။ ယောဂက အရွယ်တိုင်း လေ့ကျင့်ပေးလို့ ရသလို ကျန်းမာစေဖို့ရော သန်စွမ်းကြံ့ခိုင်စေဖို့ပါ ထောက်ကူပေးပါတယ်။ စိတ်ပျော်ရွှင်စေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဒီတော့ ဘာလုပ်မယ် စိတ်ကူးလဲ! ယောဂ ကစားမယ် စိတ်ကူးတယ်ဆိုရင်တော့ ယောဂကို […]